Wednesday, July 16, 2014
SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) ၏ Educational Supporting Program 2014 အရ လှုဒါန်းမှု များ
Secluded Serene Avenue of WKA Group – SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) ၏ Educational Supporting Program 2014 အရ လှုဒါန်းမှု အစီအစဉ်များကို ၂၀၁၄ ဇူလိုင် ၆ ရက်နေ. က ၀ါးခယ်မမြို.တွင် ပြု  လုပ်ခဲ့ပါသည် ။
နေရာဒေသ၊ နိုင်ငံစုံတွင် ရောက်ရှိနေကြသော ၀ါးခယ်မသားများ ၊ ၀ါးခယ်မသားများ၏ မိတ်ဆွေများ ၊ အမှန်တကယ်လိုအပ်သော ကွက်လပ်တို.ကို တတ်စွမ်းနိုင်သော ဘက်က ကူညီဖြည်.စွမ်းပေးလိုသူများ စုပေါင်းလှုဒါန်းသော ပညာရေးဆိုင်ရာ ထောက်ပံ.လှုဒါန်းမှုတို.ကိုတတိ ယ မြောက် နှစ်အဖြစ် ဆက်လက်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး စေတနာ ရှင်များ ၏ လှုဒါန်းမှုကို SS Avenue of WKA Group ၏ Collector များ ၊ Sub- Collector များ  ၊ Supporter များ က ကူညီ စီမံခန်.ခွဲ လှုဒါန်းပေးခဲ့ခြင်းဖြစ်ပါသည် ။
၆-၇-၂၀၁၄ နေ.မနက် ၉နာရီက ၀ါးခယ်မမြို. ဘုရားကြီးနောက်ရှိ ကျုံစိန်ရေကျော် အမက ကျောင်း တွင် တက်ရောက်နေသော ကျောင်းသား / သူ ၇၈ ယောက်တို.အနက် ချို.တဲ့ကျောင်းသား / သူ များအား ကျောင်းဝတ်စုံ ၊ ထီး ၊ မိုးကာ ၊ ဖိနပ် ၊ လွယ်အိတ် စသည်တို.လှုဒါန်းပြီး ကျန်ကျောင်းသား အားလုံးတို.အား ဗလာစာအုပ် ၊ ခဲဆံ ဘောပင် ၊ ခဲဆံ ဘူး များလှုဒါန်းခဲ့ပါသည် ။ ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောဆိုရာတွင် ပညာတတ် လူငယ်များ ဦးစီးသောကြောင်. ဘာသာ / လူမျိုး မရွေး အကျိုးပြုနိုင်သည်.ပညာတတ်ဆန်သောဆုံးဖြတ်တွေးခေါ်မှုများဖြင်. ဆုံးဖြတ်ကူညီခဲ့သည်.အတွက် အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည် ။
ထိုမှနေ၍ မနက် ၁၀နာရိတွင် ၀ါးခယ်မမြို. လူငယ်ဖွံ.ဖြိုးရေး စင်တာ ( Youth Development Center ) သို.ရောက်ရှိကာ Technological Knowledge Development & Sharing Group WKA မှ စီစဉ်သော ကွန်ပြူ တာ သင်တန်း အပတ်စဉ် ၁ သို. ခေတ္တတက်ရောက်လေ.လာခဲ့ကြပါသည်  ။ ထို.နောက် TKDS-WKA သို.အလှုငွေ ၅၀၀၀၀ ကျပ် လှုဒါန်းခဲ့ရာ အဖွဲ. ဥက္ကဋ္ဌ ၊ အတွင်းရေးမှုး နှင်. အမှုဆောင် တစ်ဦးတို.မှ လက်ခံရယူပေးခဲ့ပါသည် ။
ထို.နောက် မြသိန်းတန် ရပ်ကွက်ရှိ ပရဟိတကျောင်းသို.ရောက်ရှိကြပြီး မနက် ၁၁နာရီ အချိန်တွင် အားမာန်သစ် မသန်စွမ်းအဖွဲ.သို. ထောက်ပံ.လှုဒါန်းခြင်းအခမ်းအနား ကျင်းပခဲ့ပါသည် ။ လွန်ခဲ့သော ၃ လခန်.က ဖွဲ.တည်ခဲ့သော အားမာန်သစ် မသန်စွမ်းအဖွဲ. ဆိုသည်မှာ မြို.လေးနှင်. ၀န်းကျင်ကျေးရွာဒေသများ ရှိ မသန်စွမ်းသူများစုစည်းဖွဲ.တည်ထား ခြင်းဖြစ်ပြီး မသန်စွမ်းသူတို.အကျိုးအတွက်အကောင်အထည်ဖော်ဆောင်ရွက်နေသော အဖွဲ.အစည်းတစ်ခုဖြစ်သည် ။ ယခုလှုဒါန်းရာတွင် ထိုအဖွဲ. အတွင်းမှ ကျောင်းတက်နေသော ကျောင်းသားလေးများ အနက် နားကြားကိရိယာ လိုအပ်နေသော ၅တန်းကလေးငယ်တစ်ဦးအား ၁၉၀၀၀၀ တန်ဖိုးရှိ နားကြားကိရိယာ တစ်ဖက်၊ ဘောပင် ၊ ဗလာစာအုပ် နှင်.  ခြေအဂါင်္ မသန်စွမ်း ၈တန်းကျောင်းသားငယ်အတွက် Steel ချိုင်းထောက်တစ်စုံ ၊ မိုးကာ အကျီင်္ ၊ ဗလာစာအုပ် ၊ ဘောပင် တို.ကိုလှုဒါန်းခဲ့ပါသည် ။ ထိုအခမ်းအနားတွင် အားမာန်သစ်မသန်စွမ်း အဖွဲ.၏ ဥက္ကဋ္ဌ နှင်. ကလေးမိဘ တစ်ဦးတို.မှ ကျေးဇူးတင်စကားနှင်. ရှေ.ဆက်လက်အောင်မြင်ပါစေကြောင်း နှင်. နောင်လည်း လက်တွဲဆောင်ရွက်လိုပါကြောင်း ပြောဆိုခဲ့ကြပါသည် ။ထိုအခမ်းအနားသို.အားမာန်သစ်အဖွဲ.၀င် ၂၀ခန်. တက်ရောက်ခဲ့ပါသည် ။
နေ.လည်   ၁၁း ၃၀ နာရီတွင် ပရဟိတကျောင်းမှ ၉တန်း နှင်. ဆယ်တန်း တက်ရောက်နေသော ကျောင်းသား များ၏ တစ်နှစ်တာ ပညာသင်စရိတ် ( ကျုရှင်လစာ အပါအ၀င် ) ကို ဆရာတော် ရှေ.မှောက်တွင် ကျောင်းသားများထံ ပေးအပ်လှုဒါန်းခဲ့ပါသည် ။
ထို.နောက် မကွေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဦး ၊ ဒေါက်တာကိုကိုလင်း နှင်. SS Avenue of WKA Group တို.စုပေါင်း လှုဒါန်းသော ပရဟိတကလေးငယ်များအတွက် နေ.လည်စာ ကျွေးမွေးခြင်းနှင်. လှုဒါန်းမှု အခမ်းအနား တက်ရောက်လာပေးသော အားမာန်သစ် မသန်စွမ်း အဖွဲ.၀င်များအား တည်ခင်းဧည်.ခံခြင်းတို.ကို ပြု လုပ်ခဲ့ကြပါသည် ။
ကျောင်းများသို.လှုဒါန်းရမည်. ပစ္စည်းများ စစ်ဆေးပြင်ဆင်ခြင်းပြုလုပ်ပြီး TKDS-WKA ဥက္ကဋ္ဌ မှကူညီသော ကားဖြင်. ပစ္စည်းများတင်ပြီး ထော်ကနွတ် ကျေးရွာ မူလတန်းကျောင်းသို. ဆက်လက်ထွက်ခွာခဲ့ကြပါသည် ။ လမ်းဆိုးရွားသဖြင်. မိန်းကလေးများနှင်. လှုဒါန်းရန် ပစ္စည်းတို.ကို ကားဖြင်.သွားစေပြီး ကျန်အဖွဲ.သားများ လမ်းဆင်းလျှောက်ကြရပါသည် ။
ထော်ကနွတ်ကျောင်းသို. မွန်းလွဲ ၂နာရီ ၃၀ မိနစ်တွင် ရောက်ရှိပြီး ကျောင်းသား ၁၀၇ ယောက်အနက် ချို.တဲ့သူများကို ကျောင်းဝတ်စုံ ၊ ထီး စသည်တို. ပံ.ပိုးလှုဒါန်းခဲ့ပြီး ကျန်ကျောင်းသားအားလုံးအား ဗလာစာအုပ် ၊ ခဲဆံဘောပင် ၊ ခဲဆံ ဘူးများ လှုဒါန်းခဲ့ပါသည် ။ ကျောင်းအုပ်ဆရာမကြီးက ယခုကဲ့သို.လှုဒါန်းမှုအတွက် ကျေးဇူးအထူးတင်ပါကြောင်း ၊ အမှန်တကယ်ချို.တဲ့သော ကလေးငယ်များဖြစ်သဖြင်. လာရောက်လှုဒါန်းမည် ဆိုတည်းက အထူးဝမ်းသာမျှော်လင်.နေကြကြောင်း ၊ ယခုလို လိုအပ်နေသော နေရာများကို လိုက်လံ လှုဒါန်းပေးကြခြင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည် ။
ပြန်အထွက်တွင်လည်း ယောက်င်္ကျားလေးများက လမ်းလျှောက်ထွက်ကြရသည် ။ တရုတ်တန်း အမက ကျောင်း သို.အသွားတွင် ကားနှင်. အဆင်မပြေဖြစ်ပြန်သဖြင်. အထုပ်အပိုး အားလုံးအဖွဲ.သားတို. ကိုယ်တိုင်ထမ်းပြီး ကျောင်းဆီသွားကြရသည် ။ လှုဒါန်းကြသော ခရီးလည်းဖြစ် ၊ ဘေးပတ်ဝန်းကျင်က ကွင်းပြင်ကျယ်ကို ဖြတ်သန်းလာသော လတ်ဆတ်သည်.လေကလည်း အားဖြစ်စေသဖြင်. တစ်နေ.လုံး တောက်လျှောက် မနားကြရသေးသော်လည်း သွက်လက်တက်ကြွ ကြတုန်းရှိနေသေးသည် ။ကျောင်းနားအရောက် တွင်တော.လာကြိုသော အဖွဲ.က ကူထမ်းပေးကြပါသည် ။
တရုတ်တန်း ကျောင်းတွင် ဧည်.ခံသော အအေးသောက်ရင်း ခေတ္တနားကြသည် ။ လမ်းအဆင်မပြေမှုကြောင်. အချိန်များနောက်ကျရခြင်းကိုတောင်းပန်ကြပြီး ညနေ ၃း၃၀ မိနစ်တွင် ကလေးငယ် ၇၇ ယောက်အနက် ချို.တဲ့ ကလေးငယ်များအား ကျောင်းဝတ်စုံများ ၊ ထီးများ လှုဒါန်းပြီး ကျန်ကလေးငယ်အားလုံးတို.အား ဗလာစာအုပ် ၊ ခဲဆံဘောပင် ၊ ခဲဆံဘူးများ လှုဒါန်းခဲ့ကြပါသည် ။
မနက် ၉နာရီက စတင်ခဲ့သော အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ လှုဒါန်းမှု ခရီးစဉ် ပြီးဆုံးချိန်မှာ ညနေ ၄း၃၀ ဖြစ်သည် ။
သွားရောက်ခဲ့သော ကျောင်းများတွင် Group ၏ Collector တစ်ဦးမှ SS Avenue of WKA Group ကိုစတင်ဖွဲ.တည်ဖြစ်ခဲ့ပုံအကြောင်း ၊ ဘာသာမရွေး ၊ လူမျိုးမရွေး ပါဝင်နိုင်သလို မကွဲမပြား အကျိုးများစေမည်.အပြင် တစ်ယောက်ချင်းစီ၏ နောင်ရေး ၊ တိုင်းပြည်၏ အနာဂတ် ကို သေချာပေါက်အထောက်အပံ.ပြုနိုင်မည်. ပညာရေးကိုသာ ဦးတည် လှုဒါန်းရန် ဆုံးဖြတ်ပြီး ယခုတတိယမြောက်နှစ်အဖြစ် Educational Supporting Program များကို ဆက်လက် အကောင်အထည်ဖော်နေပုံ ၊ ယခုလှုဒါန်းရာတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ က သူတို.ပိုလျှံငွေများကို လှုဒါန်းခြင်းမျိုး မဟုတ်ပဲ ၀ါးခယ်မသား လူငယ် ၊ လူလတ်များ နှင်. သူတို.၏ အရပ်ရပ် ဒေသ အသီးသီး ရှိမိတ်ဆွေများ က ကိုယ်ပိုင်အတတ်ပညာဖြင်. ရှာဖွေရရှိသော ငွေများမှ ခြိုးခြံ စုဆောင်း လှုဒါန်းခဲ့ကြပုံများ ၊ စာရေးဆရာကြီး တစ်ဦးပြောသကဲ့သို. တပါးသူဆီမှ ယူဖို.သာအမြဲ ကြံစည်နေသူသည် လေးပင်နစ်မြုပ်သွားရပြီး မိမိစွမ်းသမျှ တပါးသူကိုပေးရန် ကြံစည်နေသူများအဖို.မှာမူ တစ်စထက်တစ်စ ပေါ.၍ အထက်သို.သာတက်သွားကြကြောင်း ၊ ကျောင်းသား /သူ ငယ်များအနေဖြင်.လည်း မိမိတို.ကိုယ်ပိုင်အတတ်ပညာဖြင်. ၀င်ငွေ ရှာနိုင်ကြချိန်တွင် ယခု မိမိတို.အဖွဲ.ကဲ့သို.ပင် မြို.လေးဆီမှ လိုအပ်နေသူများထံ ထောက်ပံ. ကူညီလှုဒါန်း၇န် မဖြစ်မနေ တာဝန်ရှိကြကြောင်း ကိုပြောဆို၇ှင်းလင်းခဲ့ကြပါသည်။
ကလေးငယ်များကလည်း တက်ကြွစွာ ဂတိခံဝန်ပေးကြပြီး စတင်ဝင်ရောက်ချိန်တွင် ညီညာသွက်လက်စွာ ခရီးဦးကြို နှုတ်ဆက် ခဲ့ကြသလို လှုဒါန်းမှုများအပြီးတွင်လည်း ညီညီညာညာ ဆုတောင်းမေတ္တာ ပို.သပေးသံများက ကြက်သီးဖျန်းဖျန်းထမျှ ပီတိဖြစ်ကြရပါသည် ။
ယခုလှုဒါန်းမှု အစီအစဉ်တွင် စင်္ကာပူ မှ တက်ကြွစွာ ကူညီစုဆောင်းပေးသော တာဝန်ခံ ၊နှင်းဝတ်ရည်ကြိုင် ၊ ရန်ကုန်ဘက်ခြမ်း တာဝန်ခံများဖြစ်ကြသော ဇော်မင်းလွင် ၊ ဆုဝေဖြိုး ၊ နွေးဝဿသာန်လွင်နောင် ၊ ၀ါးခယ်မတာဝန်ခံများဖြစ်သော ကိုရဲ ၊ ဒေါက်တာကိုကိုလင်း ၊ လိုအပ်သည်များ ချိတ်ဆက် တာဝန်ယူလုပ်ဆောင်ပေးသော ကိုခိုင်ဇော် ၊ ကားအကူအညီပေးခဲ့သော ကို ကျော်ထွေး ၊ လိုအပ်သည်များ အဘက်ဘက်မှ ကူညီခဲ့ကြသော ကိုလှဋ္ဌေး ၊ ကိုညီညီ ၊ ကိုအောင်မင်းထွဋ် ၊ ကိုတင်နိုင်ဦး ၊ ကိုစိုးသီဟ ၊ မအေးအေးခိုင် ၊ ဒေါက်တာ သဇင်နှင်းနှင်. စေတနာအပြည်. ကူညီလှုဒါန်းပေးခဲ့ကြပါသော အလှုရှင်များအားလုံးအား အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် မှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင်. ပြုခဲ့သော ကုသိုလ်ပိတိအားလုံးလည်း ထပ်တူ ရရှိကြပါစေကြောင်း အသိပေးတင်ပြအပ်ပါသည် ။
ဓါတ်ပုံများကြည်.ရှုနိုင်ရန်
မလှုခင်က ကြိုတင်ပြင်ကြ
* အေးချမ်းရိပ်ငြိမ်ပညာကုသိုလ် ၏ ကျုံစိန်ရေကျော် အမက သို.လှုဒါန်းမှု
* အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် @ Youth Development Center
* အားမာန်သစ် မသန်စွမ်းအဖွဲ.သို. အေးချမ်းရိပ်ငြိမ်ပညာကုသိုလ် ၏ အလှု
* ပရဟိတကလေးများအတွက် အထက်တန်းကျောင်းစရိတ် နှင်. နေ.လည်စာအလှု
* အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ၏ ထော်ကနွတ် အမက သို. အလှု
* အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ၏ တရုတ်တန်း အမက သို.အလှု
ဆက်စပ်ဖတ်ရှု၇န်များ
SS Avenue of WKA Group ( အေးချမ်းရိပ်ငြိမ် ) ၏ လ ၃၀ အတွင်း လုပ်ဆောင်နိုင်ခဲ့မှုများ
* SS Avenue of WKA Group ၏ သော်ကကျောင်းသို.အလှု
* SS Avenue of WKA Group၏ တာဝတိ'သာ ကျောင်းသို. အလှု
* Secluded Serene Avenue of WKA ( SS Avenue of WKA ) ၏ သဲကွင်းကျောင်းသို. အလှု
* Secluded Serene Avenue of WKA Group ၏ ပရဟိတကျောင်း ပညာရေးအလှု (၂၀၁၃)
* နှစ်ဦိးဆုမွန် နှင်. SS Avenue ၏ ပညာသင်ထောက်ပံ.ရေး အစီအစဉ်
Sunday, July 13, 2014
လမ်းမတော် ဖိုးတုတ်
လမ်းမတော်ဖိုးတုတ်တကယ်ရှိလား။ လမ်းမတော်ဖိုးတုတ်အကြောင်းဖတ်ချင်တယ်ဆိုသူတွေအတွက်ပါ။
မန်မာပြည်လွတ်လပ်ရေးမရသေးဘူး ကိုအောင်ဆန်းတို့ကို အားကိုးပါတယ်လို့ မှာပေးပါလို့ မသေခင်မှာကြားခဲ့တဲ့ မျိုးချစ်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ်
လွန်ခဲ့တဲ့နှစ်အနည်းငယ် မြန်မာ့ရုပ်ရှင်လောကမှာ ထွက်ပေါ်ခဲ့တဲ့ လူမိုက်တစ်ရာ ဆိုတဲ့ ဇာတ်ကားကို လူကြိုက်အတော်များခဲ့ပါတယ်..။ ဒီဇာတ်လမ်းဟာ တစ်ခေတ်တစ်ခါက ရန်ကုန်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ လူမိုက်ကြီး လမ်းမတော် ဦးဖိုးတုတ် ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ကို ရိုက်ကူးထားတယ် လို့လည်း ပြောနေ ဆိုနေတာတွေ ကြားခဲ့ဖူးပါတယ်။ဒါပေမယ့် ကျွန်တော် ဒီဇာတ်လမ်းခွေကို ကြည့်ပြီးတဲ့ အခါမှာတော့ လမ်းမတော် ဖိုးတေ ဇာတ်လမ်း ဟာ သမိုင်းအချက်အလက်အရ လမ်းမတော်ဖိုးတုတ်ဇာတ်လမ်း အစစ် အမှန် လုံးဝ မဟုတ်ဘူး သိလိုက်ရပါတယ်..။
အဲဒီဇာတ်ကားကြည့်ပြီးတဲ့ လူတော်တော်များများကတော့ ဒါဟာ လမ်းမတော်ဖိုးတုတ် သမိုင်း အမှန်ပဲ လို့ ထင်နေကြတဲ့အတွက် ကျွန်တော် ဒီသမိုင်းကြောင်းကို ရေးသားရခြင်းဖြစ်ပါတယ်။လူမိုက်တစ်ယောက် ရဲ့ သမိုင်းကြောင်းကို မင်းက ဘာလို့ဒီလောက်ရှင်းချက်တွေ ထုတ်နေတာ လဲဆိုပြီး မေးလာသူတွေ ရှိပါ လိမ့်မယ်..။ ကျွန်တော်ရှင်းပါ့မယ်။
ဦးဖိုးတုတ် ဟာ ကိုလိုနီခေတ်မှာ ရန်ကုန်မြို့ရဲ့ ပြိုင်ဘက်မရှိ နာမည်အကျော်ကြားဆုံး မြန်မာ လူမျိုး လူမိုက် တစ်ဦးပါ။… ယို့ယွင်းနေတဲ့ ကိုလိုနီအုပ်ချုပ်ရေးစနစ်နဲ့အတူ လူမျိုးခြား လူမိုက်တွေ ကြီးစိုးနေတဲ့ ရန်ကုန်မြို့ မှာ လူမျိုးခြားလူမိုက်တွေကို နှိပ်ကွပ်ခဲ့ပြီး မြန်မာတွေဘက်ကရပ်တည်ပေးခဲ့တဲ့ မြန်မာလူမိုက်ကြီး ပါ ။
မခံချင်စိတ်ကြောင့် အသက်ငယ်ငယ်မှာ လူဆိုးလူမိုက်ဖြစ်ခဲ့ရပေမယ့် ဦးဖိုးတုတ်ဟာ လူယုတ်မာတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး..။
ခေတ်ရဲ့ သားကောင်အဖြစ် လူဆိုးလူမိုက်ဖြစ်ခဲ့တဲ့ လမ်းမတော်ဦးဖိုးတုတ်ရဲ့ တစ်ခြားမျက်နှာတစ်ဖက်မှာရှိနေတဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ လွတ်လပ်ရေးကိုမြတ်နိုးစိတ် ဆိုတဲ့ ဇာတိမာန်လေးကို တွေ့မြင်စေချင်လို့ ၊ ရုပ်ရှင်ကြည့်ပြီး သမိုင်းအချက်အလက်အမှားတွေကို အမှန်လို့ မထင်စေချင်လို့ ဒီစာကို ရေးရခြင်းဖြစ်ပါတယ် ။
လမ်းမတော်ဖိုးတုတ် ဆိုတဲ့ လူမိုက်ကြီး ဟာ ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ကြားဖို့ သွားခဲ့တဲ့ ရဲဘော်သုံးကျိပ် အတွက် ငွေကြေးအများဆုံးလှူဒါန်းခဲ့တဲ့သူတစ်ဦးဖြစ်တယ် ဆိုတဲ့ သမိုင်းမှာ မထင်ရှားခဲ့တဲ့ဖြစ်ရပ်လေးတွေကို ပေါ်လွင်စေချင် တဲ့ စေတနာလည်းဖြစ်ပါတယ်..။
လမ်းမတော်ဖိုးတုတ် ဆိုတာ
ဦးကျော်ဟိန်း ရိုက်ခဲ့တဲ့ လမ်းမတော်ဖိုးတေ ရုပ်ရှင်ထဲကလို ဖိုးတုတ် ဟာ ကုန်ထမ်းသမားတစ်ယောက် မဟုတ်သလို ဖိုးတုတ်ရဲ့ လူမိုက်ဘ၀ ဟာ ရန်ကုန်ဆိပ်ကမ်းက အစပြုခဲ့တာလည်းမဟုတ်ပါဘူး ။
ဖိုးတုတ် ရဲ့ မိခင်ကြီးဒေါ်ချစ်ပု ဟာ ရန်ကုန်မြို့ (၁၄)လမ်းမှာ ဈေးရောင်းပြီး အတန်အသင့် ချောင်လည်တဲ့ မိသားစုပါ ။
ဖိုးတုတ်မှာ ညီ ကိုဘသိန်း၊ ညီမ ဒေါ်မမလေးတို့ရှိပြီး အရပ် ၅ ပေ ၈ လက်မ ၊ အသားညိုညို နှုတ်ခမ်းမွှေးထားတတ်တဲ့ ဖိုးတုတ် ဟာ ဘ၀ကို အပူအပင်မရှိ ဖြတ်သန်းနိုင်ခဲ့သူပါ..။
ဖိုးတုတ် ဟာ သူနေတဲ့ လမ်းမတော် (၁၄)လမ်းမှာ အတန်းအစားပေါင်းစုံနဲ့ အပေါင်းအသင်းဆန့်သူတစ်ယောက်ဖြစ် ပြီး လူငယ်ပီပီ ဂျင်ဝိုင်း ၊ ကြက်ဝိုင်း တွေမှာ လှည့်လည်ပျော်ပါးအချိန်ဖြုန်းရင်း တစ်ခါတစ်ရံ မိခင်ကို ကူညီဈေးရောင်းရင်းနေခဲ့သူပါ ။
ဦးလေးတော်သူ ရဲ့ မြို့တွင်းဆွဲ မော်တော်ကား မှာ စပါယ်ရာလိုက်လုပ်ခဲ့ပေမယ့် မဟုတ်မခံစိတ်ကြောင့် ခဏခဏ ရိုက်မှုဖြစ် ပြီး အလုပ်ထွက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ဖိုးတုတ်ရဲ့ လူမိုက်ဘ၀က………..ဒီလိုစပါတယ်..။
ဖိုးတုတ် ကို လူမိုက်ဘ၀ရောက်အောင် စတင်ခဲ့တဲ့သူကတော့ လမ်းမတော်ဖိုးတုတ် ခေတ် မတိုင်ခင် လမ်းမတော်လူမိုက်ကြီးဖြစ်ခဲ့တဲ့.ပုဏ္ဏာဘထွန်း ပါပဲ…။အဲ့ဒီခေတ်က လမ်းမတော်မှာ ပုဏားဘထွန်း ၊ သိမ်ကြီးဈေး လှဖေ ၊ ဗိုလ်တစ်ထောင် ကျောက်တံတား မတ်စတီးခန်း ၊ ကြည့်မြင့်တိုင် ကြက်ကျား ၊ ဘားလမ်းဟူစိန် ဆိုပြီး ရန်ကုန်မြို့မှာ သူ့အပိုင်းနဲ့သူ အပိုင်စား လူမိုက် ကြီးတွေ ကြီးစိုးခဲ့ပါတယ်။
ရန်ကုန်မြို့အုပ်ချုပ်ရေးမှာ ပုလိပ်အင်အားနဲ့လူဦးရေမမျှတဲ့အတွက် ပုလိပ်တွေ ဟာ နယ်မြေတိုင်းက အပိုင် စား လူမိုက်တွေကို ခါးပိုက်ဆောင်ထဲထည့်ပြီး အုပ်ချုပ်ခိုင်းလေ့ရှိပါတယ် ။
နယ်မြေအပိုင်လူမိုက်တွေဟာ ကိုယ်ပိုင်နဲ့နယ်မြေထဲက ဒုစရိုက်မှုက ရတဲ့ငွေကြေး ၊ ဈေးရောင်း ဈေးဝယ် စီးပွားရေးသမားတွေရဲ့ မိမိစီးပွားရေးမထိခိုက်အောင် ကာကွယ်ပေးဖို့ ပေးတဲ့ လစဉ်ကြေးကို ခံစားလေ့ ရှိ ပါ တယ် ..။
အဲ့ဒီလူမိုက်တွေထဲမှာမှ ပုဏ္ဏာဘထွန်းက ကြောက်စရာအကောင်းဆုံး အဖြစ်နာမည်ကြီးပါတယ်။ ပုဏား ဘထွန်း ရဲ့ နောက်မှာ ဗိုလ်တစ်ထောင်ကကုလားသူဌေးတစ်ဦးလည်းဖြစ် လူမိုက်တစ်ဦးလည်း ဖြစ်တဲ့ မတ်စတီးခန်း ရှိပါတယ်။ ပြီးတော့ ပုလိပ်မင်းကြီးနဲ့လည်း ပုဏားဘထွန်း ဟာ ပုဂ္ဂိုလ်ရေးအရ အင်မတန် ရင်းနှီး တယ်လို့ နာမည်ကြီး ပါတယ် ။
အဲ့ဒီအချိန်မှာ ဖိုးတုတ် ကလည်း လမ်းမတော်တ၀ိုက်မှာ နည်းနည်းလေနာမည်ထွက်လာတဲ့ ဇ ရှိတဲ့ လူငယ်ခြေတက်ကလေးပေါ့..။
ဖိုးတုတ် က ဆင်းရဲသားမဟုတ် ၊ မိုက်ကြေးခွဲခံရတဲ့အထဲမပါပေမယ့် လူမျိုးခြားလူမိုက်တွေ ရန်ကုန်မြို့ထဲ စိုးမိုးခြယ်လှယ်နေတာကို လုံးဝမကျေနပ် ၊ မြန်မာလူမျိုးတွေ သတ္တိနည်းလို့ လူမျိုးခြား လူမိုက်တွေ ဗိုလ်ကျ ခံနေ ရတာကို မနှစ်မြို ၊ ပြီးတော့ သိမ်ကြီးဈေးလှဖေ တို့လို မြန်မာလူမိုက်တွေကလည်း ကိုယ့်အပိုင် နယ်လောက်မှာသာ ကျယ်နိုင်ပြီး တစ်ခြားနယ်တွေမှာ ကုလားလူမိုက်တွေ မြန်မာလူမျိုးတွေကို အနိုင်ကျင့်တဲ့ ကိစ္စတွေကို လက်ရှောင်နေတတ်ကြတာ ဟာ ဒီကုလားလူမိုက်တွေ ကို မြန်မာလူမိုက်တွေ က ကြောက်လို့ ပဲလို့ ယူဆမိပြီး ခံပြင်းနေခဲ့ပါတယ်။
ဒါနဲ့ပဲ လူမိုက်လောကထဲ ၀င်ဖို့ ဖိုးတုတ်ရဲ့ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေမဲ့… ကိစ္စတစ်ခု ပေါ်လာ ပါတော့ တယ် ။ပြသနာက ဒါလ်ဟိုဇီလမ်းမှာအပိုင်စားပြီး ဈေးသည်တွေကို မိုက်ကြေးလိုက် ခွဲနေတဲ့ မတ်စတီးခန်းရဲ့ တပည့် မာမွတ် နဲ့ဖိုးတုတ် တို့ စကားများရာ က ဖိုးတုတ်က မာမွတ်ကို မူလီခေါင်းတပ် တုတ် နဲ့ မသေမ ရှင် ရိုက် လိုက်ရာက စတာပါ..။
မာမွတ်ကိုရိုက်လိုက်တဲ့ကိစ္စအတွက် လူမိုက်ကြောနောကြေနေ တဲ့ မတ်စတီးခန်းက သူ့တပည့်ကုလား လူမိုက်တွေကို ဖိုးတုတ်ကို ရန်သွားမရှာကြဖို့ ၊ ဖိုးတုတ် ဟာ မီးခဲ ဖြစ်လာနိုင်တယ် ဆိုပြီး တားမြစ်ခဲ့ ပါသေးတယ်..။ဒါပေမယ့် မာမွတ်ကိစ္စမကျေနပ်တဲ့ မတ်စတီးခန်းနှစ်ယောက်က ဖိုးတုတ် ကို ပြသနာရှာကြရာမှာ နှစ်ယောက် လုံး ဖိုးတုတ် က ဓါးမြောင်နဲ့ထိုးလွှတ်လိုက်ပါတယ်..။
ဒါပေမယ့် လည်း မတ်စတီးခန်းရော ၊ ပုဏားဘထွန်း ပါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဖိုးတုတ် ကို ပြသနာလာမရှာကြတာကိုက ဖိုးတုတ်အတွက် ၀ိရောဓိဖြစ်စရာကိစ္စတစ်ခုဖြစ်နေပါတယ် ..။
ပုဏားဘထွန်းက သူ့လူကိုထိရင် ဘယ်လိုပြန်လုပ်တတ်သည်ဆိုတာ ရာဇ၀င်တွေရှိတာကို ဖိုးတုတ်သိ သည်.. ဒီအတိုင်းထိုင်နေပြီး သူလာမယ့်အချိန် စောင့်နေတာထက် ပုဏားကို သွားရှင်းမည်။ ပြီးတော့ နယ်မြေအပိုင်လူမိုက်တွေကို တစ်ယောက်ပြီး တစ်ယောက်ဆက်ရှင်းဖို့ ဆုံးဖြတ်လိုက်ပါတော့ တယ်.။
ဖိုးတုတ် လူမိုက်ဖြစ်သွားပြီ
၁၉၃၂ ခုနှစ် ၊ရန်ကုန်မြို့၊ လမ်းမတော် (၁၁)လမ်း ၊လမ်းမတော်တစ်ရပ်ကွက်လုံး မှ ဆင်းရဲသား ၊ လူချမ်း သာ ၊ ဖိုးတုတ်၏ မိဘများပါမကျန် ဖိန့်ဖိန့် တုန်အောင် ကြောက်ရွံ့ရသော ၊ ရန်ကုန်မြို့အတွင်းရှိ အခြား နယ်မြေအပိုင်စား လူမိုက်အခြင်းခြင်းပင် ဆရာကြီး ဟု ရှေ့က တပ်ခေါ်ရလေသော ပုဏားဘထွန်း ၏ အိမ်ရှေ့သို့ မြနေအောင်သွေးထားသည့် ငှက်ကြီးတောင်ဓါးဖြင့် လူမိုက်ပေါက်စတစ်ယောက်ရပ်နေသည်။
ဖိုးတုတ်……ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး တစ်ယောက်ချင်း ဓါးချင်း ယှဉ်ခုတ်မည် အိမ်ပေါ်က ဆင်းခဲ့ ဖို့ စိန်ခေါ်ပါတယ် ။တပည့်တပန်းအလွန်ပေါများပြီး လူမိုက်အချင်းချင်းပင် ကြောက် ရသော လူမိုက်ကြီး ပုဏားဘထွန်း အိမ်ပေါ်က လုံးဝ ဆင်းမလာ ။
တကယ်တော့ ပုဏားဘထွန်းနဲ့ ဖိုးတုတ် အသက်ချင်းအရွယ်ချင်း ကွာလွန်းနေပြီ ။ ဘယ်လောက်ပဲ မိုက်ခဲ့မိုက်ခဲ့ နွားအိုက ပေါင်ကျိုးနေပြီဖြစ်တဲ့ ပုဏားအနေဖြင့် ဖိုးတုတ် နှင့် တစ်ယောင်ချင်း ယှဉ်လို့ မဖြစ်နိုင်တော့မည်မှန်း သိသည်.. အိမ်ပေါ်က လုံးဝဆင်းမလာ ။
အကြိမ်ကြိမ်စိန်ခေါ်ပြီး ဖိုးတုတ်က စကားတစ်ခွန်းပြောသွားသည် ။
" ခင်ဗျားက လူမိုက်ပုဏား မဟုတ်တော့ဘူး.. ဆန်တောင်းတဲ့ ပုဏားဖြစ်သွားပြီ……….
ဖိုးတုတ် က ဒီနေ့က စပြီး လမ်းမတော်လူမိုက်ဖြစ်သွားပြီ "
တကယ့်ဝါရင့်လူမိုက်ကြီး ပုဏားဘထွန်းကိုပင် အိမ်ရှေ့သွားစိန်ခေါ်သော ဖိုးတုတ် သတင်း က တစ်ခြားနယ်ပယ်ပိုင် လူမိုက်ကြီးတွေကြား ဂရပ်ရိုက်သွားပါတော့တယ်…။
အဲ့ဒီလိုနဲ့ ရန်ကုန်လူမိုက်လောကမှာ လမ်းမတော်ဖိုးတုတ် က အချိန်တိုအတွင်း နေရာရခဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်..။
နယ်ချဲ့ဖိုးတုတ်
အဲ့ဒီခေတ်က ရန်ကုန်မြို့ ရပ်ကွက်အသီးသီးမှာ တစ်ဗိုလ်တစ်မင်း စိုးမိုးမင်းမူနေသည့် ရပ်ကွက် အပိုင်စား လူမိုက်များ သာ ကြီးစိုးပါတယ်..။ လူမိုက်အချင်းချင်းနယ်မကျော်ကျပဲ နယ်ကျော် တဲ့ လူမိုက်တွေအတွက် လည်း ဇာတ်သိမ်းမကောင်းခဲ့တာ ထုံးစံလိုဖြစ်နေခဲ့ပါတယ်..။ဒါပေမယ့် လမ်းမတော်ဖိုးတုတ်ကတော့ လမ်းမတော်တစ်ရပ်ကွက်ထဲမှာ ထိုင်ပြီး မင်းမူနေရုံနဲ့ ကျေနပ်နိုင်သူမဟုတ်ပါဘူး..။ ဖိုးတုတ် ပထမဆုံး မျက်စောင်းထိုးတာကတော့ ပန်းဆိုးတန်းလမ်းပါ.. ။ပန်းဆိုးတန်းလမ်းမှာက ဗိုလ်တစ်ထောင် ကျောက်
တံတား လူမိုက် မတ်စတီးခန်း ကြီးစိုးနေပါတယ် ။
မတ်စတီးခန်းက တော့ သူ့လက်ရုံးမာမွတ်ကိစ္စပြီးကတည်းက ဖိုးတုတ်ကိုေ၇ှာင်ဖို့ သူ့တပည့်တွေကို မှာပါတယ်.. ဒါပေမယ့်…………ဖိုးတုတ် ပန်းဆိုးတန်းကို ကိစ္စတစ်ခုနဲ့သွားတဲ့ညမှာ မတ်စတီးခန်း တပည့် တစ်ယောက်က နယ်ကျော်လာ တယ်ဆိုပြီး ဖိုးတုတ်ရင့်ရင့်သီးသီးပြောခဲ့တဲ့အတွက် အဲ့ဒီ လူမိုက် ဟာ ဖိုးတုတ်ဓါးချက်နဲ့ အူပွင့်တဲ့အထိ အထိုးခံခဲ့ရပါတော့တယ်..။
မတ်စတီးခန်း ဟာ ဖိုးတုတ် နဲ့တိုက်ရိုက်တွေ့မယ် ထင်ခဲ့ပေမယ့်… သူတကယ်ရင်ဆိုင်လိုက်ရတာက သူ့ဗိုလ်တစ်ထောင်နယ်ထဲက လူမိုက်ပေါက်စလေး ငမိုး ပါပဲ..။
မတ်စတီးခန်း ရဲ့ တပည့်တွေ ကြီးစိုးနေတဲ့ ဗိုလ်တစ်ထောင်ဘုရားပွဲတော် ညတစ်ညမှာ ဗိုလ်တစ်ထောင်မြို့ နယ်ထဲက ပျံကျပေတေနေတဲ့ ဆိုးသွမ်းလူငယ်လေးတစ်ယောက်က မတ်စတီးခန်း တပည့် ကုလားလူမိုက် (၈)ယောက်ကို ဓါးနဲ့ ၀င်ပိုင်းပါတယ် ။ကုလားလူမိုက်(၃)ယောက် သေလုမျောပါးဒဏ်ရာရသွားကြပြီး ကျန် တဲ့ လူမိုက်တွေလည်းခွေးပြေး ၀က်ပြေး ပြေးခဲ့ရပါတော့တယ်….ဒီအချိန်ကစလို့ မက်စတီးခန်း ဟာ ပန်းဆိုး တန်းကို ဖိုးတုတ်လက် ၊ ဗိုလ်တစ်ထောင်ကို ငမိုးလက် အပ်ပြီး လူမိုက်လောက ကနေ တစ်ဖြည်းဖြည်း
နောက် ဆုတ်သွားပါတော့တယ်..။
လမ်းမတော်ဖိုးတုတ် နဲ့ မရှေးမနှောင်းမှာပဲ ဓားရေးကြွယ်ပါတယ်ဆိုတဲ့ ဗိုလ်တစ်ထောင်ငမိုး ရဲ့ နာမည် ဟာလည်း ရန်ကုန်လူမိုက်လောကမှာ တဖြည်းဖြည်းကြီးမားလာပါတော့တယ်..။
ဗိုလ်တစ်ထောင်ငမိုးရဲ့ ဧည့်ဝတ်
ငမိုးပခုံးချင်းယှဉ်လာပြီဆိုတာနဲ့ လမ်းမတော်ဖိုးတုတ်က သူ့ထုံးစံအတိုင်း ထိပ်တိုက်တွေ့ဖို့ ဆုံးဖြတ် လိုက် ပါတော့တယ်..။ရန်ကုန်ရဲ့ ချမ်းစီးစီးဒီဇင်ဘာ မနက်ခင်းတစ်ခုမှာ သက္ကလပ်အင်္ကျီအထူစားအောက်မှာ ဓား ရှည်တစ်ချောင်းကို လွယ်ပြီး ဘိုကလေးဈေး (ဘရုတ်ကင်းဈေး) လမ်းထဲကို ၀င်လာတဲ့ ဖိုးတုတ် ကို တွေ့ ရပါတယ်..။ဖိုးတုတ်က ဗိုလ်တစ်ထောင်ငမိုးအိမ်ရှေ့ ရပ်လိုက်တယ်ဆိုလျှင်ပဲ…ငမိုး ဘာလုပ်ရမှန်း မသိ ပြူးပြူး ပြာပြာဖြစ်သွားပါတယ် …. ငမိုးချက်ချင်း အိမ်ပေါ်ကပြေးဆင်းပြီး လာရင်းကိစ္စကိုမေးပါတော့ တယ်.။
ဖိုးတုတ်က သက္ကလပ်အင်္ကျီကို စွဲချွတ်ပြီး ရင်ဘတ်ကိုကော့ပေးသည်.. အေး ငမိုး မင်းဓါးရေးထက် တယ်ဆို လို့ ငါလာအထိုးခံကြည့်တာ ဟု အော်ကြီး ဟစ်ကျယ်ပြောတော့သည် ။ငမိုးကလည်း လူနပ်။ ပုဏ္ဏာဘကွန် လိုတော့ အရှက်ကွဲမခံနိုင် ။ ဒီတော့ ဖိုးတုတ်ကို ပြုံးပြရင်း
"ဟာ အကိုကြီးကလည်း မဟုတ်တာ ဒီအကြောင်းတွေမပြောပါနဲ့ ကျွန်တော်တို့ဗမာညီအစ်ကိုချင်း ကြားမှာ ဒါမျိုးတွေရှိသေးလားဗျာ.. အကိုတွေ့ချင်ရင်ခေါ်ခိုင်းလိုက်ပေါ့..တကူးတက ကျွန်တော့်ဆီလာနေရတယ်လို့"
"အေး မင်းက ဗိုလ်တစ်ထောင်မှာ ဗိုလ်မထားဘူးဆိုလို့.. ငါကလည်း ဗိုလ်လာလုပ်တာလေကွာ"
"ဟာအကိုကြီးရာ ကျွန်တော့်ကို မကြိုက်တာရှိရင်ဆုံးမလို့ရပါတယ်.. နာခံပါ့မယ်..ကျွန်တော် အကိုကြီးကို ဧည့်ဝတ်ပြုပါရစေ "
ဖိုးတုတ် ဘာမှမပြောတော့ပါ… ဗိုလ်တစ်ထောင်ငမိုး ဧည့်ဝတ်ပြုတာကိုလည်းလက်မခံ… နယ်မြေ ချင်း စည်းမကျော်ဖို့သာပြောခဲ့ပြီး ပြန်လာခဲ့ပါတယ်..။အပြန်တွင်တော့ အလာတုန်းကလို မဟုတ် ဗိုလ် တစ်
ထောင် ငမိုးပိုင် ရထားလုံးနှင့် ဖိုးတုတ်ကို အိမ်အရောက်လိုက်ပြန်ပို့ပေးပါတော့တယ်………….။
အဲ့ဒီအချိန်ကစပြီး ဗိုလ်တစ်ထောင်ငမိုး သေဒဏ်ကျသွားတဲ့အချိန်အထိ ဖိုးတုတ်နဲ့ ငမိုးတို့ဟာ သံခင်း တမန်ခင်းဆက်ဆံရေးနဲ့ ဘာပြသနာမှ ထပ်မဖြစ်ကြတော့ပါဘူး..။
သူဌေးဖိုးတုတ်
လမ်းမတော်ဖိုးတုတ် ဟာ အရင်လူမိုက်တွေလို ကိုယ့်နယ်မြေကျဉ်းကျဉ်းလေးထဲ မင်းမူနေတာ မဟုတ် တဲ့ အတွက် ကြည်မြင့်တိုင် ၊ ပုဇွန်တောင် ၊ လသာ ၊ ကမ်းနားလမ်း သိမ်ကြီးဈေးလူမိုက်တွေက အစ ဖိုးတုတ်ရဲ့ တပည့်အဖြစ် ၀င်ရောက်လာပြီး နယ်မြေဆိုင်ရာ ဆက်ကြေးတစ်ပုံကို လမ်းမတော် ဖိုးတုတ်ထံ သွင်းကြရ ပါတော့တယ် ..။ရန်ကုန်မြို့ထဲက ဘိန်းခန်းများ ၊ ဇိန်ခန်းများ ၊ ဟိုတယ်များ ၊ ပျော်ပွဲစား ရုံကြီးများမှ အစ သိမ်ကြီးဈေး၊ သံဈေးရှိ အရောင်းအ၀ယ်ဒိုင်ကြီးများ၊ လောင်းကစားဝိုင်းများ အလယ် ၊ ကြည့်မြင့်တိုင် စက် ဆန်း ပြေးဆွဲသော ဘတ်စ်ကားလိုင်းတွေ ၊ ဂိတ်ထိုးသည့် Taxi ကားများအဆုံး လစဉ်ဆက်ကြေးများ အား ဖိုးတုတ်ထံ ပေးသွင်းရတော့သည်..။
လမ်းမတော်ဖိုးတုတ် ၀င်ငွေက တစ်လလျှင် (၃၀၀၀)နီးပါးရှိသည်ဟု ခန့်မှန်းကြသလို ဖယ်မလီယာကား(၂) စီးနှင့် မော်တော်တစီးပိုင်သည်အထိ ကြွယ်ဝချမ်းသာ လာခဲ့တော့သည်..။လမ်းမတော်ဖိုးတုတ်က ရာဇ၀တ် မှုများလိုက်ရာတွင် နာမည်ကြီးသော ရှေ့နေကြီး ပန်ကာအေးကို လိုလူကိုပင် ဥပဒေအကြံပေးအဖြစ် လစာပေးငှားထားလိုက်သေးသည်..။
နာမည်ကြီးလာသည်နှင့်အမျှ အပေါင်းအသင်းများလာသည် ။ ဗိုလ်အောင်ဒင်ရုပ်ရှင်မင်းသား ခင်မောင်ရင် ၊ ဇာတ်မင်းသားရွှေကျီးညို တို့ ဖိုးတုတ်နှင့်တတွဲတွဲ ဖြစ်လာသည် ။ နိုင်ငံရေးလောကမှ အမတ်များနှင့် တစ် စားပွဲ တည်းထိုင်သောက်နိုင်သည်အထိ ဖိုးတုတ်ပါဝါက ကြီးမားခဲ့သည် ။
အချစ်လူကြမ်းဖိုးတုတ်
လူမိုက်ဆိုတာ ဂျိုနဲ့လားဆိုသော ဆိုရိုးစကားရှိပါတယ်… ဖိုးတုတ်က ဂျိုနဲ့ လူမိုက်မဟုတ်ပေမယ့် နှလုံးသား နဲ့ လူမိုက်ပါ……….။ဖိုးတုတ် နှလုံးသားကို ညှိငင်ဖမ်းစားထားတာက လမ်းမတော်သူ တရုတ်ကပြား မသင်းမြ..။မသင်းမြက အဖေမရှိတော့ အမေနဲ့အဒေါ်က လမ်းမတော်(၂၄)လမ်း၊ ကွမ်းတန်းဈေးတွင် ဈေးရောင်း တဲ့သူတွေ.. ဖိုးတုတ် အမေနဲ့ မသင်းမြ အမေက ဥပုသ်စောင့် ၊ ဘုရားသွားအတူတူ လူရင်း
တွေ..။ငွေရေးကြေးရေးတောင့်တင်းပြီး ဖိုးတုတ်အမေ ဒေါ်ချစ်ပု ငွေလိုလျှင် မသင်းမြ တို့ မိဘတွေ က ထောက်ပံ့နေကြ။
မသင်းမြကို ဖိုးတုတ် ကြိုက်တယ်.. ဒါပေမယ့် ဖွင့်မပြောရဲခဲ့… မသင်းမြ ရှေ့ရောက်လျှင်ပင် လူမိုက်ကြီး က ရဲရဲဝံ့ဝံ့ စကားမပြောရဲရှာ ..။ဒါပေမယ့် တပည့်အရင်းတွေ..အပေါင်းအသင်းအရင်းတွေနဲ့ အတူတူသောက် ကြ တဲ့အရက်ဝိုင်းမှာတော့ ဖိုးတုတ်ကြီးရဲ့ ရင်တွင်းဝေဒနာတွေက အန်အန်ထွက်လာ တတ်လို့…. ဖိုးတုတ် ရင်တွင်းက အချစ်ဓာတ်တွေ ကို သူ့ညီဘသိန်းနဲ့ တပည့်ရင်းတွေဖြစ်တဲ့ လသာလူမိုက် စံဘသောင်းရီ (ခေါ်) ဂန္ဒမာ ဆောင်းရင် ၊ ကမ်းနားလမ်း အုန်းဖေ ၊ လွစ်စ်လမ်းငညွန့် ၊ တာမွေအောင်ဘ ၊ လက်ကောက် ချန်ထွန်း တို့က အူမချေးခါး မကြားချင်မှအဆုံး သိထားပြီးသား..။
မသင်းမြက ဘာသာ တရားရဲ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ မိန်းကလေးပီပီ ဖိုးတုတ်လို နာမည်ကြီး လူမိုက်ကို ဝေးဝေးရှောင်ပါတယ်.. ဒါပေမယ့် မသင်းမြက ဖိုးတုတ်ညီ ကိုဘသိန်း နဲ့တော့ တော်တော် ရင်းနှီး ပါတယ်တဲ့……။ဈေးထဲမှာ မသင်းမြကလည်း မဟုတ်မခံဇတ်ဇတ်ကြဲ…ဆိုတော့ ဘသိန်းက သူ့အကို နဲ့ စိတ်ချင်းတူသဟဲ့ဆိုပြီး မသင်းမြကို သူ့အကိုဖိုးတုတ်နဲ့ ကြိတ်သဘောတူနေပါတယ် ။
ဖြစ်ချင်တော့ အဲ့ဒီနေ့က…မသင်းမြ ဈေးရောင်းတဲ့နေရာကို ဘသိန်း ရောက်လာပြီး ကိုဖိုးတုတ်က မသင်းမြ ကို ချစ်ကြောင်းကြိုက်ကြောင်း ကို အောင်သွယ်ပြောပါတော့တယ်..အဲ့ဒီမှာ မသင်းမြက ဘသိန်းကို ခဲနဲ့
ကောက်ထုလိုက်ပါလေရောလား…နဖူးအာလူးသီးကြီးကို အုပ်ပြီး အောင်သွယ်တော် ဘသိန်းက စပ်ဖြဲဖြဲ နဲ့ နောက်ကြောင်းပြန်လှည့်ပြေးလာခဲ့ပါတယ်..။
အဲ့ဒီညက လမ်းမတော်ဖိုးတုတ် နှင့် တွဲဖက် ရုပ်ရှင်မင်းသားခင်မောင်ရင် ၊ ဇာတ်မင်းသား ရွှေကျီညို ၊ ရုပ်ရှင် မင်းသားကျော်စိုး တို့ နန်းသီတာဆိပ်ကမ်းက သင်္ဘောတစ်စီးပေါ်မှာ လေညှင်းခံရင်း အရက်သောက် ခဲ့ရာမှ အမူးလွန်သွားခဲ့ပါတယ်..။
ခင်မောင်ရင် ကားနဲ့ ဖိုးတုတ်ကို အိမ်အထိလိုက်ပို့ကြပြီး သူငယ်ချင်းတွေပြန်သွားကြတော့ ဖိုးတုတ် အိပ်ပျော်သွားပါလေရောလား..။
မနက်မိုးလင်းတော့ အခန်းတံခါးခေါက်သံကြောင့် ဖိုးတုတ် တံခါးကို ဆွဲဖွင့်လိုက်တော့…သူ့ညီ ဘသိန်း နဲ့ တပည့်တွေက မိန်းမတစ်ယောက်ကို အတင်းဆွဲခေါ်လာပြီး ဖိုးတုတ်အခန်းထဲ အတင်း တွန်းပို့တော့ပါလေရော..။
"ဟေ့ ကောင်တွေ ဒါဘာလုပ်တာလဲ"
"အကိုပဲ ညက မသင်းမြကို မရရင် သေတော့မယ်ဆို..အဲ့ဒါနဲ့ ကျုပ်တို့ စီမံလာပေးတာ" ဘသိန်းက ပြောပြောဆိုဆိုနှင့် တံခါးကို ဆွဲပိတ်လိုက်ပြီး အပြင်က သော့ခတ်လိုက်ပါတော့တယ်..။
(အမှန်က မင်းသားခင်မောင်ရင် စနက်ပါ.. ကိုဖိုးတုတ်ကိုလိုက်ပို့ရင်းကနေ ဖိုးတုတ်ညီနဲ့တပည့် တွေကို မင်းတို့အကိုတော့ မသင်းမြကို မရရင် နန်းသီတာဆိပ်က ခုန်ချမယ်လုပ်နေလို့ မူးအောင် တိုက်ပြီြး ပန်ခေါ် လာ တာဆိုပြီး သရုပ်ဆောင်ပြသွားတာကို တပည့်တွေက အတည်ထင်ပြီး အခုလို လုပ်ပေးလိုက်ကြတာ ပါ..ပဲ)
ဖိုးတုတ် တပည့်တွေကို ဒေါသထွက်သလို..မသင်းမြကို အားနာနေသည် ။
မသင်းမြက ငိုယိုနေတာမြင်ရတော့ သူစိတ်မကောင်း ပြီးတော့ မသင်းမြအမေတွေက သူ့အမေ ရဲ့ ကျေးဇူး ရှင်တွေ…. အခုတော့ ဘသိန်းနဲ့ တပည့်တွေကြောင့် အမေမျက်နှာပျက်ရတော့မည်.မသင်းမြက ဖိုးတုတ်ကို ဆဲသည် ။ ဖိုးတုတ်က ရှင်းပြသည် ။
တကယ်တော့ ဘသိန်းနှင့်တပည့်များက မသင်းမြ အိမ်ကနေ ဈေးကိုအထွက်မှာ ကားပေါ်တင်ဆွဲလာ ခဲ့ခြင်းတဲ့…..
ရန်ကုန်တစ်မြို့လုံးလွှမ်းမိုးနေသည့် ဖိုးတုတ် ၊ ဒုစရိုက်သမားတိုင်းဦးညွှတ်ရသောဖိုးတုတ် ၊ အသက် အရွယ် နှင့် ဥစ္စာပစ္စည်းရှိသော သူဌေးလေးဖိုးတုတ် ၊ သေရဲ ၊ သတ်ရဲ ၊ ရိုက်ရဲ လူမိုက်ကြီးဖိုးတုတ် .. အခုတော့ မသင်းမြကို တောင်းပန်စကားတွေ တတွတ်တွတ်ဆိုနေရှာသည်။
မသင်းမြကလည်း လူမိုက်တွေ ပေါများလှသည့် ရန်ကုန်မြို့ကြီးတွေ မိန်းမသားတွေချည်း ဈေးရောင်း စားနေ ရသည့် ဘ၀က မလုံခြုံ.. ဖိုးတုတ်နှင့်ပတ်သက်မိလျှင် မိမိမိဘအသိုင်းအ၀ိုင်းအားလုံးကို ဘယ်သူမှ မတို့ ရဲမ ထိရဲသည့် လုံခြုံမှုရလာနိုင်သည်ကိုတွေးမိသွားတယ်ထင်ပါရဲ့…။အဲ့ဒီအခန်းလေးထဲမှာ ဖိုးတုတ် လူပျိုဘ၀ တစ်စခန်းသိမ်းသွားတော့သည်။
ဖိုးတုတ်အတု (သို့) လမ်း(၃၀)ဖိုးတုတ်
မင်္ဂလာဆောင်ခါနီး ပျော်ရွှင်နေသော လမ်းမတော်ဖိုးတုတ် ဒေါသထွက်နေပါတယ်..။သားလုပ်သမျှ ချိုသည် ခါးသည် မပြောဖူးသော မိခင်ကြီး ဒေါ်ချစ်ပုက အခု နာနာကြည်းကြည်းနှင့် လာပြောသွားတဲ့ စကားက…. .ဖိုးတုတ် ကို ယမ်းမီးပုံကျစေပါတော့တယ်။
"ဖိုးတုတ် နင် လူမိုက် ရုံတင်မကတော့ဘူး လူလိမ် လူယုတ်မာဖြစ်နေပြီ…. ငါတို့ ဈေးရောင်းစားလာ တာ တစ်သက်လုံး သူတစ်ပါးပစ္စည်းကိုမလိမ်မညာခဲ့ဘူး..နင့်ကျမှ တစ်ဈေးလုံး ဟိုးဟိုးကျော် ကလိမ်ဖိုးတုတ်ဖြစ်
နေပါလားဟဲ့" တဲ့ ။
တပည့်တွေကို စုံစမ်းခိုင်းကြည့်တော့ ဟုတ်သည် ။
သိမ်ကြီးဈေး နဲ့ လသာတစ်ဝိုက်မှာ ဖိုးတုတ် ဆိုတဲ့နာမည်နဲ့ ကုန်တွေမှာပြီးနယ်ပို့သတဲ့.. ပြီးတော့ ကုန်သည်တွေကို ပိုက်ဆံမရှင်းပဲ ဗြောင်လိမ်သည် ။ကုန်သည်တွေခမျာလည်း ဖိုးတုတ် ဆိုသည့် နာမည် ကြား သည်နှင့်ပင် သွားမတောင်းရဲတော့ချေ..။
ဖိုးတုတ် ဓါးဆွဲပြီးဆင်းလာခဲ့သည်…။ ………..အဲ့ဒီ ဖိုးတုတ်က ဘယ်သူလဲ ။ ကြာကြာမစုံစမ်းရ..လမ်းမတော် ဖိုးတုတ်တော့ မဟုတ် လမ်း(၃၀)ဖိုးတုတ် တဲ့ ပွဲစားဖိုးတုတ်လို့လဲ ခေါ်သတဲ့..။လမ်းမတော်ဖိုးတုတ်… .. လမ်း(၃၀)ဖိုးတုတ်ကြောင့် ဒေါသထွက်ရပြီ..။
မကြာမီ……..ဖိုးတုတ်တပည့်တွေ လက်ထဲမှာ ယက်ကန်ယက်ကန်နဲ့ မူးနေတဲ့ လူတစ်ယောက် ပါလာ ပါ
တော့တယ်..။လမ်းမတော်ဖိုးတုတ်ကို အထင်သေးသည့် အမူအယာဖြင့် လမ်း(၃၀)ဖိုးတုတ်က ကြည့် လိုက်သည်။
"ခင်ဗျား..ဘယ်သူလဲ..ကျုပ်ကို ဘယ်သူမှတ်လို့ ဒီလိုခေါ်လာတာလဲ ..သေချင်လို့လား"
လမ်း(၃၀)က ဟောက်သည်..
လမ်းမတော်က ရယ်သည်.။
"ကျုပ်နာမည် ဖိုးတုတ်ဗျ..ဖိုးတုတ်..ခင်ဗျားကြားဖူးတယ်မှတ်လား" လမ်း(၃၀)က ထပ်ဟောက်သည်။
"အေး မင်းက ဖိုးတုတ် ဆို ရော့.."
လမ်းမတော်ဖိုးတုတ်ကိုင်နေကျ မူလီခေါင်းတပ်ကြိမ်လုံးက လမ်း(၃၀)ဖိုးတုတ် မျက်နှာပေါ် ကန့်လန့်ဖြတ် ကျသွားသည် ။
လမ်း(၃၀) ဖိုးတုတ်ခွေသွားသည်..။
"ခင်ဗျား ဘယ်သူလဲ..ကျုပ်အကြောင်း မသိသေးဘူးထင်တယ်"
"အေး..မင်း ငါ့ကို သိက္ခာချတယ်..လူလိမ်..ခွေး"
"ကျုပ်အလုပ်ကျုပ်လုပ်တာ ခင်ဗျားကို ဘာသိက္ခာချနေလို့လဲ"
လမ်း(၃၀)ဖိုးတုတ်ကလည်း…….ပြန်ခံပက်သည် ။
"မအေ -ိုး………..ငါ လမ်းမတော် ဖိုးတုတ် ကွ"
ဒီတော့မှ လမ်း(၃၀)ဖိုးတုတ် ခေါင်းနပန်းကြီးသွားပါတော့တယ်……သွားပြီ သူ့ဘ၀..။
"မင်းလိမ်ထားတာတွေ (၃)ရက်အတွင်း ပြန်ပေး..မပေးရင်………………"
လမ်းမတော်ဖိုးတုတ် စကားမဆုံးလိုက်သလို လမ်း(၃၀)ဖိုးတုတ်လည်း စကားပြောခွင့်မရလိုက်ပါ.မူလီခေါင်း တပ်ကြိမ် လုံးက လမ်း(၃၀)ဖိုးတုတ်ခေါင်းပေါ်အချက်ပေါင်းများစွာကျရောက်လာပါတော့ တယ်…………။
(၃)ရက်မြောက်နေ့တွင် လမ်း(၃၀)ဖိုးတုတ် သည် သူ့အိမ်ကိုရောင်းချပြီး အကြွေးများ ချေသွားပါတော့ တယ်……….။
ဖိုးတုတ်ကို နိုင်တဲ့သူ ပေါ်ပြီ
လမ်းမတော် ဖိုးတုတ်.. မသင်းမြနဲ့ မင်္ဂလာဆောင်အပြီးမှာတော့ ဖိုးတုတ်ကို နိုင်တဲ့သူ ပေါ်လာခဲ့ပါပြီ။
ဟုတ်ပါတယ်………..သူကတော့ ဖိုးတုတ်ရဲ့ ချစ်လှစွာသော ဇနီး မသင်းမြ ပါပဲ..။အိမ်ပေါ်တွင် အရင်လို တပည့်တွေ ဘော်ဒါတွေနှင့် အရက်ဝိုင်းဖွဲ့မသောက်ရ ။တစ်ခြားမိန်းမတွေ မခေါ်တင်ရ..။ဝက်သား မစား ရ..။လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် ဒီဥပဒေတွေကို နာခံရသည်……..။
လမ်းမတော်ဖိုးတုတ်ကို ပြောချင်ဆိုချင်သည့်ကိစ္စများအတွက် မသင်းမြကို သွားကပ်ရတဲ့သူတွေ တောင် ရှိလာပါတော့တယ်…….။တစ်ခါတော့ လမ်းမတော်ဖိုးတုတ် နှင့် လမ်းမတော်အက်စပက်တော်(၁)ဦးတို့ လသာလမ်းရှိ တရုတ်ထမင်းဆိုင်တစ်ခုတွင် သွားစားကြပါတယ်…။
ဖိုးတုတ်တို့က ဟင်းရည်ထပ်တောင်းသည့်အခါ ဆိုင်ရှင်နှင့်စကားများကြပါတယ်.. ဆိုင်ရှင်တရုတ် ကလည်း လမ်းမတော်ဖိုးတုတ်မှန်းမသိပါဘူး..။ လမ်းမတော်ဖိုးတုတ်က ငွေရှင်းဖို့ တရုတ်ထမင်းဆိုင်ရှင် ရှိရာ ကောင် တာကို လှမ်းခေါ်တဲ့အခါ ဆိုင်ပိုင်ရှင်တရုတ်က အလုပ်သမားရှိတယ် ငါဆိုင်ရှင်ကွ..မင်းဘာကောင်လဲဆိုပြီး ရင့်ရင့်သီးသီး ပြောလာပါတော့တယ်…
ဖိုးတုတ်က ကောင်တာကို ထသွားပြီး ဆိုင်ရှင် မျက်နှာကို လက်သီးနဲ့ထိုးလိုက်ပါတယ်…. 
Credit to The Express Times
Friday, July 4, 2014
စာပေကျိန်စာသင်.သော ၊ ဘာသာရေး စော်ကားမှုဒါဏ် ပြန်ခံရသော ၊ ယဉ်ကျေးမှု ဒါဏ်သင်.သော အောင်ရင်ငြိမ်။
တစ်ခါလာလည်း ဒီအကြောင်းပဲ ပြောတယ်တော. မထင်ပါနဲ. ။ ဒါပေမယ်. မျိုးချစ်စိတ်ရှိသူတစ်ယောက် ၊ မြန်မာ.ယဉ်ကျေးမှု မြတ်နိုး သူတစ်ယောက် ၊ တိုင်းတစ်ပါး ပုံတူကူးချထားသော ၀ါဒ တို.ကို ဖာထေးဖြတ်ဆက်လုပ်ပြီး ၀ါဒသစ်ဟု အမည်တပ်ထားခြင်းကို မျက်စိမှိတ် မယုံကြည်တတ်သူတစ်ယောက် ၊ တာဝန်သိပြည်သူတစ်ယောက် အနေနဲ. သတင်းမျှဝေ ခြင်းဟုသာ  မြင်ပေးကြစေချင်ပါသည် ။
ယနေ.ခောတ်က ထိမ်းသိမ်းမှုထက် လွတ်လပ်မှုကို ပိုမို တန်ဖိုးထားလာသော ခောတ်ဖြစ်သည်.အလျှောက် ကောင်းသော အရာများ ရှိသလို မကောင်းသော အရာများကလည်း ဒုနှင်.ဒေးပင် ။ အထူးသဖြင်. ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ်ရာများ ၊ လူမျိုးရေး ဆိုင်ရာ ပြင်းထန်သော အယူအဆများ ၊ နိုင်ငံရေး ဆိုင်ရာ အမျိုးမျိုး အထွေထွေသော အမြင်များအပြင် ယဉ်ကျေးမှုဆိုင်ရာ ၀ိရောဓိများ စသည်ဖြင်. လောကသည် ပိုမိုလွတ်လပ်လာသည်လား ၊ ပိုမို မညီညွတ် လာသည်လားကတော. အနာဂတ်က ဆုံးဖြတ်မည်ထင်ရသည် ။
ထိုအောင်ရင်ငြိမ်းဖန်တီးသော မြန်မာယဉ်ကျေးမှုအရ မည်သို.မျှလက်ခံနိုင်စရာ မရှိ ( ထိုသည်ကိုလည်းသူတို.ကိုယ်တိုင် နားလည်ထားပြီးဖြစ်သည် ) ။ ထိုစာအုပ်မိတ်ဆက်ပွဲကို မျက်နှာပြောင်တိုက် ပြုလုပ်ခဲ့စဉ်က ဖိတ်ကြားခံရသူ တစ်ဦးဖြစ်သော စာရေးဆရာ မတစ်ဦးဖြစ်သည်. မိချမ်းဝေ၏ သုံသပ်ချက်အချို.ကို ကောက်နှုတ်ဖော်ပြပါမည် ။
ကျွန်မတို. ဘာကြောင်. ၀တ္ထုတို ၊ ၀တ္ထု ရှည်တွေ ဘာကြောင်. ရေးနေလဲ ။ လူ.ဘောင်ကို ကောင်းကျိုးပြုမည်. ကျွန်မတို.ဖြစ်စေချင်သော လောက တစ်ခုကို မိမိအတွေးအခေါ် အရေးအသား ကျွမ်းကျင်ပိုင်နိုင်မှုတွေနဲ. တည်ဆောက်ပြခြင်းဖြစ်သည် ။ အပြင်မှာ ဆရာမတစ်ယောက် မခိုင်လုံသော အကြောင်းပြချက်ဖြင်. စိတ်လိုအပ်ချက်ကို သွေးသားဆန္ဒ ဖြေဖျောက်မှု မှုလုပ်ရပ်မျိုး လုပ်ချင်လုပ်ကောင်း လုပ်မည်ဖြစ်သော်လည်း ပရိသတ်ကိုချပြ သော ၀တ္ထု တွင်ကျောင်းဆရာမကို ဇာတ်ကောင်မထားသင်.ပါ ။ ကျောင်းဆရာမ ဟူသည် အာစရိယ ဂိုဏ်းဝင်ဖြစ်ပြီး  သူ.မှာသီးခြား ဂုဏ်ရည်ရှိသည် ။ဤ၀တ္ထု ကိုကျောင်းဆရာမတွေ ဖတ်မိပါက အဘယ်မျှဆွေ.ဆွေ.ခုန်ကြမည် မသိ ။ကျောင်းဆရာမတွေ စိတ်ညစ်ပြီး သတ်သေနိုင် လောက်သည်. ၀တ္ထု ဖြစ်သည် ။ ၀တ္ထု တစ်ပုဒ်တွင် ယခုလို လိင်အသားပေး ပွင်.လင်းမှု များ ထူထဲသိပ်သည်းစွာ ထည်.၇န် လိုအပ်ပါသလား ။ တိုးတက်သော အမြင်ရှိသူတိုင်း အနုပညာသစ် ၊ အယူအဆသစ် ကိုပရိသတ်ရှေ.ချပြချင်သည် ။ ထိုအသစ်ဆီသို.သွားရာတွင် လိမ္မာပါးနပ်ဖို.တော. လိုမည်ပင် ။ ၀တ္ထု တစ်နေရာတွင် ရွေက္ကုနြေ္ဒ ရဲ.ဘော်ဒီက စောက်ရမ်းလန်းတဲ့ အချိုးအဆစ်မျိုး ဆိုသည် အရေးအသားသည် ယနေ.ခောတ် Facebook ပေါ်တွင် ရေပန်းစားနေသည်. အရေးအသားမျိုးဖြစ်ပြီး ထိုအရေးအသားမျိုး စာမျက်နှာပေါ် ရွေ.လာပြီလား ။  တစ်နေရာမှာတော. ငါတို.မြေ ငါတို.ကိုပြန်ပေး ၊ အဓမ္မအသိမ်းခံ၇တဲ့ မိချောင်းကန် ဘိုးဘွားမြေ မြေယာဥပဒေ ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ နဲ.အညီ ဒေသခံတွေဆီ ပြန်ပေး ၊ဆင်းရဲ နွမ်းပါးမှု ရဲ. သိသာထင်ရှားတဲ့ အသွင်အပြင်က မြေယာပိုင်ဆိုင်မှု ကင်းမဲ့ခြင်း ၊ ဖိနှိပ်ချုပ်ခြယ် အုပ်ချုပ်မှုအောက် ရေငုံနှုတ်ပိတ်နေသူတွေ သေရစမြဲ ၊ ၁၈၉၄ ခုနှစ် မြေသိမ်း ဥပဒေ ဖော်ဆောင်ပေး ၊ ဆောင်ရွက်ပေး ၊ ဒီမိုကရေ စီ အစိုးရအဖွဲ. နိုင်ငံတော် ဂုဏ်သိက္ခာ နဲ.အညီ အမြန်စိစစ်ဆောင်ရွက်ပေး …ဟူ၍ယနေ.ခောတ် နိုင်ငံရေးအခင်းအကျင်း ကြွေးကျော်သံတွေ ဟစ်ကြွေးပြထားသည် ။ အောင်ရင်ငြိမ်း ဘာလဲ ၊ ဘယ်လဲ အမေးကို ထိုဟစ်ကြွေးမှု စာသားဖြင်. ကြိုကာထားခြင်းဖြစ်နိုင်သည် ။ ပိုအံ.သြစရာကောင်းနေသည်မှာ ထုတ်ဝေသူက အမျိုးသမီး တစ်ဦးဖြစ်နေပြီး သူပြောသည်.အထဲ မှတ်သားစရာ အသစ်များ ပါနေသေးသည် ။ကျွန်မတို.အားလုံး အရေခြုံ ဘာသာရေးတွေ ၊ ဟန်ဆောင်ယဉ်ကျေးမှုတွေ နဲ. ပိတ်မိနေတယ် ။ ကိုယ်တိုင်ခံစားသိမြင်လာရတော. တော်လှန်ချင်လာတယ် ။ ရော်ဘာဘောလုံး ထူထူကြီးထဲ ကနေဖောက်ထွက်မယ် ။ အမျိုးသမီးတစ်ယောက်က ဒီလိုအယူအဆတွေရှိပြီး ဒီလိုစာအုပ်မျိုးထုတ် ၊ ဒီလိုစကားတွေပြောတာ ကို ဘယ်လိုမှ နားမလည်နိုင် ။ ယနေ.ခောတ်မှာ အထက်တန်းလွှာ မိန်းကလေးအချို. အိမ်ထောင်မပြုတော.ပဲ ချစ်သူအလိုရှိသည်. အခါ ဟိုတယ် တည်းခိုခန်းတွေဆီသွား တစ်ခဏ သာယာမှုရှာ မိသားစု အသိုက်အ၀န်း ၊ အိမ်ရာတည်ထောင် ၊ သားဆက်မွေးမြူခြင်း ကိစ္စဆိုတာ အစဉ်အလာဟောင်းတွေ ဒါတွေကို ရိုက်ချိုးပြီး လူမှုနေထိုင်ခြင်း အခင်းအကျင်းသစ်တေါဆီ ဦးတည်သော လုပ်ရပ်များ ပေါ်ပေါက်နေဆဲ ကာလတွင် ရိုးရာ ယဉ်ကျေးမှု ၊ အရှက်အကြောက်တရား ၊ လူပီသမှု လူဆိုလျှင် အိပ်၊စား၊ကာမ နှင်.မပြီး ဒါတွေကို ထည်.သွင်းစဉ်းစားရ မည်. လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြန်လည် ဆွဲတင်ရမှာ စာပေရေးသားသူတွေရဲ. တာဝန် မဟုတ်ပါလား ။ ထုတ်ဝေသူအမျိုးသမီးက ဒီစာအုပ်နှင်. ပတ်သက်လို. အပြစ်ပြောမယ်ဆို တရားခံ တစ်က ကိုအောင်ရင်ငြိမ်းဖြစ်ပြီး တရားခံ နှစ်က ကမန်မပါပဲ ဟုဝန်ခံစကားက ဘယ်လိုမှ တာမသွားပါ ။ မိုးကြိုးပစ်လိုက်ချိန် ထန်းလက်နှင်. ကာလိုက်ခြင်းမျှသာ ။လိင်လွတ်မြောက်မှု ၊ အရေခြုံဘာသာရေး ၊ ဟန်ဆောင်ယဉ်ကျေးမှု ၊ ဥပဒေကို ကိုယ်တိုင်လျှောက်လဲခြင်း ၊ ပိတ်မိနေသည်.အထဲ က ဖောက်ထွက်လိုခြင်း စသော ဆင်ခြေ စကားလုံး အလှများဖြင်. ကဗျာဆရာ အောင်ရင်ငြိမ်းက သူရေးနေကျ ကျောတွေ ၊ အက်ဆေးတွေ မဟုတ်ပဲ လူမှုဝန်းကျင် နှင်. ရှိရင်းစွဲ တန်ဖိုးစံတွေကို ချိုးဖောက်ဖို. ရိုမန်းဘော.တ် တစ်ကောင်ကို တီထွင် ထုတ်လုပ်လိုက်ပါပြီ ။  ဤအရာသည် စာပေလောက တစ်ခုလုံး ၊  ရသစာပေကို ဖတ်ရှု ရေးသားနေသော စာဖတ်သူ ၊စာရေးသူတို.အားလုံးကို သွေးတိုးစမ်း စိန်ခေါ်ခြင်း တစ်ရပ်ပင် ။ ဂေါ်ဇီလာ တစ်ကောင်လို ကိုးရိုးကားယား ပေါ်ထွက်လာသော ထိုရိုမန်းဘော.တ် တွေကို တစ်ကောင်တက်လာ ၊ တစ်ကောင်ချင်း ပစ်ချဖို.တော. လိုအပ်နေပါပြီ ။ ကျွန်မတို. လေးမြှားလက်နက် ကိုယ်စီ အသင်.ပြင်ကြပါစို.။
ထိုစာအုပ်မိတ်ဆက်ပွဲတွင်လည်း သစ္စာနီ က ဤ ၀တ္ထုကို Facebook မှာ တည်းက ဖတ်မိကြောင်း ၊ အောင်ရင်ငြိမ်းကိုလည်း သတိပေးဖူးကြောင်း ၊ ဒါမျိုးက တရား စွဲခံရနိုင်တယ် ။ ညစ်ညမ်း ပုဒ်မ တပ်ပြီး စွဲနိုင်တယ် ။အရင်တုန်းက ဆရာတင်.ဆန်းရဲ. ချောလည်းချောတဲ့ ဘေဘီဝတ္ထု ၊ ဆရာတက္ကသိုလ် နေ၀င်းရဲ. သူလိုမင်းသမီး စာအုပ်တွေ အပိတ်ခံရဖူးကြောင်း ၊ အိုရှိုး ရဲ. အယူအဆတွေနဲ. လိင်ကိစ္စကို ပွင်.ပွင်.လင်းလင်း ရောမွှေထား ၊ လူ.ယဉ်ကျေးမှု အဖွဲ.အစည်းကို ရိုက်ချိုးချင်ဟန်တူကြောင်း ၊ ဒါတွေရေးလို. မကန်.ကွက် ၊ လွန်သွားလျှင် ညစ်ညမ်းစာပေ ဖြစ်သွား ၊ အနုပညာမှာ ဆင်ဆာမရှိ ၊ ဖန်တီးမှု နိုင်နင်းဖို.လို. ၊ မနိုင်နင်းပါက ကိုယ်.ကိုကိုယ် ပြန်ဖျက်ဆီးတတ်ကြောင်း သုံးသပ်ပြသွားသည်ဟု ဆိုသည် ။
အောင်ရင်ငြိမ်း နှင်. ပတ်သက်၍ နှင်းခိုင်လွင်ရေးသားထားသော စာတစ်ပုဒ်အရ စင်စစ်ထိုစာရေးသူသည် စာရေးဆရာ မဟုတ်ပါချေ ။ ရသစာပေဖန်တီးသူ ၊ ရသ၀တ္ထု ရေးသူတစ်ဦးလည်း မဟုတ်ပါ ။ ကဗျာ ဆရာ တစ်ဦးသာဖြစ်၏ ။ရွှေတိဂုံ ဘုရား အလယ်ပစ္စယံ ဇရပ်တစ်ခုတွင်ပြုလုပ်သော ကဗျာ ဆရာ တစ်ဦး၏ မင်္ဂလာ ဆွမ်းကျွေးပွဲတွင် ကဗျာ ဆရာများက ကဗျာဖြင်. လက်ဖွဲ.ရာတွင် အွန်လိုင်းတွင် သူရေးခဲ့သော အပြာရောင် ကဗျာ ကိုနှစ်နှစ် သက်သက် မက်မက်မောမော ကိုယ်တိုင်ရွတ်ပြသည်ကို ကြည်.ခြင်းအားဖြင်. သူ.အလုပ်သူအပြစ်ရှိသူဟု မယူဆကြောင်း ပေါ်လွင်သည် ။ထိုစဉ်က လူ ၁၀ ယောက် ၁၅ယောက် သာရှိသဖြင်. ဘာပြဿနာမှ မရှိ ။ ယခုက လုံးချင်းစာအုပ် ။ စာပေသမားအားလုံး စောင်.ထိမ်းရမည်. ကျင်.၀တ်ရှိသည် ။ထိုကျင်.၀တ်အရ ရေးထုတ်သော စာပေသည် ညစ်ညမ်းမှု မပါစေရဟု အတိအလင်းဖော်ပြထားသည် ။ယခုပြဿနာ ဖြစ်သော သူသည် ကျင်.၀တ်ဖောက်ဖျက်ခြင်းပင်ဖြစ်သည် ။ စာရေးသော လုပ်လုပ်သူသည် မိမိကျင်.သုံးရမည်. ဥပဒေ ၊  ကျင်.၀တ်ကို သိရမည် ။ လိုက်နာရမည် ။ ဖောက်ဖျက်လျှင် ထိုသူအား ဥပဒေအရ အရေးယူ၇န် လိုသည် ။ထိုသူတစ်ယောက် မကောင်းသည်နှင်. အားလုံးကို သိမ်းကျုံး ရုပ်သိမ်း၍ မဖြစ် ။ ထိုမကောင်းသူကို ထိရောက်စွာ အရေးယူလိုက်လျှင် နောင် မသိ၍ ဆိုသောသူများ နည်းပါးသွားပါလိမ်.မည် ။ သန်.စင်သွားပါလိမ်.မည် ။ ယနေ.မြန်မာစာပေ ယဉ်ကျေးမှုသည် ပွင်.လင်းလွတ်လပ်ရုံအပြင် ခက်ခဲ သိမ်မွေ.မှု ရှိသည် ။ ပညာသားပါသည် ။ လူပြိန်းကြိုက်မဟုတ် ။ ထို.ကြောင်. လှပရင်းစွဲ မြန်မာစာပေလောကအား အမည်းရောင်ဆိုးချင်သော ( သိ၍ဖြစ်စေ ၊ မသိ၍ဖြစ်စေ ) စာရေးသူအားနောင်ကြဉ်အောင် တရားနည်းလမ်းအရ အရေးယူပါမှ မြန်မာ.စာပေ အနာဂတ် လှပလိမ်.မည်ဟု ယုံကြည်ပါသည် ။
ဒါ.အပြင် ဘရန်ဆိုင်း ဆိုသူရဲ. ဝေဖန်ထောက်ပြမှု ကလည်း သင်.တော်တယ်လို.မြင်မိပါတယ် ။
Not for Conservatives , Adult fiction လို့လည်းဆိုထားပါတယ် ... NC 18 လို့လည်း ရေးထားပါတယ် ...ကဗျာဆရာတယောက်ရဲ့ ဆိုက်ကို နောက်ခံ ၀တ္ထု လို့လည်း
ညွှန်းထားပါတယ် ....။
အောင်ရင်ငြိမ်း ဆိုတာကို ကျနော် မသိပါ ... ကဗျာဆရာ လို့ဆိုထားတော့ ကဗျာဆရာပေါ့ ... မဖတ်ဖူးပါ ...။ ချစ်ခြင်းမုန်းခြင်းအလျဉ်း မရှိပါ ။ နောက် NC 18 ဆိုတာ ဟိုအရင်က ...
တရားမ၀င် အပြာခွေတွေပေါ်မှာ တွေ့ဖူးပါတယ် NC 17 ဒါဆိုရင်Half, R အစရှိသဖြင့် ... လိင်ဆက်ဆံမှုတွေကို ပယ်ပယ်နယ်နယ်ရိုက်ပြတဲ့ ကားတွေကို ခေါ်တာပါ ....။ နိုင်ငံတကာမှာတော့ ..
( နိုင်ငံတိုင်း မဟုတ် ) ၁၈ နှစ် အထက်မှ ကြည့်ခွင့်ရှိတဲ့ ကားတွေပါ ... ။ ဒါကလည်း သူ့ ယဉ်ကျေးမှုနဲ့ သူပါ ...။မြန်မာပြည် ... မြန်မာ့ ယဉ်ကျေးမှုနဲ့တော့ ဒီလို ဇာတ်ကားမျိုး
ခု ဒီလိုစာအုပ်မျိုး တရားဝင် ( တရားဝင် ) ထုတ်ဝေဖို့ ဆိုတာအိပ်မက်တောင် မမက်သင့်တဲ့ ကိစ္စပါ  ။
ကဲ ခုတော့ ပေါ်တင် ကြေငြာပြီး စာအုပ်ထွက်လာပါပြီ ...။ဒါဟာ စာနယ်ဇင်း လွတ်လပ်ခွင့် တခုတည်းနဲ့ သက်ဆိုင်သလားထုံးတမ်းစဉ်လာ ယဉ်ကျေးမှုနဲ့ မသက်ဆိုင်တော့ဘူးလား ...။
ဒီစာအုပ်မှာ မြည်းစမ်းကြည့်ရသလောက်တော့ ... ဒေါက်တာချက်ကြီး ၊ ရတနာဝင်းထိန်တို့ထက်တောင် သာသယောင်ပါပဲ ...။တကယ် ပယ်ပယ်နယ်နယ် ရေးပြထားတာပါ  ။
လိင်ဆက်ဆံတဲ့ အခန်း တဲ့ ...။ ပွင့်လင်းလိုက်လေဗျာ ...။
( သမီးတို့ရေ ... သွားမဖတ်နဲ့တော့ )
အသက်မပြည့်သေးတဲ့ ကလေးမနဲ့ ဆက်ဆံတာ ပါတယ် ....။အိမ်ထောင်ရှင် အမျိုးသမီးနဲ့ ဆက်ဆံတာ ပါတယ် ...။ဒါတွေကိုလည်း အမှား မဟုတ်ပါဘူး ... သင့်တော်ပါတယ်
ဆိုတဲ့ သဘော ရေးပြထားတာကို တွေ့ရပါတယ် ....။ဆရာ စည်သူအောင်မြင့်လည်း ဝေဖန်သွားပါပြီ ...မြန်မာ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု အရကော ...ဘာသာတရားတွေရဲ့ ပညတ်ချက်တွေကိုပါ ဖောက်ဖျက်ကျူးလွန်ထားတဲ့ ဒီ စာအုပ်ဟာ ... ပညာပေးစာအုပ်လည်းမဟုတ်ခဲ့ဘူး ... သက်သက် ညစ်ညမ်းတဲ့ အရေးအသားနဲ့တရားဥပဒေ နဲ့ ဘာသာတရားအဆုံးအမ တွေကို စိန်ခေါ်
လိုက်တဲ့ စာအုပ်တအုပ်သာ ဖြစ်ပါတယ် ...။နောက်တချက် ... စာပေလွတ်လပ်ခွင့်ဆိုတာကို မထီမဲ့မြင်လုပ်ပြပြီး ... ဒီမိုကရေစီ ရဲ့ အနှစ်သာရကို မှေးမှိန်အောင်လုပ်ထားတယ်လို့ ယူဆစရာ ဖြစ်နေပါတယ်။ဆိုလိုတာ ရောချတာပေါ့ ဗျာ ... ကဲ မင်းတို့ ဒီမိုကရေစီကို
လိုချင်ရင် ဒါတွေပါ လက်ခံနိုင်ရမယ် ဆိုတဲ့ သဘော ...အတော် ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ပါပဲ ....။ဒီမိုကရေစီဆိုတာ လူ့အခွင့်အရေးကို အလေးထားတာ
မှန်ပါတယ် ... ဒါပေမယ့် ရိုးရာထုံးတမ်းစဉ်လာ ဓလေ့ နဲ့ယဉ်ကျေးမှုကို ဖျက်ဆီးဖို့ မလိုဘူး ...။ ဥပမာ ...တောင်ကိုရီးယားမှာ အမျိုးသမီးတွေ စကဒ် တိုလွန်းလို့ဥပဒေပြဌာန်းပြီး တားမြစ်ခဲ့တာ ရှိတယ် ... ။ ဒီလို သဘောပါပဲ...လူ့အခွင့်အရေး ကို နားလည်မှု ပေးတယ် ဆိုတာမှာ ...လူအများ လက်လည်းမခံ ... ယဉ်ကျေးမှု အရလည်း မသင့်လျော်တဲ့ကိစ္စတွေမှာ ဥပဒေ တရပ်တော့ အများသဘောတူ ချမှတ်ဖို့
လိုတာပေါ့ ...။ ဆိုကြပါစို့ လက်ရှိ ဒီမိုကရေစီ နိုင်ငံတိုင်းမှာလူမြင်ကွင်း လမ်းပေါ်တင် ကာမဆက်ဆံတာကို ဘယ်နိုင်ငံကလက်ခံပါသလဲ ... လူ့အခွင့်အရေးပဲ ဆိုပြီး ကြည့်နေရင် ..
ကျနော်တို့ အမှောင်ခေတ် ကို ပြန်သွားကြမှာလား ....။ဒါကြောင့် စာလည်း ရှည်ပါပြီ ... အောင်ရင်ငြိမ်းနဲ့ ထုတ်ဝေသူတွေ၊ ထုတ်ဝေခွင့်ပြုသူတွေကို ပြောချင်တာက ... ဒီလို ..
ညစ်ညမ်းစာပေတွေ ရေးပြပြီ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကိုမှေးမှိန်အောင် လူထု အထင်လွဲ အမြင်လွဲအောင် မှိုင်းမတိုက်ကြပါနဲ့ ... ခင်ဗျားတို့ရဲ့ အဆိပ်အတောက်တွေကို ခင်ဗျားတို့ပဲ
ပြန်သိမ်းသွားကြပါလို့ ပြောချင်ပါတယ် ....။
ဒီစာအုပ် နဲ.ပတ်သက်လို. မန္တလေး ဂေဇက်မှာလည်း အစောပိုင်းတည်းက စာပေ၀ိုင်းလေးတစ်ခုတင်ပြခဲ့ပါတယ် ။ အဲ့ဒီမှာ သုံးသပ်ကြတာတွေ ထဲက အချို.ကောက်နှုတ်ဖော်ပြါမယ် ။
စာကြမ်းပိုး ၁
စာပေစိစစ်ရေးမရှိတော့တဲ့ အချိန်မှာ ချက်ခြင်းဆိုသလိုပဲ လိင်ပညာပေးမဂ္ဂဇင်း တစ်အုပ် ပေါ်ထွက်လာခဲ့တာ မှတ်မိပါသေးတယ်။ နောက်…ဘယ်လို ကိုင်တွယ်လိုက်သလဲမသိ…။ အဲဒီမဂ္ဂဇင်း ထပ်ထွက်မလာတော့ပါဘူး။ အခု အောင်ရင်ငြိမ်း ရဲ့ အပြာဆန်ဆန် ၀တ္ထု။ ပထမတစ်အုပ်ထွက်ခဲ့ပြီးပြီ။ ဆရာဖြိုးထိန်တို့လည်း ဝေဖန်ဆွေးနွေးခဲ့ကြပြီးပြီ။ အခု နောက်တစ်အုပ် ထပ်ထွက်လာတော့မှ အသံတွေ ပိုကျယ်လာတာခင်ဗျ။ ကျွန်တော့်အထင်ပြောရရင် ဒါမျိုး ၀တ္ထုတွေ ထပ်ထွက်လာပါလိမ့်ဦးမယ်။ ဒါ ဆူနာမီ နဲ့ တူတဲ့ လှိုင်းကြီးတွေပါ။ ဆိုတော့ ဆူနာမီလို လှိုင်းတွေကို ရင်ဆိုင်အံတု ဖို့ ကျွန်တော်တို့ ပြင်ဆင်ကြရမှာပါ။ အခုက စာပေစိစစ်ရေး ရုတ်တရက်ပျောက်သွားတဲ့ အချိန်မှာ အပြာစာပေ ဆူနာမီကြီးက ကျွန်တော်တို့ ကလေးတွေကို ပြင်ဆင်ချိန်မပေးပဲ ဖုံးလွှမ်းသွားတဲ့ သဘောပါ။ ပြင်ဆင်ချိန် လုံးဝမရှိလိုက်တဲ့ သဘောပါ။ ဆိုတော့ ကျွန်တော်တို့ ကလေးတွေကို ပညာပေးရပါတော့မယ်။ နောက် စာအုပ်တွေမှာ Rating သတ်မှတ်တာတွေ ထင်ထင်ရှားရှားလုပ်ဖို့လိုပါမယ်။ မုဒိမ်းမှု ပေါများလှတဲ့ အချိန်မျိုးမှာ ဒီလို အပြာဝတ္ထုတွေကို စာအုပ်အငှားဆိုင်တွေ မှာ ပေါ်ပေါ်ထင်ထင် တင်ငှားနေကြတာမျိုးကို ကျွန်တော် အလိုမရှိပါဘူး။ အငှားဆိုင်တွေပေါ်တင်တာကိုလည်း ကန့်သတ်ထားသင့်ပါတယ်။ စီးတီးမတ်လို ဆိုင်မျိုးတွေကရော ဒီလိုစာအုပ်တွေကို ဂုဏ်ယူဝင့်ကြွားစွာ တင်ရောင်းကြမယ် မထင်မိပါဘူး။
စာကြမ်းပိုး (၂) -
 ကျနော့ တယောက်တည်း အမြင်ပြောရရင်တော့
အရင် ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတဲ့ စာအုပ် ပေါ်တင်ဖြစ်လာတယ် ဆိုတာ တစ်ချက်။
အဲဒီလို စာအုပ်ကို တရားဝင်ခွင့်ပြုရလောက်အောင် ဘာတွေဖြစ်သွားပြီလည်း ဆိုတာ တစ်ချက် ။
 နောက်တော့ ဒီ စာအုပ်ကို တရားဝင်ပေးဖတ်နိုင်ရလောက်အောင် ကျနော်တို့ နိုင်ငံက ၁၈ နှစ် အထက်တွေ အတွေးအခေါ်တွေ ရင့်ကျက်နေပြီလား ဆိုတာ တစ်ချက်။
နောက်ပြီး ငါးပွက်ရာ ငါးစာချတတ်တဲ့ ကျနော်တို့ နိုင်ငံ အသိုင်းအဝိုင်းအရ ဒီ စာအုပ်ပေါက်ပြီးရင် ဒါမျိုးတွေ နောက်က အများကြီးလိုက်မှာဆိုတာ တစ်ချက်။
နောက်ပြီး ပညာပေး အမည်ခံပြီး ဒါမျိုး များများထွက်လာရင် ဆေးကျောင်းမှာ သင်တဲ့ အနတ်တမီ ဘာသာကြီးနောက်ကောက်ကျဖို့ရှိတယ်ဗျ။
ဟားဟားဟားးး
အဲဒီ ယေဘူယျ အချက်တွေနဲ့ပြောရရင်ကျနော်က တော့ သဘောမကျဘူးဗျာ။
စာကြမ်းပိုး (၃) -
၁ ။ လိင်ကိစ္စကို ပျစ်ပျစ်နှစ်နှစ်ရေးပြထားတဲ့ စာအုပ်တွေကို ဖတ်တဲ့လူတစ်စု ရှိနေတာတော့ ဟုတ်ပါတယ်။
ဒါပေမယ့် အဲဒီလူတစ်စုကို ”စာဖတ်သူ”ဆိုတဲ့ အထွေထွေ
စာဖတ်ပရိတ်သတ်ကြီး စာရင်းထဲ မသွင်းသင့်ပါဘူး
လို့ ယူဆပါတယ်။
်စာပေအနုပညာသမားစာရင်းထဲမဝင်တဲ့ ဘာညာစာအုပ် (အပြာစာအုပ်) ရေးသူတွေ ရှိတာလည်း ဟုတ်ပါတယ်။
အဲ့ဒီ ညစ်ညမ်းစွာ ရေးသူ/ညစ်ညမ်းစွာဖတ်သူတွေဟာ တိုးတိုးတိတ်တိတ် ညစ်ညမ်းစွာရှိနေကြတာ ကြာပါပြီ။
ဖတ်တဲ့သူတွေလည်း ဖတ်ကြ ။ ရေး ထုတ် ရောင်းသူတွေလည်း ရောင်းကြနဲ့ပေါ့ ။
ဒီအခြေအနေဟာ ဒီနိုင်ငံမှာ ပေါ်တင် အနေအထားနဲ့ မရှိခဲ့ပါဘူး။
စာဖတ်သူစာရင်း/ရသ&သုတ စာပေချစ်သူစာရင်းထဲ မသွင်းထိုက်တဲ့ ညစ်ညမ်းစာပေဖတ်သူတွေဖတ်ဖို့လောက်နဲ့. . . လိင်အသားပေးစာအုပ်တစ်အုပ်ကို တရားဝင်ထုတ်ဝေလိုက်တာဟာ
ကျန်တဲ့ အထွေထွေစာချစ်သူ စာဖတ်ပရိတ်သတ်ကြီးကို စော်ကားရာတောင် ရောက်သလားလို့ ။
( မဖတ်ချင်သူ မဖတ်နဲ့ပေါ့လို့ လွယ်လွယ် ဆိုရင် ရပေမယ့် ဒီလိုစာအုပ်မျိုးကို စာပေလောကရဲ့ စာအုပ်စင်ပေါ်မှာ မြင်နေရတာကိုက ”စာပေရွာ” နာ ပါတယ် ။ )
 ၂ ။ဒါကြောင့် ဒီလိုစာမျိုးကို ရေးသူကိုလည်း (ဒီစာအုပ်အတွက်) စာပေအနုပညာသမားစာရင်း မသွင်းနိုင်ပါဘူး
ညစ်ညမ်းစာပေရေးသားသူ/ ညစ်ညမ်းစာရေးသူအဖြစ် အသိအမှတ်ပြုရုံပါပဲ
၃။  လင်ရှိမယားတစ်ယောက် နဲ့ အခြားယောကျာ်းတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု / အိမ်ထောင်ရေးသစ္စာမဲ့မှုကို ပြုကောင်း/လုပ်ကောင်းသယောင်ယောင် အယူအဆမျိုးကို. . . မြင်ရဖတ်ရလို့ ဘာများ ရလိုက်မလဲ။ ဒီလိုရေးတာကို ဒီလူတွေ ဖတ်ပြီး ဒီလိုဖီးလ်တက်သွားပါတယ်ဆိုတဲ့အချက်ကို . . . စာပေကပေးတဲ့ ရသစာရင်းထဲ ထည့်ရင် ထည့်တဲ့သူဟာ. . . . ရသအနုပညာကိုစော်ကားတဲ့လူလို့ ကျနော် ယူဆတယ်။
၎ ။ ဒီလိုစာကို ဖတ်လို့ အကျိုး ရလဒ်ဘာတွေ ရှိမလဲ ။”တကယ့်စာဖတ်သူတွေ” ကတော့ စာအုပ်ထဲကနေ ယူသင့်တာယူ ချန်သင့်တာချန်ပြီး အမှားအမှန်ခွဲခြားလိုက်လိမ့်မယ်။ဒီစာအုပ်ဟာ သမိုင်းမှာ ရိုင်းတဲ့စာပဲလို့. . .သတ်မှတ်နိုင်လိမ့်မယ် ။
——————
ရသစာပေကို လေ့လာလိုက်စားစပြုတဲ့ လူငယ်စာဖတ်ပရိတ်သတ်(စာဖတ်သက် နုငယ်သူလူငယ်များ) အတွက်တော့ . . . ဒီစာအုပ်ကို ဖတ်ပြီး အတုယူမှားနိုင်တယ်။
ဒီစာအုပ်ထဲက အရသာကို ညစ်ညမ်းပါလားလို့ မဝေဖန်နိုင်ခင် ကောင်းလှချည်လားလို့. . .စွဲလမ်းသွားနိုင်တယ် ။ စာဖတ်သက် နုငယ်သူ လူငယ်စာဖတ်ပရိတ်သတ်တွေအတွက်တော့ ဒီစာအုပ်ဟာ အဆိပ်တစ်ခွက်ပါ ။
၅ ။ ဒီလိုစာအုပ်မျိုးကို ဒီလိုနိုင်ငံမှာ ဒီလိုတရားဝင် ရေးသားခွင့် / ထုတ်ဝေခွင့် / ရောင်းချခွင့် ပြုလိုက်တာဟာ ဘယ်နည်းနဲ့မှ မကောင်းပါဘူး။
ရေးသူရေးဖတ်သူဖတ် . . .ဒါပေမယ့် အသိအမှတ်ပြုပြီး စာပေ”တန်း”ပေါ် ပစ်မတင်သင့်ဘူး။ စာပေစင်မြင့်ပေါ်မှာ နေရာမပေးသင့်ဘူး ။ ဒီလိုစာသားမျိုးတွေနဲ့ ဒီလိုစာအုပ်မျိုးကို စာပေအိမ်ဦးခန်းပေါ် တင်မထားသင့်ပါဘူး။
(သူ့ဘာသာသူ ညစ်ညမ်းတဲ့ချောင်ကြိုချောင်ကြားမှာသာ ထားသင့်တယ်။ ချောင်ကြိုချောင်ကြားကြိုက်သူတွေ ညစ်ညမ်းစွာ ကြိုက်ပါစေ။ ပေါ်တင်တော့ မကြိုက်စေသင့်ပါဘူး။ )
”စာပေစင်မြင့်”မှာ မြင်သင့်တာမြင်ရအောင် ကြဉ်သင့်တာ ကြဉ်ရအောင် တာဝန်ရှိသူက တာဝန်ရှိသည့်အလျောက် ဆောင်ရွက်ပေးဖို့ လိုပါသေးတယ်။
ဒါမှ ကျနော်တို့ တို့ချစ်တဲ့ . . .”စာပေရွာ ” မနာမှာပါ။
စာကြမ်းပိုး (၄) -
ကျနော် ကတော့ -
ဒီကိစ္စဟာ စာပေကို ခုတုံးလုပ်ပြီး ဘော်ချက်တာလို့မြင်တာပဲဗျာ….
အပြာစာပေကို ၁၈နှစ်အထက်မှဖတ်ရန်ဆိုပြီး rating လုပ်တော့ရော ၁၈ နှစ်အထက်တွေဖတ်ရင် အကျိုးရှိမှာမို့လို့လား …..လို့ တဖက်လှည့်နဲ့ စဉ်းစားကြည့်မိပါတယ်။ ၁၈ နှစ်အောက်တွေမဖတ်အောင်ရော ဘယ်လိုထိန်းချုပ်လို့ ရမှာလဲ … ပေါ့ဗျာ…။
ဘယ်နိုင်မှာ ဘယ်လို ဘာတွေလုပ်တယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး….
ကျနော် သိတာကတော့ ဒီနိုင်ငံမှာ အဲဒါမျိုးတွေအတွက် အသင့်မဖြစ်သေးပါဘူး…. အဲဒါမျိုးတွေရဲ့ ဆိုးကျိုးကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး…..
ဒါမျိုးတွေကို ထိထိရောက်ရောက်မတားဆီးလို့ လူငယ်တွေမှာ ထိခိုက်မှု့တစ်စုံတစ်ရာဖြစ်ခဲ့ရင် သမိုင်းတရားခံဟာ အဲဒီအပြာစာပေတွေရေးသားထုတ်ဝေဖြန့်ချီသူတွေနဲ့ အားပေးအားမြှောက်ပြုသူတွေသာ ဖြစ်ကြပါလိမ့်မယ်။ပြီးတော့ – အဲဒါမျိုးတွေ မဆင်မခြင် မစောင့်မထိန်း လျှောက်ရေးလို့ စာပေစိစစ်ရေးဆိုတဲ့ လက်မည်းကြီး တစ်ကျော့ပြန်လာခဲ့ရင်ဖြင့် ကိုယ်ကျိုးမနည်းပေဘူးလားဗျာ…။
စာနယ်ဇင်းဆိုင်ရာ
ဒါကတော.   Thaw Han ရဲ. ကြိုဆိုမှုပေါ.ဗျာ ။ တရားစွဲမှာကို ကြိုဆိုခြင်းပေါ.
ပြန်ကြားရေးက...တရားစွဲမယ်ဆိုတော့...ကြိုဆိုပါတယ်..
ဆရာစည်သူအောင်မြင့်က..ဧရာဝတီမှာ စပြီးဝေဖန်ရေး..ရေး.လိုက်ကတည်းက.
တော်တော်စိတ်ပျက်သွားတာပါ...ပြည်သူကို အတွေးအခေါ်ကောင်းတွေ..မှန်ကန်တဲ့...အသိတွေပေးရမဲ့..သူတွေကိုယ်တိုင်က....
ပညာသားပါပါ...ပညာမပေးဘဲ..ဒီလို..ရေးတယ်ဆိုမှတော့..ပြောချင်စရာ...စကားကို...မရှိတော့ဘူး
အောင်ရင်ငြိမ်း ( ဆရာတပ်မခေါ်ဘူးနော် သောက်ဆင့်မရှိလို့ )..အနေနဲ့ ..စာအုပ်ကို...သေသေချာချာ..မဖတ်ဘဲ...ဝေဖန်နေကြတယ်လို့ ..တုံ့ ပြန်ပေမဲ့..စာအုပ်အဖုံးဒီဇိုင်း...ကောက်စာထုတ်ထားတဲ့..စာသားတွေ..ဒါတွေဟာ...ဆိုက်ကိုလို့ ...ခေါင်းစဉ်တပ်ထားပေမဲ့..အောက်လမ်းနည်းနဲ့ ဆွဲဆောင်သွားတယ်လို့ ပဲ..သတ်မှတ်ပါတယ်..
ဒီလို..ကဗျာ.ဆရာအမည်ခံ...နိုင်ငံရေးသမားယောင်ယောင်...ကဗျာ.ဆရာယောင်ယောင်...လူစားမျိုးတွေကြောင့်..စစ်မှန်တဲ့...နယ်ပယ်တစ်ခုက...လူတွေအတွက်သိက္ခာကျရပါတယ်...
ဒီလို..ရေးတာဟာ..အောင်ရင်ငြိမ်းကိုမုန်းလိုလည်း..မဟုတ်ပါဘူး..သူဖန်တီးလိုက်တဲ့...အနုပညာဟာ..ဖတ်ရသူတွေအတွက်..အသိမှား...အမြင်မှားတွေပဲ ရသွားစေလို ပါ..မင်းခက်ရဲကိုတော့နာမည်ကြားဖူးနေပါတယ်..ကျွန်တော့သူငယ်ချင်းတစ်ယောက်ရဲ့ ..ညီပါ..
မေးခွန်းထုတ်စရာတွေရှိပါတယ်..
၁ အပြောင်းအလည်းကာလမှာ..ပြန်ကြားရေးကလူတွေ..လက်လှမ်းမမီနိုင်ဘူးဆိုတဲ့..အသိနဲ့ လုပ်ချင်ရာလုပ်..နာမည်ကြီးရင်ပြီးရောဆိုပြီး ရေးလိုက်တာလား..
ဒီနိုင်ငံရဲ့ ...ဥပဒေတွေရေးရာတွေမှာ.. .၀ိရောဓိတွေရှိနေတာကို...ထောက်ပြလိုက်တာလား....
ကျွန်တော်တော့ မထင်ဘူး...
.
ခင်ဗျားစာအုပ်ထဲက...
“ သူ့ပေါင်နှစ်ဖက်ကြားထဲ ခေါင်းဝင်ပြီး ပစ္စည်းကို လျှာနဲ့ နမ်းဖို့ ဟန်ပြင်လိုက်တော့ ဘာမှမလုပ်ရသေးပဲ အရည်တွေ စိုရွှဲနေတာ တွေ့ရတယ်၊ သူ လိင်စိတ် နိုးကြားပြင်းထန်နေတဲ့ သဘောပါပဲ။ လျှာနဲ့ စ နမ်းလိုက်တဲ့ အချိန်မှာ သူ့ကိုယ်လုံးလေး တစ်ချက် တွန့်သွားပြီး အနမ်းခံရတဲ့ အရသာကို ခါးကော့ ခံစားနေပါတယ်။”
“ သူ့ရင်သားနှစ်ဖက်ကို လက်နဲ့ ဆုတ်ကိုင်ပြီး ကျွန်တော့်ပစ္စည်းကို သူ့ပစ္စည်းထဲ ထိုးသွင်းလိုက်တဲ့ အချိန်မှာ သူ့ပေါင်တံ နှစ်ဖက်ကားလို့ ကျွန်တော့လက်တွေကို ဆုပ်ကိုင်ထားပါတယ်။
ဒီလို...အရေးအသားတွေအရ..ခင်ဗျားဆီမှာ..အစိုးရကို ထောက်ပြချင်တဲ့စေတနာ...လုံးဝမရှိဘဲ..
အပြာအရေးအသားတွေကို..အွန်လိုင်းမှာ မဖတ်နဲ့ ...ဒီမှာပုံနှိပ်စာနဲ့ ...ဖတ်လို့ ရပြီကွလို့ ...ပျော်ပျော်ကြီးရေးလိုက်တဲ့ပုံပဲ..
၃ အွန်လိုင်းမှာ..ရှိနေတဲ့ အပြာစာမျက်နှာတွေ..မြန်မာမိန်းကလေးတွေရဲ့ ..ဓါတ်ပုံတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး တင်နေတဲ့..စာမျက်နှာတွေ..ဓါတ်ပုံတွေ..ခင်ဗျားတို့ လက်ချက်ပဲလား....
ဆက်မရေးချင်တော့ဘူး....ရွံလွန်းလို့ ....မြန်မာစာပေသမိုင်းမှာ......လိင်ဆက်ဆံခန်းကို
တစ်တစ်ခွခွ..ပေါ်ပေါ်တင်တင်ရေးသွားပြီး..ပုံနှိပ်စာနဲ့ ..တရားဝင်ထုတ်ဝေ.ဖော်ပြလိုက်တဲ့...သူတွေထဲမှာတော့..အောင်ရင်ငြိမ်း...ခင်ဗျားပထမဆုံးပဲ.....
ခင်ဗျားကို...စာရေးဆရာလို့ လည်း...မသတ်မှတ်ဘူး..ကဗျာဆရာလို့လည်း...မသတ်မှတ်ဘူး...
ခင်ဗျားလို..အရေးအသားမျိုးကို......မြန်မာစာဖတ်တတ်ပြီး စာကို နည်းနည်းချောချောမောမောပြန်ရေးနိုင်တဲ့၎ တန်းကျောင်းသားလောက်တောင်
အွန်လိုင်းက....အပြာစာမျင်နှာတွေကို....ဖတ်ပြီး..မတူညီတဲ့...ဇတ်အိမ်ဖွဲ့ ပြီး......ပြန်ရေးလို့ ရတယ်..
ခင်ဗျားတို့ လို...လူစားတွေကြောင့်...မြန်မာစာပေ....သိက္ခာကျတယ်...........
@#%&$#@^&%$# အောင်ရင်ငြိမ်း...
( အဲဒါ...ကမ္ဘာပေါ်မှာ ရှိသမျ...ဆဲနည်းပေါင်းစုံနဲ့ ..ခင်ဗျားကို....ပက်ပက်စက်စက်..
မိုက်မိုက်ရိုင်းရိုင်းဆဲပစ်လိုက်တာပဲ....)
ကြော်ညာပေးတာ...မဟုတ်ပါဘူး..ဒီပို့ စ်စတက်လာကတည်းကတွေ့ တယ်..
ပြန်ကြားရေးက...အရေးယူမယ်ဆိုလို့ ...ထောက်ခံတဲ့..အနေနဲ့ ..ရေးတာ.
၉၆၉ ၊ မဘသ နှင်. ရခိုင်တိုင်းရင်းသားတို.အားဝေဖန်ထားမှု
ဒါကတော. တာဝန်ရှိသူအချို.ရဲ.အမြင်တွေပါ 
စာရေးဆရာ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် အဓမ္မကျင့်မှုများ ပိုမိုဖြစ်ပေါ်အောင် တွန်းအားပေး နေသည်ဟု ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားလိုက်သည်။
ယင်းစာအုပ်မျိုး ထပ်မံထွက်ရှိခြင်း မရှိစေရန်အတွက် စာရေးဆရာများနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စာနယ်ဇင်းကောင်စီများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆောင်ရွက်နိုင်ရန် လိုအပ်နေသည်ဟု ဦးရဲထွဋ်က ထပ်မံပြော ဆိုလိုက်သည်။
" အဲဒီ စာအုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ ပထမအခန်း ဖတ်ပြီးတော့ ရွံရှာလို့ ဆက်မဖတ် ဖြစ်တော့ ပါဘူး။ အဲဒီ စာအုပ်ဘက်ကနေ အခု ကာကွယ်ပြီး ပြောဆိုနေတဲ့ သူတွေရှိပါတယ်။ အဲဒီ သူတွေကို စကားနှစ်ခွန်း ပြောချင်ပါတယ်။ တစ်ခွန်းက သူတို့ ကိုယ်တိုင် သူတို့အိမ်ရှေ့ စားပွဲပေါ် တင်ထားပြီး သူတို့ရဲ့သားသမီး မြေးမြစ် တွေကို လွတ်လွတ်လပ်လပ် ဖတ်ခွင့်ပြုနိုင်တဲ့အခြေအနေရှိလား။ သူ့ကို ကာကွယ်ပေးနေတဲ့ စာရေးဆရာ ကြီးတွေအနေနဲ့ သူတို့ စာအုပ်ကို အောင်ရင်ငြိမ်းရဲ့စာအုပ်နဲ့ တစ်တန်းထဲထားပြီး ရောင်းနိုင်မလား ဆိုတာကို စဉ်းစားစေချင်တယ်" ဟု ၎င်းက ပြောသည်။
ယခင်က ယခုလို စာအုပ်မျိုးသည် ခိုးချောင်ခိုးဝှက်ဝယ် ခိုးချောင်ခိုးဝှက် ဖတ်ရသည့် စာအုပ်မျိုးဖြစ်ပြီး ယခုလို လွတ်လွတ်လပ်လပ် ဆိုင်ပေါ်များ၌ ဝယ်ယူ ဖတ်ရှုခွင့် ရရှိခြင်းသည် မုဒိမ်းမှုများ ပိုမိုဖြစ်အောင် တွန်းအား ပေးနေခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က သုံးသပ်ပြောကြား ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ပုံနှိပ်ထုတ်ဝေသူများအသင်း၊ စာနယ်ဇင်းနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များ အနေဖြင့် ယင်းစာပေမျိုးကို ထုတ်ဝေ ဖြန့်ချိခြင်း ပြုသင့်မသင့်ကို သေချာစွာ စဉ်းစား ဆုံးဖြတ် သင့်သည်ဟု ၄င်းကပြောသည်။
အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် လူအဖွဲ့အစည်း တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် ကိစ္စတစ်ခု ဖြစ်ခြင်းကြောင့် ဥပဒေကြောင်း တစ်ခုတည်းနှင့် သာမက အဖွဲ့အစည်း အားလုံးအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းသင့်သည်ဟု ဦးရဲထွဋ်က သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။
" အဲဒီစာအုပ်နဲ့ ပတ်သက်ပြီး မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနက ကျွန်တော်တို့ ကို အကြောင်းကြား ထားပါတယ်။ အရင်ဆုံး အောင်ရင်ငြိမ်းရဲ့ စာအုပ်က တရားဝင်ထုတ်တဲ့ စာအုပ်ဟုတ်မဟုတ်ကို အရင်ကြည့်စေ ချင်ပါတယ်။ အဲဒီစာအုပ်မှာ ထုတ်ဝေသူ နာမည်လည်း မပါသလို ပုံနှိပ်စက် အမည်လည်း မပါဘူး။ အဲဒါတွေမပါရင် တရားဝင် ထုတ်တယ်လို့ပြောလို့မရဘူး။ ကျွန်တော် တို့က ထုတ်ဝေသူ မပါတဲ့ စာအုပ်ကို မှတ်ချက်ပေးလို့မရဘူး။ အဲဒီစာအုပ်က ပြည်သူလူထု ကြားထဲ ထုတ်ဝေသင့်တဲ့ စာအုပ် မဟုတ်ဘူး။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေနဲ့လည်း ငြိစွန်းနေတယ်" ဟု မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းမှ ဒုတိယ ဥက္ကဌ ဦးမျိုးအောင်က ပြောသည်။
မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂအသင်း ဥက္ကဌ ဦးထက်မြက်ကလည်း ၏ ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ် နှင့် ပတ်သက်ပြီး အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်သည့် စာအုပ်ဖြစ်ခြင်းကြောင့် ယင်းစာပေမျိုးကို မြန်မာနိုင်ငံ စာရေးဆရာများ အသင်းသမဂ္ဂမှ လက်မခံကြောင်းနှင့် ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်စာရေးသူ အောင်ရင်ငြိမ်းသည် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းသမဂ္ဂတွင် အသင်းဝင်တစ်ဦး မဟုတ်ကြောင်းပြောခဲ့သည်။
စာရေးဆရာ အောင်ရင်ငြိမ်း၏ ကိုယ်ပိုင်စာမျက်နှာ ဖေ့ဘွတ်ပေါ်တွင် ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်နှင့် ပတ်သက်ပြီး "ကျွန်တော့်အလုပ်က ကဗျာရေး ဝတ္ထုအက်ဆေး ဆောင်းပါးရေး။ အဲဒီလို ကိုယ် ယုံကြည်လို့ တစ်သက်စာ ရွေးချယ်ထားတဲ့ စာပေအလုပ်အပြင် အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ်လည်း စာပေလောကနဲ့ ဆက်စပ်တဲ့ အလုပ်တွေဖြစ်တဲ့ အယ်ဒီတာ ပရုဖ်ဖတ်သူ သတင်းထောက် စာအုပ်ဟောင်းရောင်းသမား အလုပ်တွေကို လုပ်ခဲ့ဖူးပါတယ်။ကိုယ်ပိုင် အားလပ်ချိန်တွေ ပရဟိတကျောင်းတစ်ကျောင်းမှာ Grade- 10 & 11 တွေကို အင်္ဂလိပ်စာ သင်ပေးတာ ကတော့ အသက်မွေးဝမ်းကျောင်း အလုပ်မဟုတ်ဘဲ ပရဟိတ အလုပ်လုပ်တာ ဖြစ်ပါတယ်။ အခု ရိုမန်းဘော့ထ်တွေရဲ့ နောက်ဆက်တွဲ ပြသနာတွေ အဖြစ် ကျွန်တော့် စာအုပ်ဟာ အစိုးရရဲ့ နောက်ကွယ် ကြိုးကိုင်မှုနဲ့ ပုဒ်မ ၄၃၆ လှုပ်ရှားမှုကို အာရုံလွှဲပြောင်းဖို့ အစီအစဉ်တကျ ပေါ်ထွက်လာတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတဲ့ ကိုယ်လိုရာ ဆွဲတွေးမှန်းဆချက်တွေ ထွက်ပေါ် လာတယ်လို့ သိရပါတယ်။ ကျွန်တော်ပြောတဲ့ အမှောင်ခေတ် အလွန် အရူးခေတ်ရဲ့ ရယ်မောစရာ အကောင်းဆုံး ဟာသပြက်လုံး တစ်ခုပါပဲ။ ဒါဟာ ကျွန်တော့်ကို လုပ်ကြံ တိုက်ခိုက်မှု အသစ်တစ်ခု ဖန်တီးလိုက်တာလို့လည်း ယူဆမိပါတယ်။" ဟု ရေးသား ဖော်ပြထားသည်။
စာရေးသူ အောင်ရင်ငြိမ်းကို မဇ္ဈိမသတင်းစာမှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းကိုင်ဆောင်သည့် တယ်လီဖုန်း ပိတ်ထားခြင်းကြောင့် ဆက်သွယ်မှု မရရှိခဲ့ပေ။ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရာဇသတ်ကြီးပုဒ်မ ၂၉၂၊ ၂၉၃ ညစ်ညမ်း စာပေရေးသား ထုတ်ဝေမှုနှင့် တရားစွဲဆို အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကပြောသည်။
အောင်ရင်ငြိမ်း၏ စာအုပ်ကို ၂ဝ၁၄ ခုနှစ်ဇွန်လတွင် လူငယ်တစ်ယောက်စာပေမှ ပထမဆုံး အကြိမ် ရိုက်နှိပ်ကာ ပင်လယ်သစ် စာပေမှ မြန်မာတစ်နိုင်ငံလုံးသို့ တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နဲ. ထုတ်ဝေခဲ့တာလို.ဆိုပါတယ် ။
ထိုကဲ့သို.သော ပို.သသည်.မေတ္တာများကြောင်. စာရေးဆရာ ဟုဆိုသော အောင်ရင်ငြိမ်းအား ၂၀၁၄ ဇွန်လ ၂၇ ရက်နေ. တွင် သင်္ဃန်းကျွန်း ရဲစခန်းမှ ( ပ ) ၂၈၂ / ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ အရ အမှုဖွင်.ခဲ့တယ်လို.သိရပါတယ် ။
Ref ; Mizzima , Mandalay Gazette , စံတော်ချိန် , နေနော် Page @ FB
Tuesday, July 1, 2014
မုက္ခ၀တီ ၊ ဥမ္မာဒန္တီ နှင်. သော်က ၊ ရွှေစာရံ ၊ ရွှေစာပျံ
သို.သော် မြို.တစ်ဖက်ကမ်း ရှိ သော်က ဘုရားမှာမူ မြန်မာက္ကရာဇ် ၆၃၀ (ခရစ်နှစ် ၁၂၆၈ )ခန်. ကပင်လျှင် တည်ထားခဲ.ခြင်းဖြစ်သည် ။ 
သရွတ်မြိုက် ရွာအ၀င် မှ ဥမ္မာဒန္တီ ကောင်းမှု  ရွေစာပျံ စေတီတော်
 ပုသိမ်ဘုရင် နောက်ဆုံးမင်းဆက်ဖြစ်သော သမုဒ္ဒဃောသမင်း(၆၂၅-၆၄၀) သည် မြန်မာသက္ကရာဇ် ၆၂၅တွင် ဖခင်သမုဒ္ဒ မင်းကို နန်းဆက်ခံခဲ့သည်....ထိုမင်းလက်ထက်တွင် ပုသိမ်မြို.သာမက အပိုင် ၃၂ မြို.တို.လည်း ဖွံ.ဖြိုး တိုးတက်ခဲ့သည်...မင်း မိဖုရားမှာမူ ပုသိမ်ကို သိမ်းယူ အုပ်စိုးခဲ့ဖူးသော ပသီကုလားမင်း၏ အနွယ်တော် ဥမ္မဒန္တီ မိဖုရားဖြစ်သည်. မူလအမည်မှာ ကုမာရန္တီ ပသီမင်းသမီးဖြစ်ပြီးမြောင်းမြခရိုင် လပွတ္တာ မြို. (ဘုန်းကြီးကုန်း ဟုခေါ်သောနေရာ)သမုဒ္ဒဃောသ မင်း၏ ဘိုးတော် ဘုရင်. စံနန်းတော်ရောက်ခိုက် ဗုဒ္ဓဘာသာသို. ကူပြောင်းဝင်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာကို အထူးကြည်ညို သဒ္ဓါ ထက်သန်သူဖြစ်လာခဲ့ပါသည်...မိဖုရားကြီးသည် သီဟိုဠ် မှ ဘုရားရှင် ၏ ဓါတ်တော်များ လက်ခံရရှိသည်.အခါ ပုသိမ်အပိုင် ၃၂ မြို. သို.ဓါတ်တော်များပေးပို.ကာ မြန်မာသက္ကရာဇ် ၆၃၀ မှ ၆၄၀ အတွင်း ဘုရားစေတီများစွာ တည်ထားပူဇော် ခဲ့သည်..ထိုခောတ်က  ကျိုက်ပွန်မြို. ဟုခေါ်သောမြောင်းမြမြို. ကျိုက်တည်မုဠော -သမြင်တုံ မြို. ဟုခေါ်သော ပန်းတနော် မြို.များလည်းပါဝင်သည်...ထိုစဉ်က ၀ါးခယ်မ နှင်. သော်က စေတိတော်ဝန်းကျင်နေရာများတွင် လူများအခြေချ နေထိုင်သေးဟန်မတူပါ...မင်းနှင်. မိဖုရားတို.သည် ဘုရားစေတီ များတည်ရင်း မြောင်းမြ ပန်းတနော် မြို.များသွားခိုက် သရွတ်မြိုက်ဒေသတွင် မုက္ခ၀တီ ယာယီစံနန်းဆောင် ဆောက်လုပ်စိုးစံ၍ ရွှေစာရံ ရွှေစာပျံ ဘုရားများကို တည်ထားခဲ့သည်...ထိုမှ သော်ကစေတိတော် တည်ထားဖြစ်သောနေရာအရောက် မိဖုရားကြီး၏ ဆံကေသာတွင် ပန်ဆင်အပ်သော သော်ကပန်းသည် လေကြောင်.အမှတ်မထင်မြေခခဲ့လေသည်...ဘုရားတည်ရန် အဓိဌာန် ရှိပြီးအားလျှော်စွာ သော်ကပန်းကျရာနေရာတွင် အမှတ်တရ စေတီတစ်ဆူတည် တော်မူပြီးသော်ကစေတီတော်၏ အမည်တွင်တော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်းအချို.အရ သိရှိရပါသည် ။
ဥမ္မာဒန္တီ ကောင်းမှု သော်ကစေတီတော် ယခုနောက်ပိုင်း မပြုပြင်မှီ ပုံ
 သီပေါမင်း၏ ကျောက်ရစ်စင်တော်ကြီး၏ စာဆိုတော်ဟုသိကြသော စာဆိုဦးလူငယ်၏ ..ကုမာရန္တီလင်္ကာ  အနက် စာရေးဆရာကြီးသတိုးသောင်းဖော်ထုတ်ခဲ့နိုင်ခဲ့သော အပိုင်းအစ တစ်ခုတွင် …..
မွန်တို.မင်းမျိုး အောက်မြန်စိုးတွင်
မြတ်နိုးနီးဝေး ပုသိမ်ပြေးဟု
ဘုန်းမွှေးကျော်ဇော တံခိုးပြောသား
သမုဒ္ဒဃောသ မင်းရာဇနှင်.
ကုမာရန္တီ ခေါ်သမည်ဖြင်.
ပသီမင်းသမီး ရှုမငြီးသည်
လှထီးနတ်မျှ ဥမ္မာဒတို.
မုခ၀တီ နန်းသိဂီင်္မှ
ရွှေညီ ၀န်းခ ဖောင်တော်ကြွ၍
ရွှင်ပြချိုကြည် ကြွကာလည်တွင်
မျှော်ရည်နိဗ္ဗာန် ဥမ္မာဒန်၏
ဓိဌာန်တရာ ရှစ်ခုသာတည်.
ဗုဒ္ဓတည်မှု အကြောင်းပြုလျှက်
ပံသုကေမှ ပန်းသော်ကလည်း
လေခမြေတက် ပျံကာတက်ကြောင်.
လှမြတ်နတ်တူ တည်တော်မူသည်
မဉ္ဓူသော်က မြတ်ဗုဒ္ဓကို....
ဟူ၍ဖော်ပြထားသည်ကိုလည်းတွေ.ရသဖြင်. လက်ခံနိုင်ဖွယ်ရှိသည် ဆိုရမည်ဖြစ်သည် ။
ထိုလင်္ကာအရ ပုသိမ်ဘုရင် သမုဒ္ဒဃောသ သည် ပသီဘုရင်၏ သမီးတော် ကုမာရန္တီ ခေါ် ဥမ္မာဒန္တီ ကို ခိုးယူပြီး ၀ါးခယ်မမြို.နယ် သရွတ်မြိုက် ကျေးရွာ တည်နေရာတွင် မုခ၀တီ မြို.ကို တည်ထား စိုးစံခဲ့ရာ ပသီဘုရင်က မကျေနပ်ဘဲ စစ်သည်တော် များအား သွားရောက်တိုက်ခိုက် သတ်ဖြတ်စေရာ ၀ါးခယ်မ က၀ဲချောင်းတစ်လျှောက် တိုက်ပွဲများဖြစ်ပွားပြီး ယခု ၀ါးခယ်မမြို.တည်နေရာတွင် ကြီးမားကျယ်ပြန်.စွာ ပေါက်ရောက်နေသော ၀ါးတောကြီးများ အကူအညီကြောင်. သမုဒ္ဒဃောသ မင်းသည် အသက်ဘေးမှ လွတ်မြောက် အောင်မြင်ခဲ့သည်ဟုလည်း အဆိုရှိခဲ့သည် ။
ရွှေစာပျံ စေတီတော် မှ ရှေးဟောင်း အုပ်ချပ်များ
 သို.ရာတွင် ဦးသိန်းဝင်း ပြုစုသော သော်ကစေတီတော်သမိုင်း စာအုပ်တွင်မူ သမုဒ္ဒဃောသ မင်းတို. မုခ၀တီ မြို.တည် နန်းစံခဲ့သည် ကိုလက်မခံပါ..သူကထောက်ပြသည်မှာ   ထိုမင်းနှင်. မိဘုရား လက်ထက်တွင် တိုးတက်စည်ကားခဲ့သော ပုသိမ် ၃၂ မြို. စာရင်းတွင် မုက္ခ၀တီမြို. ဟူ၍ မပါပါ.ပုသိမ်ရာဇ၀င် စာမျက်နှာ ၉၁ မှ ၉၈ တွင်ပါသော ပုသိမ် ၃၂ မြို. စာရင်းတွင် အမှတ်စဉ် ၇ ကျိုက်အမွန်-ဆိပ်ကြီး=ကျိုက်ပွန်မြို.=မြောင်းမြမြို. ဟုလည်းကောင်းအမှတ်စဉ် ၂၉ တွင် ကျိုက်တည် မုဠော -သမြင်တုံမြို.=ပန်းတနော်ဟုလည်းကောင်းပါပါသည်..မုက္ခ၀တီသည် အမှန်မြို.ဖြစ်ခဲ့ပါက ဤ စာရင်းတွင်ပါရမည်ဖြစ်ပါသည်..ဖြစ်နိုင်သည်က ထိုမင်းမိဖုရား နှစ်ပါးတို. မြောင်းမြ နှင်. ပန်းတနော် မြို.များသို. ကူးလူး သွားလာခိုက်သရွတ်မြိုက် ဒေသအရောက် ရွှောစာရံနှင်. ရွှေစာပျံစေတီများတည်ခိုက်ယာယီစံနန်းဖြင်.
စံမြန်းခဲ့ခြင်းသာဖြစ်နိုင်သည်..ဟူသောအယူအဆကလည်းလက်ခံနိုင်ဖွယ်ရာပင်.
ကျိုက်ကလွန်ပွန်းစေတီတော်
 တစ်ဆက်တည်း တွင် ဓနုဖြူ မြို.ရှိ ကျိုက်ကလွန်ပွန်း စေတိတော် ( ဘီလူးတစ်ရာ ဘုရား သို.မဟုတ် ဘီလူးတစ်ရာဖက် ဘုရား )  အကြောင်းကလည်း ပတ်သက်ဆက်နွယ်ပုံရသည် ။ လေ.လာမိသော သမိုင်းတစ်ခုအရ ထိုစေတီတော်သည်လည်း   မွန်မင်းသမီး ဥမ္မာဒန္တီ ပြန်လည်မွမ်းမံခဲ.သော စေတီတစ်ဆူ ဖြစ်သည် ဟု ဆိုထားပါသည် ။ ထို.အပြင် ၂၀၀၅ သင်္ကြန်ခန်.မှ စတင်ပေါ်ပေါက်ခဲ့သော ဥမ္မာဒန္တီ ကမ်းခြေမှာလည်း ထိုမင်းသမီးကို အစွဲပြု မှည်.ခေါ်ဂုဏ်ပြုပုံရသည် ။ မွန်မင်းသမီးဟု ခေါ်ဝေါ်ကြခြင်းမှာလည်း မူရင်းကပသီမင်းသမီးဖြစ်သော်လည်း မွန်ဘုရင်၏ မိဖုရားဖြစ်သလို ဗုဒ္ဒဘာသာဝင်အဖြစ် ကူးပြောင်းဝင်ရောက်ထားသူဖြစ်သောကြောင်. မွန်မင်းသမီးဟုခေါ်ဆိုဟန်ရှိသည် ။ 
သော်ကစေတီတော်မြတ်ရှိ အလှုရှင် ဥမ္မာဒန္တီ ရုပ်တု
   ထိုဘုရင်မှာသက္ကရာဇ် ၇၂၆ တွင် သတိုးမင်းဖျား အင်းဝမြို.တည် စိုးစံစဉ် အောက်မြန်မာနိုင်ငံတစ်ဝိုက် မြို.သစ်များ တည်ထောင်စံနေသောမွန်ဘုရင်သမုဒ္ဒဃောသ ဟုသိရပါသည် ပုသိမ်ရာဇ၀င်အရ သက္ကရာဇ် ၆၂၅ တွင် သမုဒ္ဒဃောသ နှင်. ကုမာရန္တီ တို.အုပ်စိုးကြောင်းဖော်ပြထား သည်။ ထို၆၂၅ သည် ပုဂံတွင် နရသီဟပတေ. ( တရုတ်ပြေးမင်း ) စိုးစံဆဲ ကာလဖြစ်သလို ပုဂံခောတ်သည် မြန်မာတစ်နိုင်ငံလုံးကို စုစည်းအောင်မြင်ပြီးဖြစ်သဖြင်.  ပုသိမ်သည်လည်းမြန်မာပိုင်ဒေသတစ်ခုဖြစ်သဖြင်. နရသီဟပတေ.မင်းသည် သားတော်ကြီး ဥဇနာ ကို  ပုသိမ်စားအဖြစ် ခန်.အပ်ခဲ့ ပြီး သက္ကရာဇ် ၆၄၆ တရုပ်များ လာရောက်တိုက်ခိုက်ရာတွင် နရသီဟပတေ.မင်းကိုယ်တိုင် ပုသိမ်သို. တိမ်းရှောင်ခဲ့ရ သေးသဖြင်    သမုဒ္ဒဃောသ နှင်. ကုမာရန္တီတို.သည် မင်း/မိဘုရားများ မဖြစ်နိုင်ပဲ မြန်မာဘုရင်ထံ အခွန်တော် ဆက်သရသော မွန်အကြီးအကဲများသာ ဖြစ်နိုင်သည် ဟူသော သမိုင်းဆိုင်ရာ အဆိုတစ်ရပ်လည်း ရှိပါသေးသည် ။
( အထက်ပါ လေ.လာတွေ.ရှိထားမှု များနှင်. ပတ်သက်၍ အချက်အလက်များ ၀င်ရောက်ဖြည်.စွက် ဆွေးနွေးနိုင်ပါသည် ခင်ဗျာ )
ရေကျသွားလျှင် အုတ်ရိုးတန်းများ တွေ.၇တတ်သည်ဆိုသော ရေကျော်ချောင်းတစ်ခု
 ဤနေရာတွင်ပြောလိုသည်က မုက္ခ၀တီ မြို.ဟောင်းခေါ် သရွတ်မြိုက်ရွာလေးအကြောင်းဖြစ်သည် ။ ထိုရွာလေးသည် ၀ါးခယ်မ အရှေ.တောင် (သို.) တောင်ဘက်ခြမ်းတွင် တည်ရှိနေသော  (ယခုအချိန်တွင် ) ကျေးရွာကြီးတစ်ရွာဖြစ်သည် ။ မြို.သို. ဆိုင်ကယ် (သို.) ရေကြောင်းဖြင်.သာ သွားလာနိုင်သော ဒေသဖြစ်ပြီး နာမည်အကျော်ဆုံးဒေသထွ့က် အစားအစာမှာ သရွတ်မြိုက် ငါးသလောက်ဖြစ်သည် ။ အနံ. ၊ အရသာ ကအစ ဒါမှ ငါးသလောက် အစစ်ဟုပြောရလောက်သော အနေအထားမျိုးဖြစ်သည် ။ မြန်မာတစ်နိုင်ငံလုံး ရှိ ငါးသလောက်များအနက် နာမည်ကြီးအမျိုးအစားဖြစ်သည် ။ လက်ရှိအချိန်တွင် မြို.နှင်. ဆက်သွယ်ရန် ကုန်းလမ်းအနေဖြင်. ခန်နိုင်ဝန်အားသေးသော တံတားငယ်လေးများပါဝင်သည်. မြေသားလမ်း ခပ်ကျဉ်းကျဉ်း သာရှိနေပြီး လမ်းချဲ.ရန် ၊ ကျောက်ကြမ်းခင်းရန် ၊ ခံနိုင်ဝန် အားလုံလောက်သော တံတားများ ရ ရှိရန် ကျေးလက်ဖွံ.ဖြိုးရေး ၊ စည်ပင် ၊ ၀ါးခယ်မမြို.နယ်အသင်း ၊ ပုဂလိက တို.က စုပေါင်းကြိုးစားနေကြဆဲ ဖြစ်သည် ။ ရန်ကုန်နှင်. တိုက်ရိုက် ဧရာဝတီ သင်္ဘော အဆက်အသွယ်လည်းရှိသည် ။ ရွာအတွင်းရှိ အိမ်များအနက် အချို.ဆိုလျှင် အလျှုမီနီယံသွပ်မိုးအိမ်များ ၊ RC တိုက် ၊ ရှေးဟောင်း သစ်လုံးတိုင်ကြီးများအသုံးပြု အိမ်များ စသဖြင်. ခောတ်နှင်.အမှီလည်း လိုက်နိုင်ကြသည်ကိုတွေ.ရသည် ။ 
သရွတ်မြိုက် ရွာအတွင်းက ဥမ္မဒန္တီ ကောင်းမှုတော် ရွှေစာရံ စေတီတော်
  ဥမ္မာဒန္တီမင်းသမီးတည်ထားခဲ့သောရွှေစာရံ စေတီက ရွာအတွင်းတောင်ကုန်းငယ်လေး တစ်ခုပေါ်တွင် တည်ရှိနေပြီး ရွှေစာပျံ စေတီတော်ကတော. ရွာထိပ်ဘက်တွင် လူနေအိမ်များနှင်. မနီးပဲ သီးခြားတည်ရှိနေပါသည် ။ စေတီတွင်အသုံးပြုထားသော အုတ်ချပ်များမှာ ရှေးဟောင်း အုတ်ချပ်ကြီးများဖြစ်ပြီး ရွာအတွင်းရေကျော်ချောင်း ကမ်း၂ဘက်အခြေတွင် ရေကျချိန်ဆိုလျှင် (သူတို.အခေါ်မြို.ရိုး ) အုတ်တန်း အချို.မြင်ရသည်ဟုလည်းဆိုကြသည် ။
သေချာသည်က နန်းမြို.အဖြစ်မဟုတ်လျှင်တောင် ယာယီစံမြန်းခဲ့သည်.နေရာ ၊ ထို.အပြင် ယခင် မင်းဘုရင်/ နယ်စားပယ်စားများ ၏ ယာယီစံမြန်းမှုသည် မည်ကာမတ္တမဟုတ်ပဲ ထိုက်သင်.သော ခမ်းနားခိုင်မာစွာ တည်ဆောက်နေထိုင်လေ.ရှိသည်. ဓလေ.အရ အနိမ်.ဆုံးအဆင်. ယာယီမြို.ဟောင်း တစ်ခုအဖြစ် တည်ရှိခဲ့သည်ကတော. သေချာသော အချက်ဖြစ်ပေသည် .။ ရှေးဟောင်းအုတ်ပုံ အချို.လည်း ရွာအပြင်တွင် ရှိနေသေးသည် ဟူသောပြောပြချက်အရလည်း သေချာသလောက်ရှိပါသည် ။ ထို.ကြောင်. မိမိတို. မြို.နယ်အတွင်းရှိ ရှေးဟောင်းဒေသလေးတစ်ခုကို သိရှိနိုင်ကြပါစေ၇န် တင်ပြရခြင်းဖြစ်ပါသည် ။
 ဆက်စပ်ဖတ်ရှုရန်များ