Wednesday, March 19, 2014

ဧရာဝတီ ယူနိုက်တက် အပေါ် ဒီလိုမြင် ဒီလိုတွေပြောလို. ဒီလိုဖြစ်စေချင်ကြပြီ

 
တစ်ချိန်တုန်းက ဧရာဝတီ နှင်. သူ၏ ပရိသတ် ( Photo by Ayeyawady United FC )

လက်ရှိ ဧရာဝတီ ယူနိုက်တက် အသင်း၏ အခြေအနေကား ၇ ပွဲကစား နိုင်ပွဲ တစ်ပွဲသာ ရရှိထားသေးသော အခြေအနေဖြစ်သည် ။ မနိုင်သင်.သော အသင်းများကို ရှုံးခဲ့ပြီး မရှုံးသင်.သော အသင်းများကိုလည်း မနိုင်ဖြစ်နေရသည် ။ ထိုကိစ္စရပ်များနှင်. ပတ်သက်၍ ဧရာဝတီ အသင်းကို စိုက်လိုက်မတ်တတ် အားပေးကြသူများ ၊ ရံဖန်ရံခါ သွားရောက်ကြည်.ရှု ကြသူများ ၊ တစ်ခါတစ်ရံ ၀င်ရောက်ဆွေးနွေးကြသူများ စသဖြင်. အတော်များများတို.၏ Status များ Comment များတွင် ခပ်စိပ်စိပ်တွေ.လာရသလို Fanpage များ ၊ Group များ နှင်. အသင်း၏ Official Page များတွင်ပါ ရေးသားလာကြသည်ကို သတိပြုမိသဖြင်. အားလုံးတို.၏ ရင်တွင်းဖြစ် စုစည်းမှု အဖြစ် တင်ဆက်လိုက်ပါသည် ။

ဧရာဝတီ  ၇ ပွဲကစားပြီးနောက် ပရိသတ် တစ်ဦးဖြစ်သော Momo Khin Zaw ကတော. သူမ၏ Wall တွင် ဤသို.ပေါက်ကွဲခဲ့သည် ။
"ကျွန်တော့်ဘဝမှာကံအဆိုးဆုံးပဲ" တဲ့လား
ဟုတ်ကဲ့ ဧရာဝတီလဲ အန်ကယ့်လက်ထဲရောက်မှရလဒ်အဆိုးဆုံးပဲ ကံဆိုတာ အလုပ်ပါအန်ကယ်ရယ် ဒီရလဒ်တွေ ရှက်တတ်ရင်လဲသေဖို့ကောင်းတယ် (ရှက်တတ်တဲ့သူကတော့ ဧရာဝတီလိုဘယ်အသင်းကိုမှမနိုင်တဲ့အသင်းကိုရှုံးလို့ အလုပ်ထွက်ပါရစေလို့ပြောနေပီ) ကစားသမားတွေညံ့လို့လား ဂိုးသမားနဲ့နိုင်ငံခြားသားကစားသမားကလွဲ ဒီလူစာရင်းနဲ့ပဲ ရှုံးထွက်ဖလားယူခဲ့တာပါ (အမှန်အတိုင်းပြောရရင်ဒီနှစ်ရာသီ ကစားသမားတွေအနေနဲ့အနိုင်လိုစိတ်လျော့ကျနေတယ်လို့ထင်မိပါတယ် အဲ့လိုစိတ်တွေဖျောက်လို့ အနိုင်ရလိုစိတ်ပြင်းပြအောင်လုပ်ပေးရမှာဘယ်သူ့တာဝန်လဲ )ဒီနှစ်ရာသီ အန်ကယ့်စိတ်ကြိုက်အသင်းကိုဖျတ်ဆီး အဲလေ ပြောင်းလဲပြီးပြီပဲ နိုင်ငံခြားသားခေါ်ယူမှု ပြည်တွင်းကစားသမားခေါ်ယူမှု အန်ကယ့်စိတ်ကြိုက်တွေခေါ်ပြီးပြီ ကဲ ဒါဆိုဘာတွေလိုအပ်နေတာလဲ ဘာတွေပြောင်းလဲမှုလုပ်ရမလဲ မတွေးတာလား ပြောင်းလဲဖို့မလိုဘူးလို့ထင်တာလား ဆိုးရွားတဲ့ရလဒ်တွေရယူပေးပြီးပြောတဲ့စကား ကံဆိုးနေတာတဲ့လား ဟုတ်ကဲ့ပေးမယ်ဆို ဆင်ခြေ ဆင်လက် ဆင်နားရွက်တွေအတော်လေးကိုပေါပါတယ်



ပွဲစဉ် ၁ မမျှော်လင့်ထားတဲ့လူစားရင်းနဲ့ပွဲထွက်လာတယ် လက်ရွေးစင်ကစားသမားတွေက အရံခုံမှာ ပွဲကြည့်စင်မှာထိုင်လို့ ထားတော့ ပထမဆုံးပွဲမို့ ကစားသမားခြေစမ်းသပ်တယ်ပေါ့ ဟုတ်ကဲ့ အဲ့ပွဲရှုံးပါတယ် ပွဲစဉ် ၂ ဒီလူစာရင်းနဲ့ပဲ သရေကျတယ် ပွဲစဉ် ၃ ဒီလူစာရင်းနဲ့ပဲ ပရိသတ်တွေအော်လို့ နန္ဒ ကိုထည့်တယ် သရေကျနေချိန် စိတ်ဓာတ်တတ်ကြွစေမယ့်ဂိုးသွင်းပေးနိုင်တယ် အဲ့ပွဲနိုင်တယ် ပွဲစဉ် ၄၊၅၊၆၊၇ ဒီလူစာရင်းနဲ့ပဲ 

ဟုတ်ကဲ့ ခု ဧရာဝတီက အဆင့် ၁၀မှာပါရှင့် ဘယ်တုန်းက အဲ့အဆင့်ကိုရောက်ဖူးလဲ အရင်က အသင်းကြီးတွေကိုဒုက္ခပေးလေ့ရှိလို့ အမြဲအသင်းကြီးစာရင်းဝင်တဲ့ ဧရာဝတီ ခုတော့ ဖုတ်လေသည့်ငပိ ရှိသည်တောင်မထင်ကြတော့ဘူး လူငယ်တွေကိုနေရာပေးတာလား ဟုတ်ကဲ့ ဒါဆို အခြားအသင်းမှာနေရာမရတော့တဲ့ အိုကြီးအိုမတွေကို(၁၈ကိုက်စည်းအတွင်း ဂိုးသမားနဲ့နှစ်ယောက်ချင်းတွေ့တာတောင်ဂိုးမသွင်းနိုင်တဲ့တိုက်စစ်မှူးနဲ့အခြားနိုင်ငံခြားသားတွေအပါအဝင်)လစာအများကြီးပေးပြီးဘာလို့ဝယ်ထားတာလဲ လူငယ်တွေ မသုံးနဲ့မပြောဘူး ခုတော့ အငယ်သင်းကခေါ်ထားတဲ့ကလေးတွေလောက်တောင်မကောင်းတဲ့သူတွေက နေရာရပြီး လက်ရွေးစင်တွေက အရံခုံမှာ ပွဲကြည့်စင်မှာ training မှာသေချာသင်ပေးပြီးမှ ထည့်သုံးပါလား ခုတော့ ရလဒ်မကောင်းတာသိလျက်နဲ့ လူစာရင်းအပြောင်းအလဲမလုပ်ရတဲ့ရည်ရွယ်ချက်ကဘာလဲ ပရိသတ်တွေလိုချင်တာ ပွဲအပြီးမှာမျက်နှာအောက်ချထွက်လာတာမဟုတ်ဘူး ကံဆိုးလို့ပါဆိုတဲ့ဆင်ခြေမဟုတ်ဘူး အနိုင်ရလိုစိတ်ပြင်းထန်စွာကစားမယ့်ကကစားသမားတွေရယ် အသင်းကြီးတွေဂရုစိုက်ရတဲ့ခြေစွမ်းမျိုးပိုင်ဆိုင်နေတဲ့ဧရာဝတီရယ် မိသားစုစိတ်ဓာတ်နဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေကြတဲ့အသင်းရယ် ဒါပဲလိုချင်တာပါ ဧရာဝတီဆိုတာ မိသားစုစိတ်ဓာတ်နဲ့ရပ်တည်နေတဲ့အသင်းပါ (ခုထိ အသင်းကထွတ်ခွာသွားတဲ့ကစားသမားတွေ ဧရာဝတီကိုချစ်နေကြဆဲပဲ) မိသားစုစိတ်ဓာတ်နဲ့ အခက်အခဲတွေဖြတ်ကျော် (အထိုက်အလျောက်) အောင်မြင်မှုတွေရယူခဲ့ကြတာ အဲ့ဒါ ဧရာဝတီပါ ခုတော့ဧရာဝတီရဲ့ မိသားစုစိတ်ဓာတ်ကိုဖျတ်ဆီးလို့အားမရသေး တစ်ခါမှမရောက်ဖူးတဲ့နေရာရောက်အောင်အတင်းပို့ဆောင်ပေးတယ် ငါနည်းပြ ငါလုပ်ချင်တာလုပ်မယ် ရှုံးတာနိုင်တာ ငါနဲ့မဆိုင်ဘူး အချိန်တန်လစာရမှာပဲဆိုတဲ့စိတ်ဓာတ်များရှိနေသလား ဧရာဝတီကို တကယ်ချစ်တဲ့သူတွေကိုထုတ်ပယ် ဧရာဝတီစိတ်ဓာတ်မရှိတဲ့သူတွေကိုနေရာပေးလို့ ဧရာဝတီကို ဖျတ်ဆီးဖို့များရောက်လာသလား 
ကျမအဖေထက်တောင်အသက်ကြီးမယ်ထင်ပါတယ် အားလဲနာတယ် ခင်လဲခင်တယ် ဒါပေသိ စကားတစ်ခွန်းလောက်ပြောပါရစေ
"G E T O U T "

 ဓါတ်ပုံ - ချင်းယူနိုက်တက်နှင်.ပွဲအပြီး ထွက်လာသော ဧရာဝတီ နည်းပြချုပ် ( Photo by Momo Khin Zaw ) 

သူမ၏ ထို Status အောက်တွင်ပရိသတ်အချို.က   Get out ခင် များ အတွက် နေ ရာ မ ရှိ...... no place for u .... ထပ်ပြောမယ် ထွက်သွားအခုချက်ချင်းးးးးးးးး
(ဧရာဝတီကို ချစ်တယ်)  စသဖြင်. နည်းပြချုပ်အပေါ် သူတို.အမြင်များကို ရေးသားခဲ့ပြီး အားလုံးလိုလိုက ထောက်ခံခဲ့ကြသည် ။

ဟိုတုနိးက ဧရာဝတီနှင်. သူ၏အောင်ပွဲ
ထို.အပြင် ဧရာဝတီ ပ၇ိသတ်များ စုဖွဲ.ထားသော We Love AUFC Group တွင်လည်း လက်ရှိအခြေအနေများ နှင်. ပတ်သက်၍ Ko Shwe Min က ....
 ကျုပ်ကတော. ပထမဆုံး နည်းပြကိုပြောရပါမယ် ။ဂျာနယ်တွေ On Line ပေါ်တွေမှာ ဖတ်နေရသလို ကျွန်တော်ညံ.လို.ပါ ။ကျွန်တော်.မှာ တာဝန်ရှိပါတယ် သူပြောလေ.ရှိတဲ့ ပွဲနိုင်ရင် ကစားသမားတွေတော်လို. ပွဲရှုံးရင် ကျွန်တော်ညံ.လို.ဆိုတဲ့စကားက ကိုယ်.အမှားကိုယ် ၀န်မခံသူတွေ နဲ.စာရင်တော. ချီးကျုး ရမှာပေမယ်. ဒီလိုဝန်ခံနေရုံသက်သက်က အမှန်ကန်ဆုံးပြင်ဆင်နိုင်မယ်. နည်းလမ်းတော. မဟုတ်ဘူးဗျ ။ ဆက်တိုက်တွေရှုံး တောက်လျှောက်ကျွန်တော်ညံ.ရင်း ရာသီလည်းကုန်ရော ဧရာဝတီလည်းတန်းဆင်းရရော ဆိုရင် ဘယ်လိုလုပ်ကြမလဲဗျို.
နောက်တစ်ခုက ကစားသမားများ သေချာပါတယ် သူတို.ကစားနေတာ ဒါသူတို.အရည်အချင်းကုန်မဟုတ်ပါဘူး သူတို.ကစားခဲ့တဲ့ပွဲတွေမှာ ရှုံးသင်.လို. ရှုံးတဲ့ အသင်းတွေ ပါသလို နိုင်ရမယ်.အသင်းတွေကျတော.လည်း မနိုင်ပြန်ပါဘူး ။ နည်းပြကတော. သူညံ.တယ် ၀န်ခံပေမယ်. ဘယ်ကစားသမားတစ်ယောက်ဆီကမှတော. ဒီလိုဝန်ခံမှုမျိုးမကြားရသေးပါဘူး ။ ဒါဆို မညံ.တဲ့ကြားထဲက ရှုံးတယ်ဆိုရင်တော. တမင်ရှုံးအောင်ကန်နေကြတာလား ၊ နိုင်ချင်စိတ်မရှိတာလား ဒါဘာကြောင်.လဲ ဆိုတာမေးမြန်းလေ.လာရပါတော.မယ် ။
ပိုင်ရှင်တွေကရော ဒီအရှုံးကို သိပ်စိတ်မ၀င်စားလို. ဒိတိုင်းကြည်.နေကြတာလား ဒါမှမဟုတ် ရှုံးမှန်း နိုင်မှန်း ကိုမသိတာလား ဗျာ ။ ဒိနေရာမှာ ဒေါက်တာစိုင်း သူ.အသင်းရှုံးနိမ်.သွားခဲ့တော.နောင်ရာသီ ဘယ်ဘိုပြန်ကိုင်တွယ်တယ်ဆိုတာလေး ပြန်တွေးမိရင်း ကျုပ်တို.အသင်းပိုင်ရှင်တွေ ဘာလုပ်နေပါလမ်.လို.တွေးမိသလို ဘာမှမလုပ်တတ်တာလားလို.လည်း သံသယဖြစ်မိပါတယ် ။ တစ်ခုတော.လည်း ရှိပါတယ် သူတို.က ဟံသာဝတီအသင်းပိုင်ရှင်ကိုများ အားကျနေတာလား မသိပါဘူး ။ ခုခောတ်လို ပွင်.လင်းလွတ်လပ်မှု ကို ဦးစားပေးနေချိန်မှာ ကျုပ်တို.အသင်းကတော. ခောတ်ဟောင်းမှာ ကျန်နေဆဲပါ ။ ခုဆို ပိုင်ရှင် ဘယ်နှစ်ယောက်က ဆက်လက်ကိုင်တွယ်နေတယ် ၊ ဘယ်နှစ်ယောက်ကတော. နာမည်ပါရုံသက်သက် ဘယ်နှစ်ယောက်ကတော. မလွဲမရှောင်သာ ပါနေ၇တာ ဘယ်နှစ်ယောက်ကတော. ဘာအကြောင်းကြောင်. ပါနေ၇တာ ဆိုတာတွေ တစ်ခါမှ မဖတ်မိပါဘူးဗျာ ။
အိမ်ကွင်းဆိုတာလည်း မလေးရှားလေယာဉ်ကြီးသာ အကောင်းအတိုင်း ခုချက်ခြင်း ပြန်တွေ.ရင်တွေ.မယ် အိမ်ကွင်းဒီရာသီ ဖြစ်ဖို.ကတော. အိမ်မက်ပမာ မရေရာပါပဲဗျာ ။ ဒါနဲ.ပတ်သက်လို.လည်း ဘယ်သူ.ကိုမှ ဂရုစိုက်စရာ မလိုလို.ထင်ပါရဲ. ဘာပြောသံမှကို မကြားရပါဘူး ။ပြောသာပြောနေရတာပါ ကျုပ်တို.အသင်းက မရှက်တတ်သူများနဲ. ဖွဲ.စည်းထားတာမို. ထင်ပါရဲ. ဘယ်လိုမှတောင်မနေပါဘူးဗျာ ။
ဟု သုံးသပ်ထားသည်ကိုတွေ.ရသည် ။

တစ်ချိန်တုန်းက ဧရာဝတီ နှင်. သူ၏ ပရိသတ် ( Photo by Ayeyawady United FC )

ထို.အပြင်ကိုယ်ပိုင် Status များတွင်လည်း  ...ဒို့ဧရာဝတီယူနိုက်တက်ကအနိုင်မကန်တတ်တော့ဘူးလားa,,ပွဲတိုင်းသရေဆိုတော့၎တာပေါ့.....  ဧရာဝတီ ဘာတွေ ဖြစ်နေတာလဲကွာ။ုးဒုတိယနေရာတောင်ရောက်ဘူးပြီးကာမှာ ဘာတွေဖြစ်ကုန်တာလဲကွာ.....ဆိုသောညီးညူသံများလည်း တွေ.နေရသည် ။

အသင်း Official Page ၏ Comment များတွင်လည်း 
ဦးဆန်းဝင်းကိုထုတ်လိုက်ပါဗျာ အသင်းကြီးကတန်းဆင်းဇုန်ထဲမှာရုန်းကန်နေရတယ် မဖြစ်သင့်တဲ့အခြေအနေဖြစ်နေတယ်......... ချင်းကိုတောင်မနိုင်တော့ဘူးလား တန်ဆင်းနေရရင်အရှက်ကွဲတော့မှာပဲနော်........ မင်းတို့ကောင်တွေငွေလိမ်ယူနေတာ ..... Get out u san win...... ဆန်းဝင်း get out ..... နဂိုတုန်းကရှုံးပွဲမရှီစံချိန်အခုတော့နှိင်ပွဲမရှီစံချိန်တင်တော့မယ်...... Zaw Zaw oo,Aung Kyaw myo,Nay lin Aung တို.ကိုဘာလို.မသုံးတာလဲ။ဒီတိုင်းသာဆက်သွား၇င်ဧရာဝတီကတန်းဆင်းရတော့မယ်ထင်ပါတယ်........ဦးဆန်းဝင်းကိုထုတ်မှကောင်းသွားမှာ.....တန်းဆင်းနားကပ်နေတယ်ကွာ တို့မျော်လင့်ချက်က ဘာလဲ တချိန်တုန်း delta ဆိုတာ..... ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်ကွင်းကန်ရခါနီးမှ တန်းဆင်းပီး အိမ်ရှင် ပရိတ်သက်ကို ကျေးဇူးဆပ်ဖို့တော့မလုပ်ပါနဲ့.............ပရိတ်သတ်တွေအတွက်ရောဧရာဝတီတိုင်းသားများအတွက်အနိုင်ကန်ပေးကြပါဗျို့,........If Kim Sung Min doesnt fit for the team, why did u buy the player with such big salary, waste of money and waste of foreign player, Aufc played with only 3 foreigners while other big teams with 4!!!!!......
.စသဖြင်. ရေးသားထားကြတာကိုတွေ.နေရပါတယ် ။

ယခု ရာသီ သူ၏ ပ၇ိသတ် ( Photo by Red Waves )
ပွဲကစားပုံတွေ ရေးနေလေ.ရှိတဲ့ Zawmin Lwin ရဲ. ချင်းနဲ.ကစားတဲ့ပွဲ ရေးသားတင်ဆက်မှုမှာ...
ကိုယ်.ကစားသမားတွေထက် ချင်းကစားသမားတွေက နိုင်လိုစိတ် ပိုပြင်းပြ နေသလို ခံစားရပါတယ် ။ ဒါနဲ.ပတ်သက်လို. ဧရာဝတီ ကစားသမားတွေ အနေနဲ. ကွင်းပြင်ပ ပြဿအချို.၇ှိနေတယ်လို. ကြားရပြီး ပရိသတ်အနေနဲ.ကတော. အခြားကိစ္စရပ်တွေကို ကွင်းတွင်း Performance တွေအပေါ် မသက်ရောက်စေပဲ အခြားသင်.တော်တဲ့ နည်းလမ်းနဲ.သာ ရှင်းစေချင်တဲ့ ဆန္ဒရှိပါတယ် ။ ကစားသမားဆိုတာ မည်သည်.အကြောင်းကြောင်. Performance ကျဆင်းလာသည်ဖြစ်စေ ဒါဟာကိုယ်.အနာဂတ်အပေါ် တစ်နည်းတစ်ဖုံ သက်ရောက်ခံရတတ်တဲ့သဘော ရှိပါတယ် ။   ဆိုတဲ့ အရေးအသား တစ်ခုတွေ.ရပါတယ် ။

ခုလက်ရှိ အခြေအနေတွေနဲ. ပတ်သက်လို. အသင်းရဲ. တရားဝင်စာမျက်နှာကနေ နိုင်ပွဲတွေ ပြန်ရဖို. ဘာတွေလိုအပ်မလဲဆိုပြီး အောက်ပါ အချက်၅ ချက်ကိုမေးမြန်းပြီး ပရိသတ်တွေရဲ. သဘောထား ရယူခဲ့ပါတယ် ။

ဧရာဝတီ နှင်. ချင်းယူနိုက်တက် ပွဲ လာရောက်ကြည်.ရှုသော အသင်းပိုင်ရျင်အချို. ( Photo by Red Waves )

(၁) နည်းပြချုပ် ပြောင်းလဲမှ ဖြစ်မယ်။

(၂) အသင်းရဲ့ ကစားကွက်၊ လူထုတ်ပုံ၊ နည်းဗျူဟာ ပြောင်းမှ ဖြစ်မယ်။

(၃) ကစားသမားတွေရဲ့ စိတ်ဓာတ်၊ ကြိုးစားအားထုတ်မှုတွေ လျော့နည်းနေလို့ ပြင်မှ ဖြစ်မယ်။

(၄) အသင်းရဲ့ အုပ်ချုပ်မှုအဖွဲ့ဝင်တွေ အလုပ်ပိုလုပ်ဖို့ လိုတယ်။

(၅) အသင်းပိုင်ရှင်တွေ အသင်းကို ဒီ့ထက် ပိုပြီး ကြီးကြပ် ဖို့ လိုတယ်။

ဒါနဲ.ပတ်သက်လို. အကြံပြု ဆွေးနွေးကြရာမှာ (၁) ကိုပြင်ဆင်လိုက်နိုင်ရင် (၂) ကအလိုလိုလိုက်ပါပြောင်းလဲသွားနိုင်ပါမည်။ ... (၃) အချက်ကလဲ သေချာစနစ်တကျနဲ့ညွှန်ကြားပြသအုပ်ချုပ်တတ်တဲ့ နည်းပြဆရာမျိုးကနေပြီး ဦးဆောင် ပြသသင်ပြလိုက်ပြီး ကစားသမားများဘက်မှလဲ နားလည်လက်ခံလိုစိတ်ရှိစွာဖြင့် မိမိကိုယ်ကို ပြင်ဆင်မှုများပြုလုပ်ပြီး ပြောင်းလဲ လျှင် ဖြစ်လာနိုင်ပါတယ် ...(၄) အသင်းရဲ့စီမံခန့်ခွဲ ရေးအပိုင်းလုပ်ဆောင်နေသူ အားလုံး က အလေးအနက်ထားပြီး အမြဲတမ်းသေချာ စိတ်ပါလက်ပါ ပို လုပ်ဖို့လိုကိုလိုပါသည်။ ... (၅) အသင်းပိုင်ရှင်တွေ အနေနဲ့လဲ အသင်းအပေါ် စိတ်ပါလက်ပါ နဲ့ အမြဲတစေ လုပ်နေဖို့လဲလိုပါတယ် ... အချုပ်ပြောရသော အားလုံးလိုအပ်ပါတယ် .....  လို. တစ်ယောက်က အကြံပြုထားပြီး
အကုန်လုံးပြင်ရမှာပါ လို.ပြောတဲ့သူတွေ ရှိသလို  လို.ဖြေတဲ့သူ... အကုန်မပြင်နိုင်ရင်တောင် ၁နဲ့ ၅ အဓိကပြင်ရမယ် ဆိုတဲ့သူ .... ပြောရမယ်ဆိုရင်တော.သိက္ခာရှိသော ဘောလုံးအသင်းစစ်စစ် ဖြစ်ဖို. .... ၃/၅ တို.ရဲ.စိတ်ဓါတ်ပြင်ရမှာပါ... ၄ ကတော. အရှိအတိုင်း သက်ဆိုင်သူတွေ သိနေဖို. အားထည်.ရပါမယ် ....၁ နဲ. ၂ ကတော. မကျွမ်းကျင်တဲ့အပိုင်းမို.မဆွေးနွေးလိုပါ ဆိုတဲ့သူ လည်းရှိပြီး (၆) မိမိ ကိုယ် ကို ကောင်း အောင် ပြုပြင် ဖို့ လိုမယ် ဆိုတဲ့သူလည်း ရှိပါတယ် ။ တစ်ယောက်ကတော. ဘာတွေလိုအပ်လဲပြင်သင့်လဲဆိုတာအဓိကလုပ်ဆောင်နေတဲ့သူတွေသာအသိဆုံးဖြစ်မှာပါ..ဘောလုံးပွဲတောင်တစ်ခါမှလာမကြည့်ဘဲနဲ့ရလဒ်လေးတစ်ခုတည်းကြည့်ပြီးတော့ဝေဖန်အပြစ်တင်နေတဲ့သူတွေဆီကအကြံဥာဏ်တွေတောင်းနေလဲအပိုပဲ.. လို.ရေးထားတာလဲတွေ.ပါတယ် ။

နည်းပြချုပ်၏ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ခု ( Photo by Red Waves )
အဲ့ဒိတော. ဒီတစ်ခုလုံးခြုံကြည်.လိုက်ရင် ပြင်ဖို. လိုပြီဆိုတာ အားလုံးလက်ခံကြတယ် ။
နည်းပြကို ပြောင်းစေချင်သူများတယ်။
ကစားသမား နဲ. ပိုင်ရှင်တွေကိုလည်း ခုထက်ပို အားထည်.စေချင်တယ်လို. ယေဘူယျ သုံးသပ်ရရှိပါတယ်ဗျာ ။အားလုံးတူညီတာတစ်ခုကတော. ပ၇ိသတ် နဲ. ပတ်သက်လို. ဘာမှပြောရလောက်အောင် မဝေဖန်ခဲ့ကြတာပါပဲ ။

ဧရာဝတီ ပြန်လာနိုင်ပါစေ ။



No comments:

Post a Comment