ပုဇွန်ဥလှော်...မျှစ်ကြော်နဲ. သခွားသီးသုပ်
မြို.တိုင်းမြို.တိုင်းမှာ ဒေသခံအားလုံးနီးပါး ကြိုက်တတ်တဲ. သဘောကျတတ်တဲ့ စားစရာလေးတွေ ရှိတတ်ပါတယ်...အချို.မုန်.တွေ..ဟင်းလျှာတွေ..အသီးအနှံတွေ စသည်ဖြင်. ဒေသထွက် ကိုအခြေခံတဲ. စားစရာတွေဟာ အမြဲလိုလို သတိရတတ်ကြပါတယ်....အချို. အနည်းငယ်ကတော. ဘယ်နေရာမှာမဆို ရှာဖွေ..သို.မဟုတ် လုပ်ယူ စားသုံးလို.ရပေမယ်. ပင်ရင်းဒေသ မှာစားရသလို အပြည်.အ၀တော. မခံစားရပါဘူး....များသောအားဖြင်.ကတော. ပင်ရင်းဒေသ မှာကလွဲပြီး စားသောက်ဖို. အခက်အခဲရှိတတ်ကြပါတယ်....ဒီထဲမှာမှ မြို.လေးမှာ စားလေ.ရှိကြတဲ့ထဲက ပုဇွန်ဥ အကြောင်းပြောပြချင်ပါတယ်...တကယ်တော. ငါးဥ ပုဇွန်ဥ ဆိုတာတွေဟာ မစားသုံးသင်.ဘူးလို. အသိတရားထဲမှာတော. ရှိနေကြပါတယ် ဒီလိုစားလိုက်ခြင်းအားဖြင်. အဲဒီမျိုးစိတ် တစ်ခုလုံးရဲ. အနာဂတ်ဟာ တစ်ဖြေးဖြေး ရှားပါး ကွယ်ပျောက် သွားတတ် မှာကို သတိရမိပေမယ်. ...တစ်ခါတစ်လေမှာတော. ဆန္ဒ နဲ. အသိတရားဆိုတာ အမြဲအချိုးညီ နေတတ်တာမျိုးတော. မဟုတ်ပါဘူး...
ဟိုးးးးးးး အရင်က ပုဇွန်ဥ ပေါချိန်ဆို အတော်များများ ဈေးစောစော သွားပြီးဝယ်လေ.ရှိပါတယ်..(နောက်ကျရင် မရတတ်လို.ပါ) ပြီးတာနဲ. အဲဒီပုဇွန်ဥ တွေကို ဈေးသည် ထုပ်ပေးလိုက်တဲ. ကြာဖက်လေးနဲ.သယ်လာအဖွားတွေ လက်ထက်ကဆို ပုဇွန်ဥ ပေါချိန်ဆို ရသလောက်ဝယ် ပြီးတာနဲ.
ိုအိမ်ရောက်တာနဲ. ငါးငံပြာရည် စစ်စစ် ထည်.ထားတဲ. ဇလုံထဲကိုသွန်ချ ပြီးမှ
အပေါ်ယံကနေ အဲဒီပုဇွန်ဥ တွေကို ဇွန်းလေးနဲ.ခပ် ...အမှိုက်တွေ
..ပုဇွန်ခြေ..လက်..ရေယက်..သဲ..အမှုန်တွေအားလုံး ငံပြာရည် အောက်ခြေမှာ ကျန်ခဲ့ ...ပုဇွန်ဥက သန်.လည်းသန်.သွား ငံပြာရည်လည်း ပါပြီးသား ဒယ်အိုးထဲတန်းထည်.လှော်
ပြီးတာနဲ. အအေးခံပြီး အ၀ကျယ် ဖန်ပုလင်းအကြီးကြီးတွေထဲကိုထည်. တစ်နှစ်စာလုံး သိမ်းထားတာပါပဲ....ခုလိုအချိုမှုန်.တို.
ကြက်သားမှုန်.တို. သုံးလည်းမသုံး ရှိလည်းမရှိပဲ ဟင်းချိုပဲချက်ချက်
အသီးအရွက်ပဲကြော်ကြော် အဲဒီပုဇွန်ဥ လှော်လေး တစ်ဇွန်းလောက် ထည်.လိုက်တာနဲ.
ဘာချိုသလည်း မမေးနဲ. ဒါပေမယ်. သဘာဝအချိုစစ်စစ်....အရသာလေးက ဘယ်တော.မှ မမေ.နိုင်တဲ. အရသာလေးပါ
သူ.နဲ. လိုက်ဖက်တဲ့ ထဲမှာ တစ်ခုက သခွားသီးသုပ်ပါ....သခွားသီး လတ်လတ် ဆတ်ဆတ် အလုံးကြီးကြီးကို သခွားခြစ်လေးနဲ.
ခြစ်လိုက်တာနဲ. အနံ.ကမွှေးကနဲ ထွက်လာပါတယ်.အရည်ဓါတ်ကြွယ်ဝတဲ.အသီးဖြစ်တာမို. သခွားရည်ကလည်းတော်တော်လေးပါပါတယ်(တစ်ခုပဲရှိပါတယ်
သခွားသီးခြစ်တဲ.သူကတော. လက်သန်.ရပါလိမ်.မယ်)....
လိုချင်သလောက်ရတာနဲ.အဲဒီထဲကို ပဲမှုန်. နည်းနည်း ထည်. .....ဆန်လွတ်ဆနွင်း
နဲ.ချက်ထားတဲ. ဆီချက်ဝါ၀ါ လေးဆမ်း ....ဈေးထဲမှာထောင်းရင်းရောင်းနေတတ်တဲ.
ငြုပ်သီး အလှော်မှုန်.လေးထည်. ....ငံပြာရည်လေး ဆမ်း
....သံပုရာသီးလေးညှစ်ထည်. ..ပိုပွင်.အောင် ငြုပ်သီးစိမ်းလေးနည်းနည်းညှပ်ထည်. ...ပုဇွန်ဥ လှော်လေးကိုတစ်ဇွန်းမောက်မောက်ခပ်ထည်.....နယ်လိုက်တဲ. အချိန်မှာ ထွက်လာတဲ.အနံ.က တင်မြို.လေးရဲ.. ငယ်ဘ၀ ဆီ ငယ်ငယ်က
အမေ.အိမ်လေးဆီ ပြန်ရောက်သွားစေပါတယ်...သံပုရာသီးနဲ.ငံပြာရည်ပေါင်းလို. ထွက်လာတဲ.အနံ.ကို သခွားသီးကအနံ.ပေါင်းထည်.ပေးလိုက်ပြီး ပုဇွန်ဥလှော်နံ.လေးက နောက်ကကပ်ပါလာတော.........သေချာတာက
ဒီလိုအသုပ်မျိုးလုပ်ရင် လူမသိအောင်လုပ်လို.မရပါဘူး ...ဘာလို.လည်းဆိုတော.
ဘေးအိမ်ထိ အနံ.ရောက်ပါတယ် ....အပြီးသပ်အနေနဲ. အပေါ်ကနေ
ကြက်သွန်ဖြူကြော်လေးရယ် နှမ်းလှော်လေးရယ်လည်း ဖြူးလိုက်ရော
..စားရန်အသင်.ဆိုတဲ.အနေအထား ပေါ.သခွားသီး ခြစ်ထားတဲ.
အမျှင်ရှည်ရှည်လေးတွေရယ်..နေရာအနှံ.ပျံ.နေတဲ. ပုဇွန်ဥ လေးတွေရယ်..ငြုပ်သိး အစိမ်းရောင်လေးတွေရယ်..အပေါ်ကနှမ်းစိလေးတွေနဲ. ပျော.မသွားသေးတဲ.ကြက်သွန်ကြော်လေးတွေရယ်...သောက်လည်းသောက် ဆမ်းလည်းဆမ်းစားလို.ရတဲ့
အရသာပျော်ဝင်နေတဲ.သခွားရည်လေးတွေရယ်........အင်းးးးးးး
ဒါလေးကို ပုဇွန်အကောင်သေး...ဒါမှမဟုတ် ပုဇွန် အကောင်ကြီးကြီးရဲ. ခေါင်းနဲ. ချက်ပြီးငရုပ်ကောင်းများများလေးခပ်ထားတဲ.ကြာရိုး ဟင်းခါးလေးနဲ.များတွဲလိုက်ပြီးစားလိုက်ရရင် သူများတွေပြောတဲ့ လောကနိဗ္ဗာန် ဆိုတာဆီ ခဏတော. ရောက်သွားလောက်ပါတယ်
ဒါ.အပြင် ဒီပုဇွန်ဥနဲ. လိုက်ဖက်တာလေးရှိပါသေးတယ်...မျှစ်ကြော်ပါ...မျှစ်နုနု လေးတွေကို ဆန်လွတ်ဆနွင်း စစ်စစ်လေး ဆီသတ်ပြီး ပုဇွန်ဥ နဲ. ကြော်ထားတဲ. မျှစ်ကြော်ဟာ မြို.လေးကို တမ်းတမ်းတတ သတိရစေတတ်တဲ့ အစားအစာ တစ်ခုပါပဲ...မျှစ်ကကြော်ထားလို. ထွက်လာတဲ.
ရနံ.လေးရယ် ဆနွင်းရဲ. အရောင်ဝါ၀ါလေးရယ် နေရာအနှံ.မှာ ကပ်ငြိနေတဲ့ ပုဇွန်ဥလေးတွေရယ် စားလိုက်တော.လည်း ချိုဆိမ်.လွန်းလှတဲ့ အရသာရယ်ဟာ စွဲမက်စရာ တစ်ခုပါပဲ....
တစ်ခုတော. သတိပေးရပါမယ် ..အဲဒါက ရန်ကုန်မှာ ရောင်းတဲ့ ပုဇွန်ဥတွေကိုတော. သိတိထားဝယ်စေချင်ပါတယ်..များသောအားဖြင်. ဘာဥမှန်းမသိတာတွေကို ပုဇွန်ဥ နာမည်တပ်ထားတာပါ..မိတ်ဆွေတစ်ယောက် အဲဒိပုဇွန်ဥ လို.ပြောတာတွေ ကြော်စားပြီး တစ်ကိုယ်လုံး အပိန်.တွေ ထွက်လာလို. ဆေးခန်းပြရဖူးပါတယ်...နောက်တစ်ယောက်က ပိုဆိုးပါတယ်..အသက်၂၀ လောက်ရှိတဲ. လူငယ်လေးဖြစ်ပြီး အဲဒီပုဇွန်ဥ ဆိုတာတွေ စားပြီး သွေးပေါင်ချိန် Zero ထိထိုးကျသွားလို. အရေးပေါ်ကုသမှု ခံယူလိုက်ရပြီး ကံကောင်းတာရယ် လက်ဦးတာရယ်ကြောင်.သာ အသက်အန္တရာယ် မထိခိုက်ခဲ့တာပါ...ဒါကြောင်. ရာသီချိန်မဟုတ်ရင်..ဈေးအရမ်းသက်သာနေရင်..၀ယ်နေကျဈေးသည် ဆီကမဟုတ်ရင် ဆင်ခြင်သင်.ပါတယ်....ကိုယ်.ဘာသာ ဒေသထွက်ကို လှမ်းမှာ စားတာက စိတ်အချရဆုံးပါပဲ...
ပုံလေးတွေကတော. လှော်ထားတဲ့ ပုဇွန်ဥ လေးတွေရယ်... ပုဇွန်ဥနဲ. သုပ်ထားတဲ့ သခွားသီး သုပ်ရယ် ..ပုဇွန်ဥနဲ.ကြော်ထားတဲ. မျှစ်ကြော်ကို ငြုပ်ရေဖျော်ကောင်းကောင်းနဲ. ငပိရည်ရယ် အကြောတက်မှာစိုးလို.ချက်ထားတဲ. ဒန်.ဒလွန်ရွက်ဟင်းချိုရယ်ပါ...သူ.ကိုလည်း အချိုမှုန်.မပါပဲ ပုဇွန်ဥနဲ.ပဲ ချက်ထားတာပါ
No comments:
Post a Comment