Tuesday, July 28, 2015

JF - 17 တိုက်လေယာဉ် အကြောင်းတစ်စေ.တစ်စောင်း



 
JF-17 Thunder Block II

 မြန်မာ လေတပ်သည် ပါကစ္စတန် ထံ မှ JF – 17 Thunder လေယာဉ်များ ၀ယ်ယူမည်ဆိုသော သတင်း ထွက်ပေါ်လာပြီးနောက် လေယာဉ်နှင်. ပတ်သက်သော အချက်အလက်များ ၊ လေယာဉ်ဝယ်ယူခြင်းဆိုင်ရာ အယူအဆအချို. ကို စုစည်းဖော်ပြခြင်း ဖြစ်ပါသည် ။




 JF-17 လေယာဉ် ၀ယ်ယူမည်ဆိုသောသတင်း

မြန်မာနိုင်ငံသည်
ပါကစ္စတန်နှင့် တရုတ်တို့ ပူးတွဲ ထုတ်လုပ်သော JF – 17 Thunder (Joint Fighter 17)
(တရုတ်အခေါ် FC-1 Xiaolong, “Fighter China-1 Fierce Dragon".)
တိုက်လေယာဉ်များအား ပါကစ္စတန်မှ ပထမဆုံးအကြိမ် ဝယ်ယူသွားမည် ဖြစ်ကြောင်း
 Dunya News ကဖော်ပြခဲ့ပါသည် ။
ပါကစ္စတန် အနေဖြင့် အဆိုပါတိုက်လေယာဉ် (၂၄)စီးအား ရောင်းချလိုသော်လည်း
မြန်မာအနေဖြင့် ပထမအဆင့်တွင် (၁၆)စီးသာ ဝယ်ယူသွားမည် ဖြစ်သည်။သဘောတူညီချက်များအရ
ပါကစ္စတန်က တိုက်လေယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ဝန်ဆောင်မှုများပါ ပေးမည် ဖြစ်ကြောင်း သိရသည် ။
မတ်လအတွင်းက JF – 17 Thunder များ ဝယ်ယူမှုအား နှစ်နိုင်ငံ စတင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီးသတင်းရင်းမြစ်များ၏ အဆိုအရ အခြားသော နိုင်ငံများအားလည်း အဆိုပါတိုက်လေယာဉ်များကို ရောင်းချရန် ဆွေးနွေး ညှိုနှိုင်းနေပြီး ဖြစ်ကြောင်း သိရှိရသည်။

 
လေယာဉ်ဆိုင်ရာ အခြေခံအချက်အလက်များ

JF – 17 တိုက်လေယာဉ်များအား Pakistan Aeronautical Complex နှင့်
Chengdu Aircraft Industry Group တို့ ပူးတွဲ ထုတ်လုပ်ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် ဇွန်လမှ စတင်သုံးစွဲခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ထိ Prototypes ၂ စီးအပါအဝင်
၅၆ စီး ထုတ်လုပ်ခဲ့ပြီး ဖြစ်ရာ ပါကစ္စတန် လေတပ်မတော်တွင် စတင်သုံးစွဲနေပြီ ဖြစ်ကြောင်းသိရသည်။
JF – 17 Thunderသည် ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ စ၍ တရုပ်နိုင်ငံ Changdu Co နှင်. ပါကစ္စတန် နိင်ငံ PAC တို. ၅၀% စီ ပူးပေါင်းဆောင်ရွက်ခဲ့သော ထိုစီမံကိန်းအား ရုရှား Milkoyan Design Bureau မှလည်း နည်းပညာကူညီထောက်ပံ.ခဲ့ကြောင်း သိရသည် ။ JF – 17 ဆိုသည်မှာ Joint Fighter – 17 ဖြစ်ပြီး တရုပ်နိုင်ငံ၏ မူရင်း ပုံစံ Xiaolong – Fierce Dragon ( Fighter China – 1 / FC-1 ) ကို အခြေခံထားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင်မူ ပါကစ္စတန် အနေဖြင်. အဆင်.မြှင်.ထားသော JF – 17 Thunder ( Block II ) ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည် ။
ထိုလေယာဉ်သည် လေသူရဲ တစ်ဦးသာ လိုက်ပါနိုင်ပြီး လေယာဉ်အလျား ၄၉ ပေ ၊ တောင်ပံအလျှား ၃၁ ပေ ၊ အမြင်. ၁၅ ပေ ၆ လက်မ ၊ အတောင်ပံ ဧရိယာ ၂၆၃ စတုရန်းပေ ၊ လေယာဉ်အလေးချိန် ၁၄၅၂၀ ပေါင် ၊ ၀န်ပြည်.အလေးချိန် ၂၀၀၆၂ ပေါင် ၊ အများဆုံးပျံတက်နိုင်သော အလေးချိန် ၂၈၀၀၀ ပေါင် တို.ဖြစ်သည် ။


လက်နက်စနစ်

 
JF-17 တိုက်လေယာဉ်သည် အမြင်.ပေ ၅၅၅၀၀ ( ၁၆၉၂၀ မီတာ ) အထိ ပျံတက်နိုင်ပြီး အမြန်နှုံး 1.6 Mach ( တစ်နာရီ ၁၂၁၇.၉ မိုင် ) ၊  ခရီးရှည် 3482 Km ( ၁၈၈၀ နော်တီကယ် မိုင် )  နှင်. စစ်ဆင်နိုင်သော အကွာအဝေး 1352 Km ( ၈၄၀ မိုင် ) ပျံသန်းနိုင်စွမ်းရှိကြောင်း သိရသည် ။
လက်နက် တပ်ဆင်နိုင်မှု နှင်. ပတ်သက်၍ Hard Point လက်နက်ချိတ်ပေါင်း ၈ခု ( တောင်ပံအောက် ၂ဘက် ၄ခု ၊ တောင်ပံထိပ် ၂ခု ၊ ကိုယ်ထည်အောက် ၂ခု ) ၊ ပဲ့ထိန်းဒုံး အနေဖြင်. Air to Air Missile 1 Piranha ( တာတိုပစ် ) ၊ AIM-9L/M ( တာတိုပစ် ) ၊ Pl-5 E11 ( တာတိုပစ် ) ၊ PL-12/SD-10 ( BVR - မြင်ကွင်းလွန် ) ။ ဝေဟင် မှ မြေပြင်ပစ် ဒုံး MAR -1 ( Anti – Radiation Missile ) အနေဖြင်. • Ra'ad ALCM (Nuclear capable Stealth Cruise missile)
• CM-400AKG supersonic anti-shipping missile, export version of YJ-12
စက်အမြှောက် - 1×23 mm / 30 mm
ဗုံး - ဘက်စုံသုံး လေဆာလမ်းညွှန်ဗုံးများ အသုံးပြု နိုင်ပြီး တန်ဘိုးအားဖြင်. Us ဒေါ်လာ ၁၅ သန်း မှ ၂၅ သန်းကြား ရှိကြောင်း သိရသည် ။


လေယာဉ် ၀ယ်ယူမှုအပေါ် အမြင် နှင်.အယူအဆများ

 
ဘာရယ်မဟုတ်ဘူး စဉ်းစားရင်း တွက်ကြည့်တာ ဂျေအက်ဖ် ၁၇ ဘလော့ခ်တူး တစ်စီးကို
ဒေါ်လာ ၂၈ သန်းလောက်ရှိတယ် ...မြန်မာကို ၁၆ စီးလောက် ရောက်လာနိုင်တယ်လို့ သတင်းထွက်နေတယ် ၊ ဒေါ်လာ ၄၄၈ သန်းဖိုး .. အပိုပစ္စည်းဖိုးထည့်တွက်လိုက်ရင်
စုစုပေါင်း ဒေါ်လာ ၅၃၈ သန်းလောက် ကုန်ကျမယ် ..မစ်ဂ် ၃၅ တစ်စီးကို ဒေါ်လာ ၆၅ သန်း
ဂျေအက်ဖ် နှစ်စီးစာကို ဒေါ်လာ ၉ သန်းထပ်ဆောင်းလိုက်မစ်ဂ် တစ်စီးစာရမယ် ... ၈ စီးဝယ်မယ် ဆိုကြပါစို့ ...........ဒေါ်လာ ၅၂၀ သန်းဖိုး .. အပိုပစ္စည်းဖိုး ထပ်ပေါင်းလိုက်ဦး
စုစုပေါင်း ဒေါ်လာ ၆၂၄ သန်း ဖြစ်သွားမယ် ...မစ်ဂ် ၃၅ နဲ့ ဂျေအက်ဖ် ၁၇ ကို
သူတို့မှာ တပ်ဆင်နိုင်တဲ့ အမြင့်ဆုံးလက်နက်စနစ်တွေပေါ်မူတည်ပြီးယှဉ်တွဲသုံးသပ်ကြည့်မယ်ဆိုရင် 
မစ်ဂ် ၃၅ တစ်စီးဟာ ဂျေအက်ဖ် ၁၇ ... ၆ စီးလောက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်စွမ်းရှိနေတာကို သွားတွေ့ရတယ် .............အဲသည်တော့ ၆း ၁ အချိုးအရ မစ်ဂ် ၃၅ ... ၈ စီးသည်ဂျေအက်ဖ် ၁၇ ... ၄၈ စီးကို ရင်ဆိုင်ဖို့ အသာလေးပဲ ..................ကျန်တာတော့ ကိုယ့်ဟာကိုယ်သာ ဆက်စဉ်းစားကြပါ ...နောက်တစ်ခုက မစ်ဂ် ၃၅ သည် ဂရစ်ဖင်ကိုလည်း အေးဆေးပါပဲတဲ့ ...
Linn Thu Paing

တပ်မတော်လေ မှ F-7 တိုက်လေယာဉ် တစ်စင်း

JF - 17 ဝယ်ရင် ပြင်ဆင်မှူအတွက် ဝန်ဆောင်မှူပေးမယ် အဲကျရင်လေယာဉ်ပြင်ရုံပါလာမယ်JF – 17 က F-7 ကနေ အဆင့်မြင့်လာတာ ၊  အဲ့အတွက် မြန်မာပြည်မှာရှိတဲ့ ပြတိုက်ပို့ရမယ့် F-7 တွေကိုပြုပြင်နိုင်မယ် အဆင့်မြှင့်နိုင်မယ် ၊ လေယာဉ်လိုခြင်တာထက် နည်းပညာလိုခြင်လို့ဝယ်တာလို. ယူဆပါတယ် ။ ဝေဟင်စီးချင်းထိုးဘို့MIG- 29တွေရှိပါတယ် ။ မြေပြင် / ရေပြင်စစ်ဆင်ရေးအတွက်တန်ဘိုးသင့်အသုံးတဲ့လို့ဝယ်တာဖြစ်မှာပါ ။ တပ်ချုပ်ကိုယ်တိုင်တရားဝင်သွားဝယ်တာဖြစ်တဲ့အတွက်ကော်မရှင် ကိစ္စလိုမျိုး ဖြစ်လာစရာ မရှိပါ ။
Mg Bo

aero dynamic design ကတော့ F - 16 ကို copy လုပ်ထားတာပဲ ။ လေရှူပေါက် အောက်ရောက်တာနဲ့ body ဘေးနှစ်ဘက် ကပ်ထားတဲ့ ပုံစံပဲကွာတာ copy ပါဘဲ ပါကစ္စတန်ကF- 16 တွေသုံးတာလေ



Data by English Language
Specifications of JF -17 Thunder Block 1
========================
General characteristics
• Crew: 1
• Length: 14.93 m (49 ft)
• Wingspan: 9.45 m (31 ft, including 2 wingtip missiles)
• Height: 4.72 m (15 ft 6 in)
• Wing area: 24.4 m² (263 ft²])
• Empty weight: 6,586 kg (14,520 lb)
• Loaded weight: 9,100 kg (20,062 lb)
• Useful load: 3100 kg (6700 lb)
• Max. takeoff weight: 12,500 kg (28,000 lb)
• Powerplant: 1 × Klimov RD-93
• Dry thrust: 49.7 kN / 51.2 kN (11,106 lbf / 11,510 lbf)
• Thrust with afterburner: 84.6 kN (19,000 lbf)
• G-limit: +8 g / -3 g
• Internal Fuel Capacity: 2,350 kg (5,130 lb)
Performance
• Maximum speed: Mach 1.6 (1,217.9 mph; 1,960.1 km/h)
• Combat radius: 1,352 km (840 mi)[
• Ferry range: 3,482 km (1,880 NM)
• Service ceiling: 16,920 m (55,500 ft)
• Thrust/weight: 1.09
Armament
• Guns: 1× 23 mm GSh-23-2 twin-barrel cannon or 1x 30 mm GSh-30-2
• Hardpoints: 8 in total (4 × under-wing, 2 × wing-tip, 2 × under-fuselage (Joint Hardpoint); pylon stations number 3, 4 and 5 are wet-plumb capable) with a capacity of 3,400 kg (7,500 lb) for external fuel and ordnance
• Missiles:
• Air-to-air missiles:
• MAA-1 Piranha (Short-range)
• AIM-9L/M (Short-range)
• PL-5EII (Short-range)
• PL-9C (Short-range)
• PL-12 / SD-10 (Beyond visual range) 

• Air-to-surface missiles:
• MAR-1 (Anti-radiation missile)
• Ra'ad ALCM (Nuclear capable Stealth Cruise missile)
• CM-400AKG supersonic anti-shipping missile, export version of YJ-12
• C-802A Anti-ship missile
• CM 102 supersonic Anti radiation missile
• GB-6 Air-Launched Standoff Submunition Dispenser Precision Guided Weapon
• Bombs:
• Unguided bombs:
• Mk-82 (general purpose bomb)
• Mk-84 (general purpose bomb)
• Matra Durandal (anti-runway bomb)
• CBU-100/Mk-20 Rockeye (anti-armour cluster bomb)
• Precision guided munitions (PGM):
• GBU-10 (Laser-guided)
• GBU-12 (Laser-guided)
• LT-2 (Laser-guided)
• H-2 (electro-optically guided)
• H-4 (electro-optically guided)
• LS-6 (satellite-guided glide bombs)]
• Satellite-guided bombs
•Others:
• Rocket Pods
• Countermeasures (Flares, Chaff)
• Up to 3 external drop tanks (2 × under-wing 1,100 litres (240 imp gal; 290 US gal), 1
× under-fuselage 800 litres (180 imp gal; 210 US gal)) for extended range/loitering time
Avionics
• DEEC electronic warfare suite
• NRIET KLJ-7 multi-mode fire-control radar
• Night vision goggles (NVG) compatible glass cockpit
• Externally mounted avionics pods:
• KG-300G self-protection radar jamming pod
• WMD-7 day/night targeting pod

Source ; Dr Naing Swe Oo , Ye Moe &  Dunya News - Parkistan

Tuesday, July 21, 2015

ကွန်လုံ မှသည် လောက်ကိုင်ဆီသို့ ( နိဂုံးပိုင်း ) - Starshinester





နောက်ကွယ်က လက်မည်းကြီး

တပ်မတော် မှ ဖုန်ကြားရှင်၏နောက်ဆုံးခံစစ်စခန်းဖြစ်သော ပွိုင့်.၂၂၀၂ ကိုမတိုက်မှီ ကျနိခဲ့သောအချို့အချက်များကိုရှင်းလင်းတင်ပြလိုပေသည်။ ပထမတင်ပြလို့သည်မှာ ဖုန်ကြားရှင်နောက်ကွယ်က လက်မဲကြီးအကြောင်းပင်ဖြစ်ပါသည်။
ဖုန်ကြားရှင်ကိုင်ဆောင်သောလက်နက်ဟူသမျှသည် ၀နှင့်တရုပ်နိုင်ငံထုတ် လက်နက်များချည်းဖြစ်သည်၊တရုပ်သည် လက်နက်များကို အမေရိကန်တို့ကဲ့သို့ ဆိုင်ပေါ်တင် ရောင်းသောနိုင်ငံမျိုးမဟုတ် ၊လက်နက်ကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ တရုပ်နိုင်ငံသားများသည် ကန့်သတ်ချက်များစွာရှိသည်၊ဗကပ ဘ၀က တရုပ်တို့သည်ဗကပအတွက်လကိနက်များကို သီးသန့်စက်ရုပ်မှထုတ်လုပ်ပေးခဲ့သည်။ ၀ 
တို့ထုတ်လုပ်သော M.23 ကျည်ဆံများမှာ သေသပ်တိကျမှု့မရှိ ၊ယမ်းများယိုထွက်နေတတ်သည်၊
 ဖမ်းမိသော M.23 ကျည်ဆံများမှာတရုပ်နိုင်ငံထုတ် သေသပ်တိကျသောကျည်ဆံများသာဖြစ်သည်
ထို့အတူဖုန်ကြားရှင်တပ်များသည်ယူနန်နယ်ထဲတွင်လက်နက်ကိုင်ဆောင်သွားလာခွင့်ရနေသလို၊ဒဏ်ရာ
ရလူနာများကိုဆေးရုံတက်ရောက်ကုသခွင့်ပေးထားသည်၊ဖုန်ကြားရှင်လိုသမျှလက်နက်ကျည်
ဆံမှန်သမျှရရှိနေပြီး၊ ကားများဖြင့်သယ်ယူဖြည့်တင်းနိုင်သည်။

ဖုန်ကြားရှင် အားလေကြောင်းဖြင့်ဖိတိုက်သဖြင့် အထိနာလာသောအခါ ၊တရုပ်ဖက်သို့ ဗုံးကျသည့်ပြသနာပေါ်လာသည်။ မြန်မာ့တပ်မတော်လေ GPS များအရ တရုပ်ဖက်သို့ကျူးကျော်ဝင်ရောက်ခြင်းမရှိပေ၊ တပ်မတော်လေ မှ ချခဲ့သော ဗုံးအစိတ်အပိုင်းအချိုသည့် တောင်ပေါ်တွင်ပြန့်နှံ့နေသည်။ထိုအစိတ်အပိုင်းများကိုယူဆောင်၍ တရုပ်ဖက်သို့ကျရောက်ပေါက်ကွဲသောဗုံးသည်မြန်မာ့တပ်မတော်လေမှ ကျဲချသောဗုံး အဖြစ်အကြံအဖန်မလုပ်ပါဟု မည်သူအာမခံနိုင်ပါမည်နည်း။ အကျိးဆက်အားဖြင့် နယ်စပ်မျဉ်းနှင့်ကပ်နေ တောင်ကုန်းများအပေါ်လေကြောင့်းစစ်ဆင်မှု့ လျှော့နည်းသွားစေသည်ထို့အတူ အိမ်နီးချင်းကောင်းပီသစွာံ တရုပ်ဖက်သို့ဝင်လာသော ဖုန်ကြားရှင်တပ်များ အား လက်နက်ဖြုတ်သိမ်းခဲ့လျှင်လဲ ကိုကန့်စစ်ပွဲသည်၊တလပင်ကြာမြင့်မည်မဟုတ်ပေ။ မိမိပိုင်နက်အတွင်းမိမိကြိုက်သလိုလုပ်မည်ဆိုခဲ့သော် ။သမိုင်းကြောင်းလေးတခုပြန်ပြောင့်း အမှတ်ရနေမိသည်။



တပ်မတော်အစိုးရလက်ထက် ဦးခွန်ဆာ ၏ မောင်းတိန်းအာမီလက်နက်မစွန့်ခင်အချီန်.....
ဦးခွန်ဆာအား အမေရိကန်DEAမှ ဘိနိးဘုရင်အဖြစ် ဆုငွေထုတ်ခြင်းခံခဲ့ရသည်၊ သို့ရာတွင် အမေရိကန် ဆီနိတ်တာတဦးနှင့် CIA အရာရှိတချို့ပါဝင်သော အဖွဲ့တဖွဲ့သည်ထိုင်းနိုင်ငံမှတဆင့် ဦခွန်ဆာထံ ရောက်ရှိလာခဲ့ပြီး အောက်ပါအချက်များကို ဆွေးနွေး သည်။ ဦးခွန်ဆာပိုင်ဆိုင်သောနယ်မြေအတွငိးတွင် တရုပ်ကိုချီ်န်ရွယ်သော ဒုံးပျံများထားရှိခွင့်ပြုလျှင် ခွန်ဆာအားဆုငွေထုတ်ခြင်းကိုပါယ်ဖျက်ပေးမည်ဖြစ်ပြီး ၀ါရှင်တန်တွင်ဆက်ဆံရေးရုံးဖွင့်လှစ်ခွင့်ပြုမည့်အဆိုပြုချက်ကိုယူဆောင်လာခဲ့သည်။ ယင်းအဆိုပြုချက်မှာ ဦးခွန်ဆာအားများစွာအကြပ်ရိုက်စေခဲ့သည်၊ ထိုအချိနိသည် တရုပ်ကျောထောက်နောက်ခံပြု ၀ တပ်များက ဦးခွန်ဆာအား နယ်မြေလုတိုက်ပွဲများ တိုင်နေချိနိ၊ တပ်မတော်အစိုးရအနေဖြင့်လည်း အိပ်နီချင်းကောင်းမပီသသော လုပ်ရပ်မျိုးကိုခွင့်ပြုနိုင်လိမ့်မည်မဟုတ်ချေ၊ ထို့ကြောင့်တပ်မတော်အစိုးရနှင့်ညှိနှိုင်းကာ အပြီးအပိုင်လက်နက်စွန့်ခဲ့သည်။ ထိုဖြစ်ရပ်မျိုးကို မြန်မာပိုင်နက်အတွင်းခွင့်ပြုခဲ့သော် တရုပ်တို့ ဘာပြောမည်နည်း.... ဖုန်ကြားရှင်ကိုအားပေးအားမြှောက်ပြုနေခြင်းနှင့်ယှဉ်၍စဉ်းစားသင့်ပေသည်။

နောက်ထပ်ပြောလိုသည့်ပုဂ္ဂိုလ်များမှာ မြန်မာပြည်တွင်းမှ နိုင်ငံရေးသမားများနှင့် ဖုန်ကြားရှင်၏ မဟာမိတိများအကြောင်းဘဲဖြစ်သည်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟူသည်၊ ဖထီးမူတူးစေးဖိုးတို့လို တကယ်ငြိမ်းချမ်းရေးယူလိုသူများမှလွဲ၍ ကျနိပုဂ္ဂိုလ်အကောင်းစားများမှာ ဟန်ပြလုပ်နေခြင်းသာဖြစ်သည်၊ ဦးသိနိးစိနိအစိုးရ နာမည်ကြီးအောင်ဘယ်တော့မှလုပ်မည့်သူများမဟုတ်၊ထိုအဖွဲ့များက ဖုနိကြားရှင်ကိုဆွေးနွေးပွဲသို့ ခေါ်ရန် အကြပ်ကိုင်နေကြသလို ၊နိုင်ငံရေးသမားအချို့က ထောက်ခံနေခြင်း၊တပ်မတော်ကိုအပုတ်ချနေသည့်အပြင်၊သင်္ကြန်သံချပ်ပင်
ထိုးလိုက်ပါသေးသည်၊ထို့အတူမီဒီယာအကောင်းစားကြီးများက အစိုးရသတင်းထုတ်ပြန်မှု့ထက် ထွန်းမြတ်လင်းကဲ့သို့ MNDDA ကပါဝါရိန်းဂျားများကို အသားပေးရေးသားနေခြင်းပင်၊၄င်းတို့သည် တပ်မတော်အပေါ်ပြည်သူ့ထောက်ခံမှု့မြင့်တက်လာခြင်း၊ အင်တာနက်စာမျက်နှာများ၌ သန်းနှင့်ချီသော အရှေ့မြောက်ဒေသ နေ၀န်းနီ တံဆိပ်များ များပြားလာခြင်းအပေါ် သောကရောက်နေသူများဖြစ်ကြသည်။ ကျဆုံးစစ်သည်မိသားစုများက လာရှိုး ရှိ အညတရစစ်သည်ဗိမာန်တွင်အရိုးအိုးများဂူသွင်းသည့်အခနိးအနားတွင်ငိုကြွေးမြီတန်း ၀မ်းနည်းနေကြသည်ကိုတော့ ထိုနိုင်ငံရေးသမားတို့ စာနာနားလည်ချင်းမရှိကြချေ


ထွန်းမြတ်လင်းတယောက်သနားစရာ




ကျနော်တို့က လူ၁၀၀ေ လာက် ကိုဒေသကိုယ်ပြန်လာတာကို သူတို့က ၀ိုင်းတိုက်တာပါ ဟု မုသာဝါဒါ ထုတ်လွှင့်ခဲ့သော ထွန်းမြတ်လင်း၊ အမြောက်ကြီးများ လေယာဉ်များဖြင့် တိုက်ခိုက်မြေမြှူတ်ပစ်သည်ကိုပင် ကျနော်တို့ကမကျပါ၊အစိုးရစစ်တပ်ကသာသေကြတာဟု MNDAAတပ်ဖွဲ့များကို ပါဝါရိန်းဂျားများသဖွယ် သတင်းထုတ်ပြန်၊ယုံသူကလဲယုံအောင်ဖြီးခဲ့သော ထွန်းမြတ်လင်း၊ အခြေအနေမဟန်တော့ ငြိမိးချမ်းရေး စကားပြောသောထွန်းမြတ်လင်း၊ တောင်ကုန်းတွေကျကုန်တော့ ကျနော်တို့ကို ပြည်ပစစ်ကြီးတိုက်သလို အမြောက်တွေလေယဉ်တွေနဲ့ဝိုင်းတိုက်တာပါဟု ငိုချင်းချခဲ့သောထွန်းမြတ်လင်း၊ တောင်ကုနိးတွေမကျန်တော့တဖက်သတ်အပစ်ရပ်တယ် ဟု ခပ်တည်တည်လှိမ့်ခဲ့သောထွန်းမြတ်လင်း ၊ သူမသိသောအကြောင်းက တပ်မတော်သည်ကိုးကန့်စစ်ပွဲကို မိမိ အင်အား၏ ၁၀ ပုံတပုံ ပင်မရှိ ၊အရပ်သားများ စစ်ဘေးဒုက္ခသည်များ ကိုငဲ့၍၄င်း၊ တဖက်နိုင်ငံနှင့် ပဋိပက္ခမဖြစ်စေရန် သာမန်တပ်ပါ လေ့ကျင့်ခန်းတခုသဖွယ် တိုက်ခဲ့သည်ကိုတော့ သူသိချင်မှသိပေလိမ့်မည်၊ လေကြောင်းတိုက်ခိုက်မှုတွင်လည်း လေယာဉ်အစီးလေးငါးဆယ်ဖြင့် Formation attack တိုက်ပွဲကြီးများကို ရုပ်ရှင်ထဲတွင်ကြည့်ဖူးကြပေလိမ့်မည် ။ စီစီဝမ်တာပနိ၊ မော်ဖ။ ချူးရွှေတိုက်ပွဲကြီးများတွင် လေယဉ်လေးစီးတွဲ Formation attack တိုက်ခဲ့ကြသည်။ ယနေ့မြန်မာ့တပ်မတော် လေ သည်၊ ထိုံ့ထက်ပိုမိုကြီးမားသော လေကြောင်းထိုးစစ်ကြီးဆင်နွဲနိုင်
သည်အထိ အင်အားတရပ်ရှိနေပေပြီ ၊ A.5 မြေပြင်အကူပေး နည်းဗျူဟာဗုံးကြဲလေယဉ်ကြီးများသည်၊ခေတ်မမှီတော့်ဟုဆိုနိုင်သော်လဲ အရေးကြုံလျှင် အမေရိကန်B.52ဗုံးကြဲလေယဉ်ကြီးများကဲ့သို့ ပင်အသုံးဝင်နေဆဲ၊ ပစ်မှတ်ထိမှန်မှု့ကောင်းလွန်းသဖြင့် လေ့ကျင့်ပွဲတွင် ကာချုပ်ကြီးကိုယ်တိုင် မတ်တပ်ရပ်၍ လက်ခုပ်တီး အားပေးချီးမြှင့်ခဲ့သောလေယာဉ်ကြီးများဖြစ်ခဲ့သည်။


ပွိုင့်.၂၂၀၂ ကိုတိုက်ပြီ




ရန်သူအဓိက ခံစစ်ကုန်းဖြစ်သောပွိုံင့်.၂၂၀၂ ကိုတိုက်ခိုက်သိမ်းပိုက်ရန်အတွက် တပ်မ.၃၃ လက်အောက်ခံတပ်များသည် ဆက်စပ်နယ်မြေများဖြစ်သောဟိုထိုလင်ကျေးရွာအနီးရှိတောင်ကုန်းများ စီတုန်းကျေးရွာအနှီး ရှိတောင်ကြောများကိုရှင်းလင်းသိမ်းပိုက်လိုက်တော့သည်။
ပထမဦးစွာ ပွိုင့် ၂၂၀၂ ခေါ်နွားလည်ပို့တောင်ကြီးအကြောင်းရှင်းပြလိုသည်၊ ပေ၇၀၀၀ကျော်မြင့်ပြီး တရုပ်နယ်စပ်မှ မီတာ၅၀၀ ခန့်သာကွာဝေးသည်။ ဖုန်ကြားရှင်တပ်များသည့်၊ထိုတောင်မြင့်ကြီးပေါ်တွင် လှိုင်ခေါင်းများ မြေခွေးကျင်းများခံကတုတ်များတူး၍ခံစစ်ပြင်ထားသည်၊။ လှိုင်ခေါင်များသည်4wheels ကားတစီးဝင်နိုင်သည်အထိကြီးကျယ်သလို နယ်စပ်မျဉ်းဆီမှ လိုသလောက်ကားကြီးကားငယ်ဖြင့် ထောက်ပံ့မှုရနေသည်၊ ပင်ပခံစစ်စည်းရှေ့တွင် ဘန်ကာ၆ ထပ်ဖြင့် အဆင့်ဆင့် ကာကင်းထုတ်ထားသလို တက်လမ်း အား ပွိုင့်.၅ အလက်၂၀၊ တရုပ်စက်လတ်များ၊ RPGများ လက်ပစ်ဗုံးများလိုသလောက်ထုတ်ပေးထားသလို ဘေးနံတပ်များထားပြီး တက်ရောက်မည့်လမ်းအားပုံသေပစ်ကြောင်းဆင်ထားသည်။

မိမိတပ်များအနေဖြင့် လေကြောင်းပစ်ကူမပေးနိုင်၊အမြောက်ကြီးပစ်ကူမပေးနိုင်သည့်အနေအထားတွင် တက်ရောက်တိုက်ခိုက်ရမည့်အပြင် ၇၅ဒီံကရီ မော့၍တက်ရခြင်း၊တက်လမ်းတခုတည်းသာရှိသဖြင့် ရန်သူကမြေအနေအထားလက်နက်အနေအထား တပန်းသာလျှက်ရှိပေသည်။
တပ်မတော်၏ နောက်ဆုံးတိုက်ခိုက်ရမည့် ပွိုင့် .၂၂၀၂ ၏တည်ရှိမှု့အနေအထား၊အရရန်သူ က ပွိုင့်.၅ စက်သေနတ်ကြီးအလက် ၂၀ .RPG များဖြင့် ဘန်ကာ.၆ထပ် တည်ဆောက်ကာခံစစ်ဆင်ထားပုံ၊ မိမိတပ်များမှ လက်နက်ကြီးနှင့်လေကြောင်းပစ်ကူမပါဘဲ ၇၅ဒီဂရီမတ်စောက်သောတောင်ကြီးအား တိုက်ရမည့်အခြေအနေကို  ရေးသားခဲ့ပြီးပါပြီ ။

၂၄.၄.၁၅ တွင် လောက်ကိုင်ကို စကခ.၁၆ ပြီးနောက်ပထမဆုံးဝင်ရောက်ကာကွယ်ခဲ့သော တပ်မ၃၃ လက်အောက်ခံ ခမရ(၁၁၁)သည် ရ၅ံဒီကရီမတ်စောက်သောတောင်ကုန်းကြီးကို လက်နက်ကြီးပစ်ကူမပါဘဲ ရဲဝံ့စွတက်ရောက်တိုက်ခိုက်ပြီးဘေးနံကို ခမရ.၁၂၀က ကာကွယ်တိုက်ခိုက်ပါတော့သည်။ ရန်သူသည်ပုံသေပစ်ကြောင်းအတွင်းဝင်လာသောမိမိတပ်မတော်သားများအား ပွိုင့်.၅ စက်သေနတ်ကြီးအလက်၂၀၊ စက်လတ်များ၊ အာပီဂျီများ ၊လက်ပစ်ဗုံးများဖြင့် ဖိ၍ တိုက်သဖြင့် ခမရ.၁၁၁ သည် pin down မိသွားပြီး နီးရာကျောက်တုံးအကာအကွယ်များနောက်မှာမလှူပ်နိုင်ဖြစ်နေချိနိမှာ ဘေးနံကတက်လာသော ခမရ.၁၂၀ မှတပ်ဖွဲ့ဝင်များသည် အသက်ကိုပဓာနမထား မိမိတို့ရဲဘော်ရဲဘက်များအတွက်တိုက်စစ်အဟုန်ဖွင့်၍ ၀င်ရောက်တိုက်ခိုက်ပါတော့သည၊် ရဲဘော်ရဲဘက် သေဖေါ်သေဖက်စိတိဓာတ်ကား အလွန်ရဲရင့်လှပေသည်၊ သို့ရာတွင် ရန်သုကသေချာ ပစ်ကြောင်းဆင်ထားသည်ဖြစ်ရာ ခမရ. ၁၂၀လဲကြားညပ်သွားတော့သည်။ ခမရ.၁၁၁ ဒုရင်းမှူး ဗမအောင်ဟိန်းဟာရန်သူကိုရှေ့ဆုံးကရဲရဲဝံ့ဝံ့တိုက်ရင်း နိုင်ငံအတွက်အသက်ပေးခဲ့ရပါတယ် ၊

 မိမိတပ်များသည်ရန်သူနှင့် တညလုံးအပြန်အလှန်ပစ်ခတ်ရင်း အဖွဲ့ငယ်များခွဲပြီးဖောက်ထွက်ခဲ့ရပေမဲ့ ကနဦးစာရင်းများအရ တပ်မတော်သား ၃၀ခန့်ပျောက်ဆုံးနေခဲ့သော်လည်း၊ ရဲဘော်တွေဟာ ၂ယောက်တွဲ ၃ယောက်တွဲ အဖွဲ့ငယ်များအဖြစ်သင့်တော်ရာမှာခိုကပ်နေရင်း တဖွဲဖွဲ လူစုံနီးပါးပြန်လည်ရောက်ရှိလာကြပြီး တဦးကိုတဦးဖက်ကာ တပ်မ.၃၃ ကွလို့ အော်ဟစ်ကြပါတယ်၊ဒီတိုက်ပွဲမှာ တပ်မတော်သား ၁၇ဦး နိုင်ငံအတွက်အသက်ပေးလှူခဲ့ရပေမဲ့ တပ်မ.၃၃ ဟာ သာမန်တပ်မတခုမဟုတ်ပါဘူး ၊အလွန်မာတဲ့တပ်မဖြစ်လို့ ရန်သုကို ဒုတိယအကြိမ်ပြန်တိုက်ဖို့သေချာစုဖွဲ့ပါတယ်၊ တပ်မတော်သားတွေဟာရန်သူကိုသွေးကြွေးဆပ်ဖို့စိတ်အားထက်သန်နေသလိုမျက်နှာတွေကလဲ
ဘီလူးသဘက်လိုတင်းမာနေကြပါတယ်၊။ စက်လတ်ကိုင်တဦးက သူ့ရဲ့guner.2 ကို မင်းသေနတ်မင်းကိုင် စက်လတ်ကို ငါတယောက်ထဲပစ်မယ် ဟုခပ်မာမာပြောရင်းကျည်ခါးပါတ်တွေကို၂ထပ်ပါတ်လိုက်ပြီး စစ်မြေပြင်ကို ဒုတိယအကြိမ်ချီတက်သွားပါပြီ......

ဒီအချိန်မှာဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပွိုင့်.၂၂၀၂ ကို သေချာပြင်ဆင်ပြီးမှတိုက်ဖို့ အမိန့်ဝင်လာပါတယ်၊ သားသမီးတွေကိုချစ်တဲ့မိဘတယောက်ဟာ အကာအကွယ်မဲ့နေတဲ့သားသမီးတွေကိုစစ်မြေပြင်ကိုမပို့လိုပါဘူး....


သတိတရမော်ဖ




ဒီ ကိုးကန့် နွားလပို့တောင်တိုက်ပွဲကြီးကို မြင်တော့ ဗိုလ်ချုပ်ထွန်းရီဦးစီးပြီး မော်ဖရှိ ဗကပပန်ဆနိးရှေ့ကာစခန်းကြီးဖြစ်တဲ့ ပေ၆၀၀၀ ကျော်မြင့်တဲ့ပွိုင့် ၆၀၆၆ ကို တပ်မ.၇၇ ဒုတပ်မမှူး ဗိုဘ်မှူးကြီးညွန့်ဆွေဦးစီးတိုက်ခဲ့တဲ့တိုက်ပွဲကြီးကို ပြေးပြီးမြင်ယောင်မိပါတယ် ၊ တောင်ကုန်းကြီးကမြင့်လွန်းလို့မော့ကြည့်နေရသလို တိမ်မဲကြီးရက်ပေါင်းများစွာဖုံးအုပ်နေသဖြင့် လေကြောင်းပစ်ကူမရ ၊ နောက်တော့စိတ်မရှည်တော့တဲ့ဒုတပ်မ မှူးကိုယ်တိုင်လက်နက်ကြီးပစ်ကူနဲ့ တက်သိမ်းခဲ့ရပါတယ်။
ခုကိုးကန့် ၂၂၀၂ နွားလဘို့တောင်ကြီးကပိုမြင့် ပိုမတ်စောက်သလို၊ ရန်သူခံစစ်ကလဲအင်အားကြီးမားလှပါတယ်။ထို့အတူ လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူမပေးနိုင်တာက ပိုပြီးဆိုးလှပါတယ်။

ဒါကြောင့် ပွိုင့် ၂၂၀၂ ကို တိုက်ဖို့ စစ်မြေပြင်တပ်မှူးများ အမြောက်သံချပ်ကာတပ်ဖွဲ့များဟာ စနစ်တကျညှိနှိုင်းခဲ့ရပါတယ် တိကျတဲ့အမြောက်ပစ်ကူပေးနိုင်ဖို့နဲ့ နယ်စပ်ကိုကျည်ကျော်မကျရေးအတွက် အမြောက်ကြီးများကို တတ်နိုင်သမျှ နယ်စပ်မျည်းနဲ့ဘေးတိုက်အနေအထားရောက်အောင်ရွှေ့ပြောင်းနေရာချထားပြီး၊ direct fire ပစ်ကူကိုတော့ အမြောက်တင်သံချပ်ကာတွေက အနီးကပ်ပစ်ခတ်ဖို့၊နဲ့. စစ်သည်တင်သံချပ်ကာတွေကိုတောင်ခြေအထိပို့ဆောင်ပြီးစက်သေနတ်ပစ်ကူပေးဖို့အပြင်၊ တက်ရောက်သိမ်းပိုက်မည့် တပ်မ၉၉ လက်အောက်ခံတပ်တွေကို MI.17 တွေနဲ့စစ်မြေပြင်ကိုလျိုဝှက်ခေါ်ယူလိုက်ပါတယ့်၊အရံတပ်အဖြစ် တပ်မ၃၃ လက်အောက်ခံတပ်တွေကိုဆောင်ရွက်ဖို့တိုက်စစ်စီမံချက်ရေးဆွဲခဲ့ပါတယ်၊ဒီအချိန်မှာတော့ တရုပ်သော ဘာသောနားမလည့်တော့ မတော်တဆကျည်ကျော်ရင်နောက်မှရှင်းဖို့ ယတိပြတ်ဆုံးဖြတ်ပြီးဟန်တူပါတယ်။
မေလ ၄ရက်နေ့မှာတော့ နေရာပြောင်းရွှေချထားပြီးဖြစ်တဲ့တပ်မတော်ရဲ့ ခေတ်အမှီဆုံး တောင်ပေါ်
ပစ်အမြောက်ကြီး ၇၀ ကျော်ဟာ စတင်စမ်းသတ်ပစ်ခတ်ပြီး ပစ်မှတ်မှန်ပုံတင်ပါတယ် ။ 

သာမန်အားဖြင့်အမြောက်တလက်ဟာမှတ်ပုံတင်ဖို့၃လုံးပစ်ခတ်တတ်ပေမဲ့ ထိုနေ့တနေ့လုံး စိစိညက်ညက်ကြေအောင်ပစ်ခတ်ပြီးမှတ်ပုံတင် တာကိုကြည့်ရင် တပ်မတော်သားတွေရဲ့နာကျည်းချက်ကို ကိုယ်ချင်းစာမိကြပါလိမ့်မယ်။ ဒီလိုဘဲနေ့စဉ်ရက်ဆက် အမြောက်ကြီးတွေ သံချပ်ကာတင်အမြောက်တွေနှင့် ပွိုင့်၂၂၀၂ ကို နေ့စဉ်မှူံ့မှူံညက်ညက်ချေနေခဲ့တာ ကြာတော့အမြောက်ပစ်သူများဟာ နားများကို နားကြပ်များ၊ ဂွမ်းများနှင့်ဆို့ထားရပါတယ်၊အပစ်ခံရသူ ဘယ်လိုရှိမလဲဆိုတာတော့ စဉ်းစားကြည့်နိုင်ပါတယ်။ ပွိုင့်၂၀၂၂ ရှိဘန်ကားများ ကတုတိကျဉ်များဟာ မွစာကျဲပြိုကျပျက်စီးကုန်ပါတယ် တောင်တခုလုံး မီးခိုးလုံးကြီးဖုန်းအုပ်နေပြီ 



၊ကျောက်တုန်းကျောက်ခဲသစ်ပင်များထောင်းလမောင်းကျေနေပါပြီး၊ မေလ၁၂ရက်နေ့မှာတော့ သံချပ်ကာကားတွေနောက်ကနေ ဂဏန်းလက်မပုံဝိုင်းလာတဲ့ တပ်မ၉၉ လက်အောက်ခံတပ်တွေမြေပြင်ထိုးစစ်စတင်ပါတော့တယ်၊ သံချပ်ကာအစီး၃၀လောက်နဲ့အမြောက်ကြီးတွေရဲ့ပစ်ခတ်မှူ ဟာ ပိုစိတ်လာပြီး ပစ်ခတ်မှု့ရပ်တာနဲ့ကျားတက်ထိုးဖို့နေရာယူထားပါတယ်၊ သို့သော် လက်နက်ကြီးပစ်ခတ်မှု့ရပ်သည်နှင့် ပထမဆုံးတက်လာသူတွေကတော့စနိုက်ပါတပ်ဖွဲ့ဝင်တွေဖြစ်ပြီးဘန်ကာနောက်က ကျားတက်ထိုးပြီးထင်လို့ ခေါင်းပြူ လာတဲ့ရန်သူဦးထုပ်တွေမှာ အပေါက်ကလေးတွေကိုယ်စီဖြစ်သွားပါတယ် ။
ဒုတိယအကြိမ်လက်နက်ကြီးပစ်ကူအပြီးမှာတော့ တပ်မ၉၉ လက်အောက်ခံ ခမရ .၁၀၉ ကစစ်သည်တွေဟာ ရန်သူဘန်ကာတွေကိုအာပီဂျီတွေနဲ့ပစ်ပြီးအတင်းဝင်လုံးကာပထမခံစစ်စီးကိုသိမ်းပိုက်လိုက်ပါတယ် ဒုတိယခံစစ်စီးအထိတက်ပြေးတဲ့ရန်သူကို သေနတ်ပြောင်းတွေနီရဲတဲ့အထိပစ်ခတ်ပါတယ့်၊ပထမ
ခံစစ်စည်ကိုသိမ်းပြီးလျှင် တိုက်ခိုက်ရေးတပ်များဟာပထမခံစစ်စည်းမှာဝင်ရောက်နေရာယူပြီး မြေပြင်အမြောက်တပ်ဖွဲ့
အလက်ရ၀ ကျော်က ပင်မတောင်းကုန်းတနေရာတည်းကိုစုပြုံပစ်ခတ်နေတာဟာ မီးတောင်တလုံးပေါက်ကွဲနေသလို
ပါဘဲ။ လက်နက်ကြီးအပစ်ရပ်သည်နှင့် တပ်မ၉၉ ချေမှူးရေးတပ်တွေဟာ တပ်မ၃၃ အတွက်လက်စားချေကြ ။ ၀န်သိုသားတွေအတွက်သွေးကြွေးဆပ်ကြ၊ လို့ကြွေးကျော်ပြီးဘီလူးသဘက်လို ပင်မတောင်ကုန်းကိုဝင်ရောက်ချေမှူန်းကြပါတော့တယ်၊ ကောင်ကင်ကမီးကျည်တွေအောက်မှာ လှံစွပ်တွေဟာ သွေးချင်းချင်းနီလို့နေပါပြီး ဆင်းပြေးတဲ့ရန်သူကိုစကာပေါက်လိုပြစ်ပြီး ၀န်းသိုတပ်အတွက်နဲ့ကျဆုံးသွားတဲ့ ခလ၇.၄ :၊4 ဂေါ်ရခါး တပ်ရင်းမှူး ဗမဇော်မျိုးအတွက် မြိုင်မြိုင်ကြီးသွေးကြွေးဆပ်ကြပါတယ်။

 ၂၄.၅.၂၀၁၅ မှာတော့ရန်သူရဲ့အဓိက ကြပြီးမကျဆုံးနိုင်ဘူးထင်ထားတဲ့ ခံစစ်ကုန်းကိုထိုညမှာအပြီးအပိုင်သိမ်းပိုက်ရရှိသလိုတောင်ပေါ်မှာပြန့်ကြဲသေဆုံးနေတဲ့
ရန်သူ.၂၄ လောင်း သေနတ် ၉၁လက်ကိုသိမ်းပိုက်ရရှိသလို လက်နက်ကြီး ပစ်ခတ်မှူ့ကြောင့်ပြိုကျသွားတဲ့လှိုင်ခေါင်းတွေထဲကရန်သူကတော့ထာဝရမြေမြှူတ်ပြီးဖြစ်လို့သွားပါပြီ...
ကိုးကနိ့တိုက်ပွဲကြီးကတော့ ရနိသူရဲ့အဓိက ခံစစ်စခနိး ဖြစ်တဲ့.ပွိုင့် ၂၂၀၂ ကိုသိမ်းပြီးတဲ့နောက်မှာအခိုင်အမာခံစစ်တွေမရှိတော့ဘဲ ကောက်သင်းကောက် တိုက်ပွဲငယ်ကလေးတွေဘဲကျနိပါတော့တယ် ၊ ဒီအချိန်မှာဘဲ MNDDA ရဲ့ပြောရေးဆိုခွင့်ရှိသူ ထွနိးမြတ်လင်းက တဖက်သတ်အပစ်ရပ်ကြောင်းကြေငြာချက်ကတော့ ဟာသတပိုဒ်ပါဘဲ၊သောင်းကျမ်းသူဝက်ဘ်ဆိုက်တွေကတော့ ငါတို့စစ်ရှူံးပြီလို့တင်ခဲ့ကြပါတယ်။

 စီစီဝမ်တာပန်တိုက်ပွဲကြီးပြီးတော့ဗကပ ဗဟိုကော်မတီဝင်တဦးက ဒီတိုက်ပွဲမှာငါတို့ ဆန်၃ဆန် ရှူံးခဲ့တယ်လို့ ဆိုပါတယ်၊
၁.စားတဲ့ဆန်
၂.ကျည်ဆံ
၃.ပိုက်ဆံ
ဆိုတဲ့ဆန်၃ဆံ ဆုံးခဲ့တယ်ဆိုပါတယ်။ ကိုးကနိ့စစ်ပွဲမှာ ဖုံကြားရှင်အတွက်က ကျည်ဆံနဲ့ပိုက်ဆံ ဆုံးခဲ့တာကတော့အသေအချာပါဘဲ။စစ်ပွဲကုန်ကျစရိတ် ဆေးကုသစရိတ်ဟာ မနဲလှပါဘူး ၊ဒါကြောင့်အနှစ်နှစ်အလလ စုဆောင်းခဲ့တဲ့ ဘိန်းတွေကို ထုတ်ရောင်း မယ်ဆိုတဲ့အသံတွေလဲထွက်ခဲ့ပါတယ်၊ဒါဆိုရင်ဖုံကြားရှင်ဆိုတဲ့၊ တချိုလူတွေခေါ်နေနဲ့လူမျိုးစုခေါင်းဆောင့်တယောက်ဟာ ဘာလုပ်စားတယ်ဆိုတာသိမှာဖြစ်ပါတယ်။
ယခုအချိန်မှာကိုကန့်ဒေသဟာမိုးဖြိုင်ဖြိုင်ရွာပြီးစွတ်စိုအုံ့မှိုင့်းနေပါပြီ နယ်စပ်ဒေသ တောင်ကုနိးတွေကိုတပ်မတော်ကရေရှည်တာဝန်ယူဖို့က ခက်လှပါတယ် ။

 တချို့နေရာတွေမှာ MNDDA တပ်ဖွဲ့တွေဝင်ရောက်စုဖွဲ့ကြောင်းတပ်မတော်ကသတင်းရနေပေမဲ့ လက်ပန်းဆက်သွယ်မှု့အခြေအနေတွေကြောင့် တပ်မတော်ကမတိုက်သေး သလို သူတို့ဖက်ကတိုက်ခိုက်လာတာလဲမရှိပါဘူး၊ငြိမ်းချမ်းရေးယူမယ်လို့လဲ သတင်းတွေထွက်နေပါတယ်။ ပြည်သူကတော့ဖုန်ကြားရှင်ကိုလုံးဝလက်မခံပါဘူး ဒါက တပ်မတော်နဲ့ပြည်သူကြားမှာ သွေးကွဲနိုင်တာကြောင့် သေချာသတိထားဆောင် ရွက်ရမဲ့ကိစ္စ ဖြစ်ပါတယ်။ထို့အတူ ကိုးကန့်စစ်မှာပါတယ်လို့တရားဝင်ကြေငြာခဲ့တဲ့ အဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကထုတ်ပစ်ပြီးပြတ်ပြတ်သားသားအရေးယူသင့်ပါတယ်။





မြန်မာ့တပ်မတော်အတွက်ဖြည့်ဆည်းရန်အကြံပြုချက်


ခြေလျှင်၊အမြောက်သံချပ်ကာ၊ရဟတ်ယာဉ်များပါသောခေတ်မှီပေါင်းစပ်တပ်များ ဖွဲ့စည်းသင့်ပါသည်
လေကြောင်းပစ်ကူနှင့်ပါတ်သက်၍ မြန်မာနိုင်ငံတွင်လေယဉ်စီးချင်းထိုးတိုက်ပွဲမှာ ဗိုလ်ပီတာတို့ခေတ်က တကြိမ်သာဖြစ်ခဲ့ဘူးသည်၊ ပြည်ပစစ်ပွဲအတွက် ကြားဖြတ်နှင့် စီးချင်းထိုးလေယဉ်များလိုအပ်မည်ဖြစ်သော်လည်း တိကျသောစမတ်ဗုံးများ တောင်ဖြိုဗုံးများကြဲချနိုင်သည့် မြေပြင့်အကူပေး ဗုံးကျဲလေယာဉ်များကိုအ ဓိက၀ယ်ယူသင့်သည်၊A.5 ဗုံးကြဲလေယာဉ်များကိုမကြာမှီအစားထိုးရတော့မည်ဖြစ်ရာ ခေတ်မှီဗုံးကြဲလေယာဉ်တမျိုးမျိုး
ကိုစဉ်းစားသင့်ပါသည်။ အဆင့်မြင့် ဗုံးများကိုလဲတပ်ဆင်သင့်ပါသည်:
မြေပြင်တပ်ဖွဲ့များအတွက် လက်နက်ကြီးပစ်ကူမပေးနိုင်သည့်အချိနိမျိုးတွင် ပစ်ကူသဖွယ်ထိရောက်သည့်RPGများ ၊ကာဂူးစတပ်များ၊၊ ၄၀မီလီမီတာ အော်တိုမစ်တစ်ဗုံးပစ်လောင်ချာများ၊ စနိုက်ပါများတိုးချဲ့တပ်ဆင်သင့်ပါသည် ။
သမရိုးကျထောက်လှမ်းရေးစနစ်မှ ဝေဟင်ကင်းထောက်နိုင်သောလေယဉ်များ ဒရုံးအငယ်စားများမှသည်၊ဂျိုတုထောက်လှန်ရေးစနစ်များအထိ တိုးချဲ့သွားသင့်ကြောင်း အကြံပြုတင်ပြလိုပါသည်။
ရဟတ်ယဉ်သုံး လေကြောင်းချီ တိုက်ခိုက်ရေးတပ်များနှင့် သယ်ယူရေးရဟတ်ယဉ်များတိုးချဲ့ဖွဲ့စည်းသင့်ပါသည်

Writtened by Starshinester

ဆက်စပ်ဖတ်ရှုရန်များ