Wednesday, March 12, 2014

မလေးလေယာဉ် ပျောက် ရှာပုံတော် ၁၂ . ၃ . ၂၀၁၄ ညနေပိုင်းအထိ (သို. ) Latest Condition of MH370 's Finding


ခုဆိုရင် လေယာဉ်ပျောက်ဆုံးခဲ့တာ ၅ ရက် ရှိသွားပြီ ဖြစ်ပေမယ်. တိကျရေရာ တဲ့ သတင်းမျိုး မရရှိပဲ ရလာတဲ့ တစ်ပိုင်းတစ်စ သတင်းတွေ ကလည်း ပိုမိုလို.သာ ရှုပ်ထွေးလာနေစေပါတယ် ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရေထဲမှာ ပျက်ကျနေတဲ့ လေယာဉ် တစ်ပိုင်းတစ်စပုံနဲ. သတင်းမှား တစ်ခုကို ပြည်တွင်း Online Media အချို.မှာ တင်လာတာ တွေ.ရပြီး နာမည်ရှိ Media အချို.ပါ ပါလာတာတွေ.ရပါတယ် ။ မှားမှန်းသိတဲ့နောက်ပြန်ဖြုတ်ချ ခဲ့ကြတာတွေရှိသလို အချိန်အတန်ကြာအထိ ဆက်တင်ထားခဲ့တာတွေလည်း ရှိခဲ့ပါတယ် ။

အခိုးခံထားရသည့် passport များနှင့် ပျောက်ဆုံးနေသည့်လေယာဉ်ကြီးတို့ ဘယ်လို ဆက်စပ်နေကြသည်ကို ထင်ကြေးပေးပြောဆိုရန် အလွန်တရာ စောလွန်းနေသေး သည်၊ မည်သည့်ခရီးသည်မဆို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ ၏ မှတ်တမ်း database ထဲတွင်ရှိနေသော အခိုးခံထားရ သည့် passportကို အသုံးပြု၍ နိုင်ငံတကာလေကြောင်း ခရီးစဉ်တစ်ခုတွင် လိုက်ပါသွားသည် ဆိုခြင်းမှာ အလွန်
စိုး ရိမ်စရာကောင်း သည်ဟု အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Inter Pol)
၏ အတွင်းရေးမှူးချုပ် Ronald K. Noble က twitter ပေါ်တွင် ထုတ်ပြန်ထား သည့်ကြေညာချက်တွင်ဖော်ပြထားသော်လည်း အတောများများကတော. ယခုကိစ္စသည် အကြမ်းဖက်မှု နှင်. မသက်ဆိုင်နိုင်ပဲ Passport အတုဖြင်. စီးနင်းသွားသူ အီရန် ၂ ဦးအနက် တစ်ဦးမှာ ဂျာမဏီ ရှိ မိခင်ထံ သွားရောက်ရန်ကြိုးစားခြင်းဖြစ်နိုင်သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။


စဉ်းစားလို.မ၇နိုင်တဲ့ အချက်တွေ ထဲမှာ အတွေ့အကြုံရှိတဲ့ လေယာဉ်မှူးတွေရော လုံခြုံရေးပညာရှင်တွေရော စုံစမ်းရှာဖွေသူတွေပါ ခေါင်းကိုက်ရတဲ့ ပြဿနာတွေ  ဖြစ်လာနေပါတယ်။
လေယာဉ် ပျောက်ဆုံးနိုင်တဲ့ အကြောင်းတရားတွေက အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် သဲလွန်စလေး တစ်ခုတလေမှ မကျန်တာကတော့ သိပ်ဆန်းနေပါတယ်။
တကယ်လို့ လေယာဉ်အင်ဂျင်တွေ စက်ချို့ယွင်းသွားတယ် ဆိုပါစို့။ အဲသလို စက်ချို့ယွင်းပြီးနောက်မှာ လေယာဉ်ဟာ မိုင်ပေါင်း ၈၀ ကျော် ၉၀ လောက် လေထဲမှာ ဝဲနေနိုင်ပါသေးတယ်။ ဒါဆိုရင် လေယာဉ်မှူးအတွက် အရေးပေါ် ကယ်ဆယ်ရေး တောင်းခံဖို့ရာ အချိန်ကောင်းကောင်း ရနိုင်ပါတယ်။

တကယ်လို့ လေယာဉ်တံခါးတခုခု ပျက်စီးလို့ လေဖိအား ရုတ်တရက် ပြောင်းသွားတယ် ဆိုပါစို့။ ဒါဆိုရင်တော့ လေယာဉ်မှူးဟာ လေယာဉ်ကို အမြန်ဆုံး နိမ့်ရာ ရောက်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဒါပေမယ့် ဒါကလည်း လေယာဉ်ကို ရုတ်တရက် တစစီ ပေါက်ကွဲသွားတာမျိုးတော့ မဖြစ်နိုင်ပြန်ပါဘူး။
တကယ်လို့ လေယာဉ်မှူးတွေ အကြောင်းတစုံတရာကြောင့် ဥပမာ အောက်ဆီဂျင် ပြတ်သွားလို့ အားလုံး သတိလစ်ကုန်တယ် ဆိုပါတော့၊ လေယာဉ်ကတော့ ဆက်ပျံနေဦးမှာပါ။ အဲသလို ပျံနေချိန်မှာ လေယာဉ်မှူးတွေဆီက အသံတိတ်နေတာကို မြေပြင်က သတိထားမိရမှာပါ။



လေယာဉ်ပြန်ပေးဆွဲမယ့် သူတွေက လေယာဉ်မောင်းခန်းထဲကို ချိုးဖျက် ဝင်ရောက်ဖို့ ကြိုးစားလာကြတယ် ဆိုပါစို့။ ဒါဆိုရင်လည်း လေယာဉ်မှူးတွေ အနေနဲ့ ပေးပို့နိုင်တဲ့ အရေးပေါ် စကားဝှက်တွေ ရှိနေပြန်ပါသေးတယ်။ တခြား ပျံသန်းနေတဲ့ လေယာဉ်တွေရဲ့ အရေးပေါ် လိုင်းတွေကနေ ကြားကြရမှာပါ

ဒါ.အပြင် စက်ပိုင်းဆိုင်ရာ နဲ. ပတ်သက်လို. လေယာဉ် မပျောက်ဆုံးမီ ၁၂ ရက်အလိုက ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ပြုလုပ်ခဲ့သေးကြောင်း၊ မည်သည့် အပြစ်အနာအဆာမှ မတွေ့ရကြောင်း မလေးရှား လေကြောင်းကအတည်ပြုခဲ့ပါတယ်။လေယာဉ်ရဲ. သက်တန်းက ၁၂ နှစ် ရှိပြီ ဖြစ်ပြီး ပျံသန်းချိန် ၅၃၅၀၀ နာရီ ရှိပြီလို. ၎င်းတို့ကပြောခဲ့ပါတယ် ။လေယာဉ်၏ စက်ပိုင်းဆိုင်ရာ အခြေအနေကို မြေပြင် ပြုပြင်ထိန်းသိမ်းရေး စခန်းသို့ အလိုအလျောက် သတင်းပြန်ပို့ပေးသည့် ACARS ဟုခေါ်သည့် ကွန်ပျူတာ စနစ်တခု ပါရှိသော်လည်း MH 370 ပျောက်ဆုံးသည့် အချိန်တွင် မည်သည့် သတင်းပေးပို့မှုမှ မရရှိခဲ့ကြောင်း စုံစမ်းရေးတွင် ပါဝင်သော သတင်းရင်းမြစ်တခုက Reuters သတင်းဌာနသို့ ပြောခဲ့ပါသေးတယ် ။

စက်ပိုင်းအပြီး လူနဲ.ပတ်သက်တဲ့ ကိစ္စမှာတော. ယခုမဲလ်ဘုန်းမှာနေထိုင်တဲ့ ဂျွန်ရူးက လွန်ခဲ့တဲ့သုံးနှစ်က သူနဲ့ သူ့ သူငယ်ချင်းဂျန်းမာရီးတို့  ဖူးခက်ကနေ ကွာလာလမ်ပူအသွားလေယာဉ်ပေါ်တက်ဖို့ စောင့်ဆိုင်းနေစဉ် လေယာဉ်မှူးနှစ်ယောက်ကသူတို့ အနား ကိုရောက်လာပြီးခေါင်းခန်းကနေလိုက်မလားလို့ လေယာဉ်မှူးမောင်းတဲ့အခန်းကနေလိုက်မလား)လို့ လာခေါ် တယ်။ ဂျွန်တီရူး(လေယာဉ်ဦးထုပ်နှင့်)နဲ့ သူ့ သူငယ်ချင်းနှစ်ယောက်ပျောက်သွားတဲ့လေယာဉ်မှာပါသွားတဲ့ပိုင်းလော့အဘဒူဟာမစ်(ညာ)နဲ့ အတူလေယာဉ်မောင်းခန်းမှာစီးခဲ့ဖူးတယ်။


ဒီဓာတ်ပုံထဲမှာ ဂျွန်တီရူးနဲ့ သူ့ သူငယ်ချင်းနှစ်ယောက်ပျောက်သွားတဲ့လေယာဉ်မှာပါသွားတဲ့ပိုင်းလော့
အဘဒူဟာမစ်ရဲ့ လေယာဉ်မှူးသူငယ်ချင်းတစ်ယောက်နဲ့ အတူတွဲရိုက်ထားပုံ။ ပိုင်းလော့တွေဟာခင်မင် ဖို့ ကောင်းကြတယ်။ဒါပေမယ့်လေယာဉ်မောင်းတဲ့အချိန်ဆေး လိပ်တွေသောက်ကြတယ်။ရှေ့ ကိုကြည့် ကြတာသိပ်မတွေ့ မိဘူး။လေယာဉ်မောင်းတာမကျွမ်းကျင်မှုကြောင့်လို့ တော့မပြောချင်ဘူး။ ဒါပေမယ့် သူပေးတဲ့ အချက်အလက်ဟာအသုံးဝင်ကောင်းဝင်မယ်လို့ မျှော်လင့်တယ်။ "ပျောက်သွားတဲ့လေယာဉ်ပိုင်းလော့ဟာ သူပဲလို့ သိ လိုက်ရတော့ ကျမ တော်တော် တုန်လှုပ်သွားပါ တယ်။ သူနဲ့ လေယာဉ်မှူးခန်းထဲ မှာတချိန်လုံးအတူ ရှိခဲ့ဖူးတယ်လေ။ ဓာတ်ပုံတွေအတူတွဲရိုက်ခဲ့ကြဖူး တယ်လေ။" လို.ဆိုလာပြန်တာကြောင်. ထည်.စဉ်းစား၇မလားဆိုတာ တွေးတောစရာဖြစ်လာပြန်ပါတယ် ။



တရုတ်ဘက်ကလာတဲ့ သတင်းတစ်ရပ်မှာတော.   Chinese Martyrs Brigade အဖွဲ့ က နေ သူတို့ လက်ချက်ဆိုပြီး တရုတ်သတင်းဂျာနယ်လစ်တွေဆီကို  အီးမေးတွေ ပေးပို့ ကာ၊ တရုတ်နိုင်ငံမှာ သူတို့ ရဲ့ လူတစ်ယောက်ကို သတ်ရင် လေယာဉ်ခရီးသည်တွေထဲက အယောက် ၁၀၀ ကို သတ်ပြစ်မယ်လို့  ခြိမ်းခြောက်ရေးသားထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။ မလေးရှားအာဏာပိုင်တွေက ဒီအီးမေးလ်စာဟာ မကြာခင်ကမှ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံက ပဋိပက္ခကို ပိုမိုကြီးထွားစေဖို့  လုပ်ကြံဖန်တီးတာ ဖြစ်နိုင်တယ်လို့  ဆိုပါတယ်။ အဆိုပါ ရေးသားထားတဲ့ထဲမှာ လေယာဉ်နဲ့  ပတ်သက်ပြီး ဘာဖြစ်တယ်ဆိုတာကို ဖေါ်ပြထားခြင်း မရှိဖူးလို့  ဆိုပါတယ်။ ဒီအီးမေးလ်စာ ဘယ်ကလာတယ်ဆိုကို an encrypted Hushmail web service ကနေ တစ်ဆင့်ပို့ တာမို့  ခြေရာခံလိုက်လို့  မရဖူးလို့ လည်း ဆိုပါတယ်။

သဲပန်းပုဆရာ တစ်ဦးလက်ရာ
ရှာဖွေမှုအပိုင်းနဲ. ပတ်သက်လို.လည်း သက်ဆိုင်ရာအားလုံးက အရှိန်အဟုန်မြှင်. လုပ်ဆောင်နေကြရာမှာ ဖြန့်ကျက်လွှတ်တင်ထားသည့် ဂြိုလ်တု ၁၀ လုံးခန့်ကို လေယာဉ် ရှာဖွေရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင် သတင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။

ရှာဖွေရေး ဧရိယာကို မလေးရှားကျွန်းဆွယ်၏ အနောက်ဘက်ခြမ်း အင်ဒို နီးရှားနိုင်ငံ ဆူမတြာကျွန်း၏ မြောက်ဖက်ပိုင်းပင်လယ်ပြင်အထိ တိုးချဲ့လိုက်ပြီလည်းဖြစ်ပါတယ် ။  ရှာဖွေရေးဧရိယာကို ရေဒါတွင် နောက်ဆုံးမြင်ခဲ့ရတဲ့ တောင်တရုတ်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့ သာမက မလေးရှား နိုင်ငံဖက်သို့
လေယာဉ် ပြန်လှည့်လာနိုင်ခြင်းကိုပါ ထည့်သွင်း စဉ်းစား၍ မလေးရှားနိုင်ငံ အနောက်ဖက်ကမ်းရိုးတန်းနှင့် ကပ္ပလီပင်လယ် အထိပါ တိုးချဲ့လိုက်ခြင်းဖြစ်ပါတယ် ။မလေးရှားကျွန်းဆွယ်မှာ လည်း ရှာဖွေနေကြောင်း မလေးရှားလေကြောင်းလိုင်းမှ ပြောခဲ့ပြီး မလေးရှားလေတပ် အကြီးအကဲက စစ်ဖက်ရေဒါတွင် တွေ့ရှိမှုအရ ပျောက်ဆုံးလေယာဉ် ဟာဂငယ်ကွေ့ ပြန်ကွေ့လာခဲ့ နိုင်ကြောင်းပြောခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံက လေယာဉ်ကို ရေဒါတွင် နောက်ဆုံး မြင်တွေ့ခဲ့ရသည့် ၎င်း၏ တောင်ဖက်ကမ်းရိုးတန်းမှ ငါးဖမ်းလှေများကို ရှာဖွေရေးတွင် ကူညီပေးရန် တောင်းဆိုခဲ့သော်လည်း ရလဒ်ကောင်း ထွက်လာရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိတော့ကြောင်း ပြောခဲ့ပါတယ် ။




ဗီယက်နမ် စစ်တပ်ကလည်း ဝေးလံသောတောင်များနှင့် လူသူမရှိသော တောများအတွင်းတွင် လေယာဉ်ပျက်ကျသည့် အထောက်အထား တစုံတရာ တွေ့ရှိနိုင်ရန် ရှာဖွေနေတယ်လို. ဆိုပါတယ် ။ဗီယက်နမ် စစ်တပ်မှ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်ကြီး Vo Van Tuan က မြေပြင်မှ တာဝန်ရှိသူများကိုလည်း လေယာဉ်ကို ရှာဖွေရန် အမိန့်ထုတ်ထားကြောင်း၊ ဗီယက်နမ် တပ်ဖွဲ့များက လာအို နှင့် ကမ္ဘောဒီးယားနယ်စပ်တွင် ရှာဖွေနေကြောင်း AP သတင်း ဌာနသို့ပြောခဲ့ပါတယ် ။ 
အမေရိကန် အခြေစိုက် ဘိုးအင်းလေယာဉ် ကုမ္ပဏီများလည်း စုံစမ်းစစ်ဆေးမှုတွင် ပါဝင်လာခဲ့ ပြီး  US National Transportation Safety Board မှ အဖွဲ့ကို နည်းပညာ အကြံဥာဏ်များ ပေးသွားမယ် ဆိုလာပြန်ပါတယ် ။



ကြားလာရတဲ့ သတင်း တွေအားလုံးထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးလို. ပြောလို.ရသလို တွေးတောစရာ ကျယ်ပြန်.လာစေတဲ့ သတင်းတစ်ရပ်ကတော. လေယာဉ်ဟာ မလေးရှားဖက်ကို ပြန်ကွေ့ပြီး တစ်ခေါက် ဖြတ်ကျော်သွားပြီးမှ မလက်ကာ ရေလက်ကြားထဲမှာ ပျောက်သွားသလိုလို သတင်းထွက်လာခြင်းပါပဲ။ အဲဒါကို မလေးရှား စစ်တပ်က သိလိုက်တဲ့ အနေအထားပါ။   ဒီသတင်းကြောင့် ဗီယက်နမ်ဖက်ကလည်း သူတို့ဘက်အခြမ်းမှာ ဆက်လက်ရှာဖွေဖို့ သင်္ဘောတွေကို ရပ်နားခဲ့ပါပြီ။ သတင်းကို အတည်ပြုပေးဖို့ မလေးရှား စစ်တပ်ဆီကို မေးမြန်းရာမှာလည်း မလေးရှားဖက်က မဖြေဘူးလို့ သိရပါတယ်။ ၂ ခါ မေးပေမယ့် မဖြေခဲ့ဘူးလို့ သိရပါတယ်။




မကြာခင်ကမှ ထွက်ပေါ်လာတဲ့ ဂြိုလ်တုဆက်သွယ်ရေးမြင်ကွင်းနဲ့  ပြသထားတဲ့ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ပျံသန်းမှုလမ်းကြောင်းပြတဲ့ ဗွီဒီယိုထဲမှာ မလေးရှားလေယာဉ်ဟာ ရေဒါစက်ဝန်းကနေ ပျောက်ဆုံးသွားတဲ့ အခြေအနေကို ကျွမ်းကျင်သူများက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ရေဒါစက်ဝန်းထဲကနေ ပျောက်ကွယ်အောင် ရေဒါစက်ဝန်းလွတ်ဖို့  နိမ့်နိမ့်ကလေး ပျံသန်းသွား၍ ရောက်ရာနေရာမှ ပြန်လှည့်ကာ လမ်းကြောင်းပြောင်းခဲ့ခြင်းများလားဟု တွေးနိုင်စရာပါ။

ဒါနဲ. ဆက်စပ်တဲ့ သတင်းတစ်ခုကလည်းရှိနေပါတယ် ။မလေးရှားနဲ့  ထိုင်းနယ်စပ်ဒေသတစ်ဝိုက်က မြို့ လေးတွေမှာ နေထိုင်နေကြပြီး လေယာဉ်မီးရောင်ကို မြင်တွေ့ လိုက်ကြတဲ့ ရေလုပ်သားတွေထဲက မလေးရှားရေလုပ်သားတစ်ဦး ပြောတာကတော့ မလေးရှားစံတော်ချိန် မနက်ပိုင်း ၁း၃၀ နာရီအချိန်ပိုင်းလောက်မှာ နိမ့်နိမ့်လေး ပျံသန်းသွားတဲ့ လေယာဉ်တစ်စီးရဲ့  မီးကို သေသေချာချာ မြင်လိုက်ရတဲ့အကြောင်း ပြောပြခြင်းပါပဲ ။




ဒီနေ့ မလေးရှား လေတပ် အရာရှိက မလက်ကာ ရေလက်ကြားဖက်က သတင်းကို မှတ်ချက်ပေးဖို့ ငြင်းဆန်သွားပါတယ်။ ဒါပေမယ့် ရှာဖွေရေး အဖွဲ့တွေကတော့ မလက်ကာ ရေလက်ကြားဆီကို ချီတက်သွားကြပါပြီ။ အဲ့ဒီကနေ တစ်ဆင့် ထိုင်း၊ မြန်မာ ဖက်ဆီကို အက်ဒမန်ပင်လယ် (Andaman sea) ဖက်ကို ဆက်လက်ရှာဖွေကြမှာပါ။ အဲ့ဒီသတင်းတွေသာမှန်တယ်ဆိုရင် အချို. ယူဆနေကြတာက အဲ့ဒီလေယာဉ်ဟာ မလေးထဲကိုပဲပြန်ရောက်နေသလား ၊ အနီးက ကမ္ဘောဒီးယား ၊ထိုင်း ၊မြန်မာ နိုင်ငံထဲပဲ ရောက်နေသလားဆိုတာမျိုးတွေထိ ဆက်စပ်စဉ်းစားလာနေကြပါတယ် ။




အငြင်းပွားစရာ ဖြစ်တာက တကယ်လို့ မလေးရှား စစ်တပ်က MH370 မလေးရှားဖက်ကို ပြန်ကွေ့လာတာကို မမြင်ခဲ့ဘူးဆိုရင် ဘာ့ကြောင့်များ မလက်ကာဖက်ကို ရှာဖွေရေး ထွက်ကြရတာလဲ။ ကွာလာလမ်ပူ - ဘေဂျင်း ခရီးစဉ်နဲ့ လားလားမှ မပါက်သက်တဲ့ နေရာ တစ်ခုပါ။ လေယာဉ်ဟာ ပြန်လှည့်လာတယ်ဆိုတဲ့ သတင်းကို ဘာမှ မှတ်ချက် မပေးလိုဘူး ဆိုပြီးတော့ ဘာ့ကြောင့်များ မလက်ကာရေလက်ကြား ၊ အက်ဒမန် ပင်လယ်ဆီကို ဦးတည်လာရတာလဲ။

နောက်ဆုံး ဝင်လာတဲ့ သံသယ ကတော့ မလေးရှား အစိုးရနှင့် မလေးရှား အဲယားလိုင်းဟာ တစ်စုံတစ်ရာ ထိမ်ချန်ထားတယ်ရယ်လို့ မြင်လာကြတာပါပဲ။  လက်ရှိရှာဖွေနေတဲ့ ထဲမှာ  ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကိုရီးယား၊ သြစတေးလျ ၊ ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှား၊ အမေရိကန်၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများမှ လေတပ်၊ ရေတပ် များ ပါဝင်နေတာဖြစ်ပါတယ် ။ပါသွားတဲ့ ခရီးသည်တွေထဲမှာတော. တရုတ် နိုင်ငံသား ၁၅၃ ဦး ပါဝင်ပြီး သြစတေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနိးရှား၊ မလေးရှား၊ နယ်သာလန်၊ နယူးဇီလန်၊ ရုရှား၊ ထိုင်ဝမ်၊ ယူကရိန်း၊ ပြင်သစ် အစရှိတဲ့ နိုင်ငံများ မှ နိုင်ငံသား ခရီး သည်နဲ့ ဝန်ထမ်းများ စုစုပေါင်း ၂၃၉ ဦး ပါဝင်သွားခဲ့တာပါ ။


ရှာဖေါရေး အတွက် ပူးပေါင်း၇န် လာရောက်နေသော အမေ၇ိကန် စစ်သင်္ဘော USS Pinckney

ဗီယက်နမ် အမှတ်၅ တိုင်းမှုး ရေတပ်ဗိုလ်ချုပ်ကြီး ဗိုဗန်ဖတ် က စစ်ဖက်ဆိုင်ရာ ရေဒါမှတ်တမ်းအရ ဖူကွီကျွန်းတောင်ဘက် ၁၅၃ မိုင်အကွာ ပင်လယ်ပြင် ထဲ ပျက်ကျသွားတယ်လို. အတည်ပြုခဲ့ပေမယ်. အခြားမည်သည်.သတင်းဋ္ဌာနကမှ အတည်ပြုချက် မတွေ.ခဲ့ရတာကြောင်. သို.လောသို.လော ဖြစ်ရပြန်ပါတယ် ။

နောက်ဆုံးတော. စဉ်းစားလာနေရပါပြီ ။ ဒိလေယာဉ်ပျက်ကျမှုဟာ စက်ကြောင်.လား ၊ လူကြောင်.လား ၊ အကြမ်းဖက်သမားကြောင်.လား ဆိုတာတွေတင်မကတော.ပဲ စီးပွားရေးကြောင်.လား ၊ နိုင်ငံေ၇းကြောင်.လား ၊စစ်ရေးကြောင်.လား ဆိုတာတွေပါ ထည်.စဉ်းစားရတော.မလိုဖြစ်နေပါပြီ ။ 


Ref ; Pyone Cho , Nainglin Aung ,Min Bamar , cnn , innewsmyanmar , Myanmar Alin , BBC

ဆက်စပ်ဖတ်ရှု၇န် ...  စိတ်ဝင်စားဖွယ်ရာ မလေးရှား လေယာဉ် ပျောက်ဆုံးမှု (သို.) Collection of MH370 News

No comments:

Post a Comment