Tuesday, March 18, 2014

ပျောက်ဆုံး မလေးလေယာဉ် .. မြန်မာပြည် က အသံ နှင်. ပူးပေါင်းဆောင်ရွက်မှုများ


ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ပျံရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ပျံသန်းမှုအချက်ပေးစက်ကို တယောက်ယောက်က တမင်သက်သက် ပိတ်လိုက်တာ သေချာသလောက်ရှိသွားပြီလို့  မလေးရှားဝန်ကြီးချုပ်က ပြောခဲ့ပါတယ် ။
ဂြိုဟ်တု ဆက်သွယ်ရေး အချက်ပေးမှုတွေအရ မလေးရှားနဲ့ ဗီယက်နမ် လေကြောင်းထိန်းချုပ်ရေး နယ်နိမိတ်နားမှာလေယာဉ်ပျံသန်းမှုအချက်ပေးစက်ကို
ပိတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် Najib Razak က  သတင်းစာရှင်းပွဲမှာ ပြောသွားခဲ့တာ ဖြစ်ပြီး ဒါဟာ အခြားသူတွေရဲ. ယူဆချက် မှန်သမျှ ပယ်ချနေတဲ့ မလေးရဲ. ပထမဆုံး နီးစပ်တဲ့ အဖြေ ဖြစ်ပါတယ် ။

မလေးရှားတော်ဝင်လေတပ်ကရရှိတဲ့
ရေဒါ အချက်ပေးမှုအရ မလေးရှားလေကြောင်း အမှတ်စဉ် MH370 လေယာဉ်ဟာ မလေးရှားကျွန်းဆွယ် အနောက်ဘက်ကိုပြန်လှည့်သွားခဲ့ပြီး
အနောက်မြောက်ဘက်ကို ကွေ့သွားတယ်လို့ ယုံကြည်ရတဲ့အကြောင်း ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။( ဒါနဲ.ပတ်သက်လို.
မတ် ၁၂ ရက်န့မှာ မလေရှားလေတပ် အကြီးအကဲက စပြောခဲ့တာပါ )
တောင်တရုတ်ပင်လယ်ဘက်မှာ ရှာဖွေရေးလုပ်နေတာတွေကို ရပ်လိုက်ပြီလို့လည်း ပြောကြားခဲ့ပါတယ်။
လေယာဉ်နဲ့အဆက်အသွယ်ပြတ်သွားပြီး ၆ နာရီခွဲကျော် ကြာတဲ့အထိ လေယာဉ်နဲ့ဂြိုဟ်တုကြား အဆက်အသွယ်တွေ ရှိနေခဲ့တာကိုလည်း မလေးရှားလေကြောင်းလိုင်း အာဏာပိုင်တွေ၊ နိုင်ငံတကာ အာဏာပိုင်တွေက သုံးသပ်တာကိုလည်း ရှင်းပြပါတယ်။

မလေးရှားပို.ဆောင်ရေး ၀န်ကြီးကတော. လက်ရှိလုပ်ဆောင်နေတဲ့ ကိစ္စတွေနဲ. ပတ်သက်ပြီး  သတင်းအချက်အလက်တွေကို ဘက်ပေါင်းစုံမှရယူထားကြောင်း ၊ အခြားနိုင်ငံများနဲ. ညှိုနှိုင်း ဆောင်ရွက်ရတာကြောင်. အချို.နိုင်ငံတွေက ၇တဲ့ သတင်းတွေကို စိတ်တိုင်းကျ ထုတ်လွှင်.ခွင်.မရကြောင်း  မနေ.ကပြောကြားခဲ့ပြီး ဒါဟာ သူတို.ရဲ. လုပ်ဆောင်မှု ထုတ်ပြန်ချက်တွေ အပေါ် အားမလို အားမရ မှုတွေနဲ. ပတ်သက်လို. တုန်.ပြန်လာမှု တစ်ခုပါပဲ ။

Kazakhstan နယ်စပ်ကနေ ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ မြောက်ဘက် လမ်းကြောင်း၊ ဒါမှ မဟုတ် အင်ဒိုနီးရှားတောင်ပိုင်းကနေ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းအထိ တောင်ဘက်လမ်းကြောင်း တခုခုကနေ လေယာဉ်နဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကြား နောက်ဆုံး အဆက်အသွယ် ရှိခဲ့တယ်ဆိုတာကိုလည်း ပြောပြပါတယ်။ဒါပေမယ်.လည်း သူတို.ရဲ. ထုံးစံအတိုင်း တချို့ သတင်းတွေထဲမှာရေးနေသလို လေယာဉ် ပြန်ပေးဆွဲခံသွားရတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ မလေးရှား ဝန်ကြီးချုပ်က တိတိကျကျ မဖြေခဲ့ဘဲ ဖြစ်နိုင်ခြေရှိတာတွေ အားလုံးကို စုံစမ်းနေတယ်လို့ ပြောကြားသွားပါတယ်။


 အခုလေယာဉ် ပျောက်သွားတဲ့ပုံစံဟာ တမင်သက်သက်လုပ်တဲ့ လုပ်ရပ်မျိုးဖြစ်ပြီး လေယာဉ်ပေါ်ပါသွားသူတွေနဲ့ ခရီးသည်တွေအပေါ် စုံစမ်းမှုကို အာရုံစိုက်နေတယ်လို့လည်း သတင်းစာရှင်းပွဲမှာ မလေးရှားဝန်ကြီးချုပ် Najib Razak က ပြောသွားခဲ့ပါတယ်။ နားမလည်တာ ဒါပါပဲ ။ တကယ်လို.ပြန်ံပေးဆွဲသွားတာ ဆိုရင်လည်း ဒါဟာသူတို.အစိုးရရဲ. ဂုဏ်သိက္ခာပိုင်း ကြီးကြီးမားမား ထိခိုက်စရာ မရှိသလို ပျက်ကျခဲ့ရင်တောင် သူတို.အပေါ် ၁၀၀ % အပြစ်ပုံချလို. မရတဲ့ကိစ္စကို ဘာကြောင်. ကန်နေရတာလဲဆိုတာ စဉ်းစားစရာပါ ။ဒီရက်ပိုင်း သူတို. နိုင်ငံရေးအရ ဒီဖြစ်စဉ်မတိုင်ခင်လေးမှာပဲ မလေး အတိုက်အခံခေါင်းဆောင်ဟာ လိင်တူဆက်ဆံမှု နဲ. ထောင်ဒါဏ် ကျခံလိုက်ရတာ တစ်ခုတော.ရှိပါတယ် ။

 ဒါနဲ.ဆက်စပ်တဲ့သတင်းတစ်ရပ်ကတော. အဲ့ဒီလေယာဉ်မှုးကြီးဟာ မလေးရှား အတိုက်အခံ အန်ဝါအီဗရာဟင်ကို ထောက်ခံသူ ဖြစ်တယ်လို.  ဒေသသတင်းစာတွေက ရေးပြီး
ဟိုရက်ပိုင်းကပဲ အန်ဝါအီဗရာဟင်ကို ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တဲ့အပေါ် လေယာဉ်မှူးကြီးက အတော်ပဲ စိတ်ပျက်ခဲ့ တယ်ဆိုတာကို သူ့လုပ်ဖော်ကိုင်ဖက်တဦးကို ကိုးကားပြီး ရာဟူးသတင်းမှာ ဖော်ပြ ထား ခဲ့ပြန် ပါတယ်။ အဲ့ဒီလေယာဉ်မှုးရဲ. နေအိမ်ကို  ရဲတွေက မနေ့က သွားရောက်ခဲ့ပြီး စုံစမ်းမှုတွေ လုပ်ခဲ့ကာ ကွန်ပျူတာ ၂ လုံးကိုလည်း သိမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ ဥပဒေမဲ့ တခုမှ လုပ်နေတာမဟုတ်ဘူးလို့ပဲ ရဲအရာရှိတဦးက အဲဒီလေယာဉ်မှူးအိမ်ကို ရှာဖွေမှုနဲ့ပတ်သက်ပြီး ပြောသွားတာကို ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

အိမ်ကိုသွားရောက်ရှာဖွေသော စုံစမ်းရေး အဖွဲ.
 လေယာဉ်မှူးရဲ့ အိမ်ကို ရဲတွေ သွားတဲ့ကိစ္စဟာ MH 370 လေယာဉ်ဟာ ကာလာလမ်ပူကနေ ပီကင်းကို သွားတဲ့ လမ်း ကြောင်းကနေ စနစ်တကျ ရည်ရွယ်ချက် ရှိရှိ ဆက်သွယ်ရေး ခလုပ်တွေကို ပိတ်ပြီး လမ်းကြောင်းပြောင်းကာ အဆက်အသွယ် ပြတ်ပြီးသွားချိန်က စပြီး ဘယ်ကိုမှန်းမသိရတဲ့ နေရာတခုဆီ အနည်းဆုံး ၇ နာရီ ကြာ ဆက်လက် ပျံသန်းသွားခဲ့ တယ်လို့ မလေးရှား ဝန်ကြီးချုပ်က စနေနေ့ နေ့လယ် ပိုင်း က သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ 

လေကြောင်းလုံခြုံရေးကိုလေ့လာနေတဲ့ တရုတ်ပညာရှင်တဦးကတော့ လေယာဉ်ကို စနစ်တကျ ထိန်းချုပ် ပျံသန်းသွား တာ ကို ထောက်ရှုပြီး လေယာဉ်မှူးတဦးဦးက ပါဝင်ပတ်သက်မှုအများဆုံးဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပြီး လေယာဉ် အမှု ထမ်း တဦးဦးလည်း ပါဝင်နိုင်တယ်လို့ နယူးယောက်တိုင်းမ် သတင်းတပုဒ် မှာ ပြောထားခဲ့ပါတယ်။ 

လေယာဉ်ပျောက်ကို ရှာနေဆဲမှာ အခုဆိုရင် အမေရိကန်က FBI ၊ CIA ၊ အင်တာပိုလ် အစရှိတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေ ပါသလို နာဆာလိုအဖွဲ့ကြီးတွေလည်း ပါဝင်လာတာမို့ လေယာဉ် ဘယ်နေရာ မှာ ရောက်နေတယ်ဆိုတာ ခြေရာခံနိုင် နေလောက် ပြီဖြစ်ပြီး လေယာဉ်ပေါ်က ခရီးသည်တွေ ကယ်ဆယ်
ရေး အတွက် ပြင်ဆင်မှု တခုခု လုပ်နေပုံလည်း ရပါတယ်။ 


အမေရိကန် စုံစမ်းရေးသမားတွေကတော့ အိန္ဒိယသမုဒ္ဒရာထဲက တနေရာရာမှာ ရှိနေမယ်လို့ ယုံကြည်ထားပုံရတယ်။ ဒါကို MH370 ရဲ့ ရေဒါလှိုင်းဟာ ကပ္ပလီပင်လယ်ထဲက Andaman Islands (အက်ဒမန်ကျွန်း) ကနေ ထွက်ပေါ်နေတယ်လို့ ၇ိုက်တာ သတင်းအရ သိရကြောင်း SkyNews 
မှာလည်း  Live ထုတ်လွှင့် ပြသခဲ့ပါတယ် ။

ရာဟူးသတင်းတပုဒ်မှာတော့ သီရိလင်္ကာနားက အမည်မသိကျွန်းတကျွန်းမှာ လေယာဉ်ဟာ ဆင်းသက်ခဲ့ပြီး ခရီးသည် အားလုံးဟာ ဘေးကင်းတဲ့အကြောင်း၊ သူတို့တွေ အတွက် လေယာဉ်အပိုင်စီးသူတွေက စားသောက် စရာတွေကို စီစဉ်ပေးနေတယ် ဆိုတဲ့ ယူဆချက် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ်.လည်း ဘာအတည်ပြုချက်မှမရှိခဲ့ပါဘူး။

အဲ့ဒီလိုပဲ ဘယ်ရင်းမြစ်က လာမှန်းမသိတဲ့ သတင်းတစ်ချို.ကတော. အဲ့ဒီလေယာဉ် ဟာ မလေးလေပိုင်နက်အတွင်း ပင်လယ်ပြင်တစ်နေရာမှာ ဆက်သွယ်မေးမြန်းခြင်းကို တုန်.ပြန်မှု မပြု ခဲ့တာကြောင်. ပစ်ချခဲ့ပြီး နောက်မှသိရတာကြောင်. အဲ့ဒီအပျက်အစီးတွေကို ၅ နာရီကြာ ရှင်းလင်းခဲ့ရတယ်ဆိုတဲ့ ဖြစ်နိုင်ချေ လုံးဝမရှိသော သတင်းတစ်ပုဒ်လည်း ထွက်လာခဲ့ပါတယ် ။

အဲ့ဒီလေယာဉ်ဟာ နောက်ဆုံးအဆက်အသွယ်ရတဲ့နေရာကနေ မိုင်ရာပေါင်းများစွာ ဝေးတဲ့ဒေသဆီ လမ်းပြောင်းပျံသန်းခဲ့ဖွယ်ရှိပြီး လေယာဉ်မှုး တစ်ဦးဦး (သို.) ပျံသန်းရေး အတွေ.အကြုံ ရှိသူ တစ်ဦးဦး  က ရည်ရွယ်ချက် တစ်ခုဖြင်. လေယာဉ် ပျံပေးဆွဲ၇န် (သို.) လေယာဉ်ကို ပင်လယ်အတွင်း အသေခံထိုးဆင်းရန် ကြိုးပမ်းနိုင်တယ်ဆိုတဲ့အချက်ကို ထည်.စဉ်းစား၇ဖွယ်ရှိလာတယ်လို. ဆိုလာပါတယ် ။ စစ်ဘက်ရေဒါ ထောက်လှမ်းမှုများအရ  အက်ဒမန်ပင်လယ်စုဒေသကို ရည်ရွယ်ချက် ရှိရှိ ပျံသန်းသွားခြင်းဖြစ်တယ်လို. သတင်းအရင်းအမြစ်များက ရိုက်တာကိုပြောတယ်လို. သိရပါတယ် ။

မြန်မာနိုင်ငံ နက္ခသိပံသင်တန်းကျောင်းအမှုဆောင် အရာရှိချုပ် ဦးဇေယျာကို က မတ်လ ၁၄ ရက်နေ.က စံတော်ချိန် ကို ဒီလေယာဉ်Black Hole ထဲရောက်သွားကြောင်း မိမိဟောပြောတယ်ဆိုတာ မဟုတ်မှန်ကြောင်း ၊ ဒီတွက်ချက်မှုကို အဖွဲ.အနေနဲ. ၁၃ ရက်နေ.ကမှ တွက်ချက်တာဖြစ်ကြောင်း ၊ အဲ့ဒီတွက်ချက်မှုအရ လေထဲမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပြီး ပျောက်ဆုံးတာလို.တွေ.ရကြောင်း ၊ ရေထဲမှာ လိုက်ရှာနေလို. မတွေ.တာဖြစ်ပြီး တောတောင်ထူထပ်တဲ့ နေရာတစ်ခုမှာ ပေါက်ကွဲပျက်စီးသွားတာလို.ပြောလို.ရကြောင်း ၊ ပျောက်ဆုံးပြီး တစ်ပတ်ကြာတဲ့ မတ်လ ၁၅ ရက်မှာ သဲလွန်စ ရရင်ရ  မရ.ရင် ၁၀ရက်မြောက်တဲ့နေ.မှာ သဲလွန်စ ရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ် ။ တွက်ချက်မှုတွေအရ လေယာဉ်ပေါ်ပါ လူတွေဆိုးကျိုးတွေ.နိုင်တာ ၇၅% ရှိပါတယ် ။


ဒါနဲ.ပတ်သက်တဲ့ မြန်မာပြည်တွင်းစိတ်ဝင်စားစရာ တစ်ခုထပ်ပေါ်လာခဲ့ပြန်ပါတယ် ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) ရုံးက ရုံးအဖွဲ့မှူး ကိုဇော်မင်းဆီကို တယ်လီဖုန်း သတင်းတခု ထူးထူးဆန်းဆန်း ဝင်လာတယ်လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားခဲ့ခြင်း ပါပဲ ။ သူရေးထားတာကတော.  “ သတင်းဝင်လာတာတော့နည်းနည်းဆန်းတယ်

အခုတစ်ကမ္ဘာလုံးကအသည်းအသန်ရှာနေတဲ့မလေးရှားလေယာဉ် ပင်လယ်ထဲထိုးကျသွားသည်ကို
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန်တလီမြို့နယ်ခွဲ ထဲကနံ့သာကျွန်း (ကျွန်းနံ့သာ)မှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တစ်ချို့က
အဲ့ဒီနေ့တုန်းက လေယာဉ်တစ်စီးပင်လယ်ထဲထိုးကျသွားတာမြင်လိုက်ရကြောင်း ကျွန်နော့်ဆီကို ဖုန်းဝင်လာတယ်..Confirm ဖြစ်မဖြစ် ဟုတ်မဟုတ်ဆိုတာထက် အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ခုဖြစ်လို့ ရှာနေသူတွေအတွက် အသုံးဝင်လိုဝင်ငြားသတင်းတစ်ခုအဖြစ် တင်ပြလိုက်ပါတယ်....ခက်တာက တစ်ဆင့်ဖုန်းဖြစ်နေတော့တိုက်ရိုက် Contact ရဖို့ ကျနော်ကြိုးစားကြည့်တာ မရဘူးဖြစ်နေတယ် “  ….. လို. ရေးထားတာပါ ။




  ရထားတဲ့ သတင်းအချက်အလက်တွေဟာ နောက်ဆုံး ကောက်ချက်ချနိုင်တဲ့ အချက်အလက်တွေ မဟုတ်သေးပေမယ့် လေယာဉ်ရှာဖွေနေတဲ့ နယ်ပယ်ကို အိန္ဒိယသမုဒ္ဒရာ ဘက်အထိ ချဲ့ထွင်နိုင်စရာ ရှိတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ဂျေကာနေးက မတ်လ ၁၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။
မလေးရှား လေကြောင်းလိုင်း မှ ယခု ထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင် လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ် ခရီးသည် များ၏ မိသားစု များအတွက် လတ်တလော စားဝတ် နေရေး အထောက် အကူရစေရန် အတွက် လေကြောင်းလိုင်းက ခရီးသည်တစ် ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင် စီ ထောက်ပံ့ရန် စီစဉ် ခဲ့ရာ မိသားစုဝင် များက လက်မခံ ဘဲ ပယ်ချ ခဲ့ကြကြောင်း သိ ရပါတယ် ။

လျော်ကြေးသဘောပေးခြင်းမဟုတ်၊ လက်တလော လေယာဉ် နှင့် အတူ ပျောက် ဆုံးနေသော မိသားစု ၀င် အတွက် ပူပင်သောက ရောက်ရမှုကြောင့် အလုပ်အကိုင်ပျက်ကြရ သဖြင့် စားဝတ် နေရေး ချောင်လည် စေ ရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောခဲ့ပေမယ်. လေယာဉ်ပေါ် ပါသွား တဲ့ တရုတ် နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်တွင် နေ ထိုင်သူတစ်ဦး၏ ဆွေမျိုးတစ်ဦးက ကျွန်မ တို့ ပိုက်ဆံကို စိတ်မ၀င်စားပါဘူး။ လေယာဉ် ပေါ် ပါသွားသူတွေသတင်းကိုသာ ကြားချင် ပါတယ်။ အားလုံး ပြန်ရောက် လာ တာ ကိုပဲ လိုလား ပါတယ်”” လို. ပေကျင်း ဟိုတယ် မှ ပြောကြား ခဲ့ပါတယ်။ လေယာဉ်ပေါ် ပါ သွားသော တရုတ်ခရီးသည် ၁၅၃ ဦး၏ မိသားစုဝင်များ ပေကျင်းသို့ စုဝေးရောက်ရှိနေ ပြီး လေယာဉ်သတင်းကို စောင့်စားလျက်ရှိနေပါတယ် ။


အခုဆိုရင် ရှာဖွေမှု မှာ နိုင်ငံပေါင်း ၂၆ နိုင်ငံက အဆင်.မြင်.ဂြိုဟ်တုတွေ ၊ စစ်ဘက် အရပ်ဘက်ဆိုင်ရာ လေယာဉ် ၊ ရဟတ်ယာဉ် နဲ.သင်္ဘောတွေ ၊ အဆင်.မြင်.နည်းပညာတွေ ပူးပေါင်းလုပ်ကိုင်ရှာဖွေနေပေမယ်.လို. မထူးခြားသေးပါဘူး ။နိုင်ငံပိုင်နက်အတွင်းတွေ မှာ ပူးပေါင်းရှာဖွေဖို.အပါအ၀င်  ကာဇက်စတန် ၊ ဥဇဘက်ကစ္စတန် ၊ ကာဂျစ်စတန် ၊ တာခ်မင်နစ္စတန် ၊ ပါကစ္စတန် ၊ ဘင်္ဂလားဒေ.ရှ် ၊ အိန္ဒိယ ၊ တရုတ် ၊ မြန်မာ ၊ စင်္ကာပူ ၊ လာအို ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊ဘရူနိုင်း ၊ဂျပန် ၊တောင်ကိုရီးယား ၊ ယူအေအီး ၊ နယူးဇီလန် ၊ရုရှား ၊ ပါကစ္စတန် ၊ သြစတေးလျ ၊ ပြင်သစ် ၊ ဗြိတိန် ၊ အမေရိကန် စတဲ့နိုင်ငံတွေ ရဲ. တရားဝင်အကူအညီကို ရယူရှာဖွေနေခဲ့တာပါ ။ အဲ့ဒီ ၂၆ နိုင်ငံကို ၂စုခွဲပြီး ပထမ အုပ်စုက ရှာဖွေရေးကော်ရစ်ဒါ မှာ ပါတဲ့နိုင်ငံတွေ ဖြစ်ပြီး ဒုတိယ အုပ်စုကတော. နည်းပညာထောက်ပံ.ရေး နိုင်ငံတွေဖြစ်ပါတယ် ။ပထမ အုပ်စုနိုင်ငံတွေ ရဲ.ပိုင်နက် နယ်မြေတွေမှာ ၀င်ရောက်ပူးပေါင်းရှာဖွေခွင်. ကိုတောင်းခံထားတာပါ ။





ရှာဖွေရာမှာဖြစ်နိုင်ခြေ ကော်ရစ်ဒါ ၂ခုရှိပြီး မြောက်ပိုင်း ကော်ရစ်ဒါက ကာဇက်စတန် နှင်. တာခ်မင်နစ္စတန် နယ်စပ် မှထိုင်းမြောက်ပိုင်းထိ ၊ တောင်ပိုင်းကော်ရစ်ဒါ  မှာ အင်ဒိုမှ တောင်ပိုင်းအိန္ဒိယ သမုဒ္ဒရာ အထိ လို.သိရပါတယ် ။ ခု ရှာဖွေမှုမှာ ကမ္ဘာ.ခောတ်အမှီဆုံးထောက်လှမ်းရေးလေယာဉ်ဖြစ်တဲ့ P8 A Poseidon အပြင် အခု သြစတေးလျ ရဲ. P3c Orion ထောက်လှမ်းရေး လေယာဉ်လည်း ပါဝင်လာပြီဖြစ်ပါတယ် ။



ပူးပေါင်းကူညီပေးနေသော ရေတပ်သင်္ဘော တစ်စင်း
အဲ့ဒီ ခရီးသည်တင် လေယာဉ်ကို မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် (၃)စီးဖြင့် ကပ္ပလီပင်လယ်ပြင် မြန်မာ့သီးသန့် စီးပွားရေးဇုန်အတွင်း ဧရိယာ A နှင့် B များတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား မတ်လ (၁၅)ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိနေပါတယ် ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံ၏ လေယာဉ်ပျောက်ဆုံး မှုမှာ လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး (Humanitarian Assistance )အတွက် မြန်မာ့တပ်မတော်(ရေ) အနေနဲ.တတ်နိုင်တဲ့ဘကကနေအခုလို့ မလေးရှားနိုင်ငံရေတပ်၊ အိန္ဒိယနိုင်ငံရေတပ်တို့နှင့် ဆက်သွယ်ညှိနှိုင်းကာ အစွမ်းကုန်ကြိုးစား၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိနေခြင်းဖြစ်ပါတယ် ။

လူထုတွေကို စုံစမ်းမှုတွေထက် ကျော်လွန်တဲ့ ထင်မြင်ယူဆမှုတွေ မထုတ်ဖော်ဖို. အာဏာပိုင်တွေက မေတ္တာရပ်ခံ ထားသလို စုံစမ်းရှာဖွေနေဆဲ ကာလမှာ အဆုံးစွန် အထိ မတွက်ဆကြဖို. လူမှုကွန်ယက် စာမျက်နှာမှာရေးထားတဲ့ မလေးဝန်ကြီးချုပ်ရဲ. ရေးသားမှုဟာ ဘာကို ရည်ရွယ်တယ်ဆိုတာကတော…..



 Ref ; VOA , DVB , AFP ,Kyaw Swar Myint , Messenger News Journal , Myanmar Alin , MOI Webportal Myanmar & Mh370 Updates - Live from KLIA

ဆက်စပ်ဖတ်ရှုရန်များ ...

No comments:

Post a Comment