ကမ္ဘာကျော်
ဝတ္ထု ကြီးများ ၌ နေရာသဘောကို ပိုင်ပိုင်နိုင်နိုင် ကိုင်ပြကြသည် ။စာရေးဆရာ၏ ပိုင်နိုင်ကျွမ်းကျင်မှုကြောင်.
နေရာများသည် အသက်ဝင်လာသည် ။အကြောင်းအရာသာမက ထိုအကြောင်းအရာ ဖြစ်ပျက်ခဲ့သည်ဆိုသော နေရာများ
သည် မမေ.တဲ့နိုင်အောင် ဖြစ်လာသည်။
စာရေးဆရာကြီး
သောမတ်(စ်)ဟာဒီက သူ.၀တ္ထုကြီးများကို သူ.ဇာတိမြေ ၀က်ဆက်(စ်)နယ် ၌ နောက်ခံပြုလျှက် ရေးသားခဲ့သည်။
အင်္ဂလန်ရောက် ကမ္ဘာလှည်.ခရီးသည် စာပေသမားများက ၀က်ဆက်(စ်)နယ်သို. တကူးတကန်. လာပြီးကြည်.ရှုကြသည်
။ သောမတ်(စ်)ဟာဒီ ကြောင်. ၀က်ဆက်(စ်)နယ်သည် အသက်ဝိဥာဏ် ရှိသောမြေ (၀ါ)နေရာဖြစ်လာခဲ့သည်
။
ကျွန်တော်၏
သူငယ်ချင်းလို.ပဲ ဆက်..ခေါ်မည်ခိုင် ၀တ္ထုကြောင်. သံလျှင်သို. ရောက်လာကြသူများက ခိုင်နှင်.မောင်
ကလေးဘ၀က ကျခဲ့သော ချောက်ကြီး တစ်ခုကို ရှာကြသည် ။နွေကန္တာဦးဝတ္ထုကြောင်. တောင်ကြီးသို.
ကားဖြင်. တက်ရောက်သူများက ရွာမွန်သာ ရောက်လျှင် နုနုငယ်တို. ၏ အိမ်ကြီးရှိရာ စုံစမ်းကြသည်။
ပြည်မှပေါက်ခေါင်း သွားသူများက ပေါင်းတလည်ရောက်လျှင် စိမ်းနေဦးမည်. ကျွန်တော်.မြေ
ဟု ရွတ်တတ်ကြသည် ။
ကျွန်တော.၀တ္ထုမှ
နေရာများသည် ကမ္ဘာကျော်ဝတ္ထုကြီးများမှ နေရာနှင်. ယှဉ်လျှင် မကြီးကျယ်လှ သေးပါ ။
စာရေးဆရာ
အများသည် မိမိတို.ကျွမ်းဝင်ရင်းနှီးရာ နေရာအကြောင်းကို ရေးကြသည် ။ မိမိတို.ကျွမ်းဝင်ရင်းနှီးရာ
နေရာ ဆိုသည်မှာလည်း မိမိတို.မွေးဖွားကျင်လည်ရာ ဇာတိမြေသာလျှင် ဖြစ်ကြသည် ။ဇာတိမြေ နောက်ခံပြု.၍ရေးကြသည်.
ဝတ္ထုတို ၊၀တ္ထုရှည် တွေများစွာရှိကြသည် ။ရှမ်းပြည်အကြောင်း ၊အညာမြေအကြောင်း ၊ မြစ်ဝကျွန်းပေါ်အကြောင်း….။
များသောအားဖြင်.
ဇာတိမြေမှ အနံ.အသက်လေးတွေ ၊အရောင်အဆင်းတွေ ၊အကောင်ဒြပ်တွေ ၊စရိုက်ဓလေ.တွေကို လှပအောင်ဖွဲ.စပ်တင်ပြကြသည်
။သို.ရာတွင် ဤ သည်က ပထမအဆင်.သာ ။သေခြင်းမဲ့သော ၀ိဥာဏ်သဘောရောက်အောင် ဖန်တီးပြ၇န် ရှိနေလေသေးသည် ။ တစ်ခါတစ်ရံ ၌ အကျိုးသက်ရောက်ရန်
စာရေးဆရာသည် စကားပင် များများမသုံး ။ အသေးစိပ်ပင် မှုန်းမပြ ။
ကျွန်တော်သည်
ဝါးခယ်မကို မရောက်ဖူး ။ ၀ါးခယ်မ၏ အသေးစိပ်ကို မမြင်ဘူး ။သို.ရာတွင် ၀ါးခယ်မက ကျွန်တော်.ရင်ကို
ခုန်စေသည် ။
ကျွန်တော်၏
အမ ခင်နှင်းယု က မွှေးဝတ္ထုကြီးကို ရေးခဲ့သည် ။
မွှေးဝတ္ထုကြီး၏
အစ၌တစ်ခါ ၊အဆုံး၌တစ်ခါ ၀ါးခယ်မမြို. လယ်ကွင်းများမှ စပါးပင်များမှ စပါးနှံဦးနုစလေးများအကြောင်း
ကို တစ်ဝါကျတည်း ရေးသည် ။
မွှေးဝတ္ထုကြီးက
ဇာတ်အိမ်ခိုင်ခန်. ကြီးမား လှပါသည် ။မွှေးဝတ္ထုကြီးတွင် ခင်နှင်းယု ကျွန်တော်တို.ကို
ခေါ်သွားပြသသည်. နေရာတွေအများကြီး ရှိပါသည် ။ သို.ရာတွင် ကျွန်တော်တို.သည် ၀ါးခယ်မမြို.
လယ်ကွင်းများမှ စပါးနှံဦး နုနု ကွေးကွေးလေးတွေဆီ မမေ.တဲ့နိုင်အောင် ပြန်ပြန်ရောက်လာသည်
။
( ၀ါးခယ်မ မြို.နယ် အသင်း ရွှေရတု မဂ္ဂဇင်းပါ နိုင်ငံကျော် စာရေးဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ၏ ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြပါသည်)
ဆက်စပ် ဖတ်ရှုရန် ...ကိုခါးရဲ. မွှေး..သော်က..ခင်နှင်းယု..၀ါးခယ်မ
ဆရာမကြီး ခင်နှင်းယု ၏ မွှေးစာအုပ် Download ရယူနိုင်ရန် ...http://
No comments:
Post a Comment