Wednesday, March 26, 2014

ဝါးခယ်မ သား တို.၏ နယ်ချဲ.တော်လှန်ေ၇း စိတ်ဓါတ်နှင်. အမျိုးသားရေး လှုပ်ရှား ခဲ့မှု အချို.

တို.ဗမာ ခောတ်က သမိုင်းဝင် ဖြစ်ခဲ့သော ၀ါးခယ်မ ဘုရားကြီး ၀န်းရှိ မဟာပုည တန်ဆောင်း
မြန်မာသက္ကရာဇ် ၁၁၈၅ ( ခရစ်နှစ် ၁၈၂၄ ) ဘကြီးတော် ဘုရား လက်ထက် အင်္ဂလိပ် - မြန်မာ ပထမ စစ်ဖြစ်ချိန်က လူနေစု အဖြစ် ရောက်အံ့ဆဲဆဲ ရှိနေခဲ့သော ဒေသ ၊ ထို.နောက် ၂၈ နှစ်အကြာ သက္ကရာဇ် ၁၂၃၃ ( ခရစ်နှစ် ၁၈၅၂ ) ပုဂံမင်းလက်ထက် ဒုတိယ အင်္ဂလိပ် - မြန်မာ ဒုတိယ စစ်ပွဲဖြစ်ပွားချိန် ကာလ က လူနေအိမ်စုများ စတင်ဖြစ်တည်နေခဲ့သော ဒေသ ၊ သက္ကရာဇ် ၁၂၄၇ (  ခရစ်နှစ် ၁၈၈၅ ) သီပေါမင်း လက်ထက် အင်္ဂလိပ် - မြန်မာ တတိယ စစ်ပွဲဖြင်. မြန်မာ တစ်နိုင်ငံလုံးကို အင်္ဂလိပ်နယ်ချဲ့တို. ကျုးကျော်သိမ်းပိုက်ချိန် က ကျေးရွာကြီး အဆင်.သို. ရောက်ရှိနေခဲ့ပြီဖြစ်သော ဒေသ ၊ သက္ကရာဇ် ၁၂၄၂ ( ခရစ်နှစ် ၁၈၈၀ ) ကပင် ရုံး ၊ ဂါတ်များ ဆောက်လုပ်ပြီးသော ဒေသ ၊ သက္ကရာဇ် ၁၂၆၈ ( ခရစ်နှစ် ၁၉၀၆ အောက်တိုဘာ ၁ ရက်နေ. ) တွင် မြူ နီစပါယ် မြို.အဖြစ် ရောက်ရှိခဲ့သော ၀ါးခယ်မ မြို.ကား မြန်မာဘုရင်လက်ထက် နယ်ချဲ့ ကျုးကျော်မှုများတွင် ဆန်.ကျင်တော်လှန်မှုများ မရှိနိုင်သေးပဲ မြို.တစ်မြို.အဖြစ် စတင် ဖွံ.ဖြိုးလာဆဲ ကာလသာရှိသေးသည် ။

ပန်ဒစ် ဂျဟာ ၀ါလာနေရူး သမီးမစ္စ အင်ဒရာဂန္ဒီ မိသားစု ၀ါးခယ်မ ရောက်ရှိစဉ် ရိုက်ကူးထားသော ဓါတ်ပုံ
သို.သော် ၁၉၀၀ ပြည်.လွန် နှစ်များ မှစ၍ ၀ါးခယ်မသားတို.၏ နယ်ချဲ.တော်လှန်ရေး စိတ်ဓါတ်များ ၊ လှုပ်ရှားမှုများ ဖွံ.ဖြိုးလာခဲ့သည် ။ ၁၉၀၆ မတ်လကုန်ခန်. ရန်ကုန်မြို.တွင် YMBA အသင်းကြီး စတင်ပေါ်ပေါက်ခဲ့ပြီး ၁၉၁၀ ပြည်.နှစ်တွင် ၀ါးခယ်မ မြို.ပေါ် နှင်. နယ်သူနယ်သားများသည် ၀ံသာနု အသင်း ၊ ကုမ္မာရီ အသင်းများ တည်ထောင်ပြီး ပင်နီချော နှင်.ယောလုံချည် ဆင်မြန်းကြကာ အင်္ဂလိပ် ကုန်ပစ္စည်းများ သပိတ်မှောက်ရာတွင် ရှေ.တန်းမှ ပါဝင်ခဲ့ကြသည် ။ ကျုံမငေး ၊ သရက်တော ၊ ရွှေလောင်း ၊ကျွန်းကုန်းစသော ကျေးရွာကြီးများတွင်လည်း ထိုအသင်းများ တည်ထောင်ရေး အမျိုးသားရေး တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည် ။

၁၉၁၆ ခန်.တွင် ၀ံသာနု ဆရာတော်ကြီးများဖြစ်သော ဆရာတော် ဦးဥတ္တမ ၊ ဦးနာဂိန္ဒ ၊ ဦးဂါရ၀ ၊ ဦး ညေယျ စသည်.ဆရာတော်များ၏ တရားပွဲများ စည်ကားစွာ ကျင်းပခဲ့သည် ။ ၁၉၂၁ ၏ တစ်နေ.တွင် ဆရာတော် ဦးဥတ္တမ တရားပွဲကျင်းပ၇န် စိစဉ်နေခိုက် ဖျာပုံခရိုင် ကျောင်းကုန်းကျေးရွာ( အခြားသမိုင်း တစ်ခုတွင် ဆူးကလပ် ကျေးရွာ ဟုတွေ.ရပါသည် ) တွင် ဟောပြောခဲ့သည်. ( နယ်ချဲ့အင်္ဂလိပ် ကိုရည်ရွယ်သော ) လိပ်အခွံခွာ၇မည် ဟူသော တရားကြောင်. ဖမ်းဆီး၇န်အတွက် မြောင်းမြ ရာဇ၀တ် ၀န်က ၀ါးခယ်မမြို.သား အင်စပက်တော် ဦးဘဂျမ်းသို. လက်ထိပ်ခတ် ဖမ်းခဲ့ရမည်ဟူသော အမိန်. ပို.ခဲ့သည် ။သို.သော် ထိုဝါးခယ်မသား အရာရှိက မိမိရာထူးမှ နှုတ်ထွက်သည်ဆိုကာ နယ်ချဲ. အင်္ဂလိပ်တို.၏ အမိန်.ကို ဖီဆန်လျှက် ၀ါးခယ်မသားတို.၏ ၀ံသာနု ရက္ခိတ စိတ်ဓါတ်ဖြင်. ကိုယ်ကျိုးစွန်. အနစ်နာခံခဲ့သည် ။

ကွမ်းခြံကုန်း ကျောင်းတိုက်
၁၉၂၀ ယူနီဗာစီိတီ သပိတ်သည် အမျိုးသားရေးကို တဟုန်ထိုးတိုက်တက်စေခဲ့သည်ဟု အသိအမှတ်ပြုကြသည် ။ ထိုသပိတ်တွင် ၀ါးခယ်မမြို.ရှိ ၀ံသာနု အသင်း ၊ ကုမ္မာရီ အသင်းများက များစွာကူညီခဲ့ကြသည် ။ ၀ါးခယ်မမြို. အနောက်ပိုင်း ကမ်းနားလမ်းရှိ ကွမ်းခြံကုန်း ကျောင်းတိုက်တွင် အမျိုးသားကျောင်း တည်ထောင်၍ ကျောင်းအုပ်ကြီးအဖြစ် ဦးလှအောင် ( ဘိလပ်ပြန် - ၀တ်လုံတော် ရ ) ကျောင်းဆရာများအဖြစ် ဦးကျော်ကြီး ၊ ဦးကျော်သန်း ၊ ဦးသန်းကြွယ် ၊ ဦးဘစိုး ၊ ဦးကံ ၊ ဦးအောင်ခင် ၊ ဦးစိန် ၊ ဦးစံထွန်း ၊ ဦးဖေ ၊ ဦးတင်ညွန်. ၊ ဦးဘအေးတို.က ဆရာများအဖြစ် တာဝန်ယူပေးခဲ့ကြသည် ။ ထိုအချိန်က ဦးကျော်သန်းသည် အင်္ဂလိပ်အစိုးရကို အသိအမှတ်မပြုသည်.အနေဖြင်. မိမိ၏ BSc ဘွဲ.ကို စွန်.လွှတ်ခဲ့သည်။ ( ဒုတိယ ကျောင်းသားသပိတ် ၁၉၃၈ တွင်လည်း ဦးနုသည် နယ်ချဲ. အင်္ဂလိပ် တို.ကို ဆန်.ကျင်သည်.အနေဖြင်. သူ၏ BA ဘွဲ.ကို စွန်.လွှတ်ခဲ့သည် ) ထိုအမျိုးသားကျောင်းမှ သခင်နု ၊ သခင်ဥ ၊ သခင်အုံးဖေ ၊ သခင်သိန်းဖေ စသော နိုင်ငံရေး သမားများ ပေါ်ထွန်းခဲ့သည် ။

အင်္ဂလိပ် ပါလီမန် မှ မှ မြန်မာနိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေး ပေးရန် ၀ှိုက်ကော်မတီ ကို စုံစမ်းရေး ကော်မရှင်အဖြစ် စေလွှတ်ခဲ့သည် ။ မြန်မာတို.က ထိုကော်မရှင်ကို သပိတ်မှောက်ခဲ့သကဲ့သို. ၀ါးခယ်မသို. ထို ကော်မရှင် ရောက်ရှိလာသောအခါ သခင်နု ၊ ကိုအုန်းဖေ ၊ ကိုအောင်သင်းတို. ခေါင်းဆောင်ပြီး သံပုံးတီးကန်.ကွက်ကြသည် ။ ကော်မရှင် အဖွဲ.မှ ၀ါးခယ်မ ဈေးအတွင်း ဟင်းလျာ ၀ယ်ယူသည်.အခါ ဈေးသူ/သား များ ဆိုင်များပိတ် ၊ သပိတ်မှောက်ကြသဖြင်. ဘာတစ်ခုမှ ၀ယ်မရပဲ ပြန်သွားကြရသည် ။ သင်္ဘောဖြင်.ပြန်လည်ထွက်ခွာချိန်တွင်လည်း လှေဖြင်.ထွက်၍ ၀ှိုက်ကော်မရှင် အလိုမရှိ ၊ ဒိုင်အာခီ အုပ်ချုပ်ရေး ဖျက် ဖျက် ၊ ဟုမ္မရူး အုပ်ချုပ်ရေး  ချက်ခြင်းပေး စသည်တို. ဟစ်အော်ကြွေးကျော်လျှက် မြစ်ရိုးတစ်လျှောက် ဆူညံစွာ သံပုံးတီး ကန်.ကွက်ခဲ့ကြသဖြင်. မြို.နယ်အသီးသီး ၏ ကန်.ကွက်ပွဲများအနက် ၀ါးခယ် ကန်.ကွက်မှုကားထိပ်တန်းမှ ပြေးခဲ့သည် ။

၁၉၃၀ ပြည်.တွင် ဆရာတော် ဦးနာဂိန္ဒ တရားပွဲကို ဘုရားကြီးအတွင်း ကျင်းပရန်စီစဉ်ရာ အင်္ဂလိပ်အစိုးရက တားဝရမ်း ထုတ်ခဲ့ရာ ဆရာတော်က ဆန်.ကျင်ခဲ့သဖြင်. တရားပွဲမကျင်းပမှီ ဆရာတော်အား အင်္ဂလိပ် နယ်ချဲ. အစိုးရ က ၀ါးခယ်မ ဂါတ်တဲတွင် ဖမ်းဆီးချုပ်နှောင်စေခဲ့သည် ။ ဆရာတော်အား မြောင်းမြထောင်သို.ပို.ရာတွင် လမ်းတစ်လျှောက် အမျိုးသမီးများက ဆံပင်များ ခင်း၍ ပို.ဆောင်ခဲ့ကြသည် ။ မြောင်းမြထောင်အတွင်း တစ်နှစ် အပြစ်ပေးခံရချိန် ဆံချခြင်းမပြုပဲ ထောင်မှထွက်သည်.အခါ ၀ါးခယ်မသို. လာရောက်တရားဟော ချိန်မှစ၍ ဆရာတော်အား ဆံရှည်ကိုယ်တော် ဟု ၀ါးခယ်မ သားတို.က ဘွဲ.ပေးခဲ့သည် ။

ဒို.ဗမာ ၀ါဒ ထွန်းကားလာချိန်တွင် နယ်ချဲ.အင်္ဂလိပ်အစိုးရ၏ အမိန်.ကို ဖီဆန်လာကြသဖြင်. နယ်ပိုင်ဝန်ထောက်ဟောင်း  မစ္စတာရိုးလင်း ကိုယ်တိုင်ရောက်ရှိလာပြီး မြို.ပေါ်ရှိ  ဘုရားလူကြီး ၊ မြူနီစပါယ်လူကြီး ၊ သခင် များ အရပ်သားများ  စုစုပေါင်း ၈၄၀ ကို ၂ယောက်တစ်တွဲ လက်ထိပ်ခတ် ဖမ်းဆီးကာ မြောင်းမြထောင်သို. သင်္ဘော ၂ စီးဖြင်. ပို.ခဲ့ပြီး မြို.ရှိ အမှုထမ်း အရာရှိ အားလုံးနီးပါး နယ်ရွှေ. ၊ ရာထူးချ ခံခဲ့ကြရသည် ။


  ၉၁ ဌာန အုပ်ချုပ်ရေးခောတ် ရွေးကောက်ပွဲ အကြို စီစဉ်မှု အဖြစ် သခင်ဟန် ( ၀ါးခယ်မ ) သည် ၁၉၃၆ တွင် ၀ါးခယ်မ သို.ရောက်လာပြီး ဒို.ဗမာ အစည်းအရုံး စတင်လှုပ်ရှားခဲ့သည် ။ သခင်အုန်းဖေ - ဥက္ကဋ္ဌ ၊ သခင် ချစ်ဖေ ( ရှေ.နေ ) - ဒုဥက္ကဋ္ဌ ၊ သခင်သိန်းဖေ - အတွင်းရေးမှုးပါ အမှုဆောင် ၁၅ ဦးဖြင်. စည်းရုံးလှုပ်ရှားခဲ့ရာ အထူးအောင်မြင်ခဲ့သောကြောင်. ၁၉၃၇ ဧပြီလ တွင် အိန္ဒိယ ခေါင်းဆောင် နေရူး အား ၀ါးခယ်မ ရောက်ရှိစေ၇န် ဌာနချုပ်က စီစဉ်ပေးခဲ့သည် ။ ၀ါးခယ်မ သကျမဟာသီရိ ဘုရားကြီး သံတန်ဆောင်းအတွင်း ကျင်းပသော ပွဲတွင် ပန်ဒစ်ဂျဟာဝါလာနေရူး ကိုယ်တိုင်က တက်ရောက်လာကြသူများကိုကြည်.၍ On your attitude , I assure you , you will get Independent very soon ဟူ၍ ပြောကြားခဲ့ရသည် ။

၁၉၃၉ နှစ်ဦးပိုင်းတွင်မြောင်းမြ ခရိုင် ညီလာခံကို ကျုံမငေး တွင် ကျင်းပရာ ပရိသတ် ၂၀၀၀၀ နီးပါး တက်ရောက်ခဲ့ပြီး မော်လမြိုင် ညီလာခံအပြီးတွင် ဒုတိယအကြီးဆုံး ညီလာခံဟု အသိအမှတ်ပြုခဲ့ကြသည် ။ ချစ်တီး လယ်ပိုင်ရှင်များနှင်. သခင်လယ်သမားများ၏ တိုက်ပွဲကို ကြာဖြူ ( ၀ါးခယ် မ ) ၊ မရမ်းချောင်း ( သရက်တော ) ၊ ကြာကန် စသည်ဖြင်. ၁၁နေရာ ကျင်းပခဲ့ရာ လူ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ခေါင်းဆောင် သခင်စိုးခိုင် ၊ သခင်ဘသွယ် ၊ သခင် ချမ်းမြ ၊ သခင်အုန်းမြင်. တို.ထောင် တစ်နှစ်စိကျခဲ့သည် 

၁၉၄၂ ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားချိန် .. သခင်များသည် လက်နက်ကိုင် တိုက်ခိုက်ရမည်ဟူသော ဆုံးဖြတ်ချက်ဖြင်. လက်နက်များ စုဆောင်း၍တော်လှန်ရန် အင်အားစုခဲ့သည် ။၁၉၄၂ ဖေဖော်ဝါရီ  ၂၈ ရက်မှစ၍ မအူပင်ခရိုင် ၊ မြောင်းမြခရိုင် ၊ ပုသိမ်ခရိုင်ရှိမြို.များ ကို စတင်သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည် ။ ထိုနေ.တွင် ၀ါးခယ်မ ၊ မြောင်းမြ ၊ ကျုံမငေးတို.ကိုစတင်သိမ်းပိုက်ရန် ဆုံးဖြတ်ထားရာ ၀ါးခယ်မ ဂတ်တဲ မှ ရာဇ၀တ် ၀န်ထောက် D-Y-S-P ဦးတင်ညွန်.သည် ၀ါးခယ်မသားဖြစ်သလို ၁၉၂၀ ယူနီဗာစီတီ သပိတ်မှောက်ကျောင်းသားလည်းဖြစ်ပြီး ၀ါးခယ်မမြို. အမျိုးသား ကျောင်းဆရာလည်းဖြစ်သလို သခင်နု ၊ သခင်အုန်းဖေ တို.၏ ဆရာလည်း ဖြစ်သဖြင်. မြေအောက်တော်လှန်ရေး ခေါင်းဆောင် များ နှင်. နားလည်မှု ရယူကာ ဌာနမှ လက်နက် ၂၂ လက် ကျည်ဆံများပါထားခဲ့ပြီး ထွက်ခွာပေးခဲ့သဖြင်. ရည်မှန်းချက် ၃ မြို.အနက် ၀ါးခယ်မ နှင်. ကျုံမငေးသာ သတ်မှတ် ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့သည် ။

၂၀၁၃ ဒီဇင်ဘာလ က အခမ်းအနား တစ်ခုတွင်တွေ.ရသော ၀ါးခယ်မသား သခင်သိန်းမောင်
ထိုမှနေ၍ ၀ါးခယ်မမြို.မှ အင်္ဂလိပ်နယ်ချဲ့ ၏ အစိုးရအဖွဲ. ရုပ်သိမ်းပြီး ၃လခန်. တော်လှန်ရေး အင်အားစုများက ထိမ်းသိမ်းထားခဲ့သည် ။ ထို.နောက်မြို.ပြ အုပ်ချုပ်ေ၇း အကောင်အထည်ဖော်ခဲ့သည် ။ ၁၃၀၄ ခုနှစ် နယုန်လဆန်း ၁၅ ရက် ( ၁၈ - ၅ - ၁၉၄၂ ) နေ.တွင် BIA အုပ်ချုပ်ရေး အဖွဲ.ဖွဲ.ခဲ့သည် ။

ဝါးခယ်မ အုပ်ချုပ်ရေး အဖွဲ.တွင် အုပ်ချုပ်ရေး - သခင်ချစ်ဖေ ( သရက်တော ) ၊ ကာကွယ်ရေး အဖွဲ.၀င်များ  -  သခင်ကျော်ဝင်း .. သခင်မိုး … သခင်သန်းမောင်….သခင်စိန်ရ …. သခင်မောင်မောင် … သခင်လှမောင် ၊ ရိက္ခာ - သခင်ကျော်ဒင် ၊ အဖွဲ.၀င် - သခင် ဘသိန်း တို.ဖြင်.ဖွဲ.စည်းခဲ့ပြီး ကျုံမငေး တွင်  ဥက္ကဋ္ဌ - သခင်ထိန်ဝင်း ၊ ရိက္ခာ - သခင်ခင်မောင် ၊ ၀ါဒဖြန်.ချီရေး - သခင်လှမောင် ..သရက်တော ၊ စည်းရုံးရေး - သခင်ပွင်.  … သရက်တော. ၊ တရားရေး - ဦးစံဖေ ၊ အဖွဲ.၀င် - သခင်သာရင် ..သခင် ဗထူး … ဆရာဗအေး  တို.ဖြင်. ဖွဲ.စည်းခဲ့သည် ။

ဤကား ၀ါးခယ်မ သားတို.၏ နယ်ချဲ.ဆန်.ကျင်တော်လှန် လို စိတ် ၊ အမျိုးသားစိတ် အပြည်.ဖြင်. လှုပ်၇ှားမှုများထဲမှ လက်လှမ်းမှီသမျှ စုဆောင်းဖော်ပြခြင်းသာ ဖြစ်ပါသည် ။


Ref ;   Wakema Record of RoUoM & Golden Jubilee Magazine of AWT

ဆက်စပ်ဖတ်ရှု ရန်များ

No comments:

Post a Comment