Saturday, March 29, 2014

Ayeyawady United FC Vs Zeyar Shwe Myay FC


ဟုတ်ကဲ့ ဧရာဝတီ ပြန်လာပါပြီဗျာ ( အသံကျယ်ကျယ်နဲ.တော. မအော်ရဲသေးပါဘူး )

ယနေ.ညနေက မုံရွာကွင်းမှာသွားရောက် ကစားခဲ့တဲ့ ဧရာဝတီ ဘောလုံးအသင်းဟာ အိမ်ရှင် ဇေယျာရွှေမြေ အသင်းကို သူတို.ဧည်.ခံလိုက်တဲ့ ဂိုးနဲ. အနိုင်ရရှိခဲ့ပါပြီ ။

အပူချိန် 40 Degree Celcius ရှိနေတာမို. သိပ်သေးတဲ့အပူချိန်တော. မဟုတ်ပါဘူး ။
ရလာဒ်ဆိုးတွေကနေ မနည်း ရုန်းထွက်နေ၇တဲ့ ဧရာဝတီ အနေနဲ. ဒီပွဲက သူများအိမ်ကွင်းလည်းဖြစ် ရာသီဥတုကလည်း ခပ်ပြင်းပြင်း မို. ပွဲရဲ. အဖြေကို ကြိုမထုတ်ရဲဘူးဖြစ်နေပါတယ် ။

 ( P့hotoby Ayeyawady )
ဧရာဝတီ အနေနဲ. အသင်းခေါင်းဆောင်အဖြစ် မင်းမင်းသူ ၊ ဂိုးသမား ချမ်းငြိမ်းကျော် ၊နေလင်းထွန်း ၊ နန္ဒလင်းကျော်ချစ် ၊ ထိုက်ထိုက်အောင် ၊ Kim Sung Min ၊ Kone ၊ Clafford ၊ Sasa ၊ မိုးဝင်း ၊ ရွှေလှိုင်ဝင်း  တို.ကို ပွဲထွက် ကစားသမားများအဖြစ် အသုံးပြုထားပါတယ် ။ ဒိနေ.ကစားပွဲဟာ ၂ဖက်အခြေအတင် ကစားခဲ့ကြရပြီး ဧရာဝတီ အနေနဲ.တော. ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာရခဲ့တယ်လို. ပြောရပါမယ် ။ပထမပိုင်း နာရီဝက်အထိ ကတော. သူတစ်ပြန်ကိုယ်တစ်ပြန် ကစားကြရင်း ၃၈မိနစ်မှာ ပြီးခဲ့တဲ့ ဇွဲကပင်နဲ.ပွဲ မတိုင်ခင်အထိ အသင်းနဲ. အံမ၀င်ဖြစ်နေခဲ့တဲ့ Kim Sung Min က အံ.အားသင်.ဖွယ်ရာ  ဧရာဝတီ အတွက် အဖွင်.ဂိုးကို သွင်းယူပေးခဲ့ပါတယ် ။ အသင်းခေါင်းဆောင် မင်းမင်းသူ ရဲ. အပြင်းကန်ချက် ဘားတန်းထိ ထွက်ခဲ့တာမို. ပထမပိုင်းအပြီးမှာ ဧရာဝတီ က ၁ ဂိုးအသာနဲ. ဦးဆောင်ထားနိုင်ခဲ့ပါတယ် ။

 ( P့hotoby Ayeyawady )


ဒုတိယပိုင်းပြန်စလို. ၅၇ မိနစ်မှာတော. ဇေယျာရွှေမြေ အတွက်ချေပဂိုးကို Mathwe က  သွင်းယူပေးခဲ့နိုင်တာမို. တစ်ဖက် ၁ ဂိုးစီ နဲ. သရေ ဖြစ်သွားပါတယ် ။ ဒုတိယပိုင်းမှာတော. အိမ်ရှင်ပ၇ိသတ်က ပိုမိုဖိအားပေးလာခဲ့ပါတယ် ။ ခုနောက်ပိုင်း ကံတရားရဲ.ဖေးမမှုတွေ ရလာနေတဲ့ ဧရာဝတီ အတွက် ၈၇မိနစ်မှာလည်း ကံတရားက မျက်နှာသာ ပေးခဲ့ပြန်ပါတယ် ။ ဇေယျာရွှေမြေ အသင်းခေါင်းဆောင် မြန်မာ.လက်ရွေးစင်ဟောင်း ဇော်လင်းထွန်း သူ.ဂိုးသမားသူ ဖြေးဖြေး လေးပြန်ပေးတဲ့ အလုံးကို  ဇေယျာရွှေမြေ  ဂိုးသမား မင်းနိုင် လက်နဲ.ဖမ်းရမလို ခြေနဲ.ကန်ရမလိုနဲ. နဲ.နောက်ဆုံးဂိုးစည်းကျော်သွားမှ ဆယ်လိုက်နိုင်တာကြောင်. ဧရာဝတီအဖို. ဇော်လင်းထွန်းပေးတဲ့ ၃မှတ်နဲ. အိမ်ပြန်လှခဲ့ပါတယ် ။  ထပ်ကံကောင်းတာက ပွဲပြီးကာနီး ဇေယျာကစားသမား တစ်ယောက် အပြင်းကန်သွင်းချက် တိုင်ထိထွက်သွားတာမို. အနိုင် ၃ မှတ် သေချာသွားခဲ့ပြီး  ၁- ၂ နဲ.နိုင်ခဲ့ပါတယ် ။

ယနေ.မွေးနေ.ပိုင်ရှင် ဧရာဝတီ နောက်တန်းကစားသမား မိုးဝင်း ( P့hotoby Ayeyawady )
အိမ်ရှင်ပ၇ိသတ်ရဲ. မေတ္တာ တေးသံတွေကိုတော. သူတို.ဂိုးသမားခမျာ တစ်ပွေ.တစ်ပိုက်ကြီး ရသွားခဲ့ပြီး ကိုယ်တွေလည်း အချို.သောမေတ္တာပို.သံတွေတော. ပိုင်ဆိုင်ခဲ့ရပါတယ် ။ ဒီနေ.ဟာ ဧရာဝတီနောက်တန်းကစားသမား မိုးဝင်းရဲ. မွေးနေ.လည်းဖြစ်တာကြောင်. အမှတ်တရ ၃ မှတ်လို.ပြောလို.ရပါတယ် ။ ဒါ.အပြင် နည်းပြချုပ်အနေနဲ.လည်း Training တွေမှာ လိုက်နိုင်ပြီး အခုပွဲအတွက်ကစားကွက်ပိုင်းဆိုင်ရာ တွေ Line Up ချထားပေးနိုင်ပေမယ်. ကျန်းမာရေးကြောင်. Hotel မှာပဲ ဒုတိယမြောက်ပွဲအဖြစ် နေခဲ့ရပါတယ် ။

ယမန်နေ.မနက်ပိုင်းက ဧရာဝတီနည်းပြချုပ် အား လေ.ကျင်.ချိန်တွင် တွေ.ရစဉ်  ( P့hotoby Ayeyawady )
တကယ်က စိုး၇ိမ်နေခဲ့တာ ၇ှိပါတယ် ။ ဇေယျာရွှေမြေဆိုတာ အိမ်ကွင်းပရိသတ် မာတဲ့အသင်းတစ်ခုဖြစ်သလို နိုင်လိုစိတ်ပြင်းထန်တဲ့ ပ၇ိသတ်တွေလည်း ပိုင်ဆိုင်ထားနိုင်တာမို. ပါ ။ ဒါ.အပြင် ဒီရက်ပိုင်းလေးမှာပဲ MNL League 2 က ရခိုင်ယူနိုက်တက် နဲ. ဟံသာဝတီတို.ပွဲမှာ ဒိုင်လူကြီးကို လက်သီးစွမ်းဆင်းပြခဲ့တဲ့ အုပ်ချုပ်သူ တစ်ဦးရဲ. ကိစ္စကလည်း ရှိနေတာကြောင်.ပါ ။ သို.သော် အရှုံးကို ထိုက်သင်.သလို လက်ခံပေးခဲ့သော  ဇေယျာရွှေမြေ ပရိသတ်ကို  ကျေးဇူးတင်ရမှာပါပဲ ။

ဟံသာဝတီ နှင်. ရခိုင်ယူနိုက်တက် ပွဲမှ လက်သီးစွမ်း
ဟုတ်ကဲ့ ဧရာဝတီရဲ. ၃ပွဲဆက် ရှုံးပွဲမရှိ စံချိန်ပါဗျာ ။
ိData Supply by Ayeyawady United FC

No comments:

Post a Comment