Tuesday, March 4, 2014

အခြားနှစ်များထက် စည်ကားခဲ့သည်. မအူပင် GTI , GTC , TU ဆရာကန်တော.ပွဲ




ပဉ္စမအကြိမ်မြောက် မအူပင် GTI , GTC , TU ကျောင်းသား/သူ ဟောင်းများ၏ အာစရိယ ပူဇော်ပွဲကို မူလကျင်းပနေကျ နေရာ မူလကျင်းပနေကျ ရက်ဖြစ်သော ၂၀၁၄ ဖေဖော်ဝါရီလ ၁၂ ရက် နေ.လည် ၂နာရီက ရန်ကုန်တက္ကသိုလ် ဓမ္မာရုံတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည် ။



ယခုနှစ် ဆရာကန်တော.ပွဲ၏ ထူးခြားမှုများ အနေဖြင်. နောက်ပိုင်းနှစ်များမှ ညီငယ်/ညီမငယ် များက လိုလိုချင်ချင် ဖြင်. လိုအပ်သည်.နေရာ များကို စေတနာအပြည်. ၀င်ရောက်ကူညီ ပေးကြခြင်း ( ယခင်နှစ်များက မကူညီကြဟု မဆိုလိုပဲ ယခုနှစ် ပိုမို ပူးပေါင်း ကူညီ လာကြခြင်းကို အသိအမှတ်ပြု ခြင်းဖြစ်ပါသည် ) ၊ တက်ရောက်လာသူများ သိသိသာသာ များပြားလာသဖြင်. ခန်းမ မဆန်.လောက်အောင်ဖြစ်ကာ ပြင်ပမှ ကန်တော.ရသူများပါ ရှိခဲ့ရပြီး   ညီငယ်/ညိမငယ် အများအပြားပါ လာရောက်ကန်တော.ကြခြင်း ၊ အချို.ကျောင်းသား/သူ ဟောင်းများ အနေဖြင် ကလေးငယ်များကိုပါ ခေါ်ဆောင်လာပြီး ကန်တော.စေခြင်း (ထို.အတွက် ကျောင်းသားဟောင်းများအနေဖြင်. ဒုတိယမျိုးဆက် ထိမိသားစုဆက်ဆံရေး တည်ဆောက်လာနိုင်ဖွယ်ရှိခြင်း ) ၊စင်္ကာပူမှ နေ၍ ပြန်လာချိန် ကို ဤပွဲနှင်.ချိန်၍ တကူးတက တက်ရောက်လာကြခြင်း ၊ ယခင်နှစ်များထက် အစီအစဉ်များ တိုးချဲ.ထည်.သွင်းစီစဉ်နိုင်ခဲ့ခြင်းတို.ရှိခဲ့ပါသည် ။



အခမ်းအနားမစတင်မှီ မြန်မာသံ တီးဝိုင်းက ဆရာဂုဏ်ကျေးဇူးထုတ်ဖော်ချီးမွမ်းသော တေးသံသာများဖြင်.ဖျော်ဖြေသလို ကျောင်းသားဟောင်းများကလည်း ၀င်ရောက်သီဆိုဖျော်ဖြေ ခဲ့ကြပါသည် ။ MRTV 4 Interview တွင်အကန်တော.ခံ ဆရာများကိုယ်စား ဆရာကြီး ဦးအောင်ဝင်း နှင်. ကျောင်းသားများကိုယ်စား ကို စန်းမောင်မောင် တို.ကဖြေကြားပေးခဲ့ပါသည်။




ထို.နောက်အခမ်းအနား စတင်ရာတွင် သီရိဝင်းရွှေ တာဝန်ယူစီစဉ်သော ကျောင်းသူ ၁၀ ဦးက ပညာနှင်.ဆရာကို ကိုယ်စားပြုသော ဆီမီး ၁၀ ခွက် ထွန်းညှိုပူဇော်ကာ အခမ်းအနား ဖွင်.လှစ်ကြောင်းကြေငြာခဲ့ပါသည် ။




ထို.နောက် ကိုဇော်ဝင်းထွေး က ဆရာကန်တော.ချိုးကိုတိုင်ပေးပြီး ကျောင်းသား/သူ ဟောင်းအားလုံးက ရိုသေကိုင်းရှိုင်းစွာ ပူဇော်ကန်တော.ကြပါသည် ။ ထို.နောက် ဆရာ/ဆရာမ ကြီးများကို မချိုလွင်ပပမာ ၊ မအိအိခိုင် တို.က ဦးဆောင်ကာ အကန်တော.ခံ ပစ္စည်းများ ပေးအပ် ပူဇော်ကြပါသည် ။ ပြုသမျှသော ကုသိုလ်ကောင်းမှု တို.ကိုကွယ်လွန်သွားကြရှာသော ဆရာကြီး/ဆရာမကြီးများနှင်. ကျောင်းသား/သူ ဟောင်း တို.အတွက် အခမ်းအနားမှုး ကိုသန်.ဇော်မိုး မှဦးဆောင်၍ အမျှအတန်းပေးဝေကြပါသည် ။



ထို.နောက်ဘဏ္ဍာရေး တာဝန်ခံ ကိုသက်ထွေးအောင်က ယခုနှစ်အတွက် ကောက်ခံရရှိမှု နှင်. သုံးစွဲမှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည် ။


ကျောင်းသားဟောင်းအသင်းနှင်.ကော်မတီဆိုင်ရာ ကိစ္စရပ်များကို ဇော်မင်းလွင်မှ ရှင်းလင်းပြောကြားရာ တွင် စကန်တော.စဉ်က အကန်တော.ခံ ဆရာ/မ ကြီးများ ၇၀ ခန်.မှ ယခုအခါ ၁၀၀ ကျော်အထိ ဖြစ်လာသဖြင်. ငွေကြေးဆိုင်ရာ ၊ လုပ်အားဆိုင်ရာ များတွင် အတန်းစုံ ပူးပေါင်းပါဝင်လာပေးကြပါရန် ကိစ္စ ။ နှစ်စဉ် ဆရာကန်တော.ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ.လုပ်သည်.အကြောင်း မသိရှိသေးသည်.သူငယ်ချင်းများ အား လက်ဆင်.ကမ်း အသိပေး၇န် ။ ညီငယ်/ညီမငယ် များအနေဖြင်. မိမိတို.၏ ဆရာအချို. စည်းမျဉ်း( အကန်တော.ခံ ဆရာများသည် ကန်တော.သည်.နေ.တွင် အသက် ၄၀ ပြည်.ပြီး ကျောင်းတွင် ပညာသင် နှစ ၂နှစ် ထမ်းဆောင်ဖူးသူ )အရ ပါဝင်ခြင်းမရှိသေးသည်.ကိစ္စရပ်အတွက် အားမလိုအားမရ မဖြစ်ကြပါရန်နှင်

. ကျောင်းတိုင်းလိုလို ၆၀ ပြည်.မှသာကန်တော.ကြပြီး မိမိတို.ကတော.ညီငယ်/ညိမငယ်များပါ ပါဝင်နိုင်စေ၇န် ဤသို.သတ်မှတ်ထားခြင်းဖြစ်ပြီး လိုအပ်သည်. အခါတိုင်း ဆရာ/ဆရာမများကို တိုက်ရိုက်မေးမြန်း အတည်ပြုချက်ရယူကာ စာရင်းသစ်ထည်.သွင်းနေကြခြင်းမှာ ထပ်တိုးကန်တော.လိုကြခြင်းကြောင်.ဖြစ်ပါကြောင်းအသက်ပြည်.သည်နှင်. 
ထပ်တိုးထည်.သွင်းပေးနေပါကြောင်း ၊ မိမိတို.ကန်တော.သော ကျောင်းသားများတွင်အကြီးဆုံး ၄၉ နှစ်အထိပါပြီး အကန်တော.ခံဆရာ အငယ်ဆုံးမှာ ၄၀ ဖြစ်နေသော်လည်း ကြည်ဖြူ ကျေနပ်စွာဖြင်. ဆရာဂုဏ်ကို ရည်စူးကန်တော.နေကြခြင်းဖြစ်ပါကြောင်း ၊ 
မိမိတို.ကျောင်းကဲ့သို. GTI ,GTC,TU ပူးပေါင်းကန်တော.နိုင်သောကျောင်း ၊ မိမိတို.ကျောင်းကဲ့သို. နှစ်ရှည်စုပေါင်းကန်တော.နိုင်သောကျောင်း ၊ မိမိတို.ကျောင်းလောက်ဆရာ ဦးရေ များများ ကန်တော.နိုင်သောကျောင်း မရှိပါကြောင်း   နှင်..ကန်တော.ရာတွင်လည်း မည်ကာမတ္တ ဆိုသည်မျိုးမဟုတ်ပဲ စည်ကားခမ်းနားစွာ ကန်တော.ကြခြင်းဖြစ်ပါကြောင်း ၊ ထို.အတွက် များစွာဂုဏ်ယူပါကြောင်းနှင်. ထိုအစဉ်အလာကို  မည်သည်.အခါမှ မပျက်ပြားစေလိုပါကြောင်း ၊ ယခုနှစ်မှစ၍တစ်နှစ်သက်တမ်းရှိကျောင်းသားဟောင်းအသင်းကို ပိုမိုစနစ်ကျစွာ လုပ်ကိုင်မည်ဖြစ်ပြီး သီးခြားအစည်းအဝေးခေါ်ကာ ကော်မတီ အခိုင်အမာဖြင်. (လိုအပ်ပါက) တရားဝင်မှတ်ပုံတင်လုပ်ကိုင်မည်ဖြစ်ပါကြောင်း ၊ဆရာ/ဆရာမကြီးများ၏ ကျန်းမာရေး ၊ နာရေးဆိုင်ရာများ ၊ ကျောင်းသားဟောင်းများ၏ ကျန်းမာရေး ၊ လူမှုရေးဆိုင်ရာ များပိုမိုစနစ်ကျစွာဆောင်ရွက်နိုင်ရေးအတွက် ပိုမိုပီပြင်စွာ လုပ်ကိုင်ကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည် ။



ထို.နောက် အကန်တော.ခံဆရာများကိုယ်စား ဒေါက်တာဝင်းနိုင်ထွန်းက လုပ်ငန်းဆိုင်ရာ လိုက်နာ ခံယူ လုပ်ကိုင်သင်.သည်များ ၊ ထားရမည်.စိတ်နေစိတ်ထား ၊ ခံယူရမည်.အသိတို.အကြောင်း သြ၀ါဒ စကားပြောကြားသွားခဲ့သည် ။



ထို.နောက်ဆရာ ဦးတင်မွှေးက အိုဘားမားလိုရော Rဇာနည် လိုပါ နှုတ်ဆက်ရင်း စိတ်ပါလက်ပါ သြ၀ါဒစကားများပြောကြားကာ ဆုမွန်ကောင်းများချွေပေးသွားခဲ့ပါသည် ။



ဆရာဦးစည်သူ၏ အလှည်.တွင်မူ ဆရာမှိုင်းလေးချိုး အပါအ၀င် ပုံတိုပတ်စများဖြင်. အားလုံးသဘောကျအောင် ပြောကြားသွားနိုင်ခဲ့သည် ။ ကန်တော.ပွဲကျင်းပရာတွင် ကန်တော.မည်.သူ ၊အကန်တော.ခံမည်.သူတို. လိုအပ်သလို ထိုသို.ကန်တော.နိုင်ကြ၇န် အလည်ကချိတ်ဆက်ပေးရသည်. ကော်မတီ လိုအပ်ပါကြောင်း ပြောကြားသွားခဲ့သလို မအူပင် အမှတ်တရ ပြန်လည်တမ်းတစရာ ထွဋ်ကြီးဦးစီးသော စင်ပြိုင်နတ်ကနားအကြောင်း ပြောကြားခဲ့ပြီုး သစ်သားတုံးချင်းအတူတူ နတ်ရုပ်ဖြစ်သွားသူနှင်.အုန်းမောင်းအထွင်းခံရသူတို.၏ ဘ၀များကို နှိုင်းယှဉ်ပြောကြားသွားခဲ့သည် ။





ထို.နောက်ကျောင်းသူများကိုယ်စား မလွင်လတ်ဖြူကကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းသားများကိုယ်စား ကိုမြတ်ထိုက်က ပြောကြားရာတွင် ကျောင်းရောက်စ ကျောင်းအုပ်ကို ဒေါ်မြကြည်နှင်. ဦးမြကြည် မှားယွင်းခဲ့ပုံမှ အစချီကာ ပြောကြားခဲ့ပြီး ကျေးဇူးဥပကာရတင်ရှိကြောင်းတို.ပြောကြားသွားခဲ့သည် ။

ကျောင်းသားဟောင်း Form အတွက် လိုအပ်သော ဓါတ်ပုံများစီစဉ် ကူညီရိုက်ကူးပေးခဲ့သော ကျောင်းသားဟောင်း များ

ထို.နောက်အခမ်းအနားပြီးဆုံးခဲ့ပြီး ယခုနှစ် ကျောင်းသားဟောင်းအသင်းဝင်ရောက်ရန် Form ဖြည်.သွင်းခြင်း ၊ ဓါတ်ပုံအ၇ိုက်ခံခြင်း ၊ ၀င်ကြေး ပေးသွင်းခြင်း (အချို.တစ်နှစ်စာ လစဉ်ကြေးပါပေးသွင်းခြင်း ) တို.ကို အထူးစိတ်ပါဝင်စားစွာ လုပ်ဆောင်ခဲ့ကြကြောင်းတွေ.ရှိရပါသည် ။

Photo by Ko Zaw Min Latt & Ma Thu Zar Myo
ဓါတ်ပုံများ ကြည်.လိုပါလျှင် 12.02.2014 မအူပင် GTI/GTC/TU (1991-2006) ဆရာကန်တော့ နှင်. Gathering.

မအူပင် GTI , GTC , TU ကျောင်းသားဟောင်းအားလုံးအတွက် Maubin GTC Group @ Facebook ကိုဖွဲ.တည်ထားပြီး ကျောင်းသားဟောင်းအားလုံးဆက်သွယ်ဝင်ရောက်နိုင်ပါသည် ။ သို.သော် မိမိတို.ကျောင်းသားဟောင်း မှန်ကန်ကြောင်း Admin များမှမေးမြန်းသော မေးခွန်းအချို.ကို စိတ်ရှည်ရှည်ထား နားလည်မှုရှိစွာဖြေဆိုပေးခြင်းဖြင်. ကျောင်းတော်သားဟောင်းစစ်စစ် များသာ တည်ရှိစေမည်. Group ဖြစ်ရေး ကူညီပေးပါရန်လည်း မေတ္တာရပ်ခံပါသည် ။

No comments:

Post a Comment