Monday, March 3, 2014

Ayeyawady United FC Vs Southern Myanmar ( 3.3.2014 - Thuwana Stadium )

Created by AUFC
ယနေ. ညနေ က Youth Training Campus တွင် ကစားခဲ့သော Ayeyawady United FC နှင်. Southern Myanmar တို.၏ ပွဲကြိုသုံးသပ်ချက်နှင်. ပတ်သက်၍တော. ထူးထူးခြားခြား မတွေ.မြင်ခဲ့မိပါ ။ ယမန်နှစ် ရာသီဦး ကဲ့သို.ပင် ယခုနှစ်ရာသီဦးတွင်လည်း AUFC ကိုအားပေးနေသောပ၇ိသတ် အထိုက်အလျှောက် ရှိနေခဲ့ပါသည် ။ KBZ ကို အနိုင်ကန်ပေးခဲ့သော ပွဲတစ်ခု ကိုတော. ပ၇ိသတ်အားလုံး အာရကျေနပ်ဖြစ်ခဲ့ကြရပါသည် ။ ယခင်က မြန်မာ.အလင်း သတင်းစာတွင် AUFC အတွက် ပွဲကြို သုံးသပ်ချက်များ တွေ.ခဲ့ရသော်လည်း ယခုတစ်ပတ်တွင်တော. မကွေး-ကမ္ဘောဇ နှင်. ရတနာပုံ-ရန်ကုန် ပွဲတို. အတွက်သာ ပွဲကြိုသုံးသပ်ရေးသားခဲ့သည် ။ ပွဲကြိုသုံးသပ်ချက် ထည်.မရေးရာတွင် AUFC ကိုတော. အသင်းကြီးဟု မသတ်မှတ်တော.၍လား ? သိပ်စိတ်ဝင်စားစရာ မကောင်းသောပွဲမို.လို.လား ? အခြားသောအကြောင်းကြောင်.လားတော.မသိ ။

AUFC Vs SMFC 
ယခု တစ်ပတ်အတွင်း ပြီးခဲ.သော ပွဲများအနက် ကမ္ဘောဇ ၏ မကွေး ကိုရှုံးခဲ့သည် . ပွဲအပြီး ကမ္ဘောဇ နည်းပြချုပ် ဦးသန်းထိုက်၏ စကားကတော. စိတ်ဝင်စားစရာ ကောင်းခဲ့သည် ။  နည်းပြချုပ် တာဝန်ယူပြီးတည်းက ချန်ပီယံဖြစ်ရမယ်လို. အားလုံးကရည်ရွယ်ချက် ကြီးမားစွာလုပ်ခဲ့ကြတာ ၊ အခုရလာဒ်တွေက ချန်ပီယံ မဖြစ်နိုင်ပါဘူး ၊ ချန်ပီယံ အဆင်.မျှော်မှန်းထားတဲ့ အသင်းတစ်သင်းရဲ. ရလာဒ်မျိုးမဟုတ်ပါဘူး ၊ ဒါ.အတွက် နည်းပြချုပ် တစ်ယောက်အနေနဲ. တာဝန်အရှိဆုံးပါ ၊ နှုတ်ထွက်စာ တင်ပါမယ် ။လူငယ်အသင်းကိုပြောင်းရွှေ. တာဝန်ယူဖို. တာဝန်ရှိသူတွေကိုမေတ္တာရပ်ခံပါမယ် ၊ကျန်တဲ့ နည်းပြတွေက ရလာဒ်ကောင်းတွေ ယူဆောင်ပေးနိုင်မှာပါ

AUFC နှင်. SMFC တို.၏ ပွဲတွင် ပထမပိုင်းပြီးသည်အထိ ၀-၀ နှင်. ကစားနေခဲ့ကြသည် ။ AUFC အနေဖြင်. ယခင်ပွဲထွက် လူစာရင်းအတိုင်း သာ ပွဲထွက်လာခဲ့ပြီး နောက်တန်းတွင်တော. ကစားသမား အသစ်တစ်ဦးဖြစ်သော အေးကိုကိုမောင် ကို ထုတ်သုံးလာခဲ့သည် ။ SMFC အနေဖြင်. ညာတောင်ပံမှသာ ထိုးဖောက်တိုက်စစ်ဆင်ပြီး တစ်လုံးကို AUFC နောက်တန်း ကစားသမား ဟိန်းသိဟဇော် ဖျက်ထုတ်လိုက်နိုင်ခဲ့ပြီး နောက်တစ်လုံးကိုတော. ဂိုးသမား ကာကွယ်လိုက်နိုင်ခဲ့သည် ။ AUFC အနေဖြင်. နေလင်းထွန်း ကန်သွင်းသော တစ်လုံး ညာဘက်ဂိုးတိုင်ထိ ထွက်သွားသကဲ့သို. နေလင်းထွန်း ဂိုးရှေ. တင်ပေးသော အလုံးကို ဆာဆာခေါင်းတိုက်သွင်း၇န်ကြိုးစားသော်လည်း အချိတ်အဆက် အနည်းငယ်လွဲသွားသဖြင်. အရာမထင်ခဲ့ ။မင်းမင်းသူ ကန်သွင်းသော တစ်လုံးမှာလည်း ဆာဆာ ကိုထိကာ ပြန်ထွက်လာခဲ့သည် ။

AUFC Vs SMFC 
သို.သော်ဒုတိယပိုင်းတွင်တော. AUFC  ကပိုမိုဖိကစားလာခဲ့ရင်း  ဒုတိယပိုင်း ၅၉မိနစ်တွင် AUFC အတွက် ပထမဂိုးကို ဆာဆာက သွင်းယူပေးနိုင်ခဲ့သည် ။ ထို.နောက်တောက်လျှောက်ထိုးဖောက် တိုက်စစ်ဆင်ကစားနေရာ SMFC ကစားသမားများလည်း ကစားအားကျလာသည်.ကြားမှ ခံကန်နေခဲ့သည် ။ထိုသို.ဖြင်. ၈၁ မိနစ်တွင်တော. ယနေ.ပွဲစဉ်တစ်လျှောက် ညာတောင်ပံမှနေ၍ ထိုးဖောက်ကစားနေသော SMFC ကစားသမား ရန်နိုင်ထွေး ( ကျောနံပါတ် ၂၀ )မှ အလွတ်တည်ကန်ဘောဖြင်. SMFC အတွက်ချေပဂိုးသွင်းယူသွားနိုင်ခဲ့သည် ။ ထိုသို.ကန်သွင်းရာတွင်လည်း လူတံတိုင်းပေါ် ကျော်ကန်သွင်းရာမှ ခေါင်.နှင်.ရှပ်ထိကာ လမ်းကြောင်းပြောင်းဝင်သွားသောကြောင်. ဂိုးသမား မတတ်နိုင်ပဲ ဂိုးပေးလိုက်ရခြင်းဖြစ်သည် ။၁-၁ ဖြစ်သွားသည်.နောက်ပိုင်း ဆာဆာ ၊ မင်းမင်းသူ စသည်တို.အပါအ၀င် ကစားသမားများ ထိုးဖောက်ကြသော်လည်း ရလာဒ်ကို မပြောင်းနိုင်ပဲ ၁-၁ ဖြင်.သာ ပွဲပြီးသွားခဲ့သည် ။ ယနေ.ပွဲတွင် ၀င်ရောက်ကစားသော AUFC ကစားသမား အသစ်အနေဖြင်. လတ်တလော အသင်းရှိ ကစားသမားများနှင်. အချိတ်အဆက်မိမိ တွဲဖက် ကစားနိုင်မှု အားနည်းနေသေးပြီး နောင်တွင်တော. ပိုမိုအသုံးဝင်လာမည်ဟု ယူဆရပါသည် ။ 

ယနေ.ပွဲ မိမိတို. အနိုင် ၃ မှတ် မရရှိရခြင်းမှာ ကစားသမားများ၏ အဆုံးသတ်ပိုင်း အားနည်းမှုကြောင်.ဟု ပ၇ိသတ်က သုံးသပ်ကြပါသည် ။ပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းမရှိဟု သိရပါသည် ။

Photo & Data Supply by Momo Khin Zaw & Datha ( Red Waves Fan Club )

No comments:

Post a Comment