ဝါးခယ်မမြို.တွင် ဖက်စစ်ဂျပန်
တော်လှန်ရေးအတွက် ၁၉၃၄ ခုနှစ်လောက်ကပင်လျှင် စတင်လှုပ်ရှားခဲ့ပါသည် ။ ထိုစဉ်က အာရှ
လူငယ် အစည်းအရုံး ထူထောင်၍ လူငယ်အားကစား လေ.ကျင်.မှုများ ပြုလုပ်ခြင်း ကို
အကာအကွယ် ပြု၍ အတွင်းအနှစ်သာရ အရ ကမူ ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် လျှို.၀ှက်စည်းရုံး
လှုပ်ရှားနေခဲ့ကြခြင်းဖြစ်သည် ။
ဖက်ဆစ် ဂျပန် ဆန်.ကျင်ရေးတွင်
လျှို.၀ှက်စွာ ဖွဲ.စည်းထားသော ကွန်မြူနစ်ပါတီမှ လူများ ၊ ပြည်သူ.အရေးတော်ပုံ
ပါတီဝင်များ ၊ မျိုးချစ် သခင်များ ၊ အစိုးရအဖွဲ.အစည်းများအတွင်းရှိ
မျိုးချစ်အင်အားစုများ သာမက ကျေးလက်ဒေသများအထိ အထူးလျှို.၀ှက်စွာ စည်းရုံး
လှုပ်ရှား ခဲ့ကြသည် ။ သခင်မ ဒေါ်ကျင်မြ ကဲ့သို. အမျိုးသမီးများပင်လျှင် ဂျပန်များ
သင်္ဘောတွင်ဆင်း၍ စစ်ဆေးနေသည်.ကြားက သခင်သိန်းဖေ၏ တာဝန်ပေးချက်အရ ရန်ကုန်မှ
ဝါးခယ်မသို. လက်နက်များ သယ်ဆောင်ခဲ့ကြသည် ။
ထိုအချိန်တွင် ဖက်ဆစ်ဂျပန်တို.သည်
မိမိတို.အပေါ် မြန်မာနိုင်ငံသားများ မကျေမနပ် တော်လှန်ခံ၇မည်ကို စိုးရိမ်လျှက် နိုင်ငံရေးအစဉ်အလာ
ရှိသူတို.ကို ဖမ်းဆီးခဲ့လေသည် ။ ထိုစဉ်က ကင်ပေတိုင်ရုံးမှာ
ယခုခရစ်စယာန်ဘုရားကျောင်း ( မြူရုံးလမ်း ၊ ဆေးရုံရပ်ကွက် ) ဟုသိရသည် ။
နောက်ဆုံးတွင် ၀ါးခယ်မ မှ သခင် သက်တင် ၊ သခင် တင်ဦး ၊ သခင်သောင်းဖေ ၊ ဦးထွန်းဖေ
၊ ဦးဘထွန်း ၊ ဦးလှမောင် ၊ စီမောင်တင် …… သရက်တော မှ သခင်ချစ်ဖေ ၊ သခင်လှမောင် ၊
သခင်ကြွယ် ၊ သခင်ထွန်းသင် ၊ သခင်တင်ညွန်. …… မရမ်းချောင်း မှ သခင်စိုးဟန် ၊
သခင်ဖိုးအေး ၊ သခင်ဖိုးတုတ် ၊ သခင်စံသူ တို.ကို ဖမ်းဆီး၍ ယုတ်မာ ရက်စက်စွာ ညှဉ်းဆဲ
သတ်ဖြတ် ခဲ့ကြသည် ။
မျိုးချစ်စိတ် အတွက် သက်သေ အချို. |
ဖက်ဆစ် တို.က လက်ဦးမှု ရယူချေမှုန်း
ခံခဲ့ကြရခြင်း ၊ ဌာနချုပ် ခေါင်းဆောင်များနှင်. ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ခံရခြင်း
၊ နိုင်ငံရေး အင်အားစု နှင်. စစ်ရေးအင်အားစုများ ပူးပေါင်းချိတ်ဆက်နိုင်မှု အားနည်းခဲ့ခြင်းကြောင်.
( တစ်ဦးချင်းစီ၏ ထူးချွန်စွာ သီးခြားစွမ်းဆောင်မှုများမှ လွဲ၍ ) ဖက်ဆစ်ဂျပန်များကို
လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ဖြင်.ဆန်.ကျင်ခြင်းများ အကောင်အထည်
မဖော်နိုင်ဖြစ်ခဲ့ရသည် ။
ထို.နောက် အင်္ဂလိပ်တို. တစ်ကျော.ပြန်
ဝင်ရောက်လာပြီး အင်္ဂလိပ်တို.၏ စစ်အုပ်ချုပ်ရေး စတင်ချိန်မှစပြီး ရန်ကုန်ရှိ ဖဆပလ
ဌာနချုပ်နှင်. ဆက်သွယ်ကာ ၀ါးခယ်မမြို.တွင် ဖဆပလ အဖွဲ.ဖွဲ.စည်းကာ
နယ်ချဲ.ဆန်.ကျင်ရေး တိုက်ပွဲများ ဆက်လက်ဆင်နွဲခဲ့ကြသည် ။ ဖဆပလ အဖွဲ.ကြီး၏
ဦးဆောင်မှုဖြင်. အမှုထမ်းပေါင်းစုံသပိတ် ၊ စစ်တပ်အသွင် မဖွဲ.စည်းရ ဟူသော
တားမြစ်ချက်ကို ဖီဆန် ၍ ပြည်သူ.ရဲဘော် တပ်ဖွဲ.များ ဖွဲ.စည်းရင်း လွတ်လပ်ရေးကြိုးပမ်းမှုများအတွက်
ထိထိမိမိ အထောက်အကူပြုနိုင်ခဲ့သည် ။
ဝါးခယ်မမြို.တွင် ပြည်သူ.ရဲဘော်
တပ်ဖွဲ.ကို ၁၉၄၆ ဇန်န၀ါရီ တွင် စတင်ဖွဲ.စည်းခဲ့ရာ
မြို.နယ် စစ်ခေါင်းဆောင်အဖြစ်
ဗိုလ်ခင်စိုး ( ဂျပန်ပြန် )
အထွေထွေ ဌာနမှုး ဦးထင်ကျော်
ဖွဲ.စည်းရေးမှုး ဦးစန်းအောင်
လေ.ကျင်.ရေးမှုး ဦးမင်းဆွေ
ထောက်ပံ.ရေးမှုး ဦးပန်း တို.က တာဝန်ယူခဲ့ကြသည်
။
ဝါးခယ်မ မြို.ရှိ ဦးနု စာကြည်.တိုက် နံရံထက်မှ မြန်မာ.လွတ်လပ်ရေးအတွက် အဓိက စာချုပ်တစ်ခု ဖြစ်သည်. နု-အက်တလီ စာချုပ် လက်မှတ်ရေးထိုးနေသော သမိုင်းဝင်ဓါတ်ပုံ |
ပြည်သူ.ရဲဘော် တပ်ဖွဲ.ကို ကျုံမငေး ၊
သရက်တော ၊ ရွှေလောင်း စသော တိုက်နယ် အဖွဲ.ခွဲ များအပြင် ကျွန်းကုန်း ၊ မဲဇလီ ၊
ဇုက္ကနိ ၊ ရွာသစ် ၊ ထော်ကနွတ် ၊ သရွတ်မြိုက် ၊ လမ်းသမိုင် ၊ ခွေးလေး ကံသာကုန်း ၊
အညာစု ၊ ရှမ်းစု ၊ ကွမ်းသီးချောင်း စသည်ဖြင်. ကျေးရွာ အတော်များများ တွင်ပါ
ဖွဲ.စည်းနိုင်ခဲ့သည် ။
ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန် သို.သွား၍
လွတ်လပ်ရေးအတွက် အရေးဆိုရာတွင် အေးချမ်းစွာ သဘောတူ မှု မရခဲ့ပါက
လက်နက်ကိုင်တိုက်ခိုက်မည်ဟူသော အချက်ပေါ်လွင်စေ၇န် ၀ါးခယ်မရှိ ပြည်သူ.ရဲဘော်များက တော်လှန်ရေး
နယ်ကျွံမှု များ ပြုလုပ်ပြခဲ့ကြရသည် ။ ယင်းကိစ္စအတွက် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်
မှ ပြန်ရောက်ချိန်မှသာ ဘုရင်ခံနှင်. ညှိုနှိုင်း၍ လွတ်ငြိမ်းချမ်းသာခွင်.
ပြုပေးခဲ့ရသည် ။
တော်လှန်ရေး ကာလတစ်လျှောက်လုံးတွင် ၀ါးခယ်မသားတို.သည် မိမိတို. ဒေသတွင် စစ်ရေးထက် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများ ပိုမိုများပြားခဲ့ပြီး စစ်ရေးဆိုင်ရာများတွင်မူ အခြားဒေသများသို.တာဝန်ဖြင်.သွားရောက်ကိုယ်ကျိုးစွန်.. ထမ်းဆောင်ခဲ့ကြရသူက ပို၍ များပြားခဲ့ပါသည် ။ဝါးခယ်မ သားတို.၏ ထူးချွန်စွာ ဆောင်ရွက်ခဲ့မှုများကို အောက်ပါ Link များမှတစ်ဆင်. သွားရောက်လေ.လာနိုင်ပါသည် ။
Ref ; Wakema Record of RoUoM
Ref ; Wakema Record of RoUoM
ဆက်စပ်ဖတ်ရှုရန်များ
No comments:
Post a Comment