Thursday, August 21, 2014

ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၆ )

ခေါင်းလောင်းတော် တူးဖော်မည်.အကြောင်း မြေပုံ မောင်စံလင်း (ကော့သောင်း) နှင်.အဖွဲ. ဇူလိုင် ၂၅ ရက်နေ.က ရန်ကုန်မြို. အောကစ်ဟိုတယ် သတင်းစာ ရှင်းလင်းပွဲ
 ခေါင်းလောင်းတော်ကြီးအား ပထမဆုံး ရေငုပ်စမ်းသပ်ဖူးသူ

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား ၁၉၈၈ ခုနှစ် မတိုင်မီ ပထမဆုံး ပုဂ္ဂလိက သီးသန့်တူးဖော်ခြင်း အဖြစ် ရှာဖွေခဲ့သော ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်း သုတေသနဌာနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန မြန်မာ့သမိုင်း အဖွဲ့မှ ပါမောက္ခ(ငြိမ်း) ဦးကျော်က ''ကျွန်တော်တို့အဖွဲ့က ၁၂ ဦး အဖွဲ့ဖြစ်ပြီး ရွှေတိဂုံ စေတီတော်မှာ ခေါင်းလောင်းကြီး ရှိခဲ့တာလည်း မှန်ကန်ကြောင်း၊ မြစ်ဆုံမှာ နစ်မြုပ်ခဲ့ပြီး ဆယ်ယူမည့်သူ မရှိခဲ့တာလည်း မှန်ကန်တဲ့အတွက် ၁၉၅၂-၅၃ ခုနှစ်မှာ နိုင်ငံတော် အကြီးအကဲထံ တူးဖော်ရှာဖွေခွင့် စာတင်ပြီး ပထမဆုံး ဆယ်ယူရေး လုပ်ခဲ့ကြပါတယ်'' ဟု ပြောကြားသည်။

''အဲဒီဆယ်ယူရေးမှာ သုံးပတ်ကြာပြီး ရေအောက်မှာ သင်္ဘောပျက်လို တွေ့ခဲ့ရတယ်။ တစ်ရက်မှာတော့ သင်္ဘောပျက် တွေ့ခဲ့ပြီး ဘေးမှာ ဂျင်ပုံလို့ ထင်ရတဲ့ မြေဝါကျောက် စရစ်တွေ ဖုံးအုပ်နေတဲ့ အရာတစ်ခုကို နင်းမိ စမ်းမိကြောင်း ရေနောက်ကျိနေတဲ့ အတွက် ရှင်းရှင်းလင်းလင်းတော့ မတွေ့ရပါဟု ကျွန်တော်တို့ အဖွဲ့ရဲ့ ရေငုပ်သမား တစ်ဦး ပြောလာတဲ့ အတွက် သေချာသိရအောင် ကျွန်တော်ကိုယ်တိုင် ဆင်းပြီး ငုပ်ခဲ့ပါတယ်။ အဲဒီအခါ ရေအောက်မှာ ရေစီးသန်ပြီး ရေတွေက နောက်ကျိနေတော့ ကိုင်စရာမရှိတဲ့ အတွက် ထိုဂျင်ပုံသဏ္ဌာန် အဝိုင်းကို ကိုင်တွယ်စဉ် ချော်သွားပါက သူ့ရဲ့နံဘေးမှာရှိတဲ့ သင်္ဘောပျက်အတွင်း ကျသွားရင် ပြန်ထွက်ဖို့ မလွယ်ဘူး၊ အောက်ခြေအထိ ငုပ်ရန်လည်း မလွယ်ကူတာကြောင့် ပြန်တက်ခဲ့ပါတယ်'' ဟု ပြောသည်။

အဆိုပါ ရေငုပ်သမား၏ ထပ်မံပြောကြား ချက်အရ ရေငုပ်ခဲ့စဉ် ထွေထွေထူးထူးတွေ့ ကြုံခဲ့မှုမရှိဘဲ ခေါင်းလောင်းလို့ ယူဆရသော ဂျင်ပုံသဏ္ဌာန် အလုံးကြီးနှင့် စီဘီပျက် (သင်္ဘောပျက်) ရှိနေတာကတော့ အခိုင်အမာ ဖြစ်ကြောင်း ရွှေဆင်းတု ရုပ်ပွားတော်တွေနဲ့ ရတနာပစ္စည်းတွေ၊ အခြားခေါင်းလောင်းနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေကိုတော့ မတွေ့ခဲ့ရကြောင်း ဦးကျော်၏ ပြောကြားချက် များအရ သိရသည်။


နာဂစ်အပြီး ရှာဖွေမှု နှင်. အခြေအနေ

လက်ရှိတူးဖော်နေမှု
  နာဂစ်မုန်တိုင်း အပြီးတွင် ရန်ကုန်မြစ်ကြောင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် သင်္ဘောပျက်များ ရှာဖွေဆယ်ယူရေး၌ အမေရိကန် ခေတ်မီ သင်္ဘောများဖြင့် ဆယ်ယူခဲ့မှုများတွင် အဆိုပါ ခေါင်းလောင်းနှင့် ပတ်သက်၍ မည်သည့် အချက်အလက် တစ်စုံတစ်ရာမှ မတွေ့ရကြောင်း သိရသည်။ ရေငုပ်သမား ဦးကျော်တို့အဖွဲ့ ဆယ်ယူပြီးနောက် ထပ်မံ၍ အဖွဲ့(၁၂)ဖွဲ့ ဆယ်ယူခဲ့ပြီး ပြည်ပမှ အဖွဲ့(၃)ဖွဲ့ ပါဝင်ကြောင်း သိရသည်။ အစိုးရသစ် လက်ထက် ယခုနှစ်ဆန်းပိုင်းတွင် ကျိုက်ထီးဆောင်း ဆရာတော်ကြီးမှ ရှာဖွေခဲ့ပြီး ယခုအခါ ဦးစံလင်းမှ ထပ်မံရှာဖွေ ဆယ်ယူ ခြင်း ဖြစ်ကြောင်း သိရသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှိသည်ဟု ယူဆရသော မြစ်ဆုံနေရာတွင် အင်္ဂလိပ် လက်ထက်၌ ပုစွန်တုပ်ကွေး ခေါင်းပိုင်း ပေါ်နေပြီ ဟူ၍ ပြောဆိုခဲ့ဖူးကြောင်း၊ အင်္ဂလိပ်နှင့် ရုရှားမှ သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းများဖြင့် ရှာဖွေ ထောက်လှမ်းခဲ့ရာတွင် သံထည်ပစ္စည်း ရှိကြောင်း သိရှိခဲ့ပြီး သင်္ဘောပျက်များ ရှိသည်ကိုလည်း လက်ခံကြောင်း၊ ပြည်ပ အကူအညီဖြင့် ခေါ်ယူကာ တူးဖော် မည်ဆိုလျှင် ငွေကြေးကုန်ကျမှု များပြားနိုင်ပြီး စင်ကာပူ ကုမ္ပဏီမှ အကုန်အကျခံ၍ တူးဖော် ရေး ကိစ္စအား ညှိနှိုင်းခဲ့ရာ တောင်းဆိုချက်များ များပြားသည့်အတွက် မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သမိုင်း သုတေသန၏ အစီအစဉ်ဖြင့်သာ ရှာဖွေလေ့လာခဲ့ခြင်း ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသန နှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။


ဆက်လက်တူးဖော်မှု အခြေအနေများ


 ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဦးစံလင်းနှင့် ဦးဝင်းမြင့် ဦးဆောင် သော အဖွဲ့ဝင်များက ဆယ်ယူရေးလုပ်ငန်း များကို သြဂုတ် ၇ ရက်တွင် စတင်ခဲ့ပြီးအ ဖွဲ့ဝင်အင်အား ၇ဝ၊ ဆလုံရေငုပ်သမား ၁ဝ ဦး အသုံးပြု၍ ရန်ကုန်မြစ်လယ်တွင် ရှာဖွေ ဆယ်ယူလျက်ရှိသည်။

''ရေငုပ်သမား ၁ဝ ဦးကို ကော့ သောင်းကနေ ခေါ်ထားတယ်။ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဆယ်ယူပြီးရင် ရေတပ် စခန်းမှာ သန့်ရှင်းရေးလုပ်ပြီး ရွှေတိဂုံဘုရား ပေါ်မှာ ထားဖို့ရှိပါတယ်''ဟု ဦးစံလင်းက ပြောသည်။


လိုအပ်သောကူညီထောက်ပံ့မှုများ ကို အစိုးရဘက်မှ ကူညီဖြည့်ဆည်းပေးပါ က မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့ အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ရက်အနည်းငယ်ဖြင့် ဆယ်ယူနိုင်မည်ဟု လည်း တိုင်းရင်းသားပညာရှင်ဦးစံလင်း က ယုံကြည်ထားသည်။
စောက် ၁၂ တောင်၊ အ၀ ၇တောင် ရှိပြီး အလယ်ဖောင်းရစ်တွင်   နှစ်ကျိပ်ရှစ် ဆူဖောင်းကြွဘုရား ၂၈ ဆူနှင့်၎င်းအပေါ် ၌ အတွဲတစ်တွဲလျှင် ကျောက်သံပတ်္တမြား ၄၅  လုံးပါ  အတွဲ ၄၅တွဲရှိ အတန်းနှစ် တန်း၊  စုစုပေါင်းကျောက်သံပတ္တမြား အလုံးပေါင်း ၄၀၅၀ လုံးပါရှိသော ဓမ်္မ စေတီခေါင်းလောင်းတော်ကြီးမှာမိုးကာလ ၌ ရေအနက် ၂၇ ပေ၊ မြေကြီးအောက် ၂၅ ပေ၊ စုစုပေါင်းရေမြေအနက် ၅၂ ပေ တွင် နစ်မြုပ်နေခြင်းဖြစ်ကြောင်းလည်း ဦးစံလင်းက ပြီးခဲ့သောနှစ်များအတွင်း မီဒီယာသို့ ထုတ်ဖော်ပြောကြားခဲ့သေး သည်။

 ထိုသို.တူးဖော်နေကြရာမှ မြစ်ဆုံအနီး ပင်လယ်ကူးသင်္ဘောများကို အချက်ပြသောမီးပြ တိုင်အနီး ကိုက် ၂၀ ကျော်တွင်  သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းက ရေအောက်တွင်ရှိသော အရာဝတ္ထုတစ်ခုနှင့် ချိတ်၍ထိုချိတ်ထားသော အမှတ်အသား အဖြစ် ရေပေါ်တွင်ဘောလုံး အမည်းနှစ်ခု ကိုက် ၃၀ အကွာ တစ်ဖက်တစ်ချက်၌ ပြထားပြီး သံဃာတော်များ ပရိတ်ရွတ်ဖတ် သရဇ္ဈာယ်သည့် ဗညားလတ် သုံးထပ် သင်္ဘောဦးပိုင်းတွင် ငှက်ပျောပင်၊ ကြံပင်များ စိုက်ထူထား ကာယခင်ရပ်နားသည့် နေရာတွင်မဟုတ်ဘဲ ရေပေါ်အမှတ်အသားပြုလုပ်ထားသော ဘောလုံးအနက်နှစ်လုံး အနီးတွင် သင်္ဘောရပ်နားထားသည့် အတွက် ယခင်နေ့များနှင့်မတူသော အပြင်အဆင်ကို တွေ့မြင်ရ သောကြောင့် ထူးခြားမှုတစ်ခုရှိနေပြီဟု သုံးသပ်ဝေဖန်ကြခြင်းဖြစ်သည်။



အဆိုပါ အမှတ်အသားပြုလုပ် ထားသော ဘောလုံးအနက်နှစ်လုံး အလယ်သို့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် ဗညားလတ်သင်္ဘောမှ ပရိတ်ရွတ်ဖတ်သော သမ္ဗန်စက်လှေ တစ်စင်း၊ ရေငုပ်အဖွဲ့ရေယာဉ် တစ်စင်းဖြင့် သာသနာ့အလံကို သမ္ဗန်တွင် စိုက်ထူကာ ထွက်ခွာလာခဲ့ပြီး ရေစစ်နေချိန်တွင် စတင်ရေငုပ်ကာ ဆရာတော်လေးပါးက သမ္ဗန်ခေါင် မိုးပေါ်မှမေတ္တာပို့ပရိတ်ရွတ်ဖတ် ၍ထိုနေရာကို လှည့်လည်လျက် ရှိသည်။ မွန်းလွဲ ၁ နာရီခွဲတွင် ပင်လယ်ဝဘက်မှ မိုးမှောင်ကျလာပြီးလေတိုက်ခတ်လာကာ ရေပြင်တွင် လှိုင်းထန် လာခြင်းကြောင့် အနီးပတ် ဝန်းကျင်မှ ကြည့်ရှုနေသောစက်လှေများ ကမ်းသို့ ပြန်လည်ထွက်ခွာစဉ် ရန်ကုန်မြစ်ဝဘက်မှ ရွေ့လာသော မိုးရွာချလိုက်သည့်အ တွက် မြစ်ဆုံတွင် လှိုင်းထန်၊ လေတိုက်၊ မိုးရွာ လျက်ရှိသည်။ သို့သော်လည်း ပရိတ်ရွတ်ဖတ်နေသော စက်သမ္ဗန်ပေါ်မှသံဃာတော်မှာ ဆက်လက်ရွတ် ဖတ်နေပြီး ရေငုပ်အဖွဲ့က ဘောလုံးအစိမ်းတစ်လုံးထပ်မံချည်နှောင်ကာ ရေပေါ်အမှတ်အသားအဖြစ်သတ် မှတ်လိုက်ပြီး ပဲခူးမြစ်အတွင်းသို့ စတင်ရေတက်နေ၍ မြစ်လယ်တွင် လှိုင်းထန်လျက်ရှိသည်။ အဆိုပါ ဖြစ်စဉ်များကို ပြည်ပသတင်းဌာန တစ်ခုမှ မှတ်တမ်းတင်လျက်ရှိပြီး ၁၀ မိနစ်ခန့်အကြာတွင် မိုးစဲသွား သော်လည်း လေတိုက်၍ လှိုင်းထန်လျက်ရှိပြီး ရေငုပ်အဖွဲ့များ ဆက်လက်၍ မြစ်အောက်သို့ အလှည့်ကျ ရေငုပ်လျက်ရှိသည်။



 ထိုနေ.ညနေအထိမူ တရားဝင်သတင်းထုတ်ပြန်မှု တစ်ခုမျှ ပြုလုပ်ခဲ့ခြင်း မရှိပေ ။ သို.သော်နောက်ပိုင်းထုတ်ပြန်ချက်တွင်မူ
'ရေငုပ်သမားရဲ့အပြောပဲရှိသေးတယ်။ ခေါင်းလောင်းဟုတ်၊ မဟုတ်ကျွန်တော်တို့လည်း သေချာအတည်မပြုနိုင်သေးဘူး။ ဆယ်ပြီးမှပဲ ခေါင်းလောင်း ဟုတ်၊ မဟုတ်သိမယ်'
ဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအထောက်အကူပြုလူထုဗဟိုပြုစီမံကိန်းအတွက် ဘဏ္ဍာရေးအကူအညီများ အဖွဲ့ ဒုတိယဥက္ကဌ ဦးနိုင်မင်းအောင်က ပြောဆိုသည်။

ခေါင်းလောင်းကြီးကို မီးပြတိုက်အနီး တွေ့ရှိခဲ့သည်ဟု ခေါင်းလောင်း ရှာဖွေရေးလုပ်ငန်း
ဆောင်ရွက်နေသည့် ရေငုပ်သမားက ပြောပြသဖြင့် ဆယ်ယူရေးလုပ်ငန်းစတင်နေခြင်း
ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

'ခေါင်းလောင်းတွေ့လို့ တူးဖော်ရေးလုပ်ငန်းလုပ်နေတာမဟုတ်ဘူး။ ခေါင်း
လောင်းရှိတယ်လို့ ယူဆတဲ့နေရာမှာ သင်္ဘောပျက်ရဲ့ အစိတ်အပိုင်းတွေ့လို့ တူးဖော်နေ
တာပါ'
ဟု ခေါင်းလောင်းရှာဖွေတူးဖော်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပြသည်။

''အခုလက်ရှိနုန်းတွေ အောက် ကသောင်ကို သောင်တူးစက်တွေ နဲ့ စုပ်ထုတ်နေ တယ်။ ရေကတော့ ငုပ်နေသေးတယ်။ ဘယ်နေရာမှာ ဆိုတာကတော့ပြော လို့မရသေးဘူး'' ဟု ခေါင်းလောင်းဆယ်ယူရေးအ ဖွဲ့၏ ဘဏ္ဍာရေးမှူးဦးသန်းစိန် က ပြောသည်။

ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းလုပ်ငန်းများကို ဩဂုတ်၈ ရက်နေ့မှစတင် ခဲ့ပြီး ဩဂုတ် ၂၆ ရက်တွင် အပြီးသတ်ဆောင်ရွက် မည်ဖြစ်ကြောင်း ခေါင်းလောင်း ဆယ် ယူသူ ဦးစံလင်းက ပြောသည်။
“ဓမ္မစေတီ ခေါင်းလောင်းလား၊ ဘာခေါင်းလောင်းလဲတော့ မသိဘူး၊ ခေါင်းလောင်းတစ်လုံး လို့တော့ သိရတယ်” လို့ ခေါင်းလောင်းဆယ်ယူရေး အရန်ကော်မတီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးနိုင်မင်းအောင်က ရေငုပ်သမားတွေ ခေါင်းလောင်းတစ်လုံး တွေ့ထားတဲ့ အကြောင်းကို ပြောပြတာပါ။

ဓမ္မစေတီ ခေါင်းလောင်းရှာဖွေတဲ့ နေရာအနီးမှာ ခေါင်းလောင်းတစ်လုံးကို ရေငုပ်သမားတွေ တွေ့ခဲ့တာပါ။ ယခင်တွေ့ရှိထားတဲ့ သင်္ဘောပျက်နဲ့ ပေ ၂၀ အကွာအဝေးနေရာမှာ ခေါင်းလောင်း တစ်လုံးကို သြဂုတ်လ ၁၅ ရက်နေ့က တွေ့တာလို့ ဦးနိုင်မင်းအောင်က ဆိုပါတယ်။

ခေါင်းလောင်းတွေ့တဲ့ နေရာကို နတ်စင်တစ်ရာ ဆရာတော်ရဲ့ လမ်းညွှန်မှုနဲ့ ရှာဖွေခဲ့ခြင်းဖြစ်ပြီးတော့ ခေါင်းလောင်းကိုရေပေါ်က ဘောတစ်ခုနဲ့ တွဲချည်ပြီး အမှတ်အသား လုပ်ထားတယ်လို့ သူက ရှင်းပြပါတယ်။


သောင်တူးအထောက်အကူပြုသင်္ဘောစက်ချွတ်ယွင်းခြင်း


 ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်သောင်တူးအထောက်
အကူပြုသင်္ဘောတစ်စင်းစက်ချွတ်ယွင်းမှုကြောင့် သြဂုတ်၁၉ ရက်၌တူးဖော်မှုရပ်ဆိုင်းထားကြောင်းခေါင်း
လောင်းဆယ်ယူရေးလုပ်ငန်းများတွင် ပါဝင်သူတစ်ဦးကစံတော်ချိန်သို့ သြဂုတ် ၁၉ ရက်၌ ပြောဆိုသည်။

"သောင်တူးရာမှာအထောက်အကူပြုတဲ့ယာဉ်ကဆီပိုက်ဟိုက်ဒရောလစ်စက်ချွတ်ယွင်းလို့ ဒီနေ့မတူးဘူး။ စက်ကို ပြန်ပြင်နေတယ်။ဘယ်အချိန်ပြီးမလဲတော့ မပြောတတ်ပေမယ့် မနက်ဖြန်လောက်တော့လုပ်ငန်းပြန်စနိုင်မှာပါ'ဟု၎င်းကပြောဆိုသည်။ဓမ္မစေတီခေါင်းလောင်း
ဆယ်ယူရေးလုပ်ငန်းဆောင်ရွက်ရာတွင်သောင်တူးသင်္ဘောတစ်စင်း၊အထောက်အကူပြုစတင်ဆောင်ရွက်ခဲ့ပြီး သြဂုတ် ၁၉ ရက်တွင်စက်ချွတ်ယွင်းမှုကြောင့် တူးဖော်မှု ရပ်နားထားခြင်းဖြစ်သည်။

အဆိုပါ သောင်တူးသင်္ဘောများအား ခေါင်းလောင်းတူးဖော်ရာတွင် အသုံးပြုရန်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူညီပံ့ပိုးပေးထားခြင်းဖြစ်ပြီး တရုတ်မှ မှာယူထားသည့်နောက်ဆုံးပေါ်စက်ကြီးများဖြစ်ကြောင်း သိရသည်။ဓမ္မစေတီခေါင်းလောင်း
ဆယ်ယူရှာဖွေရေးလုပ်ငန်းများကို သြဂုတ် ၈ ရက်တွင်စတင်ပြုလုပ်ခဲ့ပြီး သြဂုတ် ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ဂျပန်သင်္ဘောပျက်အနီး၌ခေါင်းလောင်းရှာဖွေတွေ့ရှိ သည်ဟု ရေငုပ်သမားများ၏ ပြောဆိုချက်အရ ခေါင်းလောင်းတူးဖော်ခြင်းလုပ်ငန်းများကို

 ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဂမ္ဘီရဆန်သော သတင်းများ

ခေါင်းလောင်းပုံ တိမ်တိုက်
 ထိုခေါင်းလောင်းတူးဖော်နေသော ကောင်းကင်ထက်တွင် ခေါင်းလောင်းပုံ တိမ်တိုက် ပေါ်လာခဲ့သည်ဟု ဂျာနယ်အချို.တွင် ဖော်ပြခဲ့ကြသလို ထိုခေါင်းလောင်းသည် သွန်းလောင်းချိန်က နက္ခတ်အခြေအနေကြောင်. ရေတွင်သာပျော်သည်.အနေအထားရှိပြီး ပြန်လည်ဆယ်ယူ၍ ကုန်းပေါ်ရောက်ပါကလည်း အများသူငါတို.ရေဘေးအန္တရာယ် ကျရောက်နိုင်သဖြင်. ဆိုင်ရာတို.က ဆယ်ယူမရရှိစေရန် ပြုလုပ်နေသည်ဟုလည်း ဂမ္ဘီရဆန်သော သတင်းများထွက်ပေါ်လာခဲ့သည် ။ ထို.အပြင် ထိုခေါင်းလောင်းသည် အစောင်. ၁၄ယောက် ၇ှိပြီး လူပြည်တွင် ၇ ယောက် ရေအောက်တွင် ၇ယောက် ရှိနေပြီး လူ.ပြည်တွင်ရှိသော ၇ယောက် စု၍တူးဖော်လျှင် ရေအောက်ရှိ ၇ ယောက်ကလည်း ကူညီမည်ဟူသော အယူအဆ တစ်ခုလည်း ရှိနေခဲ့သည် ။ ဆရာတော်များ ပရိတ်ရွတ်စဉ်က ထိုတူးဖော်ရာဝန်းကျင်တွင် နွားနို.များ ရေတွင်လောင်းချ ဒါနပြုခဲ့ကြပြီး နဂါးအကူအညီဖြင်. တူးဖော်မည်ဟုလည်း သတင်းအချို.အရ သိရပါသည် ။

Ref ; Irrawaddy , DVB , Standard Time Daily , MEG , 7Day Daily & Pyi Myanmar Daily 

ဆက်စပ်ဖတ်ရှု ရန်များ


*  ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၁ ) 
ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၂ )
*  ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၃ )
*  ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၄ )
* ဓမ္မစေတီခေါင်းလောင်းဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု  ( ၅ ) 

No comments:

Post a Comment