Wednesday, October 31, 2012

နာမည်လွဲသွားတဲ.ခန်းမဆောင်က တံလျှပ်ရောင်မျှော်လင်.ခြင်း

 

တံလျှပ်ရောင်မျှော်လင်.ခြင်း

 

လေယာဉ်ပျံ ကို တီထွင်ခဲ့တဲ.

သူတွေကိုလဲမုန်းတယ်

မင်္ဂလာဒုံ လေဆိပ်က

ထိုင်ခုံတွေလည်းမုန်းတယ်........ဆိုတဲ.သီချင်း

ပူပြင်းတဲ.နေရောင်အောက်

ငါ.ကို ဟုန်းဟုန်းတောက်စေခဲ့ပြီ

ပိုးသားလေးကြောင်းနဲ.

ဟိုး အဝေးကိုနင်ထွက်သွား

အဲဒီစာသားလည်း

ငါ.ရင်ကိုကြွမ်းမြိုက်

မီးတိုက် လိုက်သလိုပါပဲ

ငါကကော

Departure ဆိုတဲ.ခန်းမ

ဖြိုချ လိုက်ရင်ေ ကာင်းမလား

ပဉ္စရူပ အရုပ်

ကြိုးနဲ.တုပ်ထားရင် ကောင်းမလား

ဥယျဉ်တော်ရေ.....

Poem Of Pre-Missing

ဒါလေညင်းမဟုတ်ဘူး

ထာဝရအတွက်နိဒါန်း

ဒါပန်းလည်း မဟုတ်ဘူး

ချောင်းတစ်ခုခြားသူတွေလို

ရက်ပေါင်း ၇၀၀ ဆွေးခွင်.မသာပေမယ်.

နာရီပေါင်း ၇၀၀ ခွဲခွာသွားခြင်း

(ငါ.မှာတော.)

နေအစင်းစင်းနဲ.ကျန်ခဲ့ပြီ........

ပြန်လာမယ်အသေချာသိပေမယ်.

အဲဒီရက်တွေမှာ

ငါ......ဘယ်လေနဲ. အသက်ဆက်ရမလဲ

ငါ.ရဲ. ဥ..ယျာဉ်...တော်....ရေ.....................

ဆံနွယ်ညိုတို.ညည်းချင်း

သီဆိုရင်း တမ်းတပါရစေ......

နူးညံ.သော စကားလုံးတို.၏ အရိပ်ကပွဲ

တိုးတိတ်စွာဆင်နွဲခွင်.ပြုပ

အသံမဲ. စကားလုံးတစ်ချို.

ဖွဖွ တို.ထိပါရစေ

လေပြည်ငယ်ရနံ.

(ဒီဘက်ကို ) ခြေဆန်.ပျံသန်းပါစေ

ကြယ်တွေဆီ အိမ်မက်တစ်ချို.

ငြင်သာစွာ ပို.လွှတ်ပေးပါ............................................
နာမည် လွဲ သွားတဲ. ခန်းမဆောင်


ခွဲခွာခြင်း ခန်းမကျယ်

မဟူရာခြယ် နံရံထက်က ကိန္နရာ ရုပ်ထွင်း

မြင်မြင်ချင်းတော.

သူတို.ကရက် ၇၀၀ ငါက နာရီ ၇၀၀

ဖြေသာပါတယ်လို.

ပို.ဆောင်ခြင်း ခရီးရဲ. အဆုံးတုန်းက

ယဲ့ယဲ့ တော. ငါပြုံးလို.ရခဲ့သေးတယ်

တကယ်က

ငါပူပန်ခဲ့သလိုပဲ

ဒါဟာ ပျက်သုဉ်းခြင်းရဲ.အစ

ပုံပြင် ဆန်ဆန် ဘ၀တွေရဲ. နိဂုံး

ခုတော. အစိုးရွံ.ဆုံးနာရိ Alarm ထမြည်ပြီပေါ.

လာခဲ့ရတဲ.

ကြိုဆိုခြင်း ခန်းမဆောင်

ငါ.အိမ်မက်တွေ အမှောင်ကျစေခဲ့ပြီ

နာရီ ၇၀၀ အတွင်း

ဇာတ်ညွှန်း တစ်ခုလုံးပြောင်းသွားတဲ. ဇာတ်ကွက်

သွေးပျက်လောက်တယ် ဥယျဉ်တော်ရေ

လူကတော. ပြန်ရောက်လာတော.မှာပေမယ်. ...............................

ခွဲခွာခြင်း ခန်းမကျယ်က

ငါ.အိမ်မက်တွေ အရောင်မပြယ်စေခဲ့ပေမယ်.

ကြိုဆိုခြင်း ခန်းမဆောင် ထာဝရဝေးကွာအောင် ဖြစ်ခဲ့ရပြီ......

ကိုယ်တော်တိုင် အပ်နှံတော.မယ်.သတင်း

ကြား ကြား ချင်း ငါ လေ ..

သိမ်ငယ်လိုက်တာ...........................

ဒါငါ.ဘ၀ကြောင်. ရတဲ့အဖြေ

လွင်. ကြွေ ကုန်တဲ. မျှော်လင်.ခြင်း နှင်းဆီ

လမင်းက မရှိ

ကြယ်စင်တွေကပျောက်

ခုမှ (ငါ.ဘ၀ )

သန်းခေါင်ယံ ရောက်ပြီ.........

ဒါပေမယ်.လည်း

ထာဝရ အရှင်တော်ထံ

သူကိုယ်တိုင် မအပ်နှံ့သေးခိုက်

ပွေ.ပိုက် ကာကွယ်ရင်း

ခြောက်ပစ်ကင်း နေစေရပါမယ်လေ......

တစ်ခုပဲ သံသယရှိတယ်

ဥယျဉ်တော်ရေ............

ငါ.ရဲ. ခံနိုင်ရီ (ရည်)

ဘယ်မျှော်လင်.ခြင်းပေါ် တည်ရပါ. .......................................

 

No comments:

Post a Comment