Monday, March 17, 2014

Ayeyawady United FC Vs Chin United ( 16 - 3- 2014 Aungsan Stadium )


ယနေ.ညနေ ( ၁၆ ရက် ၃ လ ၂၀၁၄ ) က အောင်ဆန်းကွင်းတွင် ဧရာဝတီ ယူနိုက်တက် နှင်. ချင်း ယူနိုက်တက် တို. ယှဉ်ပြိုင်ကစားခဲ့ပါတယ် ။

၃ပွဲဆက် အ၀ါကြောင်. ယခုပွဲ အနားယူခဲ့ရသည်. အသင်းခေါင်းဆောင် မင်းမင်းသူ ( အပေါ်ဆုံး မှ )
ဧရာဝတီ ၏ ပွဲထွက် လူစာရင်းမှာ များစွာအပြောင်းအလဲမရှိလှပဲ ဂိုးသမားအဖြစ် ချမ်းငြိမ်း ကျော်က တာဝန်ယူခဲ့ပါတယ် ။ ပွဲစတာနဲ. ချင်းယူနိုက်တက် ကစားအားမှာ ချီးကျုးစရာကောင်းလှပါတယ်။ချင်းပရိသတ်၏ တက်ကြွသော အားပေးမှုများ နှင်.အတူ လျှင်လျှင်မြန်မြန် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ကြတာပါ။ ၁၀ မိနစ်ခန်.အထိ ချင်းတို. ကစားကွက်အောက် ဧရာဝတီ တစ်ချက် တစ်ချက်သာ တန်ပြန်ထိုးဖောက်နိုင်ခဲ့ပါတယ် ။ ၁၂မိနစ်မှာ တစ်ဖက်ဂိုးဧရိယာအတွင်းမှာ ဧရာဝတီ ကစားသမားတွန်းလှဲဖျက်ထုတ်ခံခဲ့ရပေမယ်. ကွင်းလယ်ဒိုင် ဦးဝင်းချိုရဲ. လျစ်လျှု ရှုမှုကို ခံခဲ့ရပါတယ် ၁၃ မိနစ်မှာတော. ဧရာဂိုးသမား ပုတ်ထုတ်လိုက်တဲ့ အလုံးကို ချင်း ယူနိုက်တက်ရဲ. ကစားသမား ကျောနံပါတ် ၉ Keith Martu Nah ကသွင်းယူသွားခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာ ဧရာနောက်တန်း ကစားသမားတစ်ယောက်မှ မရှိပဲ တစ်ဖက်ကစားသမား ၂ယောက်နဲ. ကိုယ်.ဂိုးသမားတစ်ယောက် တည်း ရှိနေခဲ့တာပါ ။

အဖွင်.ဂိုးသွင်းအပြီး အောင်ပွဲခံ ချင်းယူနိုက်တက် ကစားသမားများ
၁၆မိနစ်မှာ ကန်ခွင်.ရတဲ့ထောင်.ကန်ဘော အတော်လေး ကောင်းခဲ့ပေမယ်. ခေါင်းတိုက်ဖျက်ထုတ်ခံလိုက်ရပါတယ် ။  ၁၈မိနစ်မှာ ဂိုးရှေ.ကို တင်ပေးလိုက်တဲ့ အလုံး ကို နံပါတ် ၃၃ ခေါင်းတိုက်ခွင်.ရခဲ့ပေမယ်. ဂိုးလွန်ဘော ဖြစ်သွားပါတယ် ။ ၂၄မိနစ်မှာတော. ဧရာဝတီ အတွက် ချေပဂိုး ကို ထောင်.ကန်ဘောကနေတစ်ဆင်. ဆာဆာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ် ။ ဒိနေ.ပွဲမှာ အထူးသွက်လက် မြန်ဆန်စွာ နဲ. ထိထိရောက်ရောက် ကစားနိုင်တဲ့ ချင်းကစားသမားကတော. နံပါတ် ၉ Keith Martu Nah ဖြစ်ပြီး နံပါတ် ၁၀ Ram Hlei Ceu လည်း သတိထား၇မယ်. ကစားသမားပါ ။

ဧရာဝတီ ချေပဂိုး သွင်းအပြီး
၂၇မိနစ်မှာတော. နန္ဒ တစ်ဖက်အသင်း ကွင်းတစ်ဝက်ကနေ အပြင်းကန်သွင်းခဲ့တာကို ချင်းဂိုးသမား အရင်ပုတ်ပြီးမှ ၂ဆင်.ဖမ်းယူလိုက်ရပါတယ် ။ ၃၁ မိနစ်မှာ ချင်းရှေ.တန်းရဲ. အနီးကပ် ထိုးဖောက်နေမှုတွေကို ဧရာနောက်တန်းက သေသေသပ်သပ် ရှင်းမထုတ်နိုင်ဘူးဖြစ်နေခဲ့ပါတယ် ။ အဲ့ဒီကနေ Counter ထွက်လာတဲ့ဘောလုံး ကိုချင်းဘက်က ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခဲ့တာမို. အ၀ါကဒ် အပြခံခဲ့ရပါတယ် ။ ၃၄ မိနစ်မှာ ချင်းအသင်းက တရစပ် တိုက်စစ်ဆင်လာပြီး  တစ်ဖက်ရှေ.တန်းကစားသမား တစ်ဦးနဲ.ယှဉ်လုရင်း ဇော်ဇော်ဦး ဒါဏ်ရာရလို. လဲသွားတာကို ဒိုင်ကဆက်လက်ကန်ခွင်.ပြုထားခဲ့ပါတယ် ။ ဒီဒါဏ်ရာကြောင်. ဇော်ဇော်ဦးကို မိုးဝင်းနဲ. လူစားလဲခဲ့ရပါတယ် ။ ၃၈ မိနစ်မှာတော.ချင်းအသင်း နံပါတ် ၉ ကပဲ ဒုတိယဂိုးသွင်းယူသွားခဲ့ပါတယ်


ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာပဲ ဒီနှစ်မှာ သွင်းဂိုးတွေ များလာတဲ့ နန္ဒလင်းကျော်ချစ်ကနေ ၄၆မိနစ်မှာ ချေပဂိုးသွင်းယူပေးခဲ့တာကြောင်. ၂-၂ ဖြစ်လာခဲ့ပါတယ် ။ ဒါပေမယ်.လည်း နောက်ပိုင်းကစားရင်း ကိုယ်.ကစားသမားတွေထက် ချင်းကစားသမားတွေက နိုင်လိုစိတ် ပိုပြင်းပြ နေသလို ခံစားရပါတယ် ။ ဒါနဲ.ပတ်သက်လို. ဧရာဝတီ ကစားသမားတွေ အနေနဲ. ကွင်းပြင်ပ ပြဿအချို.၇ှိနေတယ်လို. ကြားရပြီး ပရိသတ်အနေနဲ.ကတော.  အခြားကိစ္စရပ်တွေကို ကွင်းတွင်း Performance တွေအပေါ် မသက်ရောက်စေပဲ အခြားသင်.တော်တဲ့ နည်းလမ်းနဲ.သာ ရှင်းစေချင်တဲ့ ဆန္ဒရှိပါတယ် ။ ကစားသမားဆိုတာ မည်သည်.အကြောင်းကြောင်.  Performance ကျဆင်းလာသည်ဖြစ်စေ ဒါဟာကိုယ်.အနာဂတ်အပေါ် တစ်နည်းတစ်ဖုံ သက်ရောက်ခံရတတ်တဲ့သဘော ရှိပါတယ်


နိုင်ငံခြားသား၏ လှည်.ဖြားမှုအောက် ကျရောက်သွားရရှိသော သူတစ်ဦး
၆၄မိနစ်မှာတော. ကွင်းလယ်ဒိုင်လူကြီး ဦးဝင်းချို ၊ စည်းကြပ်ဒိုင် တွေဖြစ်တဲ့ ဦးချစ်မိုးအေး ၊ ဦးကျော်စိုးတို.ရဲ. အရည်အသွေး ကိုဆန်းစစ်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ် ။ ချင်းယူနိုက်တက် ဘက်ကိုထိုးဖောက်ရင်း ဘောလုံးယှဉ်လုတော. ချင်းကစားသမား နံပါတ် ၆ Zeibi ကလဲကျသွားရာက ဘောလုံးကိုပေါင်နဲ.ညှပ်ထားလိုက်ပါတယ် ။ အဲ့ဒိဘောလုံးက ဧရာဝတီ အရံထိုင်ခုံရှေ.နား ဘေးစည်းကိုကျော်ပြီး အပြင်ရောက်နေပါပြီ ။ ဒါကို ဘောလုံးကိုပေါင်နဲ.ဆက်ညှပ်ထားပြီး မထတော.ပါဘူး ။ ဒါနဲ. နန္ဒလင်းကျော်ချစ်က အဲ့ဒီဘောလုံးကိုသွားကောက်ပါတယ် ။ အဲ့ဒါကို Zeibi က မပေးပဲဆက်ညှပ်ထားပါတယ် ။ ဒါနဲ. နန္ဒက လူကိုမထိပဲ ဘောလုံးပဲ ဆွဲထုတ်လိုက်ပါတယ် ။ ဒါပရိသတ်တွေ အနီးကပ်မြင်နေရတာပါ (အောင်ဆန်းကွင်းကြည်.ဖူးသူတွေ သိပါတယ် အထူးတန်းပွဲကြည်.စင် နဲ. ကွင်းနဲ.ဘယ်လောက်နီးတယ်ဆိုတာ ) ။ ဒါကို ဒိုင် ဘယ်လို ဆုံးဖြတ်မယ် ထင်ပါသလဲ ။ နန္ဒကို အ၀ါကဒ်ပြလိုက်ပါတယ် ။ မျက်စိလယ်သွားမယ်ထင်ပါ၇ဲ. ။ ဘာကြောင်.လဲဆိုတော. အဲ့ဒီ Zeibi ကသူ.ပေါင်ကြားက ဘောလုံး လက်နဲ.ယူသွားတာကို ထအော်ပြီး လူးလှိမ်.ထွက်သွားပါတယ် ( တကယ်က အဲ့ဒီ Zeibi ဆိုတာက ရာသီအစက ဧရာဝတီမှာ ခြေစွမ်းလာ အစမ်း သပ်ခံခဲ့ ပြီး ဧရာဝတီကကျွေးတဲ့ ထမင်းစားသွားခဲ့ဖူးသူပါ )  ပ၇ိသတ်တွေရဲ. တခဲနက် မေတ္တာပို.သံဆိုတာ ဆူညံသွားတာပါပဲ ။ တကယ်က ဒိုင်လူကြီးကို သနားရမှာပါ။  မြန်မာပြည်က ဒိုင်လူကြီး နိုင်ငံခြားသားက ဒိလောက် လွယ်လွယ်လေး လိမ်တာတောင် အလိမ်ခံရရှာတယ်လို. ။


သက်ဆိုင်သူတို. မည်သို.ပင်ရှင်းပြသော်ငြား
ပွဲပြီးကာနီး ၈၇ မိနစ်မှာ ဂိုးေ၇ှ.မှာ အနီးကပ် တစ်ယောက်တည်းပိတ်သွင်းခွင်.ကို ဆာဆာ ဖြုန်းတီးပစ်လိုက်တဲ့ နောက်မှာတော. အချိန်ပို ၃မိနစ်အပြီးမှာ ၂-၂ နဲ.ပဲ သရေဖြစ်သွားခဲ့ပါတယ် ။ စိုး၇ိမ်ရတဲ့ အခြေအနေ တစ်ခုတော.ရောက်လာပါပြီ ။ တစ်ခုရှိတာက MNL မှာ ဖလားမရတော.မယ်. အတူတူတော. ပိုသေချာမယ်. League 2 မှာ ဖလားဆင်းယူဖို.များကြံစည်နေကြသလားပါပဲ ။ သို.သော်လည်း ဒီရက်ပိုင်းများ ထူးခြားတဲ့ သတင်းလေးကြားရမလားဆိုတဲ့ မျှော်လင်.ချက်လေးကြောင်. စောင်.တော.ကြည်.ရပါလိမ်.မယ် ။ ဒိနေ.ပွဲမှာ စည်စည်ကားကား တက်တက်ကြွကြွ နဲ. လာရောက်အားပေးကြတဲ့ ချင်းအသင်းပရိသတ် နဲ. ဒီလိုလာရောက်နိုင်စေဖို. အားထုတ်ပေးကြသူတွေကိုတော. အသိအမှတ်ပြုရပါမယ် ။


တက်ကြွစွာ လာရောက်အားပေးသော ချင်းဘောလုံးအသင်းပရိသတ်


ချင်းဘောလုံးအသင်း ပရိသတ်များ၏ ကား
ချင်းဘောလုံးအသင်း ကား
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော. ဧရာဝတီ နည်းပြချုပ် ဦးဆန်းဝင်းက … အသင်းကနိုင်ပွဲပျောက်ဆုံးရုံတင် မဟုတ်ပဲ အသင်းသားတွေ ကပါ ယုံကြည်မှုပျောက်ဆုံးနေတာ တွေ.ရကြောင်း media သမားတစ်ယောက်ရဲ. အမေးကို ဟုတ်မှန်ကြောင်း ၊ ကံလည်းမကောင်းကြောင်း ၊ ဒီလောက်ဆိုးဆိုးဝါးဝါး ကံဆိုးတာ မကြုံဘူးကြောင်း နဲ. အခြားမေးခွန်း တစ်ခုကိုတော. ပြိုင်ပွဲအပြီးမှာအကောင်းဆုံးအဆင်.တစ်ခုတော.၇နိုင်အောင်ကြိုးစားတာပါလို.ဖြေခဲ့ပြီး နောက်မေးခွန်းတစ်ခုကိုတော. နာတဲ့ ကစားသမားနဲ. ပွဲပယ်ကစားသမားက လွဲရင် ကျန်တာတွေ ထည်.ကစားကြောင်း ၊ မိုးဝင်းဆိုရင် ဒီနေ. နာနေလျှက်နဲ. ထည်.ကစား၇ကြောင်းတွေ ဖြေသွားခဲ့ပါတယ် ။



ရာသီမတိုင်ခင် အကြီးအကျယ်ပြုပြင် ပြောင်းလဲ ပြင်ဆင် ခဲ့တဲ့ ကမ္ဘောဇ အသင်းဟာလည်း မထင်တဲ့ ရလဒ်တွေ ရနေသလို သူလိုပြင်ဆင်ခဲ့ပြီး ရာသီကြို ခြေစမ်းပွဲတွေမှာ ရလဒ်တွေ အထူးကောင်းမွန်ခဲ့တဲ့ ဧရာဝင်္တီ အသင်းဟာလည်း  ခုတော.  …..

No comments:

Post a Comment