Wednesday, July 17, 2013

ဝါးခယ်မမြို. သာသနာ.ပါလက ဂဏ၀ါစက သံဃာ.အဖွဲ.၏ သြ၀ါဒ ခံယူပွဲ ဆုံးဖြတ်ချက်များ


၁၅ ၇က် ၇ လ ၂၀၁၃ ၇က်နေ.နေ.လည် ၁နာရီအချိန်က ၀ါးခယ်မမြို. မြသိန်းတန် ဘုရားဝန်း အတွင်း တွင်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ၀ါးခယ်မမြို.
သာသနာ.ပါလက ဂဏ၀ါစက သံဃာ.အဖွဲ.၏ အမျိုးဘာသာ သာသနာ ကာကွယ်စောင်.ရှောက်ရေးဆိုင်ရာ သံဃာ.ဥသျှောင် ဆရာတော်ကြီးများထံမှ သြ၀ါဒ ခံယူပွဲ အစည်းအဝေး
ကျင်းပပြုလုပ်ခဲ့ပါသည် ။

ထိုအစည်းအဝေးမှ အောက်ပါ ဆုံးဖြတ်ချက် တို.ချမှတ် ခဲ့သည်ဟု သိရပါသည်။



သာသနာတော်နှစ် ၂၅၅၇ နှစ် ကောဇာသက္ကရာဇ် ၁၃၇၅ ခုနှစ်
ဝါဆိုလဆန်း ၈ရက် (၁၅-၇-၂၀၁၃) တနင်္လာနေ. မွန်းလွဲ (၀၁း၀၀ ) နာရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ၀ါးခယ်မမြို.
သာသနာ.ပါလက ဂဏ၀ါစက သံဃာ.အဖွဲ.၏ အမျိုးဘာသာ သာသနာ ကာကွယ်စောင်.ရှောက်ရေးဆိုင်ရာ သံဃာ.ဥသျှောင် ဆရာတော်ကြီးများထံမှ သြ၀ါဒ ခံယူပွဲ အစည်းအဝေး

ဆုံးဖြတ်ချက်များ

၁ ။ ၁၉၆၁ ခုနှစ်  ဖွဲ.စည်းအုပ်ချုပ်ပုံ  အခြေခံဥပဒေ (တတိယ ပြင်ဆင်ချက်)  အက်ဥပဒေ ပုဒ်မ၂၁ ပုဒ်မခွဲ ( ၁ ) ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဘာသာကြီး ဖြစ်သည်.အားလျှော်စွာ နိုင်ငံတော် ဘာသာ သာသနာ ဖြစ်စေ၇မည်ဟု ပါသည်.အတိုင်း ဆုံးဖြတ်သည် ။
(အခြား ဘာသာဝင်များသည် မိမိတို. ယုံကြည်ရာ ဘာသာတရားကို ကိုးကွယ်နိုင်သည်)

၂ ။ မန္တလေးမြို. မစိုး၇ိမ်တိုက်သစ် နာယက ဆရာတော် အမျိုးဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေသော သကျသီဟ ဓမ္မာစရိယ အဘိဝံသ ဘွဲ.တံဆိပ်တော်ရ ဘဒ္ဒန္တ ၀ိစိတ္တဘိဝံသ ( ၀ီရသူ ) ကို တိုင်း (မ်) မဂ္ဂဇင်း ၏ (၁-၇-၂၀၁၃ )နေ.ထုတ် မျက်နှာဖုံးတွင် ဓါတ်ပုံပါဖော်ပြပြီး အကြမ်းဖက် ၀ါဒ အားပေးသော ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ဦးဟု ဘာသာ သာသနာ ကိုစော်ကားပြီး မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ရေးသားချက်ကို ဆောင်းပါးရေးသားသူနှင်. တိုင်း (မ်) မဂ္ဂဇင်း အား ပြင်းထန်စွာ ကန်.ကွက်ရှုတ်ချကြောင်း ဆုံးဖြတ်သည် ။

၃ ။ အိန္ဒိယ နိုင်ငံ ဘီဟာပြည်နယ် ဂယာမြို.၌ ကမ္ဘာသူ ကမ္ဘာသား ဗုဒ္ဓဘာသာ ၀င်များ၏ အထွဋ်အမြတ်ထားရာ ကမ္ဘာ.အမွေအနှစ်ဖြစ်သော ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်မြတ်နှင်. သာသနိက အဆောက်အဦးတို.အား အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးမှု အပေါ် ပြင်းထန်စွာ ကန်.ကွက် ရှုံ.ချကြောင်း ဆုံးဖြတ်သည်။

၎ ။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို. ရွာမပရိယတ္တိ စာသင်တိုက် ဦးစီးပဓါန နာယကနိုင်ငံတော် သြ၀ါဒါ
စရိယ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ တိလောကာ ဘိဝံသ ဦးဆောင်မှုပြုကာ တိပိဋကဓရ တိပိဋက ကောဝိဒ တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက  ဆရာတော်များ နှင်. ထင်ရှားကျော်ကြားတော် မူကြကုန်သော သံဃာ.ဥသျှောင် ဆရာတော်ကြီးများ ဦးဆောင်ပါဝင်၍  အမျိုးဘာသာ သာသနာစောင်.ရှောက်ရေး အဖွဲ. (ဗဟို) သံဃာ.အဖွဲ.ကြီး၏ ဆောင်ရွက်ချက် လုပ်ဆောင်ချက်များကို ထောက်ခံခြင်းနှင်. ကူညီဆောင်ရွက် လုပ်ကိုင်ပေး၇န် ဆုံးဖြတ်သည်။

၅ ။ ၀ါးခယ်မမြို. သာသနာ. ပါလက ဂဏ၀ါစက သံဃာ.အဖွဲ.၏ အမျိုးဘာသာ သာသနာ ကာကွယ်စောင်.ရှောက်ရေးဆိုင်ရာ သံဃာ.ဥသျှောင် ဆရာတော်ကြီးများထံမှ သြ၀ါဒ ခံယူပွဲ အစည်းအဝေး သဘာပတိ ဆရာတော် ၏ သြ၀ါဒ များကို အမျိုးဘာသာ သာသနာအတွက် လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာဆောင်ရွက်ရန် ဆုံးဖြတ်သည် ။


ပုံများကို အောက်ပါ Link တွင်သွားရောက် ကြည်.ရှုနိုင်ပါသည် 

No comments:

Post a Comment