Tuesday, March 18, 2014

ရောမရောက် ၀ါးခယ်မသားတစ်ယောက် အားနောက်ဆုံး ဂုဏ်ပြုခင်း ( သို. ) စာရေးဆရာ ကံမြင်. ( ရေဒါ )



စာရေးဆရာ ကံမြင်. ( ရေဒါ ) သူဟာ  ( ၁၃၀၁ ခု )၁၉၃၈ ခန်.မှာဝါးခယ်မ မြို.နယ် ကြာဖြူကျေးရွာမှာမွေးဖွားခဲ့သူ ဖြစ်ပြီး အဘ ဦးထွေးမောင် အမိ ဒေါ်အုန်းစိန် တို.ရဲ.သား ဖြစ်ပါတယ် ။ 

အမည်ရင်း ဦးကံမြင်. ဖြစ်ပြီး၁၉၅၆ မှာ ၀ါးခယ်မ ကနေ တက္ကသိုလ်ဝင်တန်းအောင်ခဲ့ပြီး ၁၉၆၀ မှာ ရန်ကုန်တက္ကသိုလ် ကနေ ၀ိဇ္ဖာ ဘွဲ.ရခဲ့ပါတယ် ။ ၀ါးခယ်မမှာ အထက်တန်းဆရာအဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၉၆၂ မှာ လေတပ်ကို ၀င်ရောက်ခဲ့ပါတယ် ။ ၁၉၆၆ မှာ လေသူရဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပူးပေါင်းစစ်ဆင်ရေးနဲ. လေထီးသင်တန်းကျောင်း နည်းပြအရာရှိ ၊ ရေဒါ စခန်း နဲ. အုပ်တွေမှာ တိုက်လေယာဉ် ကြီးကြပ် ကွပ်ကဲ ရေးမှုး နဲ. အုပ်ချုပ်ရေး အရာရှိတာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ် ။ ၁၉၈၈ မှာအထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနကို ရောက်ရှိပြီး ၁၉၉၁ မှာ ရောမကိုသွားပြီး အဆင်.မြင်. အုပ်ချုပ်မှု သင်တန်း တက်ရောက်ခဲ့ပါတယ် ။ ရန်ကုန်တိုင်း ထွေ/အုပ် အုပ်ချုပ်ရေးမှုး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ် ။ 




ဗုဒ္ဒဘာသာ နဲ. အီတလီ နိုင်ငံ ..... ရောမပညာတော်သင်ခရီး စတဲ့ စာအုပ်တွေ ရေးသားခဲ့ပါတယ် ။ မြို.မှာ လုပ်တဲ့ စာပေဟောပြောပွဲအချို.မှာလည်း ၀င်ရောက်ဟောပြောခဲ့ပါတယ် ။ ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ နာယက အဖြစ်လည်းကောင်း ၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိမ်းသိမ်းရေး ( အဝေးပြေး ) ၏ အတွင်းရေးမှုး အဖြစ်လည်းကောင်း ၊  ကျောက်တော်ကြီး ဘုရား၏ ဂေါပက အဖွဲ.၀င် အဖြစ်လည်းကောင်း တာဝန်ယူထမ်းဆောင်ပေးနေခဲ့ပြီး ၂၀၁၄  မတ်လ ၅ ရက်နေ. မွန်းလွဲ ၁နာရီ ၅၅ မိနစ်တွင် ပင်လုံဆေးရုံ မှာ ကွယ်လွန်ခဲ့ ချိန်မှာ ဇနီးဖြစ်သူ ဒေါ်ခင်မြတ်မွန် နှင်. သားသမီး ၄ ဦး မြေး ၄ ဦးကျန်ရစ်ခဲ့ပါတယ် ။

၁၇ ရက် ၃ လ ၂၀၁၄ နေ. မနက် ၁၀ နာရီ ရေဝေးမှာ ပြုလုပ်ခဲ့တဲ့ ဈာပန အခမ်းအနားကို ၀ါးခယ်မမြို.နယ် အသင်းဂုဏ်ထူးဆောင်နာယကကြီးများ အမှုဆောင်အဖွဲ.ဥက္ကဋ္ဌ နဲ. အမှုဆောင်များ ဇာတိမြေမှ မိတ်ဆွေဟောင်းများ လိုက်ပါပို.ဆောင်ခဲ့ပါတယ် ။



မိမိတို.၏ ဇာတိဖွား တစ်ဦးဖြစ်ပြီး မိမိတို.မြို.အကျိုးကို သယ်ပိုးပေးနေသော ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ အမှုဆောင်အဖြစ်လည်း တတ်စွမ်းသည်.ဘက်မှ တာဝန်ယူပေးခဲ့ကာ နိုင်ငံတော် အတွက်ကျရာတာဝန်များကို ထမ်းဆောင်ခဲ့ပြီး စာပေရေးရာဘက်တွင်လည်း ထိုက်သင်.သလို တာဝန်ကျေခဲ့သည်.အပြင် ဘာသာရေးဆိုင်ရာတို.ကိုလည်း တတ်စွမ်းသမျှ ပံ.ပိုးလုပ်ဆောင်ခဲ့သော ဗိုလ်မှုး ကံမြင်. ( အငြိမ်းစား ) ၏ ကွယ်လွန်မှုအတွက် ၀ါးခယ်မမြို.သားများ ကိုယ်စားလည်းကောင်း ၊ ၀ါးခယ်မမြို.နယ်အသင်း ကိုယ်စားလည်းကောင်း မိသားစုနှင်.ထပ်တူ စိတ်မကောင်းဖြစ်ရပါကြောင်း ဖော်ပြအပ်ပါသည် ။ 

Ref ; ရွှေရတု Magazine

ဆရာကံမြင်. ( ရေဒါ ) အင်္ဂလိပ်ဘာသာဖြင်. အထက ၁ ၀ါးခယ်မ ရာပြည်. Magazine တွင်ရေးသားခဲ့သော A Myanmar in Rome ဆောင်းပါးကို ဤ Link ကိုနှိပ်၍ သွားရောက်ဖတ်ရှုနိုင်ပါသည် ။

No comments:

Post a Comment