ဆယ်ကျော်သက်
အိမ်မက်ပေါ. ။
ပန်းတွေဖုံးပေမယ်.
လွမ်းသလိုပြုံးခဲ့ဖူးတယ်
တကယ်ဆို
အဲ့ဒီတစ်ချိန်ဆိုတာ ဘယ်တော.လဲ
ငါ
ကိုယ်တိုင် မဖြေတတ်ခဲ့
ပထမ
ဆိုတဲ့အကြောင်းတွေ စဉ်းစားတိုင်း
ပြဇာတ်ဆန်ဆန်
နတ်သမီး ပုံပြင်တွေ မြေခကုန်တယ် ။
သေ
သေချာဆုပ်ကိုင်ဖူးတဲ့ရက်စွဲအချို့
ခုတော့နွေမုန်တိုင်း
စစ်စစ်ဖြစ်
အစိမ်းဝတ် မနက်ဖြန်တွေကြား
အပ်ကြောင်း
များစွာနဲ. ဓါတ်ပြားတစ်ချပ် ဖြစ်သွားပြီ ။
တမ်းတမိတဲ့
အတိတ်အချို.
မိုးရာသီ
ရဲ. ထီးတစ်လက်လောက် အရာမ၀င်ခဲ့ဖူး
ဒါတောင် ….
ငါက
နဝေတိမ်တောင်
နဲ.မေ.မရခဲ့တာ ။
( လူပီသစွာ
) နည်းနည်းတော. ရူးတယ်ထင်ရပေမယ်.
သကြားလုံးဆန်ဆန်
အတိတ် ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ
ချိုရင်ချို
…. ပါးပြီးပျောက်ရင်ပျောက်ပေါ. ။
့သက္ကရာဇ်တွေတိုက်စားတဲ့အခါမေ့သွားမှာပါ
ဆိုတဲ့ ရူပဗေဒ ဆန်တဲ့အတွေး
နင်.အတွက်
မသိပေမယ်.
ငါ.အတွက်က
သီအိုရိတွေသာ
အမြဲတမ်း မှန်နေရင်
သေချာတယ် ….. သတိရခြင်းဟာ ထာဝရ ကိန်းသေပေါ. ။
အ
ကြောင်းပြချက်မဲ့ ရူးသွပ်ခြင်းတွေကြား
( ငါ.ဘာသာ
) မေ.လို.ရပြီ ထင်ခဲ့တာ …..
ဟုတ်တယ်
နင်က စွန့်လွှတ်ခြင်း နဲ.အနစ်နာခံခဲ့တာ
ဟုတ်တယ်
ငါက မျှော်လင်.ခြင်းကို ခြွေနင်းခဲ့တာ
နင်က
တစ်ဖြေးဖြေး ဟိုးး အဝေးကို
ငါက ဥပေက္ခာ
တွေကြား နစ်မြုပ်
ငါကိုယ်တိုင်
ဆွဲမထုတ်နိုင်တဲ့
ကပ်ငြိအတိတ်
ခပ်မဆိတ်မေ.မပြေ
ငါ.နွေ…
ရပ်ဝန်းမှာ မိုးမရွာပေမယ်.
( ပုံမှန်အတိုင်းပဲ
)
ကံ.ကော်ပန်းတွေ
တော. ဝေနေခဲ့တယ် ။
(
တစ်ခါတစ်လေ )
ရင်ဘတ်ဖက်
ကတော. ဆစ်ကနဲ ဆစ်ကနဲ ။
မုန်းလောက်အောင်
ပြုံးပြီး ကျောခိုင်းခဲ့ကြတာမို.
ဆောင်းလောက်တော.
မအေးချမ်းနိုင်ဘူးလေ
တကယ်က
ငါတို…..
နှုတ်ဆက်ဖို.သက်သက် တွေ.ခဲ့ကြတာသာဆို
ရင်ထိုး
ဓါး တစ်စင်းစီတော. ဆောင်ခဲ့ရမှာ
တစ်ယောက်က
သူတော်စင်လို. ကြွေးကျော်ခဲ့တဲ့
ဇာတ်လမ်းရဲ.
အဆုံးသတ်မို.လေ …. ။
ငါ…….
ဆုတောင်းတယ်…….
ကမ္ဘာလည်တာ
မရပ်သရွေ.
ငါတို…..
ပြန်မတွေ.ကြပါစို.
Princess Atavan
No comments:
Post a Comment