Tuesday, March 4, 2014

ကျုံမငေး စတင်ဖြစ်တည်လာ ပုံ


မြို.အ၀င်
ကျုံမငေး ဟူသော အမည်မှာ ကြုင်မငေး ( ကရုံမငေး ) ဟူသော မွန်စကားမှ ဆင်းသက်လာသည်ဟု မှတ်သားရသည် ။ ကြုင်  =  ချောင်း    မငေး = လုံခြုံရာ အရပ်   ( ဘေးကင်းလုံခြုံသော ချောင်း )  ဟု ဆိုလိုသည် ။ ထိုသို.ခေါ်တွင်ရခြင်းမှာ ပထ၀ီအနေအထားအရ ဧရာဝတီ မြစ်၏ ယာဘက်ကမ်းတွင် ကျုံမငေး မြို.ရှိ၍ ၀ဲဘက်ကမ်းသည် ယခုမော်ကျွန်းမြို.နယ် ရွာသစ်ကျေးရွာ ၊ ကျွန်းကြားကြီးကျေးရွာ ( သရက်တောကျေးရွာ တစ်ဖက်ကမ်း  )တို. တည်ရှိပြီး ကျွန်းဒိပ် ၊ သရက်တော ၊ ကျွန်းပြဿဒ် ၊ ကျေးရွာတို.တည်ရှိရာ ကျွန်းကြီးသည် နောက်မှပေါ်လာသော ကျွန်းကြီးဖြစ်သည် ။ ဤမျှ ကျယ်ဝန်းသော မြစ်တွင် ကျုံမငေးဈေးချောင်းသည် လှိုင်းလေ လုံခြုံရာ ဒေသဖြစ်သောကြောင်. ကြုင်မငေးဟု ခေါ်ဆိုခဲ့သည်ဟု သမိုင်းတစ်စောင်  က ဆိုပါသည် ။

ကျုံမငေး ဈေးချောင်း
ထို.အပြင်နောက်ထပ် အယူအဆ တစ်ခုမှာ မြန်မာသက္ကရာဇ် ၇၄၈-၈၇၄ ( ခရစ်နှစ် ၁၃၈၆ - ၁၄၂၂ ) အတွင်းဖြစ်ပွားသော ရာဇာဓိရာဇ် နှင်. ဘုရင်မင်းခေါင်တို.၏ အနှစ် ၄၀ ကြာစစ်ပွဲ ကြောင်. ဘေးကင်းရာ နေလိုသော မွန်အမျိုးသားတို. အနေဖြင်. ဧရာဝတီ မြစ်၏ တောင်ဘက်အကျဆုံး ယခုဈေးချောင်းအတွင်းလာရောက်အခြေချ နေထိုင်ရာကို အစွဲပြု၍ လုံခြုံဘေးကင်းရာ ဒေသဟု ခေါ်ဆိုခဲ့သည်ဟု ဆိုသည် ။

မည်သို.ပင်ဖြစ်စေ လွန်ခဲ့သော နှစ်ပေါင်း ၆၃၀ နီးပါးကပင် စတင်အခြေချ နေထိုင်ခဲ့ကြသည်ဟု ယူဆရမည်ဖြစ်သည် ။

ကျုံမငေး ဈေးချောင်း
ထိုသို.နေထိုင်ခဲ့ကြရာမှ မြန်မာသက္ကရာဇ် ၁၂၁၄ ( ခရစ်နှစ် ၁၈၅၂ ) အင်္ဂလိပ် - မြန်မာ ဒုတိယ စစ်ပွဲအပြီး နယ်ချဲ.တို.အောက်မြန်မာပြည်ကို သိမ်းပိုက်ထားခိုက် အထက်မြန်မာပြည် မှမငြိမ် မသက်မှုများကြောင်. အညာဒေသမှ မိသားစုများသည် လှေကြီးများနှင်. စုန်ဆင်းလာပြီး ကျုံမငေးတွင် ထပ်မံအခြေချလာခဲ့ကြပြန်ပါသည် ။

ကျုံမငေးမှ ကျွန်းပြဿဒ် ဘက်ကမ်းကို မြင်ရပုံ
ထိုရွှေ.ပြောင်းလာသူတို.အနက် နေမျိုးသီရိ ကျော်စွာ ဘွဲ.ခံ ဦးမှုံ ဆိုသူ ပါလာခဲ့ရာ အင်္ဂလိပ် အစိုးရက တိုက်သူကြီးအဖြစ် တာဝန်ပေး အုပ်ချုပ်စေခဲ့သည်ဟု သိရသည် ။ မြန်မာ သက္ကရာဇ် ၁၂၇၈ ( ခရစ်နှစ် ၁၉၁၆ - ၀ါးခယ်မမြို.အား တရားဝင်မြူနီစပါယ်မြို.အဖြစ် အသိအမှတ်ပြုအပြီး ၁၀ နှစ်အကြာ) တွင် ကျွန်းပြဿဒ် ကျေးရွာတွင် ဂတ်တဲ စိုက်ပြီး သက္ကရဇ် ၁၂၇၉ ( ခရစ်နှစ် ၁၉၁၇ ) တွင် ကျုံမငေး နှင်. အုန်းပင်ကျေးရွာစုတို.ကို သဲမှုတ်၍ တည်ခဲ့သည်ဟု သိရသည် ။

ကျွန်းပြဿဒ်ဘက်ကမ်းမှ စေတီများ
မြန်မာသက္ကရာဇ် ၁၂၈၃ ( ခရစ်နှစ် ၁၉၂၁ ) တွင် ကျွန်းပြဿဒ် ဂတ်ကို ဖျက်သိမ်းပြီး ကျုံမငေးတွင် ဂတ်ရုံး စတင်ဖွင်.လှစ် အုပ်ချုပ်ခဲ့သည် ။ ၁၂၈၄ ခု ( ခရစ်နှစ် ၁၉၂၂ ) ဒိုင်အာခီ အုပ်ချုပ်ရေး ခောတ်တွင် မြောင်းမြ ဒီစတြိတ် ကောင်စီဘုတ်အဖွဲ.မှ စီမံခန်.ခွဲရေး လုပ်ငန်းများကို အင်္ဂလိပ် အစိုးရ ဆုတ်ခွာချိန် ၁၉၄၂ အထိ ဆောင်ရွက်ခဲ့သည် ။



ရှေးလူကြီးသူမများ ပြောစကားအရ ကျုံမငေးအမည်ကိုမွန်လူ မျိုးများမှ ပေးခဲ့ခြင်းဖြစ်ပြီး မွန်ဘာသာဖြင့် (ကျုံ)ဆိုသည်မှာ ချောင်း  (မငေး)ဆိုသည်မှာ မင်္ဂလာ ဟုဆိုကြောင်း သိရပါသည် ။ မွန်ဘာသာအရ မင်္ဂလာရှိသော ချောင်းဟု ဘာသာပြန်ရမည်ဖြစ်ပါသည် ။ ကျုံမငေးကို တည်စဉ်က  ကျွန်းပြသာဒ်ရွာမှ စတင်တည်ထောင်ပြီး ကျွန်းပြသဒ်ဘက်ကမ်း တွင် ရှေးဟောင်းစေတီအပျက် များနှင်.  ရွှေအစစ်ချထားသောတိုင်လုံးများဖြင့် တည်ဆောက်ထားသည့် ရှေ့ဟောင်းကျောင်း များလည်းရှိခဲ့ကြောင်း သိရပါသည် ။ နောက်ပိုင်း ကျွန်းပြသာဒ် ဘက်တွင် ကမ်းပါးများပြိုသဖြင့် ကိုင်းတောကြီးများသာရှိသော ကျုံမငေး ဘက်တွင် ရှင်းလင်းပြီး မြို.တည်ကြောင်း လည်း ဆိုကြပါသည် ။

သို.သော့် မွန်ဘာသာတွင် ကျုံဆိုသည်မှာ ချောင်းဖြစ်ပြီး မငေးဆိုသည်မှာ လယ်ကိုခေါ်ခြင်းဖြစ်ကြောင်းသိရပြီး  အချို. အပြောအရ  ကျုံမငေးဆိုသည်မှာ မိချောင်းရန်ကင်းသောချောင်း ဟုခေါ်ကြောင်းလည်း သိရပါသည် ။

Photo by U Soe Win

ထို.အပြင်AD13ရာစုခန့်ကဖြစ်ပွါးခဲ့သောမွန်မြန်မာအနှစ်၄၀စစ်ပွဲတွင်မြောင်းမြမြို့စားလောက်ဖျား
စစ်ရှံးသောကြောင့် စစ်ပြေးဘဝဖြင့် ယခုကျွန်ပြသာဒ်နေရာတွင်ရေမျောလာသောကျွန်းတုံးကြီး ဖြှင့်ပြဿဒ်တည်ကာစိုးစံသောကြောင်ကျွန်းပြဿဒ်ဟုခေါ်ဆိုပြီးယခုအအချိန်ထိရှေးဟောင်းစေတီများက
သက်သေအထင်
အရှားရှိနေကြောင်း နှင်.  ရှေလူကြီးများကကျွန်ပြဿဒ်ကိုရွာကြီးဘက်ကမ်းဟုခေါ်ကြောင်း  ကျုံ မငေးဆိုသည်မှာကျေလ်မငဲ့ဆိုသောမွန်ဘာသာစကားမှဆင်းသက်လာပါယ်ကျေလ်မှချောင်း ၊ မငဲမှာကြီးမားသောဟုအဓိပ္ပါယ်ရကြောင်း  အယူအဆတစ်ရပ်လည်း ရှိပါသည် ။


၂၀၁၄ ဖေဖော်ဝါရီလ ၁၈ ရက်နေ.တွင်ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၁၄ ရက်မြောက်နေ.တွင်မူဝါးခယ်မမြို.နယ်အပိုင် ကျုံမငေး အား မြို.အဖြစ် တရားဝင် သတ်မှတ်ခွင်. ပြု ခဲ့ကြောင်းသိရပါသည် ။


Ref , SRoTUoM - Wakema Township Record , ရာဇာဓရာဇ်အရေးတော်ပုံကျမ်း ၊ မွန်-မြန်မာအဘိဓါန် ၊ ရှေးလူကြီးသူမများပြောစကား ၊ ဒေသခံများ၏ ဖြည်.စွက်မှု
 

No comments:

Post a Comment