ပျောက်ဆုံးမလေးရှားလေယာဉ်ရဲ့
အပိုင်းအစလို့ ယူဆရတဲ့ ပင်လယ်ထဲမျောနေတဲ့ ပစ္စည်းတချို့ရဲ့ ဓာတ်ပုံတွေကို တရုတ် အစိုးရက
ထုတ်ပြန်လိုက်ပါတယ်။ အခု ထုတ်ပြန်တဲ့ ဓာတ်ပုံတွေက လေယာဉ်ပျောက်ပြီး နောက်တနေ့
တနင်္ဂနွေနေ့က ရိုက်ကူးခဲ့တာဖြစ် တယ် လို့ တရုတ် အစိုးရရဲ့ ကြေညာချက်က ဆိုပါတယ်။ ပျောက်ဆုံး
မလေးရှား လေယာဉ်ပထမဆုံး ရေဒါကနေ ပျောက်ကွယ်သွားတဲ့ နေရာကနေ ၁၄၁ မိုင် အကွာမှာ လေယာဉ်
အပျက်အစီး အပိုင်းအစလို့ ယူဆရတဲ့ ပစ္စည်းတချို့ ပင်လယ်ထဲ မျောနေတာ ဂြိုလ်တုက
ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပြီးအခုတွေ့တယ်ဆိုတဲ့ ပင်လယ်ထဲ မျောနေတယ်ဆိုတဲ့ ပစ္စည်းတွေဟာ
ဘာတွေလည်း၊ တကယ်ပဲ ပျောက် ဆုံး လေယာဉ် ရဲ့ အပိုင်းအစတွေလား ဆိုတာတော့ သေချာ ပြောဖို့
မရသေးဘူးလို့လည်း ဆိုထားပြန်ပါတယ် ။ ဒါတွေကို တစ်နေရာတည်းမှာတော. မတွေ.နိုင်ဘူးလို.ဆိုပါတယ်
။ ဒီ ပုံတွေကို ဗီယက်နမ် နဲ. မလေးတို.က စစ်ဆေးနေချိန်မှာပဲ တရုတ်ဝန်ကြီးချုပ် လီကေချန်းက
လေယာဉ်ပျောက်ဆုံးမှု အပေါ် မည်မျှပင် ကြာစေကာမူ လက်လျှော.မပေးပဲ ဆက်လက်ရှာဖွေမယ်လို.
ဆိုလာပါတယ် ။
ဒါနဲ. ဆက်စပ်တဲ့
သတင်းတစ်ခုကတော. ပျောက်ဆုံး မလေးရှားလေယာဉ် ထိုးဆင်းသွားတာကို မြင်လိုက်ရတယ်လို့ ကမ်းလွန်ရေနံရှာစင်
လုပ်သား တဦးက ပြောပါတယ်။ အခုသူပြောတဲ့ လေယာဉ်ထိုးဆင်းသွားတာ တွေ့ရတယ်ဆိုတဲ့ နေရာဟာ
လေယာဉ်အပိုင်းအစတွေလို့ ယူ ဆရတဲ့ ပစ္စည်း တချို့နဲ့ပတ်သက်တဲ့ ဂြိုလ်တု ဓာတ်ပုံတွေ တရုတ်အစိုးရက
ထုတ်ပြန်တဲ့နေရာ အနီးဝန်း ကျင်ဖြစ်တယ်လို့ သူက ထပ်မံ အတည်ပြုပြောလာတာပါ။
ဗီယက်နမ် နိုင်ငံ ပင်လယ်ပြင် ဆိပ်ကမ်းမြို့တခုရဲ့ အရှေ့တောင်ဘက် Songa Mercur က ကမ်းလွန် ရေနံစင်
တခုမှာ အလုပ်လုပ်နေတဲ့ လုပ်သား Michael McKay ဆိုသူက အီးမေးလ် ပို့ပြီး သူမြင်တွေ့ခဲ့တာ
ကို ပြောဆိုခဲ့ပေမယ့် ပယ် ချ ခံခဲ့ရတာဖြစ်တယ်လို့ andrew-drummond.com အွန်လိုင်း သတင်းတပုဒ် မှာ ဖော်ပြ ထားပါတယ်။
“သူမြင်ခံရတဲ့ မီးလောင်နေတဲ့ အရာတခု တွေ့တယ်ဆိုတဲ့နေရာဟာ Vung Tau ရဲ့အရှေ့တောင်ဘက် ၂ဝဝ လောက်မှာ ပါ” လို့ ဗီယက်နာမ်အာဏာပိုင်တွေက ပြောပါတယ်။
ဗီယက်နမ် လေကြောင်းလမ်းထိန်းချုပ်ရေး ဋ္ဌာန ဒု ညွှန်ချုပ် Doan Huu Gia က ထိုင်းပင်လယ်ကွေ့မှာ Italian Oil Company ENI ကုမ္ပဏီ ကမ်းလွန်ရေနံစင်တခုမှာ လုပ်နေတဲ့ မက်ကေးဆီက အီးမေးလ်ကို သူရခဲ့တယ်လို့ အတည်ပြု ပြောပါတယ်။ အဲဒီတုန်းကတော့ ဗီယက်နမ်အာဏာပိုင်တွေက သူ့ရဲ့ အီးမေးလ်ပါ သတင်းပို့ချက်ဟာ သိပ်မယုံရဘူးထင်ခဲ့ လို့ ပယ်ချ ခဲ့တာ ဖြစ်ပါတယ်တဲ့။
နောက်တော့ မက်ကေးက သူတွေ့ခဲ့လိုက်တာဟာ ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်တဲ့ အချိန်နာရီ၊
လေယာဉ် လမ်းကြောင်းတွေ အရ တိုက်ဆိုင်နေလို့ မလေးရှား လေယာဉ်ဖြစ်မယ်လို့ ယုံကြည်တာကြောင့်၊ သူတွေ့ခဲ့တဲ့ နေရာကို စနစ် တကျ ပြောဆိုထားတဲ့ နောက်ထပ် အီးမေးလ်တစောင်ကို ထပ်ပို့လိုက်တာလို့ သတင်းမှာ ဆိုပါတယ်။
![]() |
| ဗီယက်နမ် လေတပ်မှ ရှာဖွေနေပုံ ဓာတ်ပုံ - Reuters / Kham |
ဒါပေမယ်.လည်း
ပင်လယ်ပြင်မှာတွေ.ရှိတယ် ဆိုတဲ့ အရာ ၃ ခုဟာ ပျောက်ဆုံးလေယာဉ် နဲ. ပတ်သက်မှု မရှိဘူးလို.
မိမိတို.ထောက်လှမ်းရေးလေယာဉ်က အတည်ပြုခဲ့တယ်လို.မလေးအာဏာပိုင်တို.က ဆိုပါတယ် ။အဲ့ဒီနေရာဝန်းကျင်မှာ
ပျောက်ဆုံး မလေး လေယာဉ်နဲ့ပတ်သက်တာ ဘာမှ မတွေ့ရဘူးလို့ ရှာဖွေရေးလုပ်ကိုင်နေသူတို့က
ပြောကြပြန်ပါတယ် ။ ဗီယက်နမ် နဲ့ မလေးရှား ရှာဖွေရေးလေယာဉ်တွေ အကြိမ်ကြိမ်
အသေးစိတ် လိုက်ကြည့်ရာမှာ ဘာမှ မတွေ့ဘူးလို့ လေယာဉ်တစီးနဲ့ လိုက်သွားကြည့်တဲ့
Reuters သတင်းသမားတယောက်ကလည်း ပြောပါတယ်။ ဒါနဲ.ပတ်သက်လို. မတ်လ ၁၃ ရက်နေ့က လုပ်တဲ့
သတင်းစာရှင်းလင်းပွဲမှာတော့ တရုတ်က ထုတ်ပြန်တဲ့ သဲလွန်စ ဓာတ်ပုံ ထုတ်ပြန်ချက်တွေဟာ
မဟုတ်မှန်ပဲ မှားယွင်းထုတ်ပြန်တာဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေ က
ပြောလာပြန်ပါတယ် ။
စိတ်ဝင်စားစရာ
သတင်း တစ်ခုက ပျောက်ဆုံးနေတဲ့
မလေးရှားလေယာဉ်ဟာ ရေဒါစက်ကွင်း ကနေပျောက်ကွယ် သွားခဲ့ပြီးတဲ့နောက်မှာ လေးနာရီ လောက်ကြာအောင်
ဆက်ပြီး ပျံသန်းနေနိုင်တယ်လို့ လေယာဉ်ပျောက် ရှာဖွေရေးမှာ ပါဝင်တဲ့ အမေရိကန်အရာရှိတစ်ဦးက
ပြောကြားလိုက်ပါတယ်။ ဂျက်လေယာဉ်ဟာ အချက်ပေးသံတွေ ပို့လွှတ်ခဲ့တာ တွေ့ရပြီး ဒါဟာ ကောင်းကင်ဂြိုလ်တုနဲ့
ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့ လက္ခဏာလို့လဲ ပြောပါတယ်။
ဒါ့အပြင် လေယာဉ်ပျံဟာ လေကြောင်း ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီးတဲ့ နောက်မှာ မိုင်ပေါင်း ၂၅၀၀လောက် ဆက်ပြီး ပျံသန်းခဲ့ပုံရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် လေယာဉ်ပျံဟာ လေကြောင်း ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီးတဲ့ နောက်မှာ မိုင်ပေါင်း ၂၅၀၀လောက် ဆက်ပြီး ပျံသန်းခဲ့ပုံရတယ်လို့ ပြောပါတယ်။
ဒါကိုလည်း မလေးအာဏာပိုင်တွေက
တိကျသေချာမှုမရှိဘူးဆိုပြီး ငြင်းဆိုထားပြန်ပါတယ် ။
ဒါ.အပြင် ဗုဒ္ဓဟူးနေ့က
ထွက်ပေါ်လာတဲ့ သတင်းတွေမှာ လေယာဉ်ဟာ် အနောက်ဘက်ကို ဦးလှည့်ပျံသန်းသွားတိာု လေတပ်ရေဒါတွေက
ခြေရာခံ ဖမ်းယူနိုင်ခဲ့တယ်လို. ဖော်ပြလာတာကိုလည်း မလေးရှားလေတပ် အကြီးအကဲ ဗိုလ်ချုပ်
ရော့ဇီဒေါ့ဒ်က “ကျွန်တော်တို့ အဲဒီလို မကြေညာခဲ့ပါဘူး”လို.ငြင်းချက်ထုတ်ခဲ့ပြန်ပါတယ်
။ မျက်စိလည်စရာ ကောင်းတာက “လေတပ်အနေနဲ့ လေယာဉ်က အနောက်ဘက်ကို ပြန်ကွေ့လာတယ်
ဆိုတာကို အပြတ်ငြင်းတာမျိုးတော့ မပြောချင်ဘူး”လို.နောက်ဆက်တွဲ
မှတ်ချက်ပေးသွာခဲ့ပြန်တာပါပဲ ။
ဒါ.အပြင်ထုတ်ပြန်မှုတွေမှာ
မလေး စစ်ဘက် နဲ. လေကြောင်းအာဏာပိုင်တို.ကြားမှာလည်း ဟန်ချက်မညီမှုတွေ ၊ သဘောထားမတူတာတွေပါတွေ.နေရပြီး
မလေးရဲ. လုပ်ကိုင်နေပုံ ၊ မပွင်.လင်းပုံတွေဟာအားမလိုအားမရဖြစ်စရာ အတွေး.ပိုစရာ တွေအထိဖြစ်လာနေပါတယ်
။
မလေးရှား အာဏာပိုင်များက
သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ လေယာဉ်ထံမှ နောက်ဆုံးရရှိသည့် အဆက်အသွယ် စကားကို အတည်ပြု
ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော. အခြေအနေအားလုံး
အေးဆေးကြောင်း သတင်းပို့သည့် “All Right, Roger That”ဆိုသော
စကားစုသာ ဖြစ်ပါတယ်။ မလေးရှား လေကြောင်းပို့ဆောင်ရေး အာဏာပိုင်များက မိမိတို.ဟာ မလေးရှားနှင့်
ဗီယက်နမ် လေပိုင်နက် နယ်နိမိတ အရောက်မှာလေယာဉ်ကို ထိန်းသိမ်းလမ်းညွှန်ပေးမယ့် တာဝန်ကို
ဟိုချီမင်းရှိ ဗီယက်နမ် အာဏာပိုင်များထံ လက်လွှဲပေးလိုက်ပြီးဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ
ပြောကြားခဲ့ပါတယ် ။နောက်ထပ် မိနစ်ပိုင်းအကြာတွင်
လေယာဉ်မှာ လုံးဝ အဆက်ပြတ် ပျောက်ကွယ်သွားခဲ့တာပါ ။
အဲ့ဒီလို
သူကဟုတ်တယ် ကိုယ်ကမဟုတ်ဘူးတွေ ဖြစ်နေချိန်မှာပဲ အမေရိကန်ချီကာဂိုက အိုင်တီ မန်နေဂျာ
တဦးဖြစ်တဲ့ Mike Seberger ကလည်း လေယာဉ်ပုံစံ ပုံရိပ်တခုကို အခုလို ဂြိုလ်တုကနေ လေယာဉ်ပျောက်
ရှာဖွေတဲ့ အွန်လိုင်း ဝန်ဆောင်မှုမှာ တွေ့ထားတယ်လို. ဆိုလာပြန်ပါတယ် ။ နေရာကတော့
တောင်တရုတ်ပင်လယ်ဝန်းကျင် ထိုင်း ပင်လယ်ကွေ့ မှာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ ဂြိုလ်တုသုံး
မြေပြင်ကို ကြည့်တဲ့ စနစ်ကို Digital Globe က Tomnod ဝက်ဆိုက် ကနေ Mike Seberger လိုပဲ
စေတနာ့ဝန်ထမ်းပြီး လေယာဉ်ပျောက် ကို ရှာဖွေ ပေးနေသူပေါင်း ထောင်နဲ့ ချီ ရှိတယ်လို့လည်း
သတင်းတွေက ဆိုပါတယ်။
ဘယ်လိုပဲခောတ်မှီ
ခောတ်လွန် နည်းပညာတွေ သုံးစွဲကြပေမယ်. တိကျရေရာတဲ့ အခြေအနေကို မခန်.မှန်းနိုင်ကြသေးတဲ့
အဆုံးမှာတော. အရင်လို လမ်းအိုလိုက်ဆိုတဲ့အတိုင်း ရှေးဟောင်းနည်းပညာတွေကို အသုံးပြုလာကြပါတယ်
။လေယာဉ်ပျောက်ပြီး ၅ ရက်အကြာမှာတော. မလေးရှား နတ်ဆရာတဦးရဲ့ အကူအညီယူပြီး အစီအမံကောဇောနဲ့ လေယာဉ်ပျောက် ပြန်လာ
ရေး ကွာလာလမ်ပူ လေဆိပ်ထဲမှာ ဒုတိယအကြိမ်
အစီအမံတွေ လုပ်ခဲ့ကြပါတယ်။
ဒါ.အပြင်
ဒိပျောက်ဆုံးမှု အတွက် မလေးရှား
အာဏာပိုင်များက ပျောက်ဆုံးနေသော လေယာဉ်ကို မြန်မာ့
ရေပိုင်နက် အတွင်းတွင် ၇ ရက်ကြာရှာဖွေခွင့်ပြုရန် ခွင့်တောင်းခဲ့ပြီး မြန်မာအစိုးရက
ခွင့်ပြုချက်ပေးလိုက်ကြောင်း၊ ပျောက်ဆုံး မလေးရှား လေယာဉ်ရှာဖွေမှုကို အကူအညီပေးရန်
မြန်မာအစိုးရ က ကယ်ဆယ်ရေးကော်မတီတခု ဖွဲ့စည်းထားသော်လည်း မလေးရှားနိုင်ငံက တရားဝင်
အကူအညီတောင်းခံလာမှသာ ရှာဖွေရေးတွင် ပါဝင်ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ၊ “ပြည်ထောင်စု
အဆင့် ကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းပြီးပါပြီ။ မလေးရှားအစိုးရက မြန်မာအစိုးရရဲ့ အကူအညီ
လိုအပ် လာတဲ့ အချိန်ကျရင် သူတို့တွေနဲ့ ဆက်သွယ်ပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်သွားမှာပါ။
ကျနော်တို့ ဌာနက မြန်မာ ရေပိုင်နက်ထဲမှာ သူတို့ကို ကူညီပေးသွားမှာဖြစ်ပါတယ် " လို. လေကြောင်းညွှန်ကြားမှု
ဦးစီးဌာန (DCA) ၏ ညွှန်ကြားမှူးချုပ် ဦးတင်နိုင်ထွန်း ကပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်
။ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို မြန်မာ့ရေပိုင်နက် အတွင်း ရှာဖွေရာတွင် ကပ္ပလီပင်လယ်ပြင်အနီး
တနင်္သာရီတိုင်း ကော့ သောင်းမြို့ ၀န်းကျင်ဒေသကို အဓိကရှာဖွေမည် လို. ဆိုပါတယ် ။
ပြည်တွင်းမှာလည်း
နိုင်ငံကျော် ဗေဒင်ပညာရှင် ၂ ဦး အပြိုင်အဆိုင်ခန်.မှန်းမှုတွေ ထွက်လာပြီး တစ်ဦးက
အပိုင်စီးခံရတယ် ၊ တစ်ဦးက Black Hole ထဲရောက်သွားပြီဆိုပြီး မမှန်ရင် တစ်သက်စာ ပညာရှင်ဘဝ
စွန်.လွှတ်မယ် ဆိုတာမျိုးတွေအထိ တွေ.လာခဲ့ရပြီး နောက်ပိုင်းမှာ ဂမ္ဘီရဆန်ဆန် ပျောက်ဆုံးနေသော ယင်းလေယာဉ်နှင့်
ပတ်သက်ပြီး မည်သို့သော အကြောင်းအရာကိုမှ ဟောကိန်း မထုတ်ကြောင်း၊ ပြည်တွင်း ပြည်ပရှိ
မည်သူ တစ်ဦးတစ်ယောက်ကိုမှ ယင်းလေယာဉ်နှင့် ပတ်သက်ပြီး ဖြေကြားခြင်း မပြုကြောင်း ဆရာစံဇာဏီဘိုက
The Voice သို.အတည်ပြုပြောကြားခဲ့သလို နက္ခတ်ပညာရှင် ဦးဇေယျာကိုကလည်း ငါးရက်ကြာ ပျောက်ဆုံးသော
မလေးရှား လေယာဉ်နှင့် ပတ်သက်ပြီး မည်သည့် ဟောကိန်းမှ မထုတ်ခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်
။
မလေးရှား လေယာဉ်ရှာဖွေရေး
နဲ.ပတ်သက်ပြီး တောင်တရုတ် ပင်လယ်ပြင်မှာ လေယာဉ် ၂၅ စင်း နဲ.သင်္ဘော ၂၆ စင်း ၊ မလက္ကာ ရေ
လက်ကြားမှာ လေယာဉ် ၁၅ စင်း သင်္ဘော ၁၇ စင်း သုံးရှာဖွေနေပြီး
ဘင်္ဂလားပင်လယ်အော် ဘက်ပါ ချဲ.ထွင်လာပြီဖြစ်ပါတယ် ။ ရှာဖွေရေး
ပိုမို ထိရောက်စေဖို. Boeing Co; နဲ. Rolls – Royce PLC Co; တို.က ပညာရှင်တွေလည်း မလေးကို
ရောက်ရှိနေသလို အိန္ဒိယ အစိုးရက ဂြိုလ်တု ဓာတ်ပုံများ၊ ရေဒါ ရလဒ်များ အပြင် ရေယာဉ်များ၊
ရေကြောင်း ကင်းထောက် လေယာဉ်များဖြင့် ကူညီရှာ ဖွေပေးသွားမယ် ပြောခဲ့ပြီး အမေရိကန် ပြည်ထောင်စုကလည်း
ကမ္ဘာ.ခောတ်အမှီ ဆုံး Maritime ထောက်လှမ်းရေး လေယာဉ်ဖြစ်တဲ့ P-8A Poseidon ကို ခုရက်ပိုင်းအတွင်းစေလွှတ်မယ်
ဆိုပါတယ် ။
ဒီဖြစ်စဉ်ကြီး
တစ်ရပ်လုံး က ဘာကို ဦးတည်နေတယ် ဆိုတာကတော. ……
ဆက်စပ်ဖတ်ရှုရန် ....
* မလေးလေယာဉ် ပျောက် ရှာပုံတော် ၁၂ . ၃ . ၂၀၁၄ ညနေပိုင်းအထိ (သို. ) Latest Condition of MH370 's Finding
* စိတ်ဝင်စားဖွယ်ရာ မလေးရှား လေယာဉ် ပျောက်ဆုံးမှု (သို.) Collection of MH370 News


+(Cu0+(Custom)+(Custom).jpg)



No comments:
Post a Comment