Saturday, March 8, 2014

Ayeyawady United FC Vs Naypyitaw FC ( 8 March 2014 - Aungsan Stadium )

By Ayeyawady United FC
ယနေ. ၂၀၁၄ မတ်လ ၈ ရက်နေ. ညနေ အောင်ဆန်းကွင်းတွင်ကစားခဲ့သော ဧရာဝတီ နှင်. ရတနာပုံတို. ပွဲမတိုင်မှီ မြန်မာ.အလင်း  ပွဲကြိုသုံးသပ်ချက်တွင် ဖိအားများနေသည်. ဧရာဝတီ အသင်း ထပ်မံရုန်းကန်ရမည်ဖြစ်ပြီး နေပြည်တော်မှာ ကစားပုံ တည်ငြိမ်ပြီး လေးပွဲဆက်နိုင်ထားသော အသင်း ဖြစ်သည် ။ ဧရာဝတီ အသင်း ၏ စုဖွဲ.မှု .. ကစားသမားများ အနေအထား .. ခြေစွမ်းပိုင်းမှာ အကောင်းဆုံး အနေအထား ရှိသော်လည်း အနိုင်ရလာဒ် ပျောက်ဆုံးဆဲ ဖြစ်သည် ။ ခြေစွမ်းပိုင်းအရ ကွာခြားမှု မရှိသော်လည်း အနိုင်ရရန် နေပြည်တော်ကပိုသာနေသည် .. ဟုရေးသားခဲ့သည် ။
ဧရာဝတီ Page တွင်မူ ဧရာဝတီ ပြန်လာနိုင်မည်လားဟု မေးခွန်းထုတ်ထားခဲ့ပါသည် ။ ဟုတ်ကဲ့ ဒီနေ.လည်း ဧရာဝတီ ပြန်မလာနိုင်ခဲ့ပါ

ဧရာဝတီ ပရိသတ် ( Photo by RED WAVES )
ယနေ.ပွဲတွင် ပ၇ိသတ် ကတော. အထိုက်အလျှောက် ရှိနေခဲ့ပြီး နေပြည်တော် ပ၇ိသတ်ကတော. ပိုမိုတက်ကြွ များပြားခဲ့သည် ဟုပြောရပါမည် ။ ယနေ.ပွဲ ဂိုးသမားအဖြစ်ကတော. နေပြည်တော် ကစားသမားဟောင်း နေလှိုင်က ဧရာဝတီ ဘက်မှနေ၍ သူ၏အသင်းဟောင်း ကို ဧည်.ခံကစားခဲ့ပါသည် ။
ပွဲစ၍ ၆ မိနစ်မှာပင် ဧရာဝတီ ဘက်သို.အဖွင်.ဂိုး အသွင်းခံလိုက်ရသည် ။၁၂မိနစ်ခန်.အရောက်တွင်လည်း မိမိကစားသမားများ ဖျက်ထုတ်ပုံမှားယွင်းမှု အကျိုးဆက် နောက်တစ်ဂိုးမဖြစ်ဖို. ဂိုးသမား အသည်းအသန် ဖမ်းလိုက်ရသည် ။ ၁မိနစ်ခန်.အကြာမှာပင် တစ်ဖက်ဂိုး အတွင်း မိမိတို. ကန်သွင်းလိုက်သော ဘောလုံး ပြန် အန်ထွက်လာသည်ကို ကစားသမားများ ရပ်ကြည်.နေခဲ့ကြသည်။ မိနစ် ၂၀ ခန်.အထိ နေပြည်တော်ကချည်းလိုလို တိုက်စစ်ကစားနေခဲ့ပါသည် ။ ၂၆မိနစ်တွင် ဧရာဝတီ ဂိုးရှေ.တွင် တစ်ဖက် ကစားသမား  အနီးကပ် ကန်သွင်.ခွင်.ရခဲ့သော်လည်း မိမိတို.ဖျက်ထုတ်နိုင်ခဲ့ပါသည် ။ ၂၈မိနစ်တွင်မူ ကစားပုံ အားရစရာ မရှိသည်. ကိုရီးယား ကစားသမားအစား နန္ဒလင်းကျော်ချစ် ကို လူစားထည်. ကစားခဲ့သည် ။နေပြည်တော်အနေဖြင်. ၃၂ မိနစ် ၃၄ မိနစ် တို.တွင် အနီးကပ်ပိတ်သွင်.ခွင်. ၂ကြိမ် ဆက်ရခဲ့သော်လည်း ဂိုးတော.မဖြစ်ခဲ့ပါ ။ ၃၇ မိနစ်ခန်.တွင် တင်ပေးလိုက်သော တစ်လုံးကို နန္ဒလင်းကျော်ချစ် ဆွဲပြေးကန်သွင်းခဲ့သော်လည်း နေပြည်တော်ဂိုးသမားညာဘက် မှကပ်၍ ဂိုးလွန်ဘောဖြစ်သွားခဲ့သည် ။  ၄၄မိနစ် ညာတောင်ပံမှ ဧရာဝတီ ဆွဲတက်လာစဉ် နေပြည်တော် ကစားသမား ကြမ်းတမ်စွာဖျက်ထုတ်မှု ၊ ၄၅ မိနစ်တွင် နေပြည်တော် ကစားသမား ဘောလုံးကို လက်နှင်.ထိမိမှု ၊ ၆၆မိနစ်တွင် ဥပဒေပြင်ပကျုးလွန်မှု ၊ ၇၄ မိနစ်တွင်ဧရာဝတီ ရှေ.တန်းကစားသမား စိုးကျော်ကျော်အားဥပဒေပြင်ပ ကြမ်းတမ်းစွာ ဖျက်ထုတ်မှု တို.အတွက်မူ ယနေ.ကွင်းလည်ဒိုင်အဖြစ် တာဝန်ယူသူ ဦးအောင်သူ၏ အကြင်နာတရားကြောင်. နေပြည်တော် ကစားသမားတို. မည်သည်.ပြစ်ဒါဏ် တစ်စုံတစ်ရာမှ မရရှိခဲ့ပေ ။

Photo by REDWAVES
အကြင်နာတရားနှင်.ပြည်စုံသော ထိုကွင်းလည်ဒိုင်ကား ဧရာဝတီ အသင်းအတွက်တော. စေတနာ အပြည်.ဖြင်. ပြစ်ဒါဏ်ဘောများ ၊ အ၀ါကဒ်များ စိတ်လိုလက်ရ ချီးမြှင်.ခဲ့သည် ။ ၁၈မိနစ်ခန်.တွင်သာမာန်ယှဉ်လုရာတွင် ဧရာဝတီကို အ၀ါတစ်ကဒ် ၊ ၅၉မိနစ်တွင် မည်သည်မှန်းကို မသိရပဲ ကွင်းလည်တွင် ပြစ်ဒါဏ်ဘော တို.အပါအ၀င် အ၀ါကဒ်အချို. ၊ ပြစ်ဒါဏ်ဘောအချို. ကိုရေရေရာရာ မရှိပဲ ပေးခဲ့ရသည် ။ ၆၂ မိနစ်တွင် နေပြည်တော် ဂိုးသမား၏ ဘယ်ဘက်သို.အပြင်း ကန်သွင်းခဲ့သော်လည်း ထောင်.ကန်ဘောသာ ရခဲ့သည် ။ ၆၄မိနစ်တွင် စိုးကျော်ကျော် လူစားဝင်ကစားခဲ့သည် ။ မိနစ် ၇၀ နီးပါးတွင် ဆာဆာ အနီးကပ် အပိုင်ကန်သွင်းချက် ဧရာဝတီအတွက် ဂိုးမဖြစ်ခဲ့ပါ။   မိနစ် ၈၀ တွင် ဧရာဝတီ ထောင်.ကန်ဘောကို နေပြည်တော် ဂိုးသမား ကာကွယ်အပြီး ၂မိနစ်ခန်. အနားယူခဲ့ရသည် ။ နေပြည်တော် ကစားသမားများ၏ မကြာခဏ ချိနဲ.လဲကျ မှုများကြောင်. နာကျင်အချိန်ပို ၆မိနစ် အထိကစားခဲ့ရပြီး ထိုနာကျင်အချိန်ပိုတွင်ပင် ထပ်နာကျင်ခဲ့ရသော နေပြည်တော် ကစားသမားများ ရှိခဲ့သည် ။ ၈၈မိနစ် ဧရာဝတီ ဂိုးရှေ. နေပြည်တော်၏ တရစပ်တိုက်စစ်ဆင်မှု ၊ ဧရာဝတီ၏ မနားတမ်းခုခံမှုများကတော. တကယ်.ရင်သိမ်.တုန် ဇာတ်ဝင်ခန်းများပင် ။ နောက်ဆုံးတွင်တော. ဧရာဝတီ၏ စတုတ္ထ အရှုံးအဖြစ် ၁-၀ နှင်. အဆုံးသတ်ခဲ့ရသည် ။

Photo by RED WAVES 

,ယနေ.ပွဲကို အရှိအတိုင်းသုံးသပ်ရပါလျှင် 
( ၁ ) ကွင်းလည်ဒိုင် ဦးအောင်သူ၏ ဆုံးဖြတ်ချက်များသည် အငြင်းပွားဖွယ်ရာ အများအပြား ပါဝင်နေခဲ့ပြီး မျက်ကွယ်မဟုတ်သော အခြေအနေများတွင်ပါ အဆုံးအဖြတ်များက ရာနှုံးပြည်. မှန်ကန်သည်ဟု မခံစားရပါ ။ (မည်သူ.အသင်း မည်သည်.အသင်းဖြစ်သောကြောင်. ဘက်လိုက်သည်ဟုတော. မစွပ်စွဲလိုပါ ။ ဧရာဝတီ ကိုယ်တိုင်လည်း သူ.အအောင်မြင်ဆုံးအချိန်က ဦးဇော်ဇော် အသင်းမို. ဟုဆိုကာစွပ်စွဲခံရဖူးသဖြင်. ကိုယ်ချင်းစာပါသည် )
( ၂ ) နေပြည်တော် ကစားသမား များ၏ ဟန်ဆောင်လှဲချမှုများက သိသာလွန်းလှပြီး ပွဲကို ရသပျက်စေပါသည် ။
( ၃ ) မိမိတို. ကစားသမားများ နာကျင်အချိန်ပိုအပါအ၀င် နောက်ဆုံး ၁၅မိနစ်ခန်.သာ ဧရာဝတီ စိတ်ဓါတ်ဖြင်. ကစားခဲ့သည်ဟု ခံစားရပြီး ရှေ.ပိုင်းကစားရာတွင် ကစားသမားအချို.လေးလံနေခြင်း ၊ ဘောလုံးနောက်ကို အားသွန်ခွန်စိုက်လိုက်မကစားခြင်း ၊ အချိတ်အဆက်မမိခြင်း ၊ အထူးသဖြင်. ရှေ.တန်းကစားသမားများ ယခုအထိ အခွင်.အရေးများကို ဖြုန်းတီးပစ်နေခြင်း တို.တွေ.မြင်နေရပါသည် ။ ( ထို.အတွက်မူ မိမိတို.ကွင်းပြင်ပ မည်သို.ဖြစ်နေပါစေ ကွင်းတွင်း စွမ်းဆောင်ရည် ကျဆင်းလာပါက မိမိတို.အနာဂတ်များ မည်သည်.အသင်းရောက်ပါစေ အနည်းနှင်.အများ သက်ရောက်မှု ရှိမည်ဟု မြင်မိပါသည် )
( ၄ ) ယခုပွဲံသည် အာရှပွဲ ၀င်ကစားမည်.အသင်း ၊ ၄ပွဲဆက် နိုင်နေသည်.အသင်း ၊စိတ်ဓါတ်ရေးရာ အကောင်းဆုံးရှိနေသည်. အသင်းနှင်.၅ပွဲကစား ၁ပွဲနိုင် ၁ပွဲသရေ ၃ပွဲရှုံး မိမိတို.အသင်း ယှဉ်ပြိုင်ရခြင်းဖြစ်သဖြင် . ရှုံးသင်.သည်ဟု လက်ခံပါသည် ။ (သို.သော် ယခုတက်ပို အားထည်.ကစားခဲ့ပါမူ .. )




ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် Media များကမေးသော မေးခွန်းများအား နည်းပြချုပ်ဦးဆန်းဝင်းက ဖြေကြားရာတွင်.. ရာသီမတိုင်မှီ ပြင်ဆင်မှုအကောင်းဆုံး ၂ သင်းဖြစ်သော ဧရာဝတီ နှင်. ကမ္ဘောဇ တို.တွင် လက်ရှိဧရာဝတီ အသင်းရလာဒ်  ၊ ကစားသမား တစ်ဦးချင်း၏ စွမ်းဆောင်ရည် တို.နှင်.ပတ်သက်၍ မိမိညံ.လို.ရှုံးတာဖြစ်ကြောင်း ၊ ကစားသမားဆိုတာ မိမိကစားခိုင်းသည်.အတိုင်းကစားရခြင်းဖြစ်ကြောင်း ၊ မိမိတို.နည်းပြဆိုသည်မှာ ကြိုးတန်းပေါ်လမ်းလျှောက်နေရခြင်းဖြစ်ကြောင်း ၊မိမိနည်းပြအဖြစ် ဆက်လက် ရှိ/မရှိ အသင်းပိုင်ရှင်များက ဆုံးဖြတ်မည်ဖြစ်ကြောင်း ၊ နောက်ပွဲအတွက် လိုအပ်သည်များပြင်ဆင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၊အချို.ကစားသမားများ ကျန်းမာေ၇းအရ ထည်.မသုံးခြင်းဖြစ်ကြောင်း ၊ ကျော်မင်းဦးဆိုတာ နောင်တစ်ချိန် လက်ရွေးစင်ကစားသမားအဖြစ်အောင်မြင်လာမယ်.သူဖြစ်ပြီးအတွေ.အကြုံ လိုသေးကြောင်း၊ အရင်ရာသီကတည်းက ပြုလုပ်မယ်ဆိုတဲ့ အိမ်ကွင်းကိစ္စနှင်. ပတ်သက်၍ ပိုင်ရှင်များသာ သိမည်ဖြစ်ကြောင်း  တို.ဖြေကြားသွားခဲ့သည် ။

No comments:

Post a Comment