၆၉ နှစ်မြောက် တပ်မတော် နေ.အခမ်းအနားကား ယမန်နေ.က ကျင်းပခဲ့ပြီးဖြစ်သည် ။ ပြီးခဲ့သည်. ၆၈ နှစ်မြောက် တပ်မတော်နေ. အခမ်းအနားမှစ၍ တပ်မတော်၏ စစ်လက်နက် အင်အား တစ်စိတ်တစ်ဒေသ ကို ထုတ်ဖော်ပြသခဲ့သလို ယခု တပ်မတော်နေ. ၀န်းကျင်တွင်လည်း မိတ္ထီလာ လွင်ပြင်တွင် ကျင်းပသော တပ်မတော် ကြည်း ၊ လေ ၊ သံချပ်ကာ ပူးပေါင်းစစ်ရေး လေ.ကျင်.မှု ၊ ကိုကိုးကျွန်းအနီး ပင်လယ်ပြင်တွင် ကျင်းပသော မြန်မာ.ရေတပ် ၏ Sea Shield 2014 စစ်ရေးလေ.ကျင်.မှု များ စသည်တို.ကြောင်. ယခု ၆၉ နှစ်မြောက် တပ်မတော် နေ.တွင်လည်း အားလုံးစိတ်ဝင်တစား စောင်.ကြည်.နေခဲ့ကြသည် ။
၆၉နှစ်မြောက် တပ်မတော်နေ. စစ်ရေးပြ အခမ်းအနားတွင် စစ်ရေးပြမှုးကြီး ဗိုလ်မှုးချုပ် မျိုးဇော်သိမ်း ဦးစီးကာ အနော်ရထာစစ်ကြောင်း ၊ ကျန်စစ်သားစစ်ကြောင်း ၊ ဘုရင်.နောင်စစ်ကြောင်း ၊ အောင်ဇေယျ စစ်ကြောင်း ၊ ဆင်ဖြူရှင်စစ်ကြောင်း ဖြင်. တပ်မတော်သားများ ၊ ရဲတပ်ဖွဲ.၀င်များ ၊ မီးသတ်တပ်ဖွဲ.၀င် များ ကြက်ခြေနီ တပ်ဖွဲ.၀င်များ အပြင် ယန္တရား တပ်ဖွဲ.များက အောင်ဆန်းစစ်ကြောင်းအမည်ဖြင်. ပါဝင်ချီတက်ခဲ့ကြပြီး တပ်ဖွဲ.၀င် အင်အား ၉၀၀၃ ဦး ပါဝင်ခဲ့သည် ။
စစ်ဘက်ဆိုင်ရာ ယန္တရားများ ၊ လက်နက်စနစ်များ အဓိကပါဝင်ချီတက်ခဲ့သည်.အောင်ဆန်း စစ်ကြောင်း တွင် ဗိုလ်မှုးကြီး မျိုးသန်.ဦးဆောင်သော ကွပ်ကဲရေး ယာဉ် တစ်စီး နှင်. သံချပ်ကာ ယန္တရား ညွှန်ကြားရေးမှုးရုံး ကိုယ်စားပြု ကွပ်ကဲမှု ယာဉ် ၊ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ.အရာရှိချုပ်ရုံး ကွပ်ကဲမှဲယာဉ် တို.နှင်.
- Type-59M ပင်မတိုက်ပွဲဝင် တင့်ကား ၅စီး
- EE-9 Cascavel သံချပ်ကာယာဉ်/အပေါ့စားတင့် ၁၂စီး
- PTL-02 ၁၀၅မမအမြောက်သုံး တင့်ဖျက်ယာဉ် ၁၂စီး
- SH-1 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီး ၆စင်း
- Type-81 ၁၂၂မမ အတွဲလိုက်ဒုံးပစ်ယာဉ် ၃စီး
- D-30M2 ၁၂၂မမ ယာဉ်ဆွဲအမြောက် ၉စင်း
- Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံး ( တာလတ်ပစ် ) ၆စီး
- ၂၅မမ ယာဉ်တင် လေယာဉ်ပစ်စက်အမြောက် ၆စီး
- TWL (Smart Hunter Radar ) တာတိုကင်းထောက်နှင့် ရှာဖွေရေးရေဒါယာဉ် ၃စီး
- MADV-1 ..... Igla . ပခုံထမ်းဒုံးတင်ယာဉ် ၁၂စီး ပါဝင်ချီတက်ခဲ့ကြောင်း သိရပါသည် ။
ပြည်တွင်းထုတ်၂၅မမ ယာဉ်တင် လေယာဉ်ပစ်အမြောက်များ |
ကပစထုတ် Igla တာတိုပစ်ဒုံးများ တပ်ဆင်ထားသည့် MADV-1 လေကာတပ်သုံးယာဉ်များ |
တင်.ဖျက်ယာဉ် |
Type 59 M တင်.ကား |
Mi-35PNတိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးမှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို ချိတ်ဆွဲကာ အစောင့်လိုက် Mi-35PNတိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးဖြင့် တြိဂံပုစံ(Vic position)ဖြင့် လည်းကောင်း | Mi-171Vရဟတ်ယာဉ် သုံးစီးက တပ်မတော် (ကြည်း/ရေ/လေ)အလံများ ချိတ်ဆွဲကာ ရှေနောက် တစ်တန်းတည်း ပုံစံ(trail position)ဖြင့် လည်းကောင်း| Y-12E အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စီးကို PT-6အခြေခံ အမောင်းသင်လေယာဉ်နှစ်စီးက ခြံရံကာ အမျိုးအစား မတူသော လေယာဉ်နှစ်မျိုးကို အုပ်ဖွဲ့ပျံသန်းခြင်း (composite Formation)ဖြင့် လည်းကောင်း| ပြည်တွင်းမှာပင် တပ်ဆင်ထုတ်လုပ်ထားသော K-8အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ငါးစီးက နိုင်ငံတော်အလံ ပုံသဏ္ဍာန် ဝါ/စိမ်း/နီ သုံးရောင်ခြယ်ဖြင့် Smoke generatorမှ မီးခိုးများဖြင့် အလှပြ ပျံသန်း၍ လည်းကောင်း| F-7 ကြားဖြတ်တိုက်လေယာဉ် ငါးစီးမှ မြားဦးပုံသဏ္ဍာန် (Arrow head)ဖြင့် လည်းကောင်း|A-5 မြေပြင်တိုက်ခိုက်ရေး လေယာဉ် ၃စီးမှ တြိဂံပုံစံ(Vic position)ဖြင့် လည်းကောင်း|Mig-29 လေကြောင်းအရေးသာမူရယူရေး တိုက်လေယာဉ် ငါးစီးမှ မျှားဦးသဏ္ဍာန် (Arrow head)ဖြင့် လည်းကောင်း|K-8အပေါ့စား တိုက်ခိုက်ရေး လေယာဉ် ငါးစီးက နိုင်ငံတော် အလံ ပုံစံ ဝါ/စိမ်း/နီ သုံးရောင်ခြယ်ဖြင့် ယပ်တောင်ပုံစံ(Fan break)ဖြင့် ခွဲထွက်ကာ ပျံသန်းခဲ့ကြသည်။ ယနေ့ပါဝင်ပျံသန်းခဲ့သော လေယာဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- Mi-35PN.... တိုက်ခိုက်ရေးရဟတ်ယာဉ်
- Mi-171V.... သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်
- Y-12E အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဉ်
- PT-6 အခြေခံအမောင်းသင်လေယာဉ်
- K-8W အပေါ့စား တိုက်ခိုက်ရေး လေယာဉ်
- A-5JK မြေပြင်တိုက်ခိုက်ရေး လေယာဉ်
- A-5K မြေပြင်တိုက်ခိုက်ရေး လေယာဉ်
- FT-7AM အမောင်းသင် ကြားဖြတ်တိုက် လေယာဉ်
- FT-7K/M ကြားဖြတ်တိုက်လေယာဉ်
- F-7||K/M ကြားဖြတ်တိုက်လေယာဉ်
- Mig-29UB နှစ်ယောက်မောင်း လေကြောင်းအရေးသာမူရယူရေး တိုက်လေယာဉ်
- Mig-29SE လေကြောင်းအရေးသာမူရယူရေး တိုက်လေယာဉ် တို့ ပါဝင်ပျံသန်းခဲ့ကြသည်ဟု သိရပါသည် ။
ယခု ၆၉ နှစ်မြောက် တပ်မတော် နေ.တွင် မြန်မာ.တပ်မတော် အနေဖြင်. ပြည်တွင်းထုတ် စစ်လက်နက် ယာဉ်ပစ္စည်းများကိုထည်.သွင်း ထုတ်ဖော်ပြသသွားခဲ့သည် ။ ပြီးခဲ့သည်. ရေတပ်စစ်ရေးလေ.ကျင်.မှုတွင်လည်း ပြည်တွင်းထုတ် စစ်သင်္ဘောများ ၊ ပြည်တွင်းထုတ် လက်နက်စနစ်အချို.တို.ကို ပါ အားပြု ထည်.သွင်းသွားခဲ့သဖြင်. မြန်မာတပ်မတော် အနေဖြင်. ပြည်ပမှ အဆင်.မြင်. နည်းပညာသုံး စစ်လက်နက်ပစ္စည်း စနစ်များ ၀ယ်ယူအသုံးပြုနေသကဲ့သို. ပြည်တွင်းတွင်လည်း ဟန်ချက်ညီ ထုတ်လုပ်မှုများဖြင်. အင်အားတောင်.တင်းသော ခောတ်မှီတပ်မတော် တစ်ရပ် အဖြစ်လျှောက်လျမ်းနေသည်ကိုတွေ.မြင်နေရသည် ။ အနာဂတ် ကာလ တစ်ခုတွင် လက်နက်တင်ပို.ရောင်းချနိုင်သော အခြေအနေတစ်ခုသို. မရောက်ဟူ၍ မပြောနိုင် သော အခြေအနေပင် ဖြစ်ပါသည် ။
Data Ref ; and Photos ...... Myanmar Alin , MOI , Oppsiteyes , Myanmar Airpower ,Myanmar Armour Corps , Myanmar Defence Weapon , Myawady ,RFA , Irrawaddy
No comments:
Post a Comment