ပြဇာတ်တစ်ခုထဲက သမိုင်း
ခရစ်နှစ် ၁၈၇၅ ခန့်တွင် ရေးသားခဲ့သော
လူဝံမောင်နှမပြဇာတ်တွင် အောက်ပါအတိုင်း ဖော်ပြ
ထားကြောင်းလေ့လာတွေ့ရှိရသည်။
ထားကြောင်းလေ့လာတွေ့ရှိရသည်။
ထောင့်နှစ်ရာက၊သာသုံးဆယ်လု၊ စွန်နှစ်ခုတုန်းက၊
ဥတု မိုးယံ၊ ၀သန်ခါမီ၊ ကြဋ်ရာသီတွင်၊ ဌာနီဝံလှုံ၊ ဟင်္သာဘုံဝယ်၊ မကြုံစကောင်း ဒေါပုံမြိုင်ဝေလှိုင်လှိုင်တွင်
ရွှေစိုင်မောင်းပါတဲ့၊ခေါင်းလောင်းတော်ကြီး၊ရေပွက်သဲသဲ၊
တဟဲဟဲနှင့်ဝဲကိုစီး၍မညီးရှုမျှော်၊
သုံးလေးတောင်လှုပ်၊သရပူတက်ကရော့၊ဘ၀ဂ်လျှံမှု၊ဧကန်မုချတချို့ကလဲ၊နဂရသာစည်၊ကြူးသဲဖြိုးဖြိုး၊
ထူးဒကဲမိုးတဲ့၊ပဲခူးပြည်တွင်၊
နှစ်ရှည်သုံးရာ၊ လွန်သောအခါ၌ ရာဇာမင်းဖျားဓမ္မစေတီ၊ ပဝေဏီက၊
ငွေညီပန်း၍ သွန်းကာထားသည်ကို၊ ကုလားထင်စွာ၊ ငဇင်ကာသည်၊နာဝါသင်္ဘော၊ တင်ဆောဆောတွင်၊ ရေကြောသို့ကျသည် ဒေါပုံမှာ မျောဆုန်ရတယ်လို့၊ပြောကြသည်မှာ၊ ကျသည်ရှေးရင်း၊ ထိုမင်းနောက်ပေ၊ မဟုတ်လေလို့၊ တချို့က စစ်ကြသည်၊ စစ်သည်အတွင်း၊ တချို့သော လူအပေါင်းတို့က ခေါင်းလောင်းမင်း၏ မှန်၊မမှန်ကို၊ တယ်ဧကန်၊ ငြင်း
ပါဦးတော့၊ မင်းဓမ္မစေတီ မဟုတ်ကြောင်း၊ဓမ္မပါလခေါင်းလောင်းလို့သောင်းသောင်းဖြဖြ၊သန်လျက်ငူပါး၊ ရေဆင်ထားတဲ့၊ တံတားမတွင်၊ ဆင်းကြတက်ကြ၊ ရေပွက်မြူးသော်၊ ဖူးလိုက်ကြနှင့်ကုလားကတစ်ဖန်၊
သမ္ဗန်ခကို၊ ရအောင်ကြံ၍၊ဧကန် ထင်ရှား၊ မြန်မာများ၏ ဘုရားပေါ်လာ၊သွားကြပါတော့လား၊ ခရီးတာအသိ၊နီးနီးမှာရှိတယ်လို့၊ပြောဘိလှည့်ဖြား၊ ထိုကုလား၏စကားကိုယုံ၊ သမ္ဗန်ခကိုသူတို့လဲပုံအနန္တ၊တချို့ကျတော့တစ်ထွေ၊ သင်္ဘောဆန်အိတ်တွေနှင့်၊ ထိုရေကြောတွင်၊ တလောဆီကမီးပင်လောင်ခြစ်၊ ဗိုက်ပေါက်၍နစ်ကရော့၊နစ်ရာမှ တစ်စစမျောကျတင်၍ ရေ
အစီးတွင်ပွက်ကြီးမွေ့ကာ၊ နုန်းမွေ့သဲသဲ၊ တရှဲရှဲနှင့်၊မည်းမည်းညစ်ညစ်၊ ပေါ်သစ်ဖြစ်ကို၊ စိစစ်ပြောသူ၊ ထိုသည့်သူကိုငြူစူစောင်းမြောင်း၊ဘာကိုဟုတ်ရမည်၊ပုစွန်တုပ်ရွှေမောင်းနှင့်၊ငွေခေါင်းလောင်းမျက်မြင်မို့၊ယနေ့

ပင်ပေါက်ကာတူးရအောင်၊ပသျှူးကိုထောင့်ငါးရာ၊ရေငုပ်ခပေးပါသည်ကို၊သေးနုပ်စွာပြောပါသည်ဟု
သဘောတော်မကြည်ကြ၊ပြည်ဟံသာနဂရတွင် ဖြစ်သမျှအကြောင်းသည်စကား အခက်ပွေ၊ ဆက်မသွေရာဝင်နှင့်
ဘယ်ခါတွင် ဘယ်အကြောင်းရယ်လို့ယုံအောင်ကို ပုံဆောင်လောင်းလိုက်မယ်၊
နယားနောင်၊ရွှေသျှောင်စောင်းငယ်က၊မြစ်ဒေါပုံဒီချောင်းမှာငွေခေါင်းလောင်းပေါ်တဲ့စမ်း။မြန်မာသက္ကရာဇ် ၁၂၃၇ (အေဒီ၁၈၇၅) ခန့်တွင်လည်း ဒေါပုံချောင်းတွင်ဓမ္မစေတီခေါင်းလောင်းတော်ကြီး ရေထဲမှပွက်လာသဖြင့် သမ္ဗန်ဖြင့် ပို့ဆောင်ပေးရကြောင်း လူဝံမောင်နှမ ပြဇာတ်တွင် ဖော်ပြထား
ကြောင်း တွေ့ရှိရသည်။ဓမ္မစေတီခေါင်းလောင်းတော်မဟုတ်ဘဲဓမ္မပါလခေါင်းလောင်းပေါ်ခြင်း ဟုလည်း ဖော်ပြထားမှု တွေ့ရှိရသည်။

သန်လျှင်ရာဇ၀င်တွင်ဖော်ပြထားသော
သမိုင်းဆိုင်ရာ အချက်အလက်
ဓမ္မစေတီမင်းကြီးသည် ခေါင်းလောင်းကြီး
တစ်လုံးကိုရွှေတိဂုံစေတီတော်ပေါ်တွင်လှူဒါန်းခဲ့ကြောင်းနှင့် ခေါင်းလောင်းတော်ရေထဲကျရောက်
နစ်မြုပ်ကြောင်း ကိုသန်လျင်ရာဇ၀င်တွင်လည်း ဖော်ပြထားကြောင်း ထင်ရှားစွာတွေ့ရှိရသည်။
သန်လျင်ရာဇ၀င်တွင် သက္ကရာဇ်၉၇၄ (အေဒီ ၁၆၁၂)
ခု အနောက်ဘက်လွန်မင်းတရားကြီးဘုရား အလုံးအရင်းနှင့် ပြည်မြို့သို့ ချီတက်တော်မူ
လျှင် ရခိုင် မြို့က ဘရင်ဂျီကုလားငဇင်္ဂါသည် သိမ်ဂုတ္တရကုမ်း၊ ရွှေဆံတော်ဘုရားရှင်စေတီကောင်းမှု ခေါင်းလောင်းကြီးကိုချ၍ အမြောက်သွမ်းမည်ကြံသည်တွင်ဘုရားရှင်တံခိုးတော်ကြောင့် ပန်းအလွှဲတွင်သင်္ဘောနှင့်တကွ နစ်မွန်း၍ အမြောက်မသွမ်းရသည်တွင် ငဇင်္ဂါသည် အနောက်ဘက်လွန်မင်းတရားကြီး ပြည်မြို့ကို အလို ပြည့်သည်နှစ်၊ လက်နက်ကြိယာ၊ ဆေး၊ ခဲရန်း
လက်ဆောင်များနှင့်ကျွန်တော်ကိုသံလျင်မြို့တွင်မြို့ရာသရေတချပ်ရာသနားတော်မူပါ၊အသနားတော်ခံ၍

၊မြေသရေတချပ်ရာသနားတော်မူသည်တွင်
ငဇင်္ဂါသည် သရေကိုနန်းငင်၍ အရှေ့ အနောက် တောင်မြောက်သရေကြိုး တဆန့်စီတိုင်းထွာပြီးလျှင်မြို့တည်လေသည်။
သက္ကရာဇ် ၉၈၁
(အေဒီ ၁၆၁၉) ခုသလျံငသို့ ချီတော်မူသည်။ သံလျင်မြို့ကိုအောင်တော်မူလျှင် ဘထွေးတော် (နတ်ရှင်နောင်)ကိုစစ်ကြောမေးမြန်း၍သာသနာတော်ဖြက်လူဆိုးလူသွမ်းတို့နှင့်ပေါင်းဘက်သသူဖြစ်သည်။
(အေဒီ ၁၆၁၉) ခုသလျံငသို့ ချီတော်မူသည်။ သံလျင်မြို့ကိုအောင်တော်မူလျှင် ဘထွေးတော် (နတ်ရှင်နောင်)ကိုစစ်ကြောမေးမြန်း၍သာသနာတော်ဖြက်လူဆိုးလူသွမ်းတို့နှင့်ပေါင်းဘက်သသူဖြစ်သည်။
ဘထွေးတော်ဖြစ်သော်လည်းမထားသင့်
အမိန့်တော်ရှိ၍ ရင်ကိုဖွင့်စေသည်။ ငဇင်္ဂါကို
လည်း သာသနာတော်ကိုဖျက်၍ပြစ်သည်ဆို၍ သံလျင်မြို့ရိုးရှေ့တွင်သံတံကျင်တင်သည်။
ရွှေဒကုန်ဘုရားဝတ္ထုကံမြေကားရာဇာဓိရာဇ်သိံ္မထော၊ခင်ထောင်ဗိုဗျညားတောအမည်ခံ မင်းမိန်းမ၊ဟံသာဝတီတွင်သက္ကရာဇ်၈၂၅ (အေဒီ ၁၄၆၃) ခု မင်းပြုသည်ကာလထိုမင်းသမီးသည် အလှူကောင်းမှု၌သဒ္ဓါစိတ်ကြီးသည်ဖြစ်၍ဒကုန်ဘုရားသို့ရောက်သည်တွင်ဘုရားသိမ်တော်နှင့်တံတိုင်း
ကို လုပ်ပြင်တော်မူသည်။ရွှေကိုယ်လေးစက်၍ထီးတော်ကသည်ဘိနပ်တော်ရောက် ရွှေပုဇွန်ခွန်မွန်း

မန်တော်မူသည်။
ဘုရားရှင်တွင် နေသည်မြို့ရွာများကိုလည်း ကျေး ၅၀၀၀အဘိုးပြု၍လှူသည်။ဘုရားရှင်ဝတ္ထုကံမြေလှူတော်မူသည်နယ်မြေမှာ
အရှေ့ ကိုလားသော်ကျိုက်ကနက်ဘုရား၊ တောင်ကိုလားသော်ဓနုတ်ဘုရား၊အနောက်ကိုလားသော်ပြောင်
ပျာဘုရား၊ မြောက်ကိုလားသော် မိုးရိပ်မိုးတော်ဘုရားဟူ၍ သတ်မှတ်လှူတော်မူသည်။သက္ကရာဇ် ၈၃၂ (အေဒီ ၁၄၇၀) ခုတွင် မင်းမိန်းမဗျညားတောအနိစ္စ ရောက်သည်နောက်ဓမ္မစေတီမင်းလက်ထက်တွင် ဗျညားတောလှူရင်းမြေနယ်ကျယ်သည်ဖြစ်၍ချုန့်တော်မူပြန်သည်။ဘုရားရှင်ဝတ္ထုကံမြေမှာ အရှေ့မြောက်ထောင့်ကိုလားသော်သစ်သင်ကန်တောင်ထိ၊အရှေ့ကိုလားသော်ငမိုးရိပ်ချောင်းထိ၊

အရှေ့တောင်ကို
ငမိုးရိပ်ဝ ပန်းအလွဲချောင်းထိ၊တောင်ကိုလားသော် ထုန်းဘို ဆိပ်၊ ဒကုန်မြတ်ဒလမြေနှင့်
ကျောခိုင်း၊ အနောက်တောင်ကိုလားသော် ကန်ကြီးကင်း အနောက်ကိုလားသော် ကျေးမြင်တိုင်ကင်း၊
အင်းဝပေါက်ချောင်းအထိ၊အနောက်မြောက်ကိုလားသော်မှော်ဘီချောင်းဝ၊မြောက်ကိုလားသော် ငသံထင်ရွာကရုံကလောချောင်းအထိချုန့်၍သတ်မှတ်တော်မူပြန်သည်အတွက်မြေဘိုးဓမ္မစေတီကိုယ်လေးနှင့်
ရှင်မိဖုရားကိုယ်လေးကိုရွှေနိုင်းချင်းခတ်ပြီးလျှင်
ရွှေပုစွန် ခွန်ခပ်၍လွှမ်းတော်မူသည်။
ခေါင်းလောင်းကြီးအ၀င်္ဂစောက် ၁၂ တောင်၊ကြေးချိန်တသိန်းရှစ်သောင်းကိုထည်းသွမ်းလုပ်၍ လှူတော်မူပြန်သည် (မူရင်း သတ်ပုံအတိုင်း) ဟု ဖော်ပြထားကြောင်း တွေ့ရှိရသည်။
ခေါင်းလောင်းကြီးအ၀င်္ဂစောက် ၁၂ တောင်၊ကြေးချိန်တသိန်းရှစ်သောင်းကိုထည်းသွမ်းလုပ်၍ လှူတော်မူပြန်သည် (မူရင်း သတ်ပုံအတိုင်း) ဟု ဖော်ပြထားကြောင်း တွေ့ရှိရသည်။
ရခိုင်ဆရာတော်၏ ဓည၀တီအရေးတော်ပုံကျမ်းလာ
သမိုင်းမှတ်တမ်း
မင်းရာဇာကြီး (အေဒီ၁၅၅၃-၁၆၁၂)လက်ထက်အမတ် မဟာပညာကျော် လျှောက်ထုံးသော်ကား-ဘိုးတော်မင်းဗာကြီးသားငအင်္ဂါကိုသင်္ဘောဆိပ်နှင့်တကွသံလျင်မြို့ပါကျေးစားပေးတော်မူခဲ့၍အစောင့်အနေ
ထားတော်မူပြီးမှသက္ကရာဇ်ကိုးရာခြောက်ဆယ့်သုံးခု
(အေဒီ၁၆၀၀)တွင်နေပြည်တော်သို့ပြန်တော်မူခဲ့သည်။သံလျင်မြို့စား ငအင်္ဂါကို ခေါ်တော်မူလေရာမလိုက် မလာနေသောကြောင့် သား
တော်အိမ်ရှေ့မင်းမင်းခမောင်းချီတက်တိုက်ခိုက်စေလျှင်ဟိုင်းကြီးကျွန်းသို့တပ်ချမည်ဝင်သွားလေရာငအင်္ဂါက ညဥ့်အခါ စီးနင်းတိုက်လေသော်အိမ်ရှေ့မင်း မင်းခမောင်းကို ငအင်္ဂါဖမ်းမိရလေသည်ဟု ဖော်ပြထားပါသည်။ ဆရာကြီးထွန်းမြင့် (မာန်အောင်) ၏ ရခိုင်ရာဇ၀င် အဆိုနှင့် သန်လျင်စား ငဇင်္ကာဆောင်းပါးတွင်မင်းဘာကြီးသည် ရခိုင်ပိုင်ဖြစ်သွားသောဒါဂါမြို့၌ ဆက်လက်နေတော်မူရင်းပဲ သီဒါတွင် သားတစ်ပါးဖွားမြင်ရာ ငအင်္ဂါဟု အမည်ပေးခဲ့သည်။
ကွဲလွဲသော သမိုင်းဆိုင်ရာ အချက်အလက်များ
ဓမ္မစေတီခေါင်းလောင်းတော်ကြီးသွန်းလုပ်ရခြင်းနှင့်ပတ်သက်၍မွန်ရာဇ၀င်များနှင့် သန်လျင်ရာဇ၀င် မတူညီကြောင်းတွေ့ရှိရသည်။
မွန်ရာဇ၀င်များတွင် ပြည်သူများထံမှကောက်ခံရရှိသော ကြေးများဖြင့်သွန်းလောင်းသည်ဟု ဖော်ပြ၍ သန်လျင်ရာဇ၀င်တွင်မူရွှေတိဂုံဘုရားဝတ္ထု
ကံမြေကိုချုံ့သဖြင့် ခေါင်းလောင်းတော်ကြီးကို သွန်းလုပ်ကြောင်း မတူညီစွာ ဖော်ပြထားသည်။ခေါင်းလောင်းကြီး၏ အ၀ရှစ်တောင်၊ စောက်၁၂ တောင်၊ အလေးချိန်ပိဿာ တစ်သိန်းရှစ်သောင်းဖော်ပြချက်မှာ သန်လျင်ရာဇ၀င်နှင့်မွန်ရာဇ၀င်ကြီးပေမူတို့ တူညီကြောင်းတွေ့ ရှိရ
သည်။ဓမ္မစေတီခေါင်းလောင်းတော်ကြီးကိုသွန်းလောင်းသူများမှာမွန်လူမျိုးများဖြစ်၍မွန်ရာဇ၀င်များဘက်မှ အလေးသာလျက်ရှိနေသည်။သို့သော်လည်းသန်လျင်ရာဇ၀င်သည်လည်းမွန်ရာဇ၀င်များကိုအခြေ
ခံရေးသားရာ အမှန်တရားကို ဆုံးဖြတ်နိုင်တော့မည်မဟုတ်ချေ။ သန်လျင်ရာဇ၀င်ပါ ငဇင်ကာနှင့် ပတ်သက်၍ ကွဲလွဲစွာရေးသားချက်များကိုလည်းတွေ့ရှိခဲ့ရပြန်သည်။
Ref ; Standard Time Daily , Democracy Today , MEG , Hot News
ဆက်စပ်ဖတ်ရှုရန်များ
* ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၁ )
* ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၂ )
* ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၃ )
No comments:
Post a Comment