ကျွန်တော်တို့ဆီက
Mig တွေနဲ့ ပက်သက်လို့ ဝယ်ရခြင်းကို ဖေါပြီးတော့၊ ခု ပထမဝယ်တဲ့ မော်ဒယ် B
စီးရီးတွေနဲ့ ဒုတိယဝယ်တဲ့ SE တွေကို သန်း ၅၀၀ နီးပါးနဲ့ တစ်ခါဝယ်
၁၀စင်းနီးပါးဝယ်ယူတာ ဖြစ်ပါတယ်။ Mig29 တွေဟာ တာတိုနဲ့ တာလတ်ပစ်တွေကို
သယ်နိုင်ပြီး ဝေဟင်ချင်းမှာ လုံးထွေးတိုက်ခိုက်ဖို့ ကောင်းတဲ့ လေယာဉ်တွေပါ။
အဲဒီကနေ OVT၊ အဲကနေ Mig35 ရယ်လို့ ထုတ်လုပ်လိုက်တာကတော့
ပဉ္စမမျိုးဆက်တွေကို တိုက်ခိုက်ဖို့အပြင်၊ ကိုယ့်ရဲ့ ရေဒါမိနိုင်ချေ
ထောင့်ချိုးတွေကိုပါ သိသိသာသာလျော့ချထားတာမို့ ပျံသန်းပုံ
နည်းစနစ်ကိုလိုက်ပြီး ရန်သူကို လှည့်စားအကြောင်ရိုက်နိုင်ပါတယ်
|
B တစ်စင်းဟာ ဒေါ်လာ ၁၅-၁၉သန်းလောက်ရှိပြီး တစ်ပတ်ရစ်တွေ ဝယ်ခဲ့တာကြောင့် ကုန်ကျစား၇ိတ်နဲပေမယ့် အဆင့်မြင့်တင်စားရိတ်ကြီးပါတယ်။
SE တစ်စင်းက ခန့်မှုန်း ၂၀ဝန်းကျင်ရှိနိုင်ပါတယ်။ M တစ်စင်းဟာ ဒေါ်လာသန်း
၃၀-၃၅ ခန့်ရှိပါတယ်။ 35 ကတော့ ၃၅ကနေ ၄၀ဝန်းကျင်ဖြစ်နိုင်ပါတယ်။
အပိုပစ္စည်းနဲ့ အခြားအရာတွေကို ထည့်တွက်လိုက်ရင် လေတပ်ဘတ်ဂျက် သန်း ၂၀၀
အတွက် M သို့မဟုတ် 35 ၄စင်းခန့်ဝယ်ယူနိုင်ပါတယ်။ ဈေးချိုသလို လက်ရှိ SE
တွေကိုလဲ SM အဆင့်မြင့်ဖို့ သဘောတူခဲ့နိုင်ပါတယ်။ အဟောင်းကို အဆင့်မြင့်တာ
မြန်ဆန်သက်သာသော်လည်း ယခုအချိန်ဟာ မျိုးဆက်တစ်ဆင့် တက်ဖို့ လိုအပ်နေပါပြီ။
လေယာဉ်တွေဟာ ပင်လယ်ကို ပျံသန်းတဲ့အခါ တည်ဆောက်ထားတဲ့ ကိုယ်ထည်ရဲ့
ဆားငွေ့ဒဏ်ခံနိုင်ခြင်း မခံနိုင်ခြင်းကို မူတည်ပြီး ပျံသန်းချိန်
နာရီတွေကုန်ကျပါတယ်။ မူလဝယ်တဲ့ B တွေဟာ ကုန်းတွင်းပိတ် နိုင်ငံက
ဝယ်တာဖြစ်လို့ ပင်လယ်ပြင် ဆားငွေ့နဲ့ မကိုက်ဘူးဆိုကြပါတယ်။ မည်သို့ဆိုပါစေ။
ရေဒါဆက်ကြောင်းတွေအရ၊ ရေဒီယိုကြားဖြတ်တွေအရ၊ မြန်မာ့အခြေစိုက် လေတပ်မှ Mig
တစ်စစင်းတက်သွားတယ်ဆိုခဲ့လျင် ဘေးနား နိုင်ငံတွေ အတွက် SE အဆင့်သာ
အမြင့်ဆုံးဖြစ်လို့ ပဲ့ထိန်းဗုံးနဲ့ တိကျပစ်မှတ်ချေမှုန်းတာနဲ့ ရေပြင်
သင်္ဘောတွေကို တိုက်တာမျိုးအတွက် စိုးရိမ်စရာမရှိတော့ပေ။ စစ်ဖြစ်ရန်
တာဆူနေချိန် ရေဒါထဲတွင် ဖြတ်ပိုင်းပုံဖြတ်ခန့်မှန်းချက် အရ
Mig29 ဟုသိလျင်ပင် မြေပြင်ပစ်မှတ်များနှင့် ရေပြင်ပစ်မှတ်များ
ထူးထူးခြားခြား စိုးရိမ်စရာမရှိပေ။ M သို့မဟုတ် 35 တစ်စင်းနှင့် အထက်သာ
ရှိနေပါက။ တက်သည့်လေယာဉ်သည် Mig 29 ဆိုသည်နှင့် ဘင်္ဂလားနှင့် ထိုင်းအဖို့
လိုလိုပိုပို ပြင်ဆင်သင့်သည်များမှာ အဆင့်တစ်ခု တိုးသွားပြီး၊ ထိုက်တန်သော
အသာစီးရ ချိန်းခြောက်မှုမျိုးကို ပိုင်ဆိုင်ထားမှာ ဖြစ်ပါတယ်။ ထိုင်းက
ဂရစ်ဖင်တွေနဲ့ F16 တွေဟာ ပဲ့ထိန်းဒုံးသယ်ဆောင်နိုင်ပါတယ် ။
M နှင့် 35 သည် ထူးခြားကွဲပြားစွာ ကွာခြားချက် မရှိသောကြောင့်
ငွေကြေးအခြေနေကိုသာ ကြည့်ပြီးရွေးချယ်ဖို့ များပါလိမ့်မယ်။ SU တွေကို
လမ်းသစ်ဖေါက် ဝယ်ယူမည့်အစား Mig ကို ဝယ်လိုက်ခြင်းဖြင့် ရှိပြီးသား Mig
များရဲ့ ချိန်းခြောက်နိုင်မှုစွမ်းအားကိုလဲ ရရှိလာမှာဖြစ်ပါတယ်။ မြေပြင်သာမက ရေပြင်ကိုပါ တိုက်ခိုက်နိုင်စွမ်း ရေဒါစခန်းများကိုပါ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိလာရာ Mig များဝေဟင်ရှိနေသမျှ တစ်ဘတ် ဝေဟင်၊ ရေပြင်၊ မြေပြင်မှ ပစ်မှတ်များအား ချိန်းခြောက်ခေါင်းခဲစေနိုင်တော့ မှာဖြစ်ပါတယ်။
ဧလာက တက်သည့် Mig သည် Bလား M လား မသေချာသ၍ ဘင်္ဂလားရေတပ် သင်္ဘောများလဲ
စိတ်အေးနိုင်မည်မဟုတ်ပါ။ ရေဒါဖြတ်ပိုင်းပုံအရ SU လား Mig လား ခွဲခြားကာ
ရင်ဆိုင်ဖို့ ပြင်ဆင်ချိန်အစား Mig ဟာ Bလား SE လား M/ 35
လား အချိန်တိုင်း ရင်ခုန်နေစေခြင်းဖြင့် မြန်မာ့ Mig29 များ
ဝေဟင်တက်တိုင်းတွင် ရန်သူ ရေဒါကင်းသမားများအား ရင်ခုန်စဖွယ်
အချိန်လေးများကို ပေးစွမ်းနိုင်မှာဖြစ်နေတော့မှာဖြစ်ပါကြောင်း ထင်ရာဖော်ပြပေးလိုက်ရပါတယ်။
No comments:
Post a Comment