Sunday, August 17, 2014

၂၀၁၄-၁၅ ပညာသင်နှစ်အတွက် မြို.လေးဆီက ပညာဒါန သင်တန်း




 ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းကို တတိယမြောက်နှစ်အဖြစ် ၀ါးခယ်မမြို. ကမ်းနားလမ်း မင်းပိုင်းကျောင်းတွင် ၂၀၁၄ သြဂုတ်လ ၁၅ ရက်နေ.က စတင်ဖွင်.လှစ်ခဲ့ပါသည် ။ လက်ရှိ သင်တန်းသို. တက်ရောက်ကြသော ကျောင်းသား / သူ ပေါင်း ၁၁၅ ယောက် ရှိပြီး စေတနာဖြင်. အခမဲ့ သင်ကြားပေးသော သင်တန်း တစ်ခုဖြစ်ပါသည် ။ 

သင်ကြားရေးဆိုင်ရာ တာဝန်ယူထားကြသူများ
 သင်ကြားရေးပိုင်းအနေဖြင် .
မြန်မာစာ ကို ဒေါ်နှင်းနှင်းလွင် - ဒေါ်စန်းစန်းဦး
အင်္ဂလိပ်စာကို ဦးရဲမြင်. -  ဦးသီဟဇော်
သချာင်္ဘာသာရပ်ကို ဦးကောင်းမြတ် -  ဒေါ် ကြည်ကြည်မာ
ဓါတုဗေဒ ကို ဒေါ်အုန်းမြိုင် -  ဒေါ်ခင်ချိုဦး
ရူပဗေဒ ကို ဒေါ်ခင်ဌေးရီ - ဦးသီဟဇော်
ဇီဝဗေဒ ဘာသာရပ်ကို ဒေါက်တာကိုကိုလင်း
ပထ၀ီ   ဒေါ်စိုးစိုးအေး   
သမိုင်း  ဒေါ်စန်းညွန်.  
ဘောဂဗေဒ ဒေါ်ခင်စန်းရီ   တို.က တာဝန်ယူလျှက် စေတနာဖြင်. သင်ကြားပြသပေးမည်ဖြစ်ပါသည် ။

ယမန်နှစ်က ကျောင်းသား /သူပေါင်း ၁၅၆ ယောက် စတင်တက်ရောက်ခဲ့ကြပြီး ၇၃ ယောက် စာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့ရာ ၄၂ ယောက်အောင်မြင်ခဲ့သဖြင်. အောင်ချက် ရာခိုင်နှုံး  ၅၇.၅ % ရှိခဲ့ခြင်းဖြစ်သည် ။ ယခုနှစ်တွင် မူ လက်ရှိ တက်ရောက်နေသော ကျောင်းသား /သူပေါင်း ၁၁၅ ယောက်ရှိနေသည်ဟုသိရသည် ။

 
 ထိုသင်တန်းသို. ဦး ကျော်သူ ၏ သုခအလင်း ပညာဒါန အသင်းမှ ယခုစာသင်နှစ်အတွက် စာအုပ် ၅၀ ဒါဇင် ၊ ခဲတံ ၊ ခဲတံ ချွန်စက် ၊ ဘောပင်စသည်များ ပေးပို.လှုဒါန်း ပေးခဲ့သည်ဟုလည်း သိရပါသည် ။
သင်တန်းတွင် လိုအပ်သည်များမှာ စာရွက်စာတမ်းများ ၊ဆရာ/ဆရာမများ အသုံးပြုသော ဆော.ပင် ၊ မှင်  စသည်များ ၊ ကျောင်းသား/သူများအတွက် စာရေးကိရိယာ တို.အပြင် မီချောင်းများလည်း လိုအပ်သည်ဟုသိရပါသည် ။ ထို.အပြင် သင်တန်းပိုင် မီးစက်မရှိပဲ မီးပျက်ချိန်မျိုးတွင် ဒုက္ခရောက်လေ. ရှိပြီး ကော်မတီဝင် တစ်ဦး၏ မီးစက်ကို ငှားရမ်းအသုံးပြုနေရသည်ဟု သိရပါသည် ။စေတနာဖြင်. လာရောက်သင်ကြားပေးနေသော ဆရာ / ဆရာမများအတွက်မူ တစ်လလျှင် ဆန်တစ်အိတ် ၊ ဆီ ၆၀ သားကန်တော.ရန် စီစဉ်ထားသည်ဟုလည်း သိရပါသည် ။

ထိုသင်တန်းနှင်. ပတ်သက်၍ သိလိုသည်များ ရှိပါက ကိုဇော်ဝင်း - ဖုန်း ၀၉- ၄၂၂၅၂၄၃၄၆ သို.ဆက်သွယ် မေးမြန်းနိုင်ကြောင်း ပညာ  ပါရမီဖြည်.လိုသူများအတွက် သတင်းကောင်းတစ်ရပ်အဖြစ်ဖြန်.ဝေအပ်ပါသည် ။ လှုဒါန်းလိုသူများအနေဖြင်. အောက်ပါတို.ထံ ဆက်သွယ်လှုဒါန်းနိုင်ပါသည် ။



ဦးဝင်းတင် - ခန်.ညား -စာအုပ်နှင့် စာေ၇းက၇ိယာေ၇ာင်းဝယ်ေ၇း
ခန့် ညား - လယ်ယာသုံး စက်ပစ္စည်းနှင့်  လယ်ယာသုံး ဆေး

ဝါးေ၇ာင်းဝယ်ေ၇း - Ph 09250226681
ဦးမင်းသိန်း- အထက်တန်း ရှေ့ နေ  -  Ph  098552596
ဦးဇော်ဝင်း  - Ph 09422524346
ဆရာမ ဒေါ်ခင်ချို ဦး - Ph  09422480092

ဆက်စပ်ဖတ်ရှုရန်

No comments:

Post a Comment