ကောင်မလေးရေ
….. သတိရလိုက်တာကွယ်
ရွက်ဝါတွေ
ရေပြင်မှာ ရွက်လွှင်.နေတာကို ငြိမ်ငြိမ်လေး ထိုင်ကြည်.နေဖြစ်ဖူးတဲ့….
မိုးစက်
မိုးပေါက်တွေကြား ဖြေးဖြေးလေး လျှောက်သွား ခဲ့ကြဖူးတဲ့……
မသဲကွဲသေးတဲ့
နှင်းစက်မှုံ တွေအောက် ခပ်သွက်သွက် လျှောက်ဖူးကြတဲ့ အဲ့ဒီ အင်းလျား ထက်က ကုန်းမြေလေးတစ်ခုမှာ
ကိုယ်ရောက်နေတယ်…
ဒိနေ.
ကိုယ်တို. မအူပင်ကျောင်းရဲ. ညစာစားပွဲ လုပ်မယ်. ညနေလေ….
အစိမ်းရောင်
မြက်ပင်တွေ.. အနီရောင် စားပွဲခင်းတွေ…အပြာရောင်လုံခြုံရေးတွေ… အနက်ရောင်
စားပွဲထိုးတွေ ..၀ါညိုရောင် နေခြည်တွေ အောက် (ကိုယ်.စိတ်ထဲ ) ကန်ရေတွေက နောက်လိုက်တာ
ကွယ်
ပွဲက
ခုမှ စပျိုးတာမို. ပြောကြ အော်ကြ သွားကြ လာကြ
ဝိုင်းရွေးကြ ဓါတ်ပုံရိုက်ကျ ရှိသေးတယ်ကွ…ကိုယ်စင်ပေါ်က
တစ်ချက်ကြည်.လိုက်မိတော. ကိုယ်လေးဝက်ဝံကြီးနဲ. …အင်း မဟုတ်သေးဘူး
ကိုယ်..လေး..လက်..၀န် ကြီးနဲ. ကောင်မလေး တစ်ယောက်က Drum Stick ( ဒန်.ဒလွန်သီး
မဟုတ်ဘူးနော် ) ၂ချောင်းကို ကိုင်လို. … သူယူလိုက်လို.
အိမ်ထောင်သည် ဖြစ်ခွင်. ရလာရှာတဲ့ သူ.အိမ်ထောင်ဖက်က ကင်မရာ ကို ကိုင် ခါးကိုကိုင်းလို.
ဓါတ်ပုံ ရိုက်ပေးနေရှာတယ်… ၂ယောက်လုံး
မျက်နှာမှာ အပြုံးတွေ ကသိမ်းမနိုင် ဆည်းမရ နဲ.ပေါ. ..( ညကျတော. အဲဒီ သူများတွေက မုတ်ဆိတ်လို.
ခေါ်တဲ့ အဲ့ဒီ ညီလေး Group လိုက်သီချင်းဆိုတော. ဗိုက်ထဲမှာ ကလေးလေး ထည်.ထားတဲ့ အဲ့ဒီကောင်မလေးက
စင်အောက်ကနေ ဓါတ်ပုံတွေရော Video တွေပါ ပြန်ရိုက်ပေးလို. တကယ်ကို သိင်္ဂါရ ရသမြောက် ပန်းချီကားလေးတွေပါကွယ်….
တစ်ဖြေးဖြေး
ပြည်.လာတဲ့ လူတွေ .. တစ်စထက်တစ်စ ဆူညံလာတဲ့ အသံတွေ .. တစ်ချိန်ထက်တစ်ချိန် ထပ်ပေါ်လာနေတဲ့
တာဝန်တွေ ကြားထဲ အားလုံးအဆင်အပြေနိုင်ဆုံး ဖြစ်အောင် ကိုယ်တို.တွေ ကြိုးစားနေခဲ့ကြပေမယ်.
ကြာလာတော. မဗေဒါ … ပန်းမပန်နိုင်တော.ဘူးလေ….ဒါပေမယ်.လည်း
..ကိုယ်တို. တစ်ကျောင်းတည်း ထွက်တွေမို. ထင်ပါရဲ. ဖြည်.တွေးပေးတတ်ကြတဲ့ … ဖြည်.မြင်ပေးတတ်ကြတဲ့…၀ိုင်းကူပေးတတ်ကြတဲ့
သူတွေကြောင်. လိမ်ဖယ် လိမ်ဖယ်နဲ.ပဲ အဲ့ဒီညနေခင်းက နားလည်မှုတွေနဲ. နွေးထွေးသွားခဲ့ရတယ်..
ကောင်မလေးရေ
… မေတ္တာတရားကို
ဘယ်သူက ကိန်းဂဏန်းတွေနဲ. သတ်မှတ်လိုက်တာလဲတော.မသိပေမယ်. ကိုယ်တော. အဲ့ဒါတွေ မယုံကြည်ဘူးကွယ်
.. ၁၅၀၀ တွေ ၅၂၈ တွေ ၂၀၂၈ တွေ ကဲ….ဒါဆို သူငယ်ချင်းအချစ်ကျတော.
ဘာနံပါတ်မှ မရှိပဲ ဘာလို. ခိုင်မာကြတာလဲ .. ဆရာတပည်.ချစ်ခြင်းကရော နံပါတ်ဘယ်လောက်ထဲပါလဲ
…
ကန်ရေ
အစပ်ဘက် အစွန်ဆုံး မှာထိုင်နေကြတဲ့ သူငယ်ချင်းတွေရဲ. ၀ိုင်းဘက် ကိုယ်ရောက်သွားတယ်..သူတို.လည်း
စားသောက်နေကြရင်း သူတို.အဆင်မပြေကြတာလေးတွေ ပြောပြကြတာပေါ. ( ဒေါသသံမပါပဲ စနောက် အသိပေးတဲ့ပုံစံမျိုးနဲ.ပေါ.
) ၃နှစ်လောက် နေ.ရော ညပါ မြင်တွေ. ….ရန်ဖြစ်… စကားများ…. ကူညီ ….နောက်ပြောင်
…..ခံစား …..ဖေးမ ခဲ့ဖူးကြသူတွေမို.
ဘယ်လိုအရာကမှ( ကိုယ်တို.သူငယ်ချင်းတွေကြားမှာ ) ဒေါသ ကို မမွေးဖွားစေခဲ့တော.ဘူးလေ..
အဲ့ဒီမှာ
ကိုယ်….
သူငယ်ချင်းတစ်ယောက်ကို
သတိထားမိသွားတယ် … သူကို ပညာရေးလောကထဲ
ဝင်ဖြစ်ခဲ့မိမယ်လို. လုံးလုံးမထင်ထားခဲ့သူတစ်ယောက်ပေါ .( ကျောင်းတုန်းက တကယ်.ပေပေတေတေလေးလေ
) ကိုယ်တို.ကတော. ညိုကြီးလို.ပဲ သူ.ကိုခေါ်တာ…Electrical
Communication ကပေါ. အသားဖြူတဲ့ သူမျက်နှာပြင် မှာ အနီရောင်တွေ မြင်နေရတော. ကိုယ်စိုး၇ိမ်သွားတယ်..ဒီညစာစားပွဲအခင်းအကျင်းက
သူ.ကို ဒီလောက်တောင် တောက်လောင်စေခဲ့ပြီလားလို. …သေချာဂရုစိုက်ကြည်.တော.မှ
သူက တောက်လောင်နေခဲ့တာ မဟုတ်ဘူး..လောင်မြိုက်ခံနေ၇တာကွယ်. ..နောက်ဆုံး သူ.ပါးစပ်က မနေနိုင်တော.ပဲ
ဗလုံးဗထွေး စကားတစ်ခွန်း ထွက်ကျလာတယ်…ငါ ဆရာ.ကို သတိရလိုက်တာ တဲ့ …သူ.ဘေးက ကပ်နေတဲ့သူငယ်ချင်းက
သူ.ပခုံးကို ခပ်ကြမ်းကြမ်း ဆုပ်ကိုင်လိုက်တယ်…ပါးစပ်ကတော.
ဘာမှမပြောဘူး…( တကယ်တော.ကိုယ်တို.တွေကြားမှာ ဒါ…စကားလုံးအများကြီးထက်
တာသွားတယ်…ခါလှုပ်လိုက်တဲ့ အဲ့ဒီလက်မှာ နှစ်သိမ်.မှုတွေ..ဖေးမခြင်းတွေ..ကိုယ်ချင်းစာတရားတွေ
အားလုံးပါမှန်း ကိုယ်တို.ချင်း နားလည်ကြတယ် ) ငြှိမ်းသတ်သူရော လောင်မြိုက်သူပါ ၂ယောက်လုံးရဲ.
မျက်ဝန်းမှာ ဆည်းဆာနေဟာ မွန်းတည်.သွားကြတယ်… ….ဖျက်ကနဲ
တိတ်ဆိတ်သွားတဲ့ ၀ိုင်းနားက ကိုယ်အသာလေးထွက်လာခဲ့တယ်…သူတို.သတိရနေပါစေလေ
လူတွေကြားထဲ
လိုက်ကြည်.ရင်း ကိုယ်… အမတစ်ယောက်ကို
သတိထားမိတယ် .. မနက်အစောတည်းကလာ နေ.လည်ကန်တော.ပွဲမှာလည်း ဆရာတွေအတွက် Sitting
Plan တွေလုပ်..ကန်တော.ပစ္စည်းတွေ စီစဉ် နေ.လည်စာကလွတ် ….ညစာကမရေမရာ
…လူုကနွမ်းဖတ်ဖတ်
ဖြစ်နေတဲ့ကြားတည်းက ညတီးဝိုင်းသီဆိုသူတွေ အတွက် ပန်းကုံးချီးမြှင်.နိုင်အောင် စီစဉ်ပေးနေတဲ့အမတစ်ယောက်
…သူ.ကြင်ဖော်ကလည်း
သူ.တာဝန်ပိုင်းတွေ သူကျေအောင် လုပ်ပေးနေရင်း …တစ်ကျောင်းတည်းထွက်
..တစ်ဘ၀တည်းကို နှစ်ယောက်အတူတည်ဆောက်..ခုကော်မတီ မှာလည်း ၂ယောက်လုံး စိတ်ပါလက်ပါ ကူညီပေးနေကြတဲ့
( ရင်းနှီးသူတွေကတော. သူတို.ကို ကြက်ဖကြီးနဲ. ကြက်မကြီးတဲ့ …. အမရေ ကတော်…အဲလေ ကန်တော.
) သူတို.စုံတွဲ ….လွန်ကဲလို.တောင်နေတဲ့
နားလည်မှုတွေ နဲ.ပေါ. ..ညဘက်ကျတော. စိတ်လွတ်ကိုယ်လွတ် ပျော်မြူးနေတဲ့ အဲ့ဒီအမကို သူ.အိမ်ထောင်ဖက်က
ဂရုတစိုက်ဖေးမ ….ဒါ တကယ်.ဘ၀တွေကွယ်. ကိုယ်.အတွက်ကတော. ဘယ်တော.မှ ပိုင်ဆိုင်ခွင်.မရနိုင်တဲ့
အိမ်မက်ပန်ချီတစ်ချပ်ပေါ. .. မပိုင်ဆိုင်နိုင်တဲ့ ဘ၀မျိုးမို. သူများရေးတဲ့ပန်းချီ ပီပီပြင်ပြင်ပဲ
လိုက်ခံစားနေမိတယ်…. ကောင်မလေးရေ
ကိုယ်..ဆုမတောင်းဝံ.ပါဘူးကွယ်
ညက
တစ်ဖြေးဖြေး နက်လာတယ် …. မီးရောင်စုံက
ပိုပို လက်လာတယ်… စကားလုံးတွေက သွက်လာတယ် .. အရှိန်တွေက တက်လာ နေကြတဲ့ အချိန်လေး ကိုယ်သိချင်း တစ်ပုဒ် တက်ဆိုဖြစ်တယ်… အကြောင်းအရာ
ပိုင်းက ကျောင်းသားဘ၀ တမ်းတတဲ့ စကားလုံးတွေပေမယ်.
ကိုယ်အာရုံကတော. ကောင်မလေးကိုပဲ သတိရနေမိတာ… အဆိုဘက်မှာသမ္ဘာမကျပေမယ်.
ခံစားမှုကဲနေတဲ့ စိတ်ကြောင်. ထင်ပါရဲ. သိချင်းကအဆင်ပြေပြေလေး ဖြစ်နေတယ်.. ကိုယ်.သံယောဇဉ်
အရှိဆုံး ဆရာတွေထဲကတစ်ယောက်အပါအ၀င် သူငယ်ချင်းတွေ အကို/အမတွေ ဆီက ပန်းကုံးအတော်များများ
ကိုယ်ရလိုက်တယ်… ကောင်မလေးရေ .. ဒီဘ၀မှာ ကိုယ်နောက်ထပ်
ဆိုပြချင်တဲ့ သိချင်းအတော်များများ ရှိနေခဲ့ပေမယ်. ကြားနိုင်အောင်ဆိုပြခွင်.ကတော. ….
နောက်တော.
ကိုယ်လည်း ဆရာအချို.နဲ. စကားပြော ..သူငယ်ချင်းတွေနဲ. စ.. နောက် .. လိုတာလေးတွေ ကူလုပ်ပေးပြီး
ဝိုင်းတစ်ဝိုင်းမှာ ၀င်ထိုင်နေမိတယ်.. ကိုယ်.မျက်စိရှေ.တည်.တည်.မှာ တော်တော်လေး လိုက်တယ်လို.မြင်မိတဲ့
စုံတွဲ တစ်ခု မြင်နေရတယ်.. ၂ယောက်လုံး ကိုယ်.ထက်နည်းနည်းကြီးတဲ့ ဂန္ဒလရာဇ် အနွယ်တော်တွေ
ဖြစ်မယ်ထင်တယ်….အဲ့ဒီအမက ပြုံးပြုံးလေးနဲ. အေးအေးချမ်းချမ်းလေးထိုင်နေတယ်…သူ.အမျိုးသားက
ကိုယ်တို.စီနီယာ ..သူကတော.သူ.သူငယ်ချင်းတွေနဲ. စကားတွေပြော..နောက်ပြောင်လို. ..ဒါကိုသူက
ကျေကျေနပ်နပ်လေးကြည်.နေတာ …တော်ရုံတန်ရုံ
မဟုတ်ပဲ တကယ်ကို စိတ်ထဲက ကျေနပ်နေတာ..နားလည်ပေးနေတာ..တစ်သားတည်း သဘောကျပေးနေတာ…သူတို.ကြားက
နားလည်မှုပမာဏ အင်အား ဘယ်လောက်ကြီးမားတယ် မသိဘူး..ကိုယ်.ရင်ဘတ်ထဲတောင် ခပ်နွေးနွေး
ရသလေးတစ်ခု စီးဆင်းလာတယ်… ဒီ.ထက်ပိုတဲ့
ဇာတ်အထွဋ် က ပွဲပြီးကာနီးတော. ထပ်ရောက်လာတယ်… ပွဲပြီးကာနီး
မိုးလုံးမှိုင်း ( ထင်တယ် ) သိချင်း ဆိုတော. အကြီးပိုင်းတွေရော အငယ်တွေပါ စင်ရှေ.မှာ
အကုန်လုံးလိုလို ထွက်ကကြတော. အဲ့ဒီအမကို သူ.အမျိုးသားက သူ.သူငယ်ချင်းတွေကြားထဲ ခေါ်သွားပြီး
ရော ကခိုင်းတော.ပျော်ပျော်ပါးပါး ၀ိုင်းကကြချိန်. သူ.မျက်နှာမှာ ပျော်ရွှင်မှု ၊ နားလည်ခြင်း
တွေသာ တောက်တောက်ပပတွေ.နေရပြီး စိတ်အနှောင်.အယှက် မြူ တစ်မှုံတောင် မတွေ.၇ဘူးကွယ် …တစ်ကယ်ကို တစ်သားတည်းပါပဲကွယ်..သူတို.တွေ ကံကောင်းလိုက်တာနော်… ပေါင်းဖက်ခွင်.လည်း
ရှိတယ် ..ပေါင်းဖက်အောင်လည်း ကြိုးစားခဲ့ကြတယ်..ပေါင်းဖက်နိုင်ခဲ့ကြတယ်.. ပေါင်းဖက်ခြင်းကလည်း
ပြည်.စုံတဲ့ အနာဂတ်တွေနဲ.ပဲ ဖွဲ.တည်ထားကြတယ်… ကိုယ်သိသလောက်
အဲ့ဒီအမက ရန်ကင်းက ထင်တယ်…သူ.အမျိုးသားကတော…ကိုဝေလင်း ဆိုလား မသိဘူး.မြောင်းမြကတဲ့.. ကောင်မလေးရေ…ကိုယ်.ကတော.
သူတို.ကို အားကျရဲလောက်တဲ့ သတ္တိတောင် ရှာမ၀ံ.ပါဘူးကွယ်..ပေါင်းဖက်ခွင်. …ကြိုးစားခွင်.
..လှပတဲ့အနာဂတ် ဘာတစ်ခုမှ ကိုယ်.ဘက်မှာ ရှိမနေခဲ့တာ
ခုမှသိရတာမှ မဟုတ်ပဲလေ…..
အားလုံး
တစ်ပျော်တစ်ပါး ၀ိုင်းကနေကြတာ ကြည်.ရင်း စိတ်ထဲ ကိုယ်နားဝန်းကျင်မှာ တစ်ယောက်ယောက်
ရှိနေတယ်ထင်မိတာနဲ. ဘေးဘက်လိုက်ကြည်.လိုက်တော. ဟုတ်တယ်…အမတစ်ယောက်
…သူ.ကိုမရင်းနှီးပေမယ်.
ခဏခဏမြင်နေရတော. မျက်မှန်းတော. တန်းမိတယ်… သူ.အမျိုးသားက
ကိုယ်တို. စီနီယာပဲလေ..အရမ်းပျော်တတ်ပြီး အနုပညာပိုး အတော်လေးပါတဲ့သူမို. သူ.ကိုသူ.သူငယ်ချင်းတွေက
ဟန်ဇာလေး တဲ့ ( ဘယ်လောက်လည်းဆို နေ.လည်က အခမ်းအနား
မှုးလုပ်နေရင်း ထိုင်ရက်ကတောင် တီးလုံးနဲ. လိုက် က နေရှာသေးတယ်..)..ခပ်ပျော.ပျော.သောက်ပြီး
ခပ်ပြင်းပြင်း မူးတတ်တဲ့ သူတစ်ဦးလို.ပြောရင်တော. သူခံ နိုင်လောက်မယ်ထင်ပါရဲ. .. အဲ့ဒီအမက
သူ.အိမ်ထောင်ဦးစီးရဲ. အပျော်တွေ ကို ခွင်.လွှတ်ကြည်.နဲ. ငြိမ်ငြိမ်လေး ထိုင်ကြည်.နေရှာတယ်… သူတို.ကြားက
နားလည်ခြင်းကိုတော. ကိုယ်ဘာသာပြန်နိုင်လောက်အောင် မစွမ်းဘူးကွ.. ကိုယ်ယောင်ယောင်လေး
နားလည်မိတာကတော.အပူပြင်းတဲ့ ရေပူတစ်ခွက်ကို တအားအေးနေတဲ့ရေအေးတစ်ခွက်နဲ. ရောလိုက်ရင်
ကျန်းမာရေးနဲ.ညီညွတ်ရုံရေနွေးနွေးလေး ၂ခွက်ရလာနိုင်တဲ့ သီအိုရီ တစ်ခုပဲလို. …..
ကောင်မလေးရေ….. လူတွေအများကြီးထဲမှာ
ကိုယ်တစ်ယောက်ထဲ သပ်သပ်ဖြစ်နေတယ် … အင်းယားကိုဖြတ်တိုက်လာတဲ့လေကလည်း ကောင်မလေးရဲ.
ရနံ.မပါလို.ထင်ပါရဲ. တစိမ်းဆန်လိုက်တာကွယ်…
အသံတွေကြားနေရပေမယ်.
တစ်ခုမှ ရင်ထဲရောက်မလာဘူး .. စကားလုံးလေးတွေကို ရောရောထွေးထွေး ပြောနေတတ်တဲ့ အသံမျိုးလေး
မဟုတ်လို.ထင်ပါရဲ. …….
လေဝှေ.လာတဲ့
ဆံနွယ်ညိုတွေ မျက်နှာကို လာလာ ခတ်မနေလို.ထင်ပါရဲ. … နေရတာ မထိသလိုပဲ
ကိုယ်ဒိနေရာမှာ
မနေချင်တော.ဘူး…ဒါပေမယ်.ပြန်လို.ကလည်း မဖြစ်သေးဘူး..အလုပ်တစ်ချို.ရှိချင်
ရှိနေဦးမှာမို. ဘာလုပ်ရမှန်းမသိတာနဲ. Projector နဲ.တွဲထားတဲ့ Video Camera နဲ. လျှောက်ရိုက်နေမိတယ်…ဒီလိုနဲ့ပဲ
နောက်ဆုံးတစ်ပုဒ် ..နောက်ဆုံးတစ်ပုဒ် နဲ. ဘယ်နှစ်ပုဒ်မြောက်မှန်း မသိတဲ့ နောက်ဆုံး
တစ်ပုဒ်အပြီးမှာတော. တီးဝိုင်းပစ္စည်းတွေ သိမ်းလိုက်ကြတယ်..ကောင်မလေးရေ…. ရင်ကိုလာထိ
ပြန်ပြီကွယ်
အရပ်မြင်.မြင်.
ကိုယ်လုံးထွားထွား မျက်မှန်တပ်ထားတဲ့ Player တစ်ယောက်က Instrument အချို.ထည်.ထားတဲ့
အိတ်တစ်လုံးကို လွယ်လို. …ဘေးမှာ အရင်ကတော.
တစ်ကျောင်းတည်းတက် ..ခုတော. တစ်ဘ၀တည်းရဲ. တွဲလက် ဖြစ်တဲ့ ကိုယ်လုံးသေးသေး ကောင်မလေးတစ်ယောက်က
… သူကိုယ်လုံးလေး.ထက်နည်းနည်းပိုကြီးပုံ
ရတဲ့ အိတ် တစ်လုံးကို လွယ်လို. ပြန်ဖို. ထွက်လာကြတယ်လေ
ညစာစားပွဲရဲ. သိက္ခာတရား တစ်ခုဖြစ်တဲ့ အနေအထားသိပ်မနိမ်.တဲ့
တီးဝိုင်းတစ်ခုမှာ ၀ါသနာ နဲ.ပညာပေါင်းပြီး ကူညီခွင်.ရတာကို ကျေနပ်နေတဲ့ ကောင်လေးရဲ.
မျက်နှာကိုမော.ကြည်.နေတဲ့ ကောင်မလေးရဲ. မျက်နှာမှာ ( ကျောင်းဟားဟောင်း အသင်း Form ကိစ္စ…သူငယ်ချင်းတစ်ချို.အပေါ်
ဧည်.၀တ်မကျေခဲ့ရတဲ့ ကိစ္စ အချို.ကြောင်. စိတ်ပန်း လူနွမ်းနေပေမယ်.) ဂုဏ်ယူမှု …ကျေနပ်မှုတွေ
တစ်နင်.တစ်ပိုးကြီးတွေ.နေရတယ်…. ကောင်လေးကိုတော.
သူ.သူငယ်ချင်းတွေက ဓါတ်တိုင်လို.ခေါ်ပြီး ကောင်မလေးကိုတော. သူ.သူငယ်ချင်းတွေက ငုံးဥတဲ့
.. ကဲကြည်. နာမည်ပဲကြည်.ကြည်. ……ပဲကြည်.ကြည်.
သူတို.တွေ ဘ၀ကို အောင်မြင်စွာ နှစ်ယောက်တွဲတည်ဆောက်နိုင်ခဲ့ကြတယ် …ချီးကျုး၇မယ်..သူတို.ရဲ.
စိတ်ဓါတ်..အားထုတ်မှု..နားလည်ခြင်း …စိတ်တူ ကိုယ်တူ
ရှိမှု …ဘယ်လောက်အားကျဖို.ကောင်းလဲကွယ်…ဒါပေမယ်. အားကျခဲ့ရင်တောင်မှ ကိုယ်တို.၂ယောက်လုံး ကြိုးစားအားထုတ်ခွင်.က……..
ကိုယ်ဘယ်လိုမှ
ဆက်မနေနိုင်တော.ဘူးကွယ် …. ဒါနဲ.ပဲ
အဲ့ဒီ တိတ်ဆိတ်စပြုလာနေတဲ့ ပွဲလေးဆီကနေ တိုးတိုးလေး ထွက်လာခဲ့တယ်
ကောင်မလေးရေ
လောကရဲ. အကန်.အသတ်တွေက နှစ်လိုစရာမကောင်းလိုက်တာ..
ဆုံစည်းခွင်.ဆိုတဲ့စကားလုံးက
ဒီဘ၀မှာတော. သေချာပေါက် သတ်ပုံမှား နေမယ်ဆိုတာ သိထားပြီးသားပေမယ်.အမြင်.ဆုံးပိုင်ဆိုင်မှု
ဖြစ်တဲ့ တစ်ဖက်သတ်ယုယခွင်.တောင် တစ်သက်စာသက်တမ်းကုန်သွားခဲ့ရပြီမို. ဖြေဆည်ရာ ဆိုတာ
ဘာကိုခေါ်ရမှန်းမသိခဲ့သူပါကွယ်
ဟိုးးးးးးးးးးးးးးး မိုင်ပေါင်းများစွာက ကောင်မလေးရေ
ကိုယ်
အဲ့ဒီအင်းယားဘေးက လမ်းမှောင်မှောင် မှာ တစ်ယောက်တည်း တမ်းတနေပါတယ်
ကောင်းကင်ရေ….. ကြယ်စင်ရေ…လမင်းရေ..
အရင်လို
တိုးသဲ့သဲ့ စကားသံလေးတွေ … ဆံနွယ်ခွေညိုညိုတွေ
… ရိဝေမျက်ဝန်းတွေ
.. (ဒီဘ၀မှာ တစ်ကြိမ်လောက်တော.) ပြန်ကြုံပါရစေဗျာ
ငါပြန်ခဲ့ပါပြီ
…. ငါလေပြန်ခဲ့ပြီ
အသဲကနားလည်းရင်း နှုတ်..ဆက်ကာ….ပြန်ခဲ့ရပြီ
အဖြေရှာ၇န်
မလွယ်သော …
ဘ၀ဟာ..အိမ်မက်ခဏတာကောင်းကင်…အားလုံးတိမ်မိုးသားများအတိုင်း…လွင်.ပြယ်လေပြီ
မည်သို.မျှ ဖတ်ခွင်. ကြုံနိုင်စရာ မရှိသူ တစ်ဦးအတွက်
No comments:
Post a Comment