၂၇ ကြိမ်မြောက် အရှေ.တောင်အာရှ အားကစားပြိုင်ပွဲ၏
ပွဲစဉ်အချို.ကို ၇န်ကုန်မြို.တွင် ပြုလုပ်မည်ဖြစ်ပါသည် ။
ထိုပွဲများအနက်
အားလုံးလိုလို စိတ်ဝင်စားကြသော အမျိုးသား အုပ်စု ဘောလုံး;ပြိုင်ပွဲများကို သုဝဏ ဘောလုံးကွင်း
တွင် ကျင်းပမည်ဖြစ်သည် ။ ၇ိုးရိုးတန်း လက်မှတ်များကို ၂၀၀၀ နှင်. အထူးတန်း လက်မှတ်များကို
၄၀၀၀ သတ်မှတ်ထားသည်ဟုသိရပါသည် ။လက်မှတ်များကို My Asia Company Website တွင် ၂၇ ရက်နေ.က
စတင်ရောင်းချနေပြီး ဒီဇင်ဘာ ၁ ရက်နေ.တွင် ရန်ကုန် ၊မန္တလေး ၊နေပြည်တော် ဘောလုံးကွင်းများနှင်.
4 Digital ခန်းမများတွင်ရောင်းချမည် ဟုသိရပြီး နိုင်ငံသားကဒ် ယူဆောင်သွား၇န် လိုအပ်ကာ
တစ်ကဒ်လျှင် ၂စောင်ရောင်းချပေးမည်ဟုဆိုသည် ။ မြန်မာအမျိုးသား ဘောလုံးအသင်းအနေဖြင်.
ဒီဇင်ဘာ ၇ ရက်နေ.ညနေ ၆နာရီ ၄၅ တွင် ကမ္ဘောဒီးယားအသင်း ၊ ဒီဇင်ဘာ ၉ ရက်နေ. ၆နာရီ ၄၅ တွင်
တီမော ၊ဒီဇင်ဘာ ၁၄ ရက် ညနေ ၆နာရီ ၄၅ တွင်ထိုင်း ၊ ဒီဇင်ဘာ ၁၆ ရက်နေ. ၆နာရီ ၄၅ တွင်
အင်ဒို အသင်းတို.နှင်. ယှဉ်ပြိုင်ရမည်ဖြစ်သည် ။ အကြိုဗိုလ်လုပွဲကိုမူ ဒီဇင်ဘာ ၁၉ ရက်နေ.တွင်
နေပြည်တော် ဇေယျာသီ၇ိ ကစားကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုကွင်းတွင်ပင် ၂၁ ရက်နေ. ညနေ၄နာရီ တတိယလုပွဲ ၇နာရီခွဲ
တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည် ။
အမျိုးသား ကာယအလှပြိုင်ပွဲများကို
မူ မရမ်းကုန်းမြို.နယ် မင်းဓမ္မလမ်း ရှိ Myanmar Convention Center တွင် ကျင်းပမည်ဖြစ်သည်
။ထိုပြိုင်ပွဲသို. မြန်မာ ၊ထိုင်း ၊မလေး ၊ အင်ဒို ၊ဗီယက်နမ် တို.မှ ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်
မည်ဖြစ်သည် ။နှစ်ဆန်းပိုင်းမှစ၍ ကစားသမား ၇
ဦးကို စခန်းသွင်း လေ.ကျင်.ပေးနေပြီး နောက်ဆုံး ဆန်ကာတင် ၅ ဦးဖြင်. ၀ိတ်တန်း ၅တန်းတွင်
ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည် ။ ဒီဇင်ဘာ ၁၄ နှင်. ၁၅ ရက်၂ရက်ယှဉ်ပြိုင်မည်ဟုသိရပြီး ၀ိတ်တန်းအလိုက် ယှဉ်ပြိုင်ပြီးသည်နှင်.
ဆုများချီးမြှင်.သွား မည်ဟုသိရသည် ။ ၁၄ ရက်နေ.တွင် မနက် ၉နာရီမှ စတင်ယှဉ်ပြိုင်မည်ဖြစ်သည်
။မြန်မာ အားကစားအဖွဲ.အနေဖြင်. ၁၉ ကြိမ် ၂၁ ကြိမ် ၂၅ ကြိမ် တို.တွင် ရွှေဆု ရရှိဖူးထားသည်
။
ကမ်ပိုပြိုင်ပွဲနှင်.နပန်းပြိုင်ပွဲ
တို.ကို မူအမျိုးသား အားကစားပြိုင်ပွဲရုံ ( ၁ ) သုဝဏ National Indoor Stadium –
1 တွင် ကျင်းပပြုလုပ်မည်ဖြစ်သည် ။ နပန်းတွင် Greco အမျိုးအစား နှင်. Freestyle ဟူ၍
၂မျိုး ပါဝင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ.တွင် စတင် ကျင်းပမည်ဖြစ်သည် ။ အမျိုးသား ၊အမျိုးသမီး
၂မျိုးလုံး ကီလိုအလိုက် ထည်.သွင်းကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာ ၁၃ ရက်နေ.တွင် နောက်ဆုံးထား
ကျင်းပမည်ဖြစ်ပြီး နေ.စဉ်တိုင်း ဆုပေး ပွဲပါ ထည်.သွင်းသွားမည်ဖြစ်သည် ။ ပြိုင်ပွဲသို.
ဘရူနိုင်း ၊ အရှေ.တီမော ၊မလေးရှား နှင်. အင်ဒိုနီးရှား တို.မှလွဲ၍ ၇ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး
အဓိက သတိထား၇မည်.အသင်းမှာ ဗီယက်နမ် ဟု သိရပါသည် ။
အလေးမ အားကစားပြိုင်ပွဲများကိုမူ
သိမ်ဖြူ အားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ ၊မလေး၊ ထိုင်း ၊ဖိလစ်ပိုင် ၊ဗီယက်နမ်
နှင်. အင်ဒို တို.မှ အမျိုးသား /အမျိုးသမီး ၆၃ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည် ။ ပြိုင်ပွဲများကို
ဒီဇင်ဘာ ၁၃ တွင် စတင်ပြီး ၁၆ ရက်နေ.အထိ ယှဉ်ပြိုင်မည်ဖြစ်သည် ။ နေ.စဉ်ပွဲများကို ၁၂
နာရီ ၂ နာရီ ၄ နာရိတို.တွင် ကျင်းပမည်ဖြစ်သည် ။
ဟော်ကီ ပြိုင်ပွဲများကိုလည်း
သိမ်ဖြူ မြက်ခင်းတုဟော်ကီ ကွင်းတွင် ဒီဇင်ဘာ ၁၃ ရက်မှ ၂၁ ရက်အတွင်း အမျိုးသား /အမျိုးသမီး
့ပွဲပေါင်း ၃၀ ကို ၉ရက်အတွင်းကျင်းပမည်ဖြစ်သည် ။ကျင်းပမည်ဖြစ်သည် ။ဟော်ကီ နည်းပြမှာ
ပါကစ္စတန် လူမျိုး Mr-Muha Mmad Akhlalq ဖြစ်ပြီး ပြိုင်ပွဲအတွက် အသင်းကို ၂၀၁၃ မတ်လ
၁ရက်နေ.က စတင်ဖွဲ.စည်းခဲ့ခြင်းဖြစ်သည် ။ ပြိုင်ပွဲသို.
မြန်မာ ၊မလေး ၊ စင်္ကာပူ ၊ထိုင်း ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ အင်ဒို ..အမျိုးသား ၊အမျိုးသမီး
အသင်းများဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး မြန်မာ အမျိုးသား အသင်းအနေဖြင်.ရွှေတံဆိပ်
အထိရည်မှန်းထားကြောင်း သိရသည် ။ထိုအသင်းသည် သြဂုတ်လ မလေးရှားနိုင်ငံ တွင်သွားရောက်လေ.ကျင်.ခဲ့ပြီး
စက်တင်ဘာလ ထိုင်းနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယ ရရှိထားသော အသင်းဖြစ်သည် ။ မြန်မာအသင်းအနေဖြင်.
ဒီဇင်ဘာ ၁၃ ရက်နေ.တွင် အမျိုးသားအသင်းက ထိုင်းနှင်. ၊ အမျိုးသမီး အသင်းက မလေး နှင်.
။ ၁၄ ရက်တွင် အမျိုးသမီး အသင်းက စင်္ကာပူနှင်. ။ ၁၅ ရက်တွင်အမျိုးသားအသင်းကစင်္ကာပူနှင်.။နောင်ရက်များတွင်တော.အခြားပြိုင်ဘက်များနှင်.တောက်လျှောက်
ပြိုင်ပွဲဝင်မည်ဖြစ်သည်
။ဒိုင်အဖြစ် ဂျပန် ၊ဟောင်ကောင် ၊မလေး ၊အန္ဒိယ ၊ထိုင်း ၊တရုတ် ၊ကိုရီးယားတို.က တာဝန်ယူမည်ဟုသိရပါသည်
။
သေနတ်ပစ်ပြိုင်ပွဲ
များကိုမူ မြောက်ဒဂုံ သေနတ်ပစ်ကွင်းတွင် ကျင်းပမည်ဖြစ်သည် ။
ထိုပြိုင်ပွဲများသို.
သွားရောက်ရန် အတွက် ကားများစီစဉ်ထား မှုနှင်. သွားလာနိုင်၇န်များမှာ အမျိုးသား အားကစားပြိုင်ပွဲရုံ
( ၁ ) သုဝဏအတွက် လေးထောင်.ကန် လမ်းမကြီးနှင်. သံသုမာလမ်း အတိုင်း မထသ မှယာဉ်လိုင်း
၁၅ လိုင်း ၊ ၁၉၇ ၊ မေတ္တာလှိုင်း ၊ ၈၈ ၊ ပါရမီလိုင်း စုစုပေါင်း ၂၂လိုင်းပြေးဆွဲ သွားမည်ဟု
သိရသည် ။ သိမ်ဖြူ အားကစားရုံနှင်. ဟော်ကီကွင်းသို. မထသ မှ ၈လိုင်း ၊ ၂၃၇ ၊ ၈၈ ၊ ၁၅၇
၊ ပါရမီ ၂လိုင်း စုစုပေါင်း ၁၃ လိုင်း ။ MCC ခန်းမသို. ၅၁ ၊ ၂၀၂ အထူး ၊ ၂၁၃ စုစုပေါင်း
၃လိုင်း ။ ဒဂုံမြောက် သေနတ်ပစ်ပြိုင်ပွဲသို. ၂၁၃ အထူး ၊ ၆၁ ၊ မေတ္တာလှိုင်း ၂ ၊ ပါရမီ
စုစုပေါင်း ၄လိုင်း ပြေးဆွဲသွားမည်ဟု သိရပြီး ထိုသို.သွားလာနိုင်ရေး ယာဉ်လိုင်းနှင်.
သတ်မှတ် ယာဉ်စီးခ များပါ လက်ကမ်းကြော်ငြာများကိုလည်း မကြာမှီ ဝေငှသွားမည်ဖြစ်သည် ။
Source ; မြန်မာ.အလင်း
နေ.စဉ် ၊ စံတော်ချိန် နေ.စဉ် & Sea Game Official Website