Saturday, March 22, 2014

Zwekapin United FC Vs Ayeyawady United FC 22 - 3- 2014 - Aungsan Stadium

By Ayeyawady United FC
ယနေ.ကား   ဧရာဝတီ ပြန်လာလေပြီလားဟု အားလုံးအံ.အားသင်.ခဲ့ရလောက်အောင်ပင် ကစားပုံ ရလာဒ် အပြင် ကုသိုလ်ကံပါပြောစရာ  မရှိလောက်အောင် ကောင်းမွန်ခဲ့သည်.ပွဲ ဟု ပြောရမည်ဖြစ်သည် ။


ပွဲမစခင်ကပင် အခြေအနေက ထူးခြားသလိုဖြစ်နေသည် ။ ကျွန်တော်တို.၏ နည်းပြချုပ်ကြီးကို မတွေ.ရ ။
ထို.အပြင် အားလုံးဝေဖန်နေကြသည်. .. စိတ်တိုင်းမကျဖြစ်နေကြသည်. ဆာဆာ ၊ ကင်မ် စသော ကစားသမားများလည်း ပွဲထွက် လူစာရင်း တွင်ပါလာကြသည် ။

ပွဲစလို. ၈ မိနစ် ရှိသေးသည် မင်းမင်းသူ ကန်တင်ပေးသော ထောင်.ကန်ဘော ကို ကင်မ် က တစ်ဆင်.ပို.ပေးရာ ထိုဘောလုံးကို Clipford က သွင်းယူသွားရာမှ ဧရာဝတီ အဖွင်.ဂိုး စတင်ရရှိခဲ့သည် ။ ပထမပိုင်း မိနစ် ၄၀ မတိုင်မှီတွင် ဧရာဝတီ အနေဖြင်. ပင်နတီ ကန်ခွင်ပေးခဲ့.ရပြီး ထိုဘောလုံးကိုဇွဲကပင် ကစားသမား ဂျနွန်ဆီယမ် ကန်သွင်းခဲ့ရာ ဘားတန်းထိပြီး ပြန်ထွက်လာခဲ့သဖြင်. ပထမပိုင်းအပြီးထိ ဧရာဝတီ ၁- ၀ ဖြင်. ဦးဆောင်ထားနိုင်ခဲ့သည် ။

 ဒုတိယပိုင်း ပြန်စချိန်တွင်လည်း ဧရာဝတီတို. အသာစီးမှ ကစားနိုင်ခဲ့သည် ။ဒုတိယ ဂိုးကို လည်း မင်းမင်းသူကပင် ကွင်းတစ်ဝက်ခန်. ခန်.မှ တင်ပေးသော ဘောလုံးကို ဆာဆာ တောက်လျှောက် ဆွဲပြေး သွင်းယူခဲ့ခြင်းဖြစ်ပြီး ၅၅မိနစ်တွင်ရရှိခဲ့ခြင်းဖြစ်သည် ။ ၇၄ မိနစ်တွင်တော. ဧရာဝတီ ကစားသမားဟောင်း ဇွဲကပင် ကစားသမား သိန်းဇော်က ဇွဲကပင် အတွက် ချေပဂိုး သွင်းယူပေးခဲ့သည် ။ ဧရာဝတီ ပီသစေမည်. နောက်ထပ်ဂိုးများကို မင်းမင်းသူက ၈၆ မိနစ်တွင်ဂိုးဧရိယာအတွင်း ဆာဆာထိုးပေးသော ဘောလုံးကို ပိတ်သွင်းပြီးလည်းကောင်း နေလင်းထွန်းက နာကျင်အချိန် ပိုတွင် နောက်တန်းတစ်ယောက်နှင်. ဂိုးသမားကို လိမ်ခေါက်ကျော်ဖြတ်ပြီးလည်းကောင်း သွင်းယူပေးခဲ့သည် ။ထို.ကြောင်. ပွဲပြီး ရလာဒ် ၄ - ၁ ဖြင်. ဇွဲကပင်ကို အနိုင်ရရှိခဲ့သည် ။ တစ်နည်းပြောရလျှင် ယနေ.သွင်းခဲ့သော ဂိုး ၅ ဂိုးလုံးသည် ဧရာဝတီ ၏ လက်ရှိ ကစားသမားနှင်. ကစားသမားဟောင်းတို. သွင်းယူပေးခဲ့ကြသည်ဟု ပြောရပါမည် ။

Photo by Red Waves
ယနေ. ပွဲတွင် ကင်မ် ကို ယခင် ကစားနေသောကွင်းလယ် နေရာမှ နောက်ချန်တိုက်စစ်မှုး သို.ပြောင်းရွှေ.ကစားစေခဲ့ရာ သိသိသာသာ ကစားအားတက်လာသည်ကိုတွေ.ရပြီး ဒုတိယဂိုး မှာသူ၏ပံ.ပိုးမှု ပါဝင်ခဲ့သည်. ဂိုးဖြစ်ခဲ့သည် ။ထို.အတူ ဆာဆာ ကိုယ်တိုင်လည်း ဂိုးသွင်းပေးနိုင်ခဲ့သလို မင်းမင်းသူကိုလည်း တတိယ ဂိုးတွင်ကူညီပေးနိုင်ခဲ့သည် ။ နန္ဒ နှင်. နေလင်းထွန်း တို.လည်း အတွဲမှန်ခဲ့သည် ။မင်းမင်းသူ လည်း. ကစားဖော်များ ဂိုးသွင်းခွင်.ဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းယူပေးနိုင်ခဲ့သည် ။ ကိုနေး တစ်ယောက်သာ ယနေ. ကစားအား ကျနေခဲ့ပြီး နန္ဒကတော. ဒါဏ်ရာကြောင်. ပုံမှန်အနေအထားထိ မကစားနိုင်ခဲ့ပေ ။ ထို.အပြင် အစဉ်အလာမပျက် အားနည်းခဲ့သည်. အဆုံးသတ်ပိုင်းကြောင်. ၄ လုံး မှ ၇ လုံး ခန်.အထိလာ  နစ်နာမှု ရှိခဲ့သော်လည်း ယနေ.ကြိုးစားမှု ... ရလာဒ်ပိုင်း ၂ခုလုံး ပ၇ိသတ်များ စိတ်တိုင်းကျ ဖြစ်ခဲ့ရသည် ။

Photo by Red Waves
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် အသင်းလက်ထောက်နည်းပြ ဦးမိုးဟိန်းမြင်. တက်ရောက်ခဲ့ပြီး မိမိတို.၏ ခြေစွမ်းတက်လာနေသည်. ဇွဲကပင်လို အသင်းမျိုးကို ပြတ်သားစွာ ရခဲ့သည်.အောင်ပွဲသည် ကစားသမားအားလုံး၏ ကြိုးစားမှုကြောင်. ဖြစ်ကြောင်း ၊ ယနေ. အကောင်းဆုံး ၊ သဘောအကျဆုံး ကစားသမား တစ်ယောက် ရွေးပြပါဆိုလျှင် အားလုံးကောင်းပြီး ဂိုးသွင်းနိုင်ကြခြင်းမှာလည်း ရှေ.တန်းကစားသမားများသက်သက်သာ မဟုတ်ပဲ အားလုံးပံ.ပိုးမှုကြောင်. ဖြစ်သဖြင်. တစ်ယောက်တည်း ကွက်ရွေး၍ မရပါကြောင်း ... ကျန်းမာရေး ကြောင်.နည်းပြချုပ် မပါလာသည်.ပွဲကျမှ ယခုလိုပြတ်သားသည်.အနိုင်ရရှိမှုနှင်. ပတ်သက်၍ ပြောစရာ မရှိပါကြောင်း နည်းပြချုပ်အနေဖြင်. ကစားသမားများကိုလေ.ကျင်.စဉ်သေချာမှာကြားထားပြီးသားဖြစ်သလို ယခုပွဲအတွက်လည်း ကစားရမည်.ပုံစံရေးဆွဲသင်ပြ ပေးထားခဲ့ခြင်းကြောင်. မှာကြားထားသည်.အတိုင်းသာ ယှဉ်ပြိုင်ခဲ့ခြင်းကြောင်.ဖြစ်ပါကြောင်း ပြောကြားခဲ့သည် ။

Photo by Red Waves
ယနေ.ပွဲကို သုံးသပ်ရပါလျှင် ယခုပွဲစဉ်မတိုင်မှီ အသင်းပိုင်ရှင်များ ၊ CEO နှင်. နည်းပြချုပ်တိုမျက်နှာချင်းဆိုင်.တွေ.ဆုံ ညျိုနှိုင်းမှုများ ရှိခဲ့သည်ဟု သိရပြီး နည်းပြချုပ်အနေဖြင်.လည်း ကင်မ် နှင်.ပတ်သက်၍ တိုက်ရိုက်သတိပေးစကားပြောကြားထားခဲ့သည် ဟု သိထားရသဖြင်. ယခုပွဲသည် အသင်းပိုင်ရှင်များ ၊ နည်းပြအဖွဲ. ၊ ကစားသမားများ ယခင်ထက် ပိုအားထုတ်ခဲ့သဖြင်. ယခုလို ပြတ်သားသည်.အောင်ပွဲ ရရှိသည်ဟု မြင်ပါကြောင်း ၊ အစောပိုင်းပြင်သည်ထက် နောက်ကျနေခဲ့သည်ဟုပြော၇မည်ဖြစ်သော်လည်း . နောင်မှပြင်ဆင်သည်ထက် စာလျှင်တော.ကောင်းသည်ဟု အသိအမှတ်ပြုရပါမည်.။နည်းပြချုပ်အနေဖြင်.လည်း ယခုပွဲကို သွေးပေါင်ချိန် တက်နေပြီး လုံးဝမထနိုင်သဖြင်.. လိုက်ပါမလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည် ။

WE  RETURN !


No comments:

Post a Comment