Wednesday, August 27, 2014

ဓမ္မစေတီ ခေါင်လောင်းဆိုင်ရာ မှတ်တမ်းနှင်. သတင်းများစုစည်းမှု ( ၇ )





တွေ.ပြီတဲ့

 ဒီနေရာမှာတော. အင်တာနက်ဈေးကြီးတယ်လို. နာမည်ကြီးတဲ့ ဖုန်း Company တစ်ခုရဲ.စကားပဲ ငှားသုံးရမယ်ထင်ပါတယ် ။ မြန်မာပြည်မှာ စိတ်လှုပ်ရှားစရာတွေ ဖြစ်ပေါ်နေပြီ လို.
သတ်မှတ်ထားတဲ့နောက်ဆုံးရက်ဖြစ်တဲ့ ၂၆ ရက် ၈လ ၂၀၁၄ နေ.မှာပဲ ဓမ္မစေတီခေါင်းလောင်းတွေ.ပြီဆိုတဲ့ သတင်းကိုတူးဖော်ရေးအဖွဲ.က ထုတ်ပြန် လာခဲ့ပါတယ် ။ ခေါင်းလောင်းကြီးကို သူတို့ တွေ့ရှိထားပြီဖြစ်ပေမယ့် သတင်းထုတ်ပြန်ရတာ နောက်ကျရတာကတော့ နဂါးတွေက ခေါင်းလောင်းကြီးကို ပူဇော်နေလို့ ဖြစ်တယ်လို့ အွန်လိုင်းမှာ ပျံ့နေတဲ့ ဦးစံလင်းရဲ့ ကြေညာ ချက်မှာ တွေ့ရပါတယ်။ 

 “နဂါးများမှာ အကြီးဆုံးရွှေရောင် နဂါးမင်းကြီးနှင့်တကွ နဂါး အပေါင်းတို့က ဓမ္မစေတီခေါင်းလောင်းတော် ကြီး ကို အကြီးကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေသည့်အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်း ဖြစ်ပါသည်” လို့ ဦးစံလင်း ( မောင်စံလင်း - မြေပုံ- ကော့သောင်း) ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ 

 ခေါင်းလောင်း တွေ့ရှိ ကြောင်း အရိယာဝိဇ္ဇာအပေါင်း ကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိ အလင်းကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေး အဖွဲ့သို့ ဖုန်းဆက်ကာ ပြောကြားပြီး အဲ့ဒီပြောကြားချက်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်တယ်လို. သိရပါတယ် ။

  ဒီဗွီဘီသတင်းတပုဒ်မှာတော့ ဦးစံလင်းက ခေါင်းလောင်းကြီးကိုတွေ့တာ အတည်ပြု ပြောထားပေမယ့် ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် ကိုတော့ ကုန်းပေါ်ရောက်မှ သိရမယ်လို့ ဆိုထားပါတယ်။ဒါ.အပြင် Online မှာ ၊ ပြင်ပလောကမှာ ပျံ.နှံနေတဲ့ သတင်းတွေကတော. အစုံပါပဲ ။ တူမောရိုးဂျာနယ်က ရေးထားတဲ့ ကျပ်သိန်း ၅ဝဝ အလှူရှင် အမျိုးသမီးကို နဂါး ဝင်ပူးပြီး သတင်းမထုတ်ပြန်ဖို့ ပြောတဲ့ သတင်းတစ်ပုဒ်လည်း ပါဝင်ခဲ့ပြီး ယခင်တစ်ခေါက် ၀င်ပူးတုန်းကတော. အမြီးကို သောင်တူးစက်ဖိမိထားလို့ ဆိုခဲ့ပါသေးတယ် ။


 သူတို.အမြင်ကတော. ဒီလို

ဒီထုတ်ပြန်မှု နဲ.ပတ်သက်လို. မွန်သမိုင်း သုတေသနအသင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ပြောတာကတော. ‘‘တွေ့တယ်ဆို ဘယ်လို တွေ့လဲ၊ ပြနိုင်လား။ ပြည်သူလူထုကို လှည့်စားရင်တော့ မကောင်းဘူး။ ပြည်သူတွေ အညာမခံရဖို့ လိုတယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်’ လို.ပြောခဲ့သလို ‘‘ခေါင်းလောင်းအသေးတစ် လုံးတွေ့ရင်တော့ ဇာတ်ကွက်ပဲ၊ သမိုင်းစာအုပ်တွေထဲမှာ ခေါင်း လောင်းအသေးတစ်လုံးမြုပ်တယ် ဆိုတာ မရှိဘူး။ ပုရပိုက်သေတ္တာ တွေ့တယ်ဆိုရင်လည်း လှည့်စား မှုသက်သက်ပဲ’ လို.ထပ်မံပြောဆိုခဲ့ပါတယ် ။

ဒါ.အပြင် Online ပေါ်က အရေးအသားအချို.မှာတော. ဒါတွေဟာနိုင်ငံရေးလှည်.စားမှု တစ်ခု ၊ လူတွေရဲ. အာရုံကိုလမ်းကြောင်းပြောင်းမှုလို. ရေးသားချက်အချို.တွေ.ရပေမယ်. ဘာတွေကို အာရုံလွှဲတယ် ၊ ဘာကြောင်.အာရုံလွှဲတယ် ၊ အဲ့ဒီလိုလွှဲလိုက်လို. ဘာတွေထိထိရောက်ရောက်ဖြစ်သွားတယ် ၊ ဘယ်သူတွေအထိဆွဲဆောင်လိုက်နိုင်တယ်ဆိုတဲ့ ယုတ္တိ ယုတ္တာကျကျ အရေးအသားမျိုး ဝေဖန် ထောက်ပြမှုမျိုးတော. မတွေ.ရပါဘူး ။



တိုင်းရင်းသားတို.ဆုတောင်းပွဲ နဲ. လက်ရှိမြင်ကွင်း

ပထမတုန်းက မွန်ဆရာတော်တွေနဲ. မွန်တိုင်းရင်းသားတွေ ရွှေတိဂုံစေတီတော်မှာ ဆုတောင်းရွတ်ဖတ်ခဲ့ကြသလိုပဲ  သြဂုတ် ၂၄ ရက်နေ.ကတော. မနက်၇ နာရီ ကနေ၉ နာရီခွဲထိ ကမ်းစပ်  မှာစင်ထိုး ပွဲပေးပြီး မွန်ဘာသာဖြင့် ထပ်မံဆုတောင်းခဲ့ကြပါသေးတယ် ။
ရာမညပုညကာရီ မွန်ဝတ်ရွတ်ဖတ်ပူဇော်အသင်းကကြီးမှူးပြီး  ဗုဒ္ဓမြတ်ဘုရားရှင်များနှင့် မွန်ဓမ္မစေတီခေါင်းလောင်းတော်ကြီးတို့ကို  ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ဆီမီးတို့နဲ. ဆက်ကပ်လှူဒါန်းပူဇော်ခဲ့တာဖြစ်ပါတယ် ။

‘‘ကမ်းစပ်မှာစင်ထိုးပြီး ကန်တော့ပွဲပေးတယ်။ ဆွမ်းကပ်တယ်။ မွန်လိုရွတ်ဖတ်ကြတယ်။ ပစ္စည်းပွဲတွေက အများကြီးပဲ။ ဘုရားပန်းအစုံ၊ သစ်သီးပွဲတွေရော’’လို .အဲ့ဒီနေရာမှာ တာဝန်ကျနေတဲ့ ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ  ဦးဝင်းလွင်ဦးက 7 Day ကိုပြောတယ်လို.လည်းဆိုပါတယ် ။

ရန်ကုန်မြို့မှာရှိ တဲ့မွန်တိုင်းရင်းသားလူငယ်တွေ စုပေါင်းပြီး ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးအတွက် အထောက်အကူပြု ရန် လာရောက်အဓိဋ္ဌာန်ပြု ဆုတောင်းပေးခဲ့ခြင်းဖြစ်တယ် ရာမညပုညကာရီ မွန်ဝတ်ရွတ်ဖတ်ပူဇော်အသင်းကပြောပါတယ် ။

ဆယ်ယူရေးအဖွဲ့ထံကရတဲ့ သတင်းအရကတော. ရေငုပ်သမား ဦးစံလင်းဟာ ကော့သောင်းမှာရှိ တဲ့နေအိမ်ကိုရောင်းပြီး ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် စတင်ကြိုးပမ်းခြင်းဖြစ်ကာ ဦးဝင်းမြင့်က ဆက်လက် မ တည်၍ ယခုလို ဆယ်ယူခြင်းဖြစ်ကြောင်း အခြားစေတနာရှင်များ၏ လှူဒါန်းငွေများကိုလည်း ဘဏ်တွင် ထည့်သွင်းထားပြီး ယနေ့ထိ ထုတ်ယူသုံးစွဲရန်မလိုသေးကြောင်းလည်း သိရပါတယ် ။
လတ်တလောမှာတော. ခေါင်းလောင်း ရှာဖွေရေး အဖွဲ့ နေထိုင်တဲ့ သုံးထပ် သင်္ဘောနဲ. လုပ်ငန်းခွင်ဝင်နေ သော သောင်တူးသင်္ဘောတို့ ပိုမို နီးကပ်လာသည်ကို တွေ့ရပြီး သင်္ဘောနှစ်စီး နီးကပ်သွားခြင်းမှာ ခေါင်းလောင်းရှာတွေ့သော ကြောင့်ဟု လာရောက်ကြည့်သူများက ထင်မြင်နေကြပါတယ် ။

သြဂုတ် ၂၆ ရက်က ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေတဲ့ သောင်တူးစက်အနားကို စက်သမ္ဗန်များဖြင့် သွားရောက်ကြည့်ရှုသူများကို အနီးကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများက တားမြစ်ထားကြောင်း သိရပါတယ်



ဦးစံလင်းနှင်. အထောက်အကူပြုကော်မတီ ပြောကြားချက်များ

ဦးစံလင်းက တွေ.ရှိမှု နဲ.ပတ်သက်ပြီး သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က  ပြောကြားရာမှာ  ခေါင်းလောင်းကြီးတွေ့ပြီလို့ ကျွန်တော်တို့ ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ကနေ ကြေညာချက် ဒီနေ့ထုတ်ပြန်လိုက်ပါပြီ။ အဲ့ဒီထုတ်ပြန်ချက် စာရွက်တွေကိုလည်း လိုက်ဝေနေပါတယ်။ လက်ရှိအချိန်မှာတော့ ကျန်တဲ့တူးဖော်မှု လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေရတဲ့အတွက် ဆယ်ယူမယ့်အပိုင်းကိုတော့ အသေးစိတ် မဆွေးနွေးရသေးပါဘူး” လို.ပြောကြားခဲ့ပါတယ် ။

ခေါင်းလောင်းရှာဖွေရေး အထောက်အကူပြု ဆပ်ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်က တော. “ခေါင်းလောင်းကြီးကို တွေ့ပြီလို့ ဦးစံလင်းတို့က အတည်ပြုလိုက်ပါပြီ။ ခေါင်းလောင်းကြီးကို ကုန်းပေါ်ကိုဆယ်ယူဖို့အတွက် လိုအပ်တဲ့ကိရိယာတွေ ကြိုးတွေကို ပြင်ဆင်နေပြီလို့ ကျွန်တော်တို့သိရတယ်” လိ.ု ပြောကြားခဲ့ပါတယ် ။

သြဂုတ် ၂၆ ရက်မှာ သောင်တူးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ကြည့်ရှုသည့်လူများဖြင့် သာကေတဘိုးလင်းဆိပ်ကမ်းတွင် စည်ကားလျက်ရှိနေကာ လာရောက်ကြည့်ရှုသူများကို စတုဒိသာမုန့်ဟင်းခါးများ ကျွေးမွေးလှူဒါန်းနေတယ်လို.သိရပါတယ် ။



သူတို.လည်း မှတ်တမ်းတင်တာပေါ. ဒါပေမယ်.

ဒီလိုအခြေအနေထဲမှာခေါင်းလောင်းနဲ.မသက်ဆိုင်ပေမယ်.  သတင်းတစ်ခုကလည်း ဆက်နွယ်ပေါ်ထွက်လာခဲ့ပါသေးတယ် ။ အဲ့ဒါကတော. ဓမ္မစေတီခေါင်းလောင်းဆယ်ယူနေတာကို သွားကြည့်သူတစ်ဦးကအဲ့ဒီနေရာအနားမှာ ဘွိုင်ချည်နှောင်ထားတဲ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်တစ်စီး  ဆီထုတ်ရောင်းနေသည်ဆိုပြီး အထက်ဖော်ပြပါဓါတ်ပုံနဲ.တနင်္လာနေ့ (၂၅-၈-၂၀၁၄) ညပိုင်းက Post တင်ခဲ့ပါတယ် ။

ဒါနဲ.ပတ်သက်လို. Myanmar Navy Page ကရှင်းလင်းရာမှာ ဖြစ်စဉ်အမှန်မှာ ယင်းစစ်ရေယာဉ်သည် စစ်ရေယာဉ်(၅၅၆)ဖြစ်ပြီး မနက်ဖြန်(၂၇-၈-၂၀၁၄) ရက်နေ့တွင် နှစ်ပါတ်လည် လွန်းတင်ပြင်ဆင်ရမည်ဖြစ်သဖြင့် ရေယာဉ်၏ Trim ညီစေရန်အတွက် လည်းကောင်း၊ လွန်းကျင်းပေါ်တွင် Welding အစရှိသည့် ရေယာဉ်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လည်းကောင်း၊ မဖြစ်မနေဆောင်ရွက်ရမည့် Routine အရ လည်းကောင်း၊ ဆီ / ဆီချေး / ရေ နှင့် လောင်စာအမျိုးမျိုးကို ရေယာဉ်ဝမ်းဗိုက်အတွင်း Hull Cleaning လုပ်၍ သန့်ရှင်းဖယ်ရှားနေခြင်း ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရသော လုပ်ငန်းစဉ်မျိုးကို ရေယာဉ်နှင့်နီးစပ်သူအားလုံးလည်း နားလည်သိရှိသည့်အတွက် မည့်သူကိုမဆို မေးမြန်းနိုင်ကြောင်း ဆိုပြီးရေးသားခဲ့ပါတယ် ။

Ref Data & Photos ; Eleven Media Group ,7 Day Daily , Irrawaddy & Myanmar Navy ( NOP )

ဆက်စပ်ဖတ်ရှုရန်များ



*  ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၁ ) 
ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၂ )
*  ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၃ )
*  ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၄ )
* ဓမ္မစေတီခေါင်းလောင်းဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု  ( ၅ ) 

* ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု  ( ၆ )

 

No comments:

Post a Comment