Wednesday, March 12, 2014

မြို.လေးဆီက ဘက်စုံသုံး ခန်းမ (သို.) ရွှေခယ်သီရိ အားကစားခန်းမ


 မြို.လေး၏ အနောက်ပိုင်း ဘက် - အထက ၁ အနီး မင်းပိုင်းရပ်ကွက် မြူရုံးလမ်းနှင်. စာတိုက်လမ်းထောင်.တွင် မြို.မှလူများက ခန်းမ ဟုခေါ်ကြသော အဆောက်အဦး တစ်ခု ရှိပါသည် ။ သူ၏ တရားဝင်အမည်မှာ စတင်တည်ဆောက်စဉ်က ပြည်သူ.ခန်းမ ဟုသတ်မှတ်ခေါ်ဝေါ်ခဲ့ကြပြီး ပြီးခဲ့သော ခောတ်တစ်ခုကမူ မြို.နယ်ခန်းမ ဟု သတ်မှတ်ခဲ့ကြကာ ယခုသူ၏ တရားဝင်နာမည်မှာ ရွှေခယ်သီရိ အားကစားခန်းမဟူ၍ဖြစ်သည် ။ သို.သော် မြို.လေးရှိ ဟိုးးးယခင်က လူများရော ယခုလူများပါ ရင်းနှီးသော နာမည်ကတော. ခန်းမ ဟူ၍သာ ။


ထိုအဆောက်အဦးကို တောင်သူလယ်သမား ကြီးများ၏ ထည်.၀င်ငွေ ( ၆၃၂၈၁၁ ကျပ် ၂၄ ပြား ) ဖြင်. ၁၉၇၇ ခုနှစ် ဇန်န၀ါရီ လ ၁ ရက် နေ. တွင် စတင် အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည် ။ ၁၉၇၇ မတ်လ ၅ ရက် နေ.တွင် အုတ်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပြီး မေလ ၁၁ ရက်နေ.တွင် တိုင်ထူခဲ့သည် ။နိုဝင်ဘာ ၁၁ ရက် နေ.တွင် အားလုံးပြီးစီးခဲ့ကာ ၄င်းနေ.တွင်ပင် ထိုစဉ်က တိုင်းပြည်သူ.ကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်မှုးကြီး ဧးခိုင် တက်ရောက်ဖွင်.လှစ်ပေးခဲ့သော အဆောက်အဦးဖြစ်သည် ။


ထို အဆောက်အဦးသည် အလျှား ၁၉၃ ပေ အနံ ပေ ၈၀ အမြင်.ပေ ၂၀ ရှိ အဆောက်အဦးဖြစ်ပြီး ခန်းမအတွင်းရှိ စင်မြင်.အကျယ်မှာ ၄၅ ပေရှိသည် ။ အစည်းအဝေး ကျင်းပနိုင်သည်. ခန်းမ အကျယ်မှာ ပေ ၁၄၀ ရှိသည် ။ အ၀င် အပေါ်တွင် လှေကား ၂ ဖက်တပ် ထပ်ခိုး တစ်ခု( ယခုတော. တက်စရာလှေကား တစ်ဖက်သာရှိပါတော.သည် ) ပါရှိသည် ။ အုတ်ကာ ၊ အုတ်ခင်း ၊ သွပ်မိုး အဆောက်အဦးဖြစ်သည် ။


ဆိုရှယ်လစ်ခောတ် တစ်ခုလုံး ထိုအဆောက်အဦးတွင် ပါတီ/ကောင်စီ အစည်းအဝေးများ ၊ သင်တန်းများ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင်.တွေ.ဆုံပွဲများ ကျင်းပသကဲ့သို. အစောဆုံး ဗီဒီယို ခောတ်ဦးကာလ က ရန်ပုံငွေ ဗီဒီယိုပြပွဲများ ( ထိုစဉ်က ၁၄ လက်မ လား ၂၁ လက်မ လားမမှတ်မိတော.သည် TV ကို ရှေ.တွင်ထား၍ ခန်းမ အပြည်.နီးပါး  ၀ိုင်းကြည်.ကြရ ခြင်းဖြစ်ပြီး ဂျက်ကီချန်းကား ၊ တရုတ်သိုင်းကားများ ပြသခြင်းကိုတော. မှတ်မိသည် ) ၊ ဇာတ်ပွဲများ ၊ Stage Show များ (  ၁၉၈၇ ဖေဖော်ဝါရီ ၂၈ နှင်. မတ် ၁၁ တွင်မြို.နယ်ပညာရေးရန်ပုံငွေအလှုပွဲ အဖြစ် ဇာတိဖွား ဂီတမှုး စန္ဒယား လှထွတ် ၏ ဂိတဉ္စလီ တေးဂိတအဖွဲ.နှင်. မာမာအေး ၊ ကိုင်ဇာ ၊ ဂျေမောင်မောင် ၊ ဂျေညီညီ ၊ ဇော်ဝင်းထွဋ် ၊ ၀ါးခယ်မ ရဲမောင် ၊ ၀ါးခယ်မ ကြိုင်သင်း ၊ ရွှေခယ်ကြည်လွင် ၊ ယဉ်ယဉ်အေး ၊ မေရွက်ဝါ ၊ မေသက်ဝါ ၊ မေခလာ ၊ ရန်ပိုင်စိုး ၊ မောင်လှမော် ၊ ဒါရိုက်တာဟိန်းစိုး ၊ ထား ၊ချိုဝေလွင် ၊ နောင်နောင် ဆန်းဖလားဝါး စသည်ဖြင်.  ဇာတိဖွားနှင်. အနွယ်တော် အများစု ပါဝင်သော တေးဂီတပွဲ နှင်. ၂၂ / ၂၃ - ၁ - ၈၈ နေ.တွင် ကျင်းပသော     ဂီတမှုး စန္ဒယား လှထွတ် ၏ ဂိတဉ္စလီ တေးဂိတအဖွဲ.နှင်.    ကိုင်ဇာ ၊ ဂျေမောင်မောင် ၊ ဂျေညီညီ ၊ ဇော်ဝင်းထွဋ် ၊ ၀ါးခယ်မ ရဲမောင် ၊မာမာအေး ၊ မေရွက်ဝါ ၊မေသက်ဝါ ၊ ယဉ်ယဉ်အေး ဧည်.သည်တော်  ဇော်ဝင်းရှိန် ၊ ထွန်းထွန်းဝင်း ၊မေခလာ ၊ ခိုင်ခင်ဦး ၊ထား ၊ချိုဝေလွင် ၊လင်ဒါဧ ၊ ပိုးအိစံ ၊လီလီ တို.၏ ဒုတိယအကြိမ် ၀ါးခယ်မ နွယ်ဖွား အနုပညာရှင်များနှင်. အပေါင်းအသင်းများ၏ ဂီတပွဲတော် အပါအ၀င် ……..) ကျင်းပခဲ့သည် ။

ဝါဆိုခြင်းပွဲတော် ကျင်းပ နေစဉ်
၁၉၈၈ နောက်ပိုင်းကာလ တစ်ခုတွင်တော. မြို.နယ် ခန်းမအဖြစ်နှင်. နိုင်ငံတော် အဆင်. တာဝန်ရှိသူများနှင်. တွေ.ဆုံရာနေရာ ၊ Stage Show များ ၊ ကဇာတ်များ ၊ တုတ်ထိုးရုပ်သေးပွဲများ ၊ လက်ဝှေ.ပွဲများ ၊ အငြိမ်.ပွဲများ ကျင်းပပြုလုပ်ခဲ့သလို မြို.နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး ( ၁၉၉၀ ရွေးကောက်ပွဲ ) အဖြစ်လည်းတာဝန်များထမ်းဆောင်ခဲ့ရပါ သည် ။

စာပေဟောပြောပွဲ တစ်ခုကျင်းပနေစဉ်
လက်ရှိ ဘ၀သို. ပြောင်းလဲလာရခြင်းမှာ ထိုစဉ်က မြို.နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ. အစီအစဉ်ဖြင်.    ၀ါးခယ်မမြို.နယ် အတွင်း ငါးပုံဆန်စက် ပိုင်ရှင်များ၏ ထည်.၀င်ငွေဖြင်. လိုအပ်သည်များ ပြုပြင်တည်ဆောက် ကာ ၁၉၉၄ နိုဝင်ဘာ ၆ ရက်နေ. တွင် ရွှေခယ်သီရိ အားကစားခန်းမအဖြစ်    မြန်မာနိုင်ငံ အားကစားနှင်. ကာယပညာ ဦးစီးဌာန သို. လွှဲပြောင်းပေးအပ် ခံခဲ့ရခြင်းဖြစ်ပါသည် ။

အခမဲ့ မျက်စိစမ်းသပ် ကုသမှု တစ်ခု ပြုလုပ်နေစဉ်
လက်ရှိ အားကစားခန်းမ ခောတ်တွင် ၀ိုင်းခြင်း ၊ ပိုက်ကျော်ခြင်း ၊ ကြက်တောင် စသည်တို.ပုံမှန်ကစားရာ အားကစားရုံအဖြစ်လည်းကောင်း ၊ ကျေးရွာ နှင်.မြို.နယ်အဆင်. ၊တိုင်းအဆင်. ဆိုင်ရာတွေ.ဆုံပွဲများ ၊ အခမဲ့ဆေးကုသခြင်းများ ၊ ရံဖန်ရံခါ ဖျော်ဖြေပွဲများ ၊ ၀ါဆိုခြင်းပွဲများ ၊ စာပေဟောပြောပွဲများ ကျင်းပရာနေရာအဖြစ် လည်းကောင်း မြို.နယ် အားကစားနှင်. ကာယပညာ ဦးစီးဌာန ရုံးအဖြစ် လည်းကောင်း ဆက်လက်အသုံးတော် ခံလျှက်ရှိပါသည် ။


Ref ,SRoTUoM Wakema Record & Golden Jubilee Magazine 

No comments:

Post a Comment