Monday, November 7, 2022
ရေပူစမ်း ၊ ပင်လယ်ကဗွီးပင် တန်း နဲ့မောင်းမကန် ကမ်းခြေ
မောင်းမကန်ကမ်းခြေသည် တနင်္သာရီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေသည် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးမြို့နယ်တွင် တည်ရှိသည်။ ထားဝယ်မြို့မှ အနောက်ဘက် (၆) မိုင်ကျော်ခန့်အကွာတွင် တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်ကြီးအား မျက်နှာမူထားသည်။ ထားဝယ်မြို့မှ ကမျောကင်းတံတားအား ဖြတ်ကျော်ပြီး သွားရမည် ဖြစ်သည်။ မောင်းမကန်ကမ်းခြေမရောက်မီ သုံးထပ်လမ်းမကြီးတည်ရှိသော တောင်ကို ဖြတ်ကျော်ရမည် ဖြစ်သည်။
မောင်းမကန်ဟု အမည်နာမ ဖြစ်ပေါ်လာရခြင်း အကြောင်းမှာ ရှေးအခါမြန်မာမင်းများ (အလောင်းစည်သူမင်း) မောင်းမကန်ကမ်းခြေ ကို ဖောင်တော်ဆိုက်ကပ်သော အခါ ကမ်းခြေမှာ အနားယူသည် ဆိုသည်။ ထိုအချိန်တွင် မောင်းမခြွေရံများက ရေကူးကစားပြီးသောအခါ ဆားငန်ရေများအား ရေချိုဖြင့်ပြန်ချိုးရန် ရေမရှိသည့်အတွင် ရေကန်တူးပေးရာ မှ ထိုနေရာကို မောင်းမ ကန် တဆင့် မောင်းမကန် ဟု ခေါ်တွင်ရခြင်း ဖြစ်၏။
နောက်အဆိုတစ်ခုတွင်   နဂါးရစ်မော်ရှိ   နတ်နဂါးတို့ ကိုးကွယ်ထားသော  ဆံတော်   (၂)ဆူသည်   အလောင်းစည်သူဘုရင်   ဖောင်စင်္ကြာြ ဖင့်လှည့်လည်လာစဉ်၊  သိကြားမင်းက  ညွှန်ကြားသဖြင့်   သိရှိ၍  တက်ရောက်ဖူးမျှော်လျက်   ဆံတော်ဌာပနာတိုက်အပေါ်၌စေတီတစ်ဆူတည်ခဲ့လေသည်။  ၎င်းနေရာ၌  ဘုရင့်နောက်ပါအချို့  တို င်းပြည်ကို   လွမ်းဆွတ်   ညည်းညူးသံကိုဘုရင်ကြားလျှင်၊  ထိုသူတို့ အား  ရာဇဒဏ်ချထားပြီး၊  ဖောင်စကြာထွက်သွား၍  ငေးမျှော်လျက်   ကျန်ရစ်ကြသောကြောင့်မျှော်ရစ်ဟု   တွင်ပြန်လေသည်။  ယခုအခါတွင်မူကား  ဤနေရာကို   တံငါလှေများကို   ရစ်ပတ်သွားလာနေသောမော်အငူကလေးဖြစ်၍  မော်ရစ်ဟုခေါ်တွင်ပြန် သည်။  (စကားချပ်   -  မော်ရစ်နှင့်   မလှမ်းမကမ်းရှိ   မောင်းမကန်   ရေချိုးဆိပ်သည်အလောင်းစည်သူမင်း  ဖောင်စင်္ကြာဆိုက်ရောက်ခိုက်   မောင်းမိမဿံများ  သွားရောက်   ရေကစားသည်ကို   အစွဲပြု၍မောင်းမကန်ဟု  တွင်ခဲ့လေသည်။)
နာမည်ကျော်ကြားသော မောင်းမကန်ကမ်းခြေစခန်းသည် ထားဝယ်မြို့၏ အနောက်မြောက်ဘက်ရှိ ပင်လယ်ကမ်းခြေတွင်တည်ရှိသည်။ ထိုစခန်းသို့ ထားsဝယ်မှနေ၍ မြစ်တစ်ဘက် သို့ကူးပြီးလျှင် ရှစ်မိုင်ခန့် မော်တော်ကားဖြင့်သွားရသည်။ မောင်းမကန်ကမ်းခြေမှ မိနစ်အနည်းငယ်မျှလမ်းလျှောက်ရုံဖြင့် ပန်းတင်အင်း ရေပူစမ်းသို့ရောက်နိင်ပါသည်။ မောင်းမကန် အနီးတွင် သုံးထပ်လမ်းမကြီးရှိသည်။ မောင်းမကန် ကမ်းခြေသည် မြန်မာနိင်ငံတွင် အရှည်ဆုံးသော အဖြောင့်တန်းဆုံးကမ်းခြေ ဖြစ်သည်။ အ​ခြားထင်ရှားသောကမ်းခြေများမှာ ဖိုးဖိုးကျောက်၊ဆင်ထောင့်၊မြင်းခွာအော်၊ပညစ်၊myanmar paradise အစရှိသော ကမ်းခြေများဖြစ်ကြသည်။ အပူချိန်မြင့်မားသောရေပူစမ်းအဖြစ် ပလောက်မြို့နယ်ရှိ ပဲရေပူစမ်းမှာထင်ရှားလေသည်။
မောင်းမကန်ကမ်းခြေသည် အနားယူအပန်းဖြေရန်အတွက် နေရာကောင်းအဖြင့် သတ်မှတ်နိုင်သည့် အရည်အသွေးများကိုပိုင်ဆိုင်ထားပါသည်။ ကမ်းခြေအနေအထားကို ကြည့်လိုက်လျှင် တောင်နှင့် မြောက် အလျားလိုက်(၃)မိုင်ခန့် ရှည်လျားပါသည်။ ပင်လယ်ကမ်းစပ်သည်လည်း ပြေပြစ်ပြီး ကျောက်ဆောင်များလည်းမရှိပါ။ ချောက်တွေလည်း ကင်းပြီး ရေကျသွားတဲ့အခါသောင်ပြင်ကကျယ်လှသည်။ သဲပြင်ကလဲမာနေသောကြောင့် လမ်းလျှောက်သွားရန် အလွန်ကောင်းပါသည်။ စက်ဘီး-ဆိုင်ကယ်စီး၍လည်း ရသည်။ သက်တမ်းနှစ်(၇၀)ခန့်ရှိသော ပင်လယ်ကဗွီးပင်တန်းများကိုလည်းတွေရပါမည်။ ၎င်းအပင်သည် ထင်းရူးပင်နှင့်တူသောကြောင့် ပင်လယ်ထင်းရူးဟုလည်းခေါ်ကြသည်
မောင်းမကန်သွား ဗွီဒီယို 
Tradition in Thadingyut Festival at Southern Shan State
 Some traditions in Southern Shan State during the Thadingyut Festival  
Ethnic people such as Pa'O , Taungyo, Danu people from regions like Kalaw, Aung Pan, He Ho and Taunggyi in Southern Shan State usually visit the monasteries and pay homage to the Buddhist monks that were traditionally worshiped by their parents during the Thadingyut period.  Starting from the full-moon day of Thadingyut, ethnic people offer rice, cooking oil, vegetables, snacks, money etc. to the monks in deep respect, Listen to the Dhamma (respectfully take the advice) from them and keep sabath. The monks usually feed the people with snacks or rice and curry or local food. Paying homage like this is generally done starting from the full-moon day of Thadingyut, till five to ten days onwards.  They usually go to the monasteries in groups together with friends, relatives, and other villagers.  All people also Youth use to wear same traditional costumes. Some visit and pay homage even up to seven monasteries on a single day. Similarly, a monastery also has to prepare food for fifty to seven hundreds guests per day. This period takes about ten days from the full-moon day of Thadingyut.  Monks prepare the meals by using the rice, oil, and vegetables brought by the people who come to pay homage. They also add those curries they've got during going out an alms rounds in the village and prepare special curry called or "hin-boung" (the mixed curry), which is traditionally the main dish at many monasteries. Sometimes they need to buy the meat from market.  
In addition, the  Pa'O ethnic people from Taunggyi region usually celebrate the fire-lotus parade on the full moon night of Thadingyut. This is also said to be the ritual that originates in Yaw region.
The bamboo cup, made in the shape of a lotus flower, is covered with coloured paper or oiled paper. Then it is lighted by a candle flame in the center of the cup. People carrying lighted colourful lotus flowers in their hands ceremonially parade the village and then offer those to the near Buddha images or pagodas or temples and pay respects for the prayers. They may need nearly one month for preparing for this ceremony.
 Tradition in Thadingyut Festival at Southern Shan State Video
Sunday, January 16, 2022
"ငါတက်ချင်တဲ့ ကျောင်းကြီးတက်ခွင့်ရပြီ ပျော်လိုက်တာ"
မေမေ ကျောင်းဝန်းတံခါးမှာ ကျနော့်ကိုထားခဲ့ပြီး လှည့်ပြန်သွားသည်။
မိခင်ကျောင်းတော်က မားမတ်စွာ။
မေမေက မိခင်သို့ အပ်ခဲ့သည့်ပမာ။
ပုခုံးထက်မှ ချည်လွယ်အိတ်ကို လက်ဖြင့်တင်းတင်းဆုပ်ရင်း ကျောင်းကြီးထဲသို့ အထက်တန်းကျောင်းသားအဖြစ် ဝင့်ကြွား ကြောက်ရွံ့စွာဝင်ခဲ့တော့သည်။
ငါ ကျောင်းကြီးကျောင်းသား...။
 ကျောင်းသားတွေအများကြီး။အားလုံးလိုလိုလုံချည်အသစ်၊အင်္ကျီအသစ်၊လွယ်အိတ်အသစ်။အပြုံးအသစ်။ပျားပန်းခတ်မျှ။
"ငါးတန်းတွေက အနောက် အုတ်ကြွတ်မိုး နှစ်ထပ်ဆောင်မှာ"
ဆရာတစ်ဦးက ရှပ်ဖြူကို လက်မောင်းထိခေါက်၍ လက်ကောက်ဝတ်တွင် ပုတီးကုံးအတိုလေးဝတ်လျက် ခေါင်းလေး‌စောင်းကာ အော်ပြောနေသည်။နောက် အတန်းဝင်မှ သိရသည် လေးစားရသည့် ဆရာဦးစိန်ရှန်။
အောက်ထပ်မှာ ကိုယ့်နာမည်မပါ။အပေါ်ထပ်မှာမှ လှေကားထိပ် ပဉ္စမတန်း(D)။ ဆရာမဒေါ်မူမူက ကျနော့်နာမည်ကိုမေး၍ နေရာပေးလေပြီ။အတော်စုံနေကြပြီ။
အားလုံး သစ်လွင်တောက်ပစွာ။မျက်နှာအသစ်များ၊ သင်ကြားမှုအသစ်များ၊အတွေ့အကြုံအသစ်များ။
နေ့ခင်းမုန့်စားကျောင်းဆင်းချိန် ကျနော်မုန့်မစားဖြစ်။
ကျောင်းကြီးကို လှည့်ကြည့်ချင်သည်။‌
 အရင်ဆုံး ရှေ့နှစ်ထပ်E ပုံကျောင်းဆောင်၏ အလယ်တောင်ပံနောက်ဖက်အ‌ပေါက်မှ မှန်နှစ်ရွက်ဖွင့်တံခါးလေးကို အသာတွန်းဝင်သွားရာ စုဝေးခန်းမကျယ်သို့ ရောက်လေပြီ။ကောင်းလိုက်တာ။
စင်မြင့်၏တိုင်ဖုံးနှင့် နဖူးစည်းတို့ကို အစိမ်းရင့်ရောင်ခြယ်ထား၍ နဖူးစီးထိပ်တွင် အဖြူရောင် အနက်ရှိတ်ဖြင့် "နိုင်ငံတော်တန်းမြင့်ကျောင်း"ဟု လှပခန့်ညားသည့်စာလုံးဖြင့် ရေးထားလေသည်။ နဖူးစည်း၏အောက်ထောင့်တွင်မူ လက်ရေးသေးသေးဖြင့် ကိုရီ ဟုကဗျည်းတင်ထားလေသည်။ ပန်းချီဆရာဦးကိုရီ၏ လက်ရာပင်။သဘောကျ။
 ထိုမှ အပေါ်ထပ်သို့ လှေကားတစ်ဆစ်ချိုးမှ မရဲတရဲတက်ခဲ့ရာ အပေါ်ထပ်ညာဖက်မှ ကြည်လင်ပြတ်သား၍ ဩဇာနှင့်ပြည့်စုံသော အသံတစ်သံကြားရသည်။
"ဟဲ့ စိုးမောင် နင့်ကို မနက်က မတွေ့ပါလား" အသားဖြူဖြူ၊အရပ်ရှည်ရှည်၊လူရည်သန့်ပြန့်၊ပညာတတ်အမျိုးသမီးကြီးကို ရုံးခန်းရှေ့ လူသွားစင်္ကြန်မှာတွေ့ရလေသည်။သူမ၏ရှေ့တွင်မူ ရိုသေစွာ လက်ပိုက်လျက် ရယ်ကျဲကျဲရပ် နေသည့် သူ့တပည့်ဖြစ်ခဲ့ဖူးသည့် ဆရာငယ်တစ်ဦးနှင့်အတူ တွေ့ရသည်။
ဆရာမကြီး ဒေါ်ပိုက်မိ ဆိုတာပဲ။ ငါ့ဖေဖေတို့ခေတ်ကတည်းက ဆရာမကြီးပဲ။ ဟိုဆရာ‌က ငါတို့ကို မြန်မာစာသင်တဲ့ဆရာပဲ။ ဆူနေပြီ။ပြန်ဆင်းမှ။
ဒီနေ့အဖို့ ကျောင်းကြီးလေ့လာရေး ကျေနပ်ပြီ။
(မှတ်ချက်။ ။"ကျောင်းကြီး"ဆိုသည်မှာ ယခင် ဝါးခယ်မမြို့ပေါ်တွင် အထက တစ်ကျောင်းထဲရှိစဉ်က မြို့သူမြို့သားများ၏ ယခု အထက(၁)ဝါးခယ်မ ကိုခေါ်ဝေါ်ခြင်းဖြစ်ပါသည်။)
နောက်တစ်နေ. နေ့ခင်းမုန့်စားကျောင်းဆင်းသည်နှင့် ကျောင်းကြီးရောက်မှ ကိုင်ခွင့်ရသည့် ကွန်ပါဘူးအသစ်လေးထဲမှ မေမေပေးလိုက်သည့် ပိုက်ဆံ တစ်မတ်ကိုယူ၍ အခြားကျောင်းသားများနည်းတူ မုန့်စားရန် လှေကားမှတိုးဝှေ့ဆင်းခဲ့သည်။
တစ်ချို့က ခဏဆင်းသည်ကို လွယ်အိတ်နှင့်မို့ နားမလည်။နောက်မှ ကျောင်းနှင့်အိမ် နီးသူများ ထမင်းပြန်စားကြသည်ဟု သိရသည်။ကျနော်တို့ မနက်ထဲက စားလာသူများသာ မုန့်စားတန်းရှာရလေသည်။
ထိုသူတို့နှင့်ရော၍ လိုက်ခဲ့ရာ ကျောင်းအပြင်ဘက်လမ်းတွင် မုန့်ဆိုင်တစ်ခုနှစ်ခုနှင့် ကျန်မုန့်သည်များက ထင်းရူးပုံးလေးပေါ်တင်လျက် ရောင်းချနေသည်ကို‌တွေ့ရလေသည်။
မဝယ်ရဲသေး။ခဏ အကဲခတ်ပြီးမှ။
မူလတန်းတုန်းက မုန့်ကျွဲသဲ၊ကောက်ညှင်းပေါင်း၊မုန့်ဖက်ထုတ်၊ကောက်ညှင်းထုတ်၊မုန့်လုံးကြီးအုန်းနို့ဆမ်း၊ကြံ စသည့်အသည်များတွေ့ရသလို ဆိုင်ငယ်လေးများတွင်မူ ဇီးငံစေ့၊မရမ်းပြား၊သရက်ပြား၊သကြားလုံး၊ကပ်စေးနဲဒုတ်ထိုး၊ပဲနီလေးထုတ် စသည်တို့ကို ချိတ်ဆွဲလျက် ခင်းကျင်းထားသည်ကိုတွေ့ရလေသည်။
ကျနော် ခပ်လှမ်းလှမ်း လမ်းတစ်ဖက်တွင်ရောင်းနေသည့် မုန့်လုံးကြီးအုန်းနို့ဆမ်း ဆယ်ပြားဖိုးဝယ်လိုက်သည်။မုန့်သည်က ဗာဒံရွက်တွင်ထဲ့ပေးလိုက်သည်။ပြန်အမ်းငွေ ဆယ့်ငါးပြားကိုယူ၍ ဗာဒံရွက်ကို လေးဘက်ခေါက်၍ယူလာရသည်။ဘယ်မှာစားရမည် မသိသေး။
မူလတန်းတုန်းကလို ဈေးသည်၏မုန့်ဗန်းပါတ်လည်တွင် ထိုင်စားနေကြသည်ကို မတွေ့ရ။မြို့ကျောင်းက တစ်မျိုး။
 မဝယ်ရဲသေး။ခဏ အကဲခတ်ပြီးမှ။
မုန့်ထုတ်ကိုယူ၍ အားကစားရုံ(ယခု ဒေါ်ပိုက်မိခန်းမ)သို့ ဝင်လိုက်သည်နှင့် ကျနော်နှင့်ဘဝတူများကို တွေ့ရလေပြီ။
အားကစားရုံ၏အတွင်းပါတ်လည် နံရံနှင့်တွဲလျက် ထိုင်ခုံတန်းလေးများပေါ်တွင် ထိုင်စားရင်း ကျောင်းသားများကိုကြည့်လိုက် စားလိုက် ကစားနေသူများကို ရယ်လိုက်နှင့် အပန်းဖြေရသည်။
ဆယ်တန်းအောင်သည်အထိ အားကစားရုံသည် ကျနော့် စားရိပ်သာ၊အပန်းဖြေရိပ်သာ သာလျင်ဖြစ်တော့သည်။
ကျောင်းတက်ခေါင်းလောင်း ပြန်ထိုးခါနီးမှ ပြန်ခဲ့လေသည်။
အပြန်လမ်းတွင် အောက်ထပ် ဓါတုဗေဒ လက်တွေ့ခန်းနှင့် စက်မှုလက်မှု ခန်း၊အပေါ်ထပ်တွင်မူ စာကြည့်တိုက်တို့ကို ဖြတ်လမ်းမှသာ ငေးကြည့်ခဲ့ရသည်။
‌တစ်နေ့နေ့တော့ ဒီအခန်းတွေမှာ လေ့လာခွင့်၊သင်ယူခွင့် ရဦးမည်ဟု တွေးလျက်နှင့် ပျော်နေမိပါတော့သည်။
 ( ရနိုင်သမျှ ပုံအဟောင်းများသာအသုံးပြုထားပါသည် )
ချစ်ခြင်းဖြင့်
ဦးအေးစိုးဝင်းဘော်ဒါ၂၀၂၁
Sunday, October 11, 2020
ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 9/10 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 9/10 ) - မျိုးဝင်း
  ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ် သို့ (9)
10-5-2009 မှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကဒ်ကမ်းဘဲလ် နဲ့ အရှေ့အာရှဖစိဖိတိရေးရာ အတွင်းဝန်အဖွဲ့ဟာ မြန်မာပြည်ကို ရောက်လာပါတယ် ။ သူတို့က ဦးသန်းရွှေ နဲ့ တွေ့ဆုံခွင့်တောင်ဆိုပေမယ့် အညာသားက အဖက်လုပ်ပြီး မတွေ့ပဲ ပြန်ုကြားရေးဝန်ကြီး ဦးကျော်ဆန်း နဲ့ ပဲ တွေ့ခွင့်ရခဲ့ပါတယ် ။
ကမ်းဘဲလ်တို့က နေအိမ်အကျယ်ချုပ်ကျနေသူ ဒေါ်စုကြည်နဲ့တွေ့ဖို့ တောင်းဆိုလို့ ဒေါ်စုကြည်သာမကဘူး NLD CEC တွေနဲ့ပါ နိုင်ငံတော်ဧည့်ရိပ်သာမှာ ပေးတွေ့ခဲ့ပါတယ် ။ ဦးဝင်းတင်က စစ်အစိုးရကို ယခုထက်ပို၍ ခပ်စပ်စပ်လေး ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ ကမ်းဘဲလ်ဟာ အခြားနိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပြီး ၂ ရက်နေသွားပါတယ် ။
ရန်ကုန်ရှိ အမေရိကန်သံရုံးမှာ ကမ်းဘဲလ်က " အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုအား ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း " ပြောသွားပါတယ် ။
အပြန် ဘန်ကောက်ရောက်တော့
"ဂုဏ်သိက္ခာမဲ့သော မြန်မာစစ်အစိုးရနှင့် ဆက်ဆံရသည်မှာ များစွာစိတ်ပျက်ဖွယ်ကောင်းကြောင်း ၊ အပြစ်ကင်းစင်သည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မတရားဖိနှိပ်ချုပ်ခြယ် ဖမ်းဆီးခံထားရသော်လည်း စစ်ခေါင်းဆောင်များအပေါ်ခွင့်လွှတ်နေသည်ကို အံ့သြဖွယယ်တွေ့မြင်ရကြောင်း "
ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ် ။ ကမ်းဘဲလ်ရဲ့ မြန်မာပြည်ခရီးဟာ စစ်အစိုးရနဲ့ အပြုသဘောဆောင် ဆက်ဆံဖို့ မဟုတ်ပါဖူး ။ အတိုက်အခံပါတီကို အားပေးအားမြှောက်လာရင်း စစ်အစိုးရကို သတိပေးချင်လို့ လာတာပါ ။
ဘာကို သတိပေးချင်တာလည်းဆိုရင် အမေရိကန်ရဲ့ ဗဟိုပြုမူဝါဒ အရွှေ့ကို ပြောမှ ရှင်းသွားပါတယ် ။ 2000 ပြည့်နှစ်အပြီး 21 ရာစုထဲ ဝင်လာတော့ အမေရိကန်ရဲ့ အရှေ့လယ်ပိုင်း ဗဟိုပြုမူဝါဒ ကနေ အရှေ့အာရှ ပစိဖိတိ ဗဟိုပြုမူဝါဒသို့ စိတ်ဝင်စားလာလို့ ဖြစ်ပါတယ် ။
21 ရာစုမှာ အမေရိကန်ကို ယှဉ်ပြိုင်လာနိုင်မယ့် တရုတ်ပြည်ကို နီးကပ် ထိမ်းချုပ်နိုင်ဖို့ အာရှ ပစိဖိတ် ဒေသကို မဏ္ဍိုင်ပြုဖို့ ဆုံးဖြတ်ကြပါတယ် ။
တရုတ်ကို အနီးကပ်စောင့်ကြည့်နိုင်ငံ မြန်မာနိုင်ငံ ဟာ အမေရိကန်အတွက် အရေးပါလာပါပြီ ။ ယခုလို ကမ်းဘဲလ် လာခဲ့တာဟာ တရုတ်က ပါတီပေါ်လစ်ဗျူရို ၉ ဦး မှ နံပါတ် ၃ အဆင့်ရှိသူ ဝမ်းကျားပေါင် မြန်မာပြည်ခရီးစဉ်လာရန် ရှိတဲ့အတွက် အမေရိကန်က ကြိုလာတာပါ ။
ဝမ်ကြားပေါင်ဟာ 2003 မှ 2013 ထိ 10 နှစ်အတွင်း တရုတ်အစိုးရရဲ့ အထက်မြက်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသူ ဆရာကြီးဖြစ်ပါတယ် ။ TIME ရဲ့ 2000 နှစ်အတွက် Wen's World အဖြစ် သတ်မှတ်ပြီး သြဇာကြီးသူ သတ်မှတ်တဲ့ အဆင့်မှာလည်း အိုဘားဗားရှေ့က နေရာယူထားသူဖြစ်ပါတယ် ။
ကမ်းဘဲလ်က ဝမ်ရဲ့ အရင်လာတယ်အတိုက်အခံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး မြှောက်ပေးခဲ့တယ် ။ ဒါတွေဟာ စစ်အစိုးရအနေနဲ့ ဝမ်ကြားပေါင်လာချိန်မှာ တရုတ် နဲ့ နီးကပ်စွာ ဖက်ကင်းတလဲမဆက်ပါနဲ့ အဲလိုလုပ်ရင် ငါတို့အမေရိကန်တွေက တိုက်အခံ NLD ပါတီကို အားပေးမယ်လို့ ဖိအားပေး ခြိမ်းခြောက်တာပါ ။
ကမ်းဘဲလ်က ဘယ်လိုပဲ ခြိမ်းခြောက်နေပါစေ ဦးသန်းရွှေကတော့ အရေးလုပ် စဉ်းစားမနေပဲ သူလုပ်စရာရှိတာကို သူဘာသာ ခရီးရောက်အောင် စိတ်အေးလက်အေး ဆောင်ရွက်နေပါတယ် ။
အဲလို အေးဆေးနေရတာ အကြောင်းရှိပါတယ် ။ အညာသားကြီးရဲ့ကံဇာတာတက်ချင်တော့ သူ့အတွက် အမေရိကန်ကို အကြပ်ပြန်ကိုင်ရမယ့် ဘုရားပေးတဲ့ လက်ဆောင်ရထားပြီလေ ။
အဲဒါကတော့ အားလုံးသိထားတဲ့ အမေရိကန် ရေကူးချန်ပီယံ ဂျွန်ယက်တောပဲ ဖြစ်ပါတယ် ။ 4-5-2009 မှာ ယက်တောကြီးက အင်းယားကန်ထဲကနေ ဒေါ်စုကြည်ခြံထဲကို ရေကူးဝင်လာပါတယ် ။ အင်မတန်ပင်ပန်းလှတဲ့ အတွက် ၂ ညအိပ် ၃ ရက် အနားယူရပါတယ် ။
6-5-2009 မှာ ပြန်အထွက်မှာ အစောင့်တွေက ဖမ်းပါတော့တယ် ။ ယက်တောကို စစ်ဆေးတော့ ရူးချင်ယောင်ပြီး တောပြောတောင်ပြော ပြောနေပါတယ် ။ ထိုအချိန်က ယက်တောဟာ အသက် 52 နှစ် ဒေါ်စုကြည်က 60 ရှိပါပြီ ။
ဦးသန်းရွှေကတော့ ရူးချင်ယောင်ဆောင်နေတဲ့ ယက်တောကို ထောင် ၇ နှစ် အရူးကို ဖွက်ပေးထားတဲ့ ဒေါ်စုကြည်ကို တနှစ်ခွဲ အကျယ်ချုပ် နဲ့ နှပ်ထားလိုက်ပါတယ် ။
21-7-2009 မှာ ဟီလာရီကလင်တန်က အာဆီယံ အစည်းအဝေး မှာ မြန်မာစစ်အစ်ုးရအနေနဲ့ နျူကလီးယား နည်းပညာတွေ ရယူဖို့ လုပ်ဆောင်နေတာ ရပ်ဆိုင်းဖို့ မြောက်ကိုးရီးယားနဲ့ အဆက်အသွယ်မလုပ်ဖို့ ခြိမ်းခြောက်ပါတယ် ။
အမေရိကန်တွေဟာ တရုတ်နဲ့ မြန်မာဆက်ဆံရေးကို ကန့်သတ်ဖို့ ၊ နျူအကြောင်းပြဖိအားပေးဖို့ နဲ့ ဒေါ်စုကြည်ကို အကျယ်ချုပ်က လွှတ်ပေးပြီး လွှတ်တော်ထဲ သွင်းကာ အာဏာရစေဖို့ အကွက်ရွှေ့နေတာကို ဘရွှေကြီးက နားမလည်တဲ့ ပုံစံနဲ့ ထုံပေပေလုပ်ပြီး ဘာတခုမှ မတုန့်ပြန်ခဲ့ပါဘူး ။
အမေရိကန်တို့ဟာ တရုတ်ကို အနီးကပ်ထိမ်းချုပ်ဖို့ ဒေါ်စုကြည် အစိုးရ ဖြစ်မှ အဆင်ပြေမှာမို့ ဒေါ်စုကြည်ကို လွှတ်တော်ထဲ ရောက်ဖို့ ဖိအားပေးနေတာ သိနေတဲ့ ဦးသန်းရွှေဟာ သူ့အိတ်ထဲကဖား ဒေါ်စုကြည်ကို ဒီအတိုင်း ပဲ ကြည့်နေပါတယ် ။
ဦးသနိးရွှေ ဇာတာတက်ပြီး စိတ်တိုင်းကျ ကစားနိုင်ဖို့ ယက်တောဆိုတဲ့ အမေရိကန်ဖားကြီး ကားကနဲ ထပ်ရောက်လာတော့ ဘရွှေတို့ ပြုံပန်းဝေဆာ ဖြစ်ရလေပြီ ။
အမေရိကန် အစိုးရတိုင်းဟာ American is the first ဆိုတာကို အလွန်ဂုဏ်ယူကြလေ့ ရှိပါတယ် ။ အမေရိကန်နိုင်ငံသားတွေ အခြားဘယ်နိုင်ငံမှာပဲ ဒုက္ခရောက်နေပါစေ ကူညီပြီး အမေရိကန်ကို ပြန်ခေါ်ရမယ်ဆိုတဲ့ မူပေါ့ ။
ဒီတော့ ရေကူးချန်ပီယံကြီးကို ပြန်ရအောင်ခေါ်ဖို့ အမေရိကန် သမ္မတ အိုဘားမား ရဲ့ တာဝန်ဖြစ်သွားရပါပြီ ။ ဒီတော့ အမေရိကန်လွှတ်တော်မှာ သြဇာကြီးတဲ့ ဆီနိတ်တာ Jim Webb ကို မြန်မာပြည်လွှတ်ပြီး ထောင် ၇ နှစ် ကျနေတဲ့ ယက်တော လွတ်မြောက်ရေးအတွက် ကြိုးစားရပါပြီ ။
Jim Webb ဟာ 14-8-2009 မှာ ရောက်လာပြီး စစ်အစိုးရရဲ့ တွေရန်ခက်ခဲလှတဲ့ ခေါင်းဆောင် ဦးသန်းရွှေ နဲ့ တွေ့ခွင့်ရခဲ့တာ ထူးခြားမှု တခုပါပဲ ။ သူတို့ နှစ်ယောက်ဘာတွေ ဆွေးနွေးသဘောတူကြတယ် မသိပါဘူး Jim Webb ပြန်တော့ ထောင်ထဲက ယက်တောပါ ပါသွားလေရဲ့ ။
Jim Webb ဟာ 15-8-2009 မှာ ဒေါ်စုကြည်နဲ့ အင်းယားလိတ်ဟိုတယ်မှာ 45 မိနစ်ကြာ တွေ့ဆုံသွားရပါတယ် ။
18-8-2009 မှာ Jim Webb ဟာ ဘန်ကောက်လေဆိပ်မှာ သတင်းထောက်တွေကို " နေပြည်တော် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရတာ အောင်မြင်ကြောင်း နှင့် နအဖ အစိုးရရဲ့ အပြုသဘောဆောင်သည့် ဒီမိုကရေစီကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်း " ထူးဆန်းစွာ ပြောသွားပါတယ် ။
ဘရွှေရဲ့ ဆွေးနွေးတောင်းဆိုမှုဟာ ဒါနဲ့ ရပ်မသွားပါဘူး ။ အမေရိကန်လွှတ်တော်မှာ ဥပဒေသစ် ၃ ခု ပြဌာန်းအတည်ပြုအောင် အဆိုတင်သွင်းခဲ့တဲ့ သြဇာကြီး အမတ် Jim Webb ဟာ 25-8-2009 မှာ နယူးရော့တိုင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော် မှာ
" ကျွနုပ်တို့ လျစ်လျူမရှုနိုင်တော့သည့် မြန်မာ"
ဆိုတဲ့ ခေါင်းစဉ်နဲ့
"မြန်မာအားဒီအတိုင်းပစ်ပယ်ထားပါက တရုတ်ဖက်သို့ ပိုမိုနီးကပ်သွားပြီး တရုတ်၏ သြဇာခံဖြစ်သွားမည်ဖြစ်ရာ ဒေသတွင်းတည်ငြိမ်ရေး တဖက်စောင်းနင်းဖြစ်ကာ အန္တရာယ်များပါကြောင်းနှင့် အတိုက်အခံပါတီအပေါ် စစ်ခေါင်းဆောင်များက လိုလားနှစ်သက်မှု မရှိသလို တရုတ်ကလည်း အလားတူ သဘောထားနေပါကြောင်း " ရေးသားခဲ့ပါတယ် ။
{ သူဆိုလိုတာကတော့ စစ်အစိုးရကို တရုတ်ဖက် ရောက်မသွားစေရန် အမေရိကန်က ကူညီစေဖို့ နဲ့ စစ်အစိုးရ မနှစ်သက်တဲ့ အတိုက်အခံကို မထောက်ပံ့တော့ဖို့ ပြောတာပါပဲ}
အဲဒီလို Jim Webb ရဲ့ တိုက်တွန်းမှုကတကြောင်း အမေရိကန်ရဲ့ Pivotal diplomacy အရ လည်းကောင်း အိုဘားမားရဲ့ အစိုးရဟာ မြန်မာအပေါ် သဘောထား ပျော့ပျောင်းစွာနဲ့ ညင်သာစွာ ချည်းကပ်ဖို့ မူဝါဒ ပြောင်းရပါတော့တယ် ။
ဒီနေရာမှာ အမေရိကန်တွေက pivotal သုံးဖို့ ကြံစည်အကွက်ပြောင်းတုန်း ရှိပါသေးတယ် ။ အညာသားကြီးက အဲဒီ Povital ကို Jim Webb နဲ့ တွေ့ဆုံ ဆွေးနွေးချိန်မှာပဲ သုံးခဲ့ပြီး ဖြစ်ကြောင်း တွေ့ရပါတယ် ။
ဦးသန်းရွှေဟာ ယက်တော ၊ ဒေါ်စုကြည် နဲ့ မြောက်ကိုရီးယား နျူတွေကို Povit ထားပြီး နိုင်ငံရေးကစားသွားလို့သာ သူလိုချင်တဲ့ စစ်တပိုင်း အစိုးရကို ၂၀၁၀ မှာ ဒေါ်စုကြည်မပါပဲ အနှောက်အယှက်မရှိ သာသာယာယာ ဖွဲ့စည်းပေးနိုင်ခဲ့တာပါ ။
ဦးသန်းရွှေအတွက် အမေရိကန်ဆီက ဒေါ်စုကြည်နဲ့ ပါတ်သပ်တဲ့ ဖိအားတွေကို ဖယ်ရှားပြီးနောက် အရေးကြီးတဲ့ ကိစ္စတခု ဆုံးဖြတ်ရပါတော့မယ် ။ အဲဒါကတော့ သူနားပြီးတဲ့ နောက်မှာ တပ်မတော်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချ အပ်ထားရမလဲဆိုတဲ့ ပြဿနာပါပဲ ။
သာမန်အားဖြင့် ဒု ချုပ်ကို လွှဲအပ်ရမှာ ဖြစ်ပေမယ့် ဦးသန်းရွှေက အရက်အလွန်အကျွံသောက်တတ်တဲ့ ဦးမောင်အေးကို စိတ်မချပါဘူး ။ ဒါကြောင့် သူနဲ့ အတူနားစေဖို့ ဆုံဖြတ်ထားပြီး အခြားဆက်ခံသူရှာနေတာပါ ။
ပထမတော့ နံပါတ် ၃ သူရရွှေမန်းကို လျှာထားခဲ့ပုံပါပဲ ။ နီးစပ်သူအသိုင်းအဝိုင်းများက ပြောဆိုနေကြပေမယ့် ဦးသန်းရွှေနှုတ်ကတော့ တခါမှ မပြောဖူးဘူးလို့ ကြားသိရပါတယ် ။ အဲဒီလျှာထားမှုဟာ တရားဝင်ဟုတ်ပေမယ့် ပယ်ဖျက်မှုကတော့တရားဝင်ဖြစ်သွားပါတယ် ။
2009 မေလ မှာ သူရရွှေမန်းရဲ့ ပြုံယမ်းခရီးစဉ် ပေါက်ကြားမှုကြီးကြောင့် နိုင်ငံတကာမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံခဲ့သူ အဖြစ် အမည်ပျက်နေလို့ သူရရွှေမန်းသာ တပ်ချုပ်ခန့်လိုက်လျှင် မကြာခင် ကျင်းပပေးမယ့် ရွေးကောက်ပွဲ မှာ အယုံအကြည်နည်းသွားလိမ့်မယ် လို့ အကြောင်းပြပါတယ် ။
နောက်တချက်က ဦးရွှေမန်း သားဟာ ဦးခင်ရွှေ သမီးနဲ့ လက်ထပ်ပြီး စီးပွါးရေးအုပ်စုတွေ ထူထောင်ကာ သောင်းကျန်းနေလို့ သူရရွှေမန်းသာ တပ်ချုပ်ဖြစ်သွားရင် တိုင်းပြည်ရော တပ်မတော်ရော အပျက်ဖက် ဦးတည်သွားနိုင်တယ်လို့ ယူဆတာလည်း ပါနေပြန်ပါတယ် ။
( ပြုံယမ်းခရီးစဉ် ပေါက်ကြားမှု မဖြစ်ခဲ့လျှင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်)
ဦးသန်းရွှေဟာ တပ်ချုပ်လောင်းလျှာ စာရင်းတွေယူပြီး စစ်ရုံးသို့ခေါ်ပြီး သူကိုယ်တိုင်တာဝန်ပေးကာ အနီးကပ်စောင့်ကြည့် လေ့လာအကဲခတ်ပါတယ် ။
တစ်နှစ်လောက်ကြာမှ တပ်ချုပ်လောင်းစာရင်းထဲက ရခတ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ကို လျှာထားအတည်ပြုကြောင်း စာရင်းထွက်လာပါတယ် ။
လျှာထားအတည်ပြုစာရင်းထွက်လာခါရှိသေးတယ် တိုင်းမှူးတွေ နဲ့ ကွပ်ကွဲမှုမှူး များဟာ ဗိုလ်ချုပ်မြင့်အောင်ထံ အလုအယက် ဂါကြရာ ဦးသန်းရွှေသိသွားပြီး စိတ်ဆိုး၍ ပယ်ဖျက်လိုက်ပါတယ် ။
ပြီးတော့ ချွေးသိပ်တဲ့အနေနဲ့ အစိုးရသစ်မှာ ကာကွယ်ရေးဝန်ကြီး ခန့်မယ်လို့ ပြောခဲ့ပေမယ့် ဗိုလ်ချုပ်မြင့်အောင်က လက်မခံပဲ တပ်ကနေ အပြီးထွက်သွားခဲ့ပါတယ် ။
အဲဒီနောက် ဘယ်သူမှ ထင်မှတ်မထားတဲ့ တတိယမျိုးဆက် အရာရှိ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို စီနီယာများအား ကျော်လွန်၍ တပ်ချုပ်ကြီး အဖြစ် လျာထားအတည်ပြုလိုက်ပါတယ် ။
ဦးသန်းရွှေဟာ ရွေးကောက်ပွဲနီးလာလေ အလု့ပ်ပိုလုပ်လေ ဖြစ်နေပါတယ် ။ ပြည်ပခရီး ထွက်ခဲလှသော ဦးသန်းရွှေဟာ တရုတ် မြန်မာ သံဆက်သွယ်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ 4-9-2010 ကနေ 7-9-2010 ထိ ၄ ကြာခရီးကို ထွက်ခွါလာခဲ့ပါတယ် ။
တကယ်တန်းကျတော့ တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ လာတွေ့တာပါ ။ ဦးသန်းရွှေနဲ့အတူ ဗိုလ်ချုပ်မင်းအောင်လှိုင်လည်း ပါခဲ့ပါတယ် ။ သူကိုယ်တိုင် တရုတ်ကို လာရတဲ့ အကြောင်းက
- ရွေးကောက်ပွဲကို တရုတ်က အသိအမှတ်ပြု ထောက်ခံပေးဖို့
- တရုတ်မြန်မာ နယ်စပ်ရှိ လက်နက်ကိုင်တွေအရေးကို ညှိနှိုင်းဖြေရှင်းပေးရတော့မယ့် တပ်ချုပ်အသစ် ကို တရုတ်သမ္မတနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ပါတယ် ။ ဦးသန်းရွှေ အကြောင်းသိနေတဲ့ CNN သတင်းဌာနကတော့ "မြန်မာခေါင်းဆောင် တရုတ်ထံက ဘာလိုချင်သလဲ" ဘာညာ နဲ့ ကလိပါသေးတယ် ။
အပြန်ခရီးမှာ ဝမ်ကြားပေါင်က ပါတီ နဲ့ အစိုးရ ပူးတွဲချိတ်ဆက်မှုဟာ အရေးကြီးကြောင်း အကြံပေးပါတယ် ။ ကဲ ဦးသန်းရွှေ တယောက် 2010 ရွေးကောက်ပွဲကို ဘယ်လို လုပ်ပေးမလဲ ? ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ စီနီယာတွေကို ဘယ်လိုထိမ်းမလဲ ဆိုတာကတော့ ,,,,,,,,,,,,,,,,,,,,,?
ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ် သို့ (10)
ဦးသန်းရွှေ တရုတ်ပြည်ကို ကိုယ်တိုင်သွားပြီး ဘာတွေ ပြောခဲ့သလဲဆိုတော့ ဒေါ်စုကြည်ဟာ အနောက်အုပ်စုထောက်ပံ့ပေးနေတဲ့ အနောက်ယိမ်းဒီမိုသမား ဖြစ်ကြောင်း ၊ အကယ်၍ သူမသာ 2010 မှာ အာဏာရသွားခဲ့လျှင် တရုတ်ရဲ့ အနောက်တံခါး လှေခါးခုံမှာ ဒီမိုအုပ်စုကြီး ရောက်လာပြီး တရုတ်ကို အနီးကပ်စောင့်ကြည့်နေတော့မည် ဖြစ်ကြောင်း ၊ ဒါကြောင့် 2010 မှာ သူ့ရဲ့ စစ်တပိုင်းအစိုးရ အာဏာရရန် အရေးကြီးကြောင်း နဲ့ သူ့တို့ကို တရုတ်က 2010 ရွေးကောက်ပွဲမှာ ထောက်ခံပေးဖို့ လိုကြောင်း တရုတ်ကို ဒီမိုသရဲ နဲ့ ခြိမ်းခြောက်ပါတယ် ။
အဲဒါကြောင့် တရုတ်အစိုးရ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး ဂျန်ယု က
"စစ်အစိုးရ ပြုတ်ကျသွားလျှင် တိုင်းပြည်ရဲ့တံခါးပေါက်လှေခါးခုံမှာ အနောက်ကို မှီမယ့် ဒီမိုကရေစီ အစိုးရကို အစားထိုးမလား ဘာလား ဆိုတာ တရုတ်ခေါင်းဆောင်တွေကြား တိတိကျကျမရှိသေးပါဘူး "
ဆိုပြီး သံတမန်စကား နဲ့ ဦးသန်းရွှေကို ထောက်ခံလိုက်ပါတယ် ။ ဒီလိုနဲ့ ဦးသန်းရွှေဟာ တရုတ်ကို ဒီမိုသရဲနဲ့ခြောက်လိုက် ၊ ရေနံပိုက်လိုင်း စီမံကိန်း ၊ လက်ပန်းတောင် စီမံကိန်း ၊ မြစ်ဆုံစီမံကိန်းတွေ နဲ့ ချော့လိုက်နဲ့ ဆွဲဆောင်လိုက်တာ တရုတ်အစိုးရက 2010 ရွေးကောက်ပွဲကို ထောက်ခံပေးမယ်လို့ ကတိပြုလိုက်ရပါတော့တယ် ။
ဦးသန်းရွှေဟာ အမေရိကန်ကိုလည်း ရေကူးချန်ပီယံ ဖားကြီး ၊ မြောက်ကြီးရဲ့ နျူတွေ နဲ့ ဂျင်းထဲ့ပြီး Jim Webb ကနေတဆင့် ခါးပိုက်ထဲ ထည့်ထားနိုင်ပြီဆိုတော့ ရှေ့သွားရမယ့်လမ်း ဖြောင့်တန်းသွားပေပြီ ။
ဦးသန်းရွှေဟာ 2010 ရွေးကောက်ပွဲကနေ တက်လာမယ့် စစ်တပိုင်းအစိုးရသည်
သူခင်းတဲ့လမ်းအတိုင်း လျှောက်လှမ်းရန် ၊ နိုင်ငံတကာကလည်း လေးစားအသိအမှတ်ပြုရန် ၊ ဒီမိုကရေစီစနစ်ကိုလည်း အမှန်အကန် ဖော်ဆောင်နိုင်ရန် ရည်မှန်းပြီး လုပ်ဆောင်နေပါတယ် ။
သူဟာ ထင်မထားအောင် လည်လွန်းသူဖြစ်ပြီး အနောက်အုပ်စုက ကြောင်လက်သည်း လို့ အမည်ပေးရလောက်အောင် ခန့်မှန်းရခက်လှပါတယ် ။ ကမ္ဘာလှည့်ပြီး လူလည်ကျနေတဲ့ အမေရိကန်တွေတောင် ထူထူပိန်းပိန်း အညာသားပုံစံနဲ့ ဦးသန်းရွှေရဲ့ လှည့်ကွက်တွေမှာ ဒီမိုကရေစီတိုက်ကွက် ပျောက်အောင် လုပ်နိုင်ခဲ့ပါတယ် ။
အခုတော့ အမေရိကန်ရော တရုတ်ကိုပါ စည်းရုံးထားနိုင်ပြီ ဖြစ်လို့ နိုင်ငံရေးကစားကွက်ကို သူစိတ်ချသွားပါပြီ ။ သူတကယ်စိတ်မအေးသေးတာက 3 rd generation ဗိုလ်ချုပ်မင်းအောင်လှိုင် ( DSA 19) အား တပ်ချုပ် ခန့်ထားခြင်းအပေါ် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ ။
သူ့တုန်းကလည်း အလိုပဲ စီနီယာဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်တို့ ဗိုလ်ချုပ်ကျော်ဘတို့ နဲ့ ဖြစ်ခဲ့ဖူးလို့ အခု အဲလိုမဖြစ်အောင် စီစဉ်ပါတယ် ။
စီနီယာ ဗိုလ်ချုပ်ကြီး ၈ ဦးကို တပ်ကနေအနားပေးလိုက်ပါတယ် ။ သူရရွှေမန်း နဲ့ ရှစ်လုံးကြီးကို ပါတီဖက် ရွှေ့လိုက်ပါတယ် ။ အဲလိုနဲ့ တပ်ဖက်ကို စိတ်ချအောင် စီစဉ်ပေးပြီးမှ ပါတီဖက် ပြန်လှည့်နိုင်ပါတော့တယ် ။
ဦးသန်းရွှေဟာ ကြံ့ခိုင်ရေးပါတီ ထူထောင်ထားပေမယ့် သူအဓိကထားတာ တပ်ပဲဖြစ်ခဲ့ပါတယ် ။ ပါတီကို မည်ကာမတ္တဆင့်ပဲ လုပ်ခဲ့တာပါ ။ သူဟာ မဆလ ခေတ်တုန်းက Politician ဖြစ်ခဲ့ပေမယ့် ၈၈ မှာ သန်းနဲ့ချီတဲ့ ပါတီဝင်တွေရဲ့ ဖောက်ပြန်မှု ကိုယ်ကျိုးကြည့်မှုကြောင့် ပါတီ တို့ ကေဒါတို့ဆို မကြားချင်လောက်အောင် မုန်းတီသူဖြစ်ပါတယ် ။
ဒါပေမယ့် စစ်ဖက်ရော နိုင်ငံရေးရော နားဖို့ ဆုံးဖြတ်ထားတော့ ပါတီ နဲ့ အစိုးရအဖွဲ့မှာ နေရာပေးဖို့ သူဆုံးဖြတ်ရပါပြီ ။ ဦးရွှေမန်းဟာ တပ်ချုပ်မဖြစ်ရလို့ မကျေမနပ်ဖြစ်နေပြီး အစိုးရဖွဲ့လျှင် သမ္မတနေရာ မှန်းထားမှန်း ဦးသန်းရွှေ ကောင်းစွာ သိပါတယ် ။
လူသည်ဖောက်ပြန်တတ်သော သဘော ရှိတယ်ဆိုတဲ့ အညမည သဘောတရားကို ဦးသန်းရွှေသိပါတယ် ။ တပ်ချုပ်နေရာမရလို့ မကျေနပ်တဲ့သူကို နိုင်ငံရေးပါဝါ အမြင့်ဆုံး သမ္မတနေရာ ပေးလိုက်ရင် သူ့ရဲ့ တပ်ချုပ်အသစ်လေး နဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီး သမ္မတကို သူမထိမ်းနိုင်ရင် တိုင်းပြည်နစ်နာမှာ တွေးမိလို့ ပယ်ချခဲ့ပြန်ပါတယ် ။
မကျေမနပ် ဖြစ်နေမယ့် ဦးရွှေမန်းအတွက် အသင့်တော်ဆုံးကတော့ သမ္မတကို ထိမ်းချုပ်စောင့်ကြည့်နိုင်မယ့် လွှတ်တော်ဥက္ကဌ ရာထူးက သင့်တော်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။
ထို့နောက် သမ္မတအဖြစ် စာတတ်ပေတတ် ရဟန်းလူထွက် လူရိုးကြီးရဲ့ သားဖြစ်သူ ၊ သားသမီးတွေထဲမှာလည်း စီးပွါးရေးလုပ်ငန်းမလုပ်တဲ့သူ ၊ ကိုယ်တိုင်လည်း လောဘရမ္မက်နည်းပြီး နုညံ့သိမ်မွှေ့ ရိုးသားလှတဲ့ ဦးသိန်းစိန်ကို ရွှေးချယ်ပါတယ် ။
ပြီးတော့မှ တပ်ချုပ်အသစ် သမ္မတအသစ် လွှတ်တော်ဥက္ကဌအသစ်တို့ရဲ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပွတ်တိုက်မှုတွေကို ထိမ်းညှိပေးနိုင်မယ့် အမျိုးသားလွှတ်တော် ဥက္ကဌနေရာမှာ သူနဲ့ သဘောထားခြင်း တိုက်ဆိုင်တူညီတဲ့ ဦးခင်အောင်မြင့်ကို ခန့်ထားလိုက်ပါတယ် ။
ထို့နောက် UEC ဥက္ကဌအဖြစ် ဦးသိန်းစိုးအား တာဝန်ပေးပြီး 2010 ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပပေးပြီး အစိုးရ သစ်ထံ ညင်သာစွာ အာဏာလွှဲပြောင်းပေးခဲ့ပြီး စိတိအေးလက်လေး နဲ့ အညာသားကြီး စာအုပ်ဖတ်နေနိုင်ပြီ ဖြစ်ပါတယ် ။
နှစ်ပေါင်းများစွာ ပွတ်တိုက်မှုများခဲ့ရတဲ့ NLD ကို အာဏာချက်ခြင်း လွှဲပြောင်းပေးခဲ့ရရင် ညင်သာတဲ့ အရွှေ့မဖြစ်ပဲ တိုင်းပြည်အတွက် မုန်တိုင်းထန်နိုင်ပါတယ် ။
2011 မှာ အာဏာရယူခဲ့တဲ့ ဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပ ဖိအားများကြောင့် မြစ်ဆုံ စီမံကိန်းကို ရပ်တံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဒီလုပ်ရပ်ကြောင့် ပြည်တွင်းထောက်ခံမှု ရခဲ့ပေမယ့် ဘေးထွက်ဆိုကျိုးတွေ တသီကြီး တွေ့လာရပါပြီ ။
မြစ်ဆုံနားတော့ CPI ကလည်း တရုတ်အစိုးရကို ဘဏ်တိုးဆိုင်ငံ့ဖို့ပြော ၊ တရုတ်အစိုးရက လည်း ပြန်လုပ်ဖို့ ဂျီကြနဲ့ အမျိုးမျိုးကြိုးစားပေမယ့် ဦးသိန်းစိန်က သူ့သက်တမ်းမှာ မလုပ်နိုင်ဘူးလို့ ပြတ်သားစွာ ပြောလိုက်ပါတယ် ။
ဒီတေါ့ တရုတ်က ပထမဆုံး နယ်စပ်ကနေ ဆန်ဝယ်ခွင့်ပိတ်လိုက်ပါတယ် ၊ နောက် တရုတ်ထဲခိုးဝင်နေတဲ့ မြန်မာတွေကို ဖမ်းပြီးထောင်ချတယ် ။ နောက်ဆုံးအဆင့် သူပုန်တွေကို နောက်ဆုံးပေါ်လက်နက်တွေ တပ်ဆင်ပေးပြီး တိုက်ခိုင်းပါတယ် ။
တိုက်ပွဲအစ ပထမ သုံးလ မှာပဲ တပ်မတော်ဖက်က 126 ယောက်ကျဆုံးပြီး 359 ယောက် ဒဏ်ရာရခဲ့ ပါတယ် ။ သူတို့ဖက်က ထုတ်ပြန်တာတော့ သူပုန်တွေ 90 ကျပြီး 200 ဒဏ်ရာရသတဲ့ ။
ဖြစ်စဉ်ကို ပြန်သုံးသပ်တော့ လက်နက်ငယ် စွမ်းရည် ကွာနေပါတယ် ။ အထူးသဖြင့် SINIPER တွေကြောင့် အကျအဆုံးများခဲ့ရတာ တွေ့ရပါတယ် ။ ထိုအချိန်က မြန်မာ့တပ်မတော်မှာ Siniper မသုံးသေးပါဘူး ။ ဒါကြောင့် ဗွေဆော်ဦး ကာလတွေမှာ KIA MNDAA တို့နဲ့ တိုက်လိုက်တိုင်း အကျအဆုံးများခဲ့ရတာပါ ။
2009 လောက်ကိုင်တိုက်ပွဲတုန်းက ၂၇ ရက်အတွင်း ချေမှုံးနိုင်ခဲ့ပေမယ့် ယခုတော့ ပြောင်းပြန်ဖြစ်ရလေပြီ ။ အဓိကဇစ်မြစ်ကတော့ တရုတ်အစိုးရရဲ့ ကြီးမားသော အထောက်အပံ့တွေကြောက့်ပါပဲ ။
အဲဒီချိန်မှာ MNDAA တို့ ကံဆိုးပြီး ဦးသိန်းစိန် ကံကောင်းစေမယ့် ကိစ္စတခု ဖြစ်လာပါတယ် ။ အဲဒါကတော့ ဝိုင်းမော်နယ်ထဲက သစ်ခိုးထုတ်နေတဲ့ တရုတ် ၁၅၀ နဲ့ ယာဉ် ယန္တယား ၄၅၅ စီးဖမ်းမိတာပါပဲ ။
တရုတ်အစိုးရက လွှတ်ပေးဖို့ တောင်းဆိုပေမယ့် ဦးသိန်းစိန်အစိုးရက တရုတ်တွေကို ၂ ဦးကလွဲပြီး ကျန်သူအားလုံး ထောင်တစ်သက်ချပစ်ပါတယ် ။ ဒီတော့ တရုတ်တွေလည်း ပျာယာခတ်သွားပါပြီ ။ နာမည်ဆိုးနဲ့ကျော်ကြာနေတဲ့ မြန်မာအကျဉ်းထောင်တွေမှာ ဒီတရုတ်တွေ သေဖို့ပဲ ရှိတယ်ပေါ့ ။
ဒီတေါ့ တရုတ်အစိုးရကလည်း ဦးသိန်းစိန်ကို အပေးအယူလုပ်ပြီး ညှိနှိုင်းရပါပြီ ။ ဒါလိုချင်လို့ တမင် ထောင်တသက် ချပစ်ထားတဲ့ ဦးသိန်းစိန်က
- နယ်စပ်ဆန်အဝယ်ပြန်ဖွင့်ရန်
- တရုတ်ပြည်တွင်း၌ ဖမ်းထားသော မြန်မာများအား ပြန်လွှတ်ပေးရန်
- MNDAA အားထောက်ပံ့နေသော ငွေကြေး လက်နက် လူသူတို့ကို ဖြတ်တောက်ပေးရန် ဆိုပြီး တောင်းဆိုပါတယ် ။
တရုတ်တွေဟာ မူမနေနိုင်ပဲ အားလုံးလိုက်လျှောပေးပြီး MNDAA ရဲ့ ဘဏ်စာရင်းများကိုပါ ပိတ်ပေးခြင်းဖြင် MNDAA ဟာ တမ်မတော်ထိုးစစ်အောက်မှာ ကျဆုံးသွားရပါတယ် ။ ဦးသိန်းစိန်လည်း တရုတ်တွေကို ၈ ရက်နဲ့ လွှတ်ပေးလိုက်ပါတယ် ။
အဲဒီလို အကြောင်းရင်းကို မသိပဲ တရုတ်သစ်သူခိုးတွေကို ၈ ရက်နဲ့ လွှတ်ပေးခြင်းအား ယနေ့ထိ နိုင်ငံရေးတိုက်ကွက်အဖြစ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ် ။
အဲဒီနောက် မြန်မာ့တပ်မတော်ဟာ ခြေလျှင်တပ်သုံးလက်နက်ငယ်တွေကို အဆင့်မြှင့်ပေးဖို့ လုပ်ဆောင်ပါတော့တယ် ။ တရုတ်ပစ္စည်းများ လုံးဝမသုံးတော့ပဲ ရုရှား ၊ ယူကရိန်း ၊ မြောက်ကိုးရီးယား ၊ ဘရာဇီး ၊ အိန္ဒိယ ၊ ယူဂို အစရှိသဖြင့် ရတတ်သရွှေ့ နောက်ဆုံးပေါ် လက်နက်တွေ ဖြည့်ဆီးပေးခဲ့ပါတယ် ။
အထူးသဖြင့် တရုတ် siniper များထက် သာလွန်ကောင်းမွန်သော siniper များတပ်ဆင်ထားတဲ့ siniper တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ပါတယ် ။ တပ်မတော်ဟာ ခေတ်မှီလက်နက်များ တပ်ဆင်နိုင်ပေမယ့် တပ်သားသစ်စုဆောင်းရာမှာ အခက်တွေ့နေတယ်လို့ ကြားရပါတယ် ။
19-11-2012 မှာ အိုဘားမားလာတော့ ဦးသိန်းစိန်ဟာ "မြန်မာပြည်သူသန်း ၅၀ ကျော်အတွက် ဒီမိုကရေစီရေးအား ကျနော်အမြဲမျက်နှာမူနေပါတယ် "လို့ပြောလိုက်ပါတယ် ။ ဒေါ်စုကြည်ကို 2012 ကြားဖြတ်မှာပဲ လွှတ်တော်ထဲရောက်အောင်ခေါ်နိုင်ခဲ့တာ ခိုင်မာတဲ့ သာဓကပါပဲ ။
ဒီနေရာမှာ ဦးသန်းရွှေ တည်ဆောက်ခဲ့တဲ့ လမ်းတံတား ၊ ဆည်မြောင်း ၊ ကျောင်းဆေးရုံ ၊ ရေအားလျှပ်စစ်စက်ရုံ အစရှိတဲ့ များပြားလှတဲ့ အခြေခံဆောက်အဦးတွေ ၊ ကာကွယ်ရေး အတွက် လှို့ဝှက်လှိုဏ်ခေါင်းပေါင်း ရာပေါင်းများစွာ တူးဖော်ခြင်း ၊ မြေအောက်ကာကွယ်ရေးစက်ရုံများတည်ဆောက်ခြင်း ၊ ထိုင်း နဲ့ ဘင်္ဂလားသို့ ပစ်ခတ်ချေမှုံးနိူင်သည့် တာတို တာလတ်ပစ် IRBM များ ဝယ်ယူခြင်း ၊ နျူစီမံကိန်း အတွက်ကုန်ကျခြင်း အစရှိတဲ့ လုပ်ငန်းတွေ အပြင် ရန်ကုန် မန္တလေး အမြန်လမ်း ၊ နေပြည်တော် လွှတ်တော် အစရှိတဲ့ တည်ဆောက်မှု အကြီးကြီးတွေ အတွက် ဦးသန်းရွှေ ငွေတွေ ဘယ်လိုရှာခဲ့ပါသလဲ ။
ထင်ထင်ရှားရှား သိခဲ့ရတာကတော့ သဘာဓာတ်ငွေ့ လုပ်ငန်းကနေ အများအပြားရရှိခဲ့ပါတယ် ။ ၁၉၉၅ မှာ စမ်းသပ်ပြီး ၁၉၉၈ မှာ ထုတ်လုပ်ခဲ့တဲ့ လုပ်ငန်းကနေ အစိုးရက 15 % အချိုးကျရရှိခဲ့ပါတယ် ။ 2001 မှ 2006 အထိ US$ 9 ဘီလီယံခန့် သဘာဝဓါငွေ့ကနေ ရခဲ့ပါတယ် ။
အဲဒီကာလတွေက လှို့ဝှက်လှိုဏ်တွေနဲ့ နျူကိစ္စတွေအတွက် ပြုံယမ်းနဲ့ ကျိတ်ပြီး ခိုးလုပ်နေရပါတယ် ။ အဲဒီ MOGE က တရားဝင် ရထားတဲ့ ဒေါ်လာ ၉ ဘီလီယံကို ရသုံးစာရင်းမှာ မှန်တိုင်း ဖော်ပြလိုက်ရင် လှို့ဝှက်လက်နက်ဝယ်တဲ့ ကိစ္စပေါ်သွားနိုင်ပါတယ် ။ ( ငွေသုံးစာရင်းကို ကြည့်ပြီး ဘာလက်နက်တွေဝယ်တယ်ဆိုတာ ခန့်မှန်းကြမည်စိုးရိမ်လို့ပါ )
အဲဒါနဲ့ MOGE ကနေရတဲ့ ဖုံးဖိမရတဲ့ ဝင်ငွေကို ဗဟိုဘဏ် ၌ တဒေါ်လာလျှင် ရိ / နှုံးဖြင့် ဖလှယ်၍ သုံးစွဲပစ်ကြောင်း လိမ်ခဲ့ရပါတယ် ။ အဲဒါကိုလည်း ယခုထိ တိုက်ခိုက်နေဆဲပါပဲ ။
ယနေ့ နားမလည်သူတွေပြောနေတဲ့တပ်မတော်က MEC ထောင်ပြီး စီးပွါးရေး လုပ်နေတယ် ဆိုတဲ့ ကိစ္စကို လေ့လာကြည့်ပါ ။ တပ်မတော်ဟာ နိုင်ငံကာကွယ်ရေးအတွက် ရေရှည်စီမံကိန်းတွေအမြောက်အများ ရေးဆွဲ လုပ်ကိုင်နေရပါတယ်။
ဒီမိုကရေစီ အစိုးရများဟာ ဘက်ဂျက်ဖြက်တောက်လိုက်မယ်ဆိုရင် ဒီလုပ်ငန်းတွေ ရပ်တံ့သွားနိုင်ပါတယ် ။ အဲလို အခြေအနေ နဲ့ မကြုံစေရန် ကြိုတင် ပြင်ဆင်ထားတာပါ ။ ဒါတွေကြောင့်လည်း တပ်မတော်ဟာ အင်အားတည်ဆောက်ခြင်းကို အရှိန်မပျက်ဆက်လက်ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ် ။
ခေတ်မှီ ဂျက်တိုက်လေယာဉ်အသစ်များ ၊ ဖရီးဂိတ်သင်္ဘောများတည်ဆောက်ခြင်း ၊ မစ်ဇိုင်းများ ဝယ်ယူခြင်း ထုတ်လုပ်ခြင်း တွေကို တွေ့မြင်နေရတာ တပ်မတော်ရဲ့ အမျှော်အမြင်ပါပဲ ။
ယခု နှစ်လယ်ကမှ တရုတ်ရဲ့ နောက်ဆုံးထုတ် SRBM SY 400 တာတိုပစ်တွေ ဝယ်ခဲ့ပါတယ် ။ ဘယ်သူ့အတွက်လည်း တွေးကြည့်ပါ ။ ဒါမျိုးတွေ ဖြည့်ဆီးနိုင်ဖို့ တည်ထောင်ထားတဲ့ MEC ကို အထင်မလွဲသက့်ပါဘူး ။
ယနေ့တပ်မတော်ရဲ့ အနေအထားဟာ ဘရွှေလက်ထက်ကထက် အများကြီး တိုးတက်နေတာ သေချာပါတယ် ။ အဲလိုတိုးတက်မှုကို လေးစားသလို ဖြစ်ရပ်မှန်တခုကို ပြောပြချင်ပါတယ် ။
ယနေ့လူငယ်သိပ္ပံရှင်ကို အင်တာဗျူးတော့
"ခင်ဗျားတို့လူငယ်တွေက အိုင်းစတိုင်းထက်ပိုတော်တယ် သူမတီထွင်နိုင်တာတွေ ခင်ဗျားတို့ တီထွင်နိုင်ခဲ့တယ်" လို့ ပြောတော့
"အဲလို မပြောပါနဲ့ အိုင်းစတိုင်းက သူ့တွေ့ရှိချက်သီအိုရီတွေနဲ့ သူ့ပုခုံးပေါ်မှာ ကျုပ်တို့ကို ကြည့်ခွင့်ပေးလိုက်လို့ ကျုပ်တို့က သူ့ထက်ပိုပြီး မြင့်မြင်းကနေ ဝေးဝေးထိ မြင်နေရတာပါ " လို့ ဖြေခဲ့ပါတယ် ။
ယနေ့ ကမ္ဘာ့အဆင့် ဘယ်လောက်ကွဆိုပြီး ရင်ကော့ပြောနိုင်တဲ့ မြန်မာ့တပ်မတော်အတွက် ပခုံးပေါ်ထမ်းပေးခဲ့တဲ့ ဦးသန်းရွှေ ၊ ဦးသန်းရွှေအား ပခုံးပေါ်ထမ်းပေးခဲ့တဲ့ ဦးနေဝင်းတို့ ရဲ့ ကျေးဇူးတရားများအား ထာဝရတန်ဖိုးထားသော မြင့်မြတ်သည့် မြန်မာ့တပ်မတော် အဖြစ် အမြဲတမ်းအောင်လံလွှင့်ထူနေရမယ်လို့ ယုံကြည်လေးစား အားကိုးနေပါတယ် ။
မှတ်ချက် ။ ။ အားလုံးသိချင်နေတဲ့ မြန်မာမှာ နျူရှိပြီလားဆိုတဲ့ မေးခွန်းအတွက် ကိုယ်ဘာသာ စဉ်းစားနိုင်ဖို့ ပြောပြပါ့မယ် ။
ခင်ဗျားတို့ဟာ အုန်းသီးကို အလွန်အမင်း စားချင်နေပါတယ် ။ အုန်းသီးအမြဲရဖို့ အုန်းခြံလည်းစိုက်ဖို့ ငွေကြေးကအစ အခြေအနေ အားလုံးပြည့်စုံနေပါပြီ ။ ကဲ မိတ်ဆွေတို့ အရမ်းစားချင် နေတဲ့ အုန်းသီးကို ဝယ်စားလို့လည်း ရနေပါလျှက် မိတ်ဆွေက ကိုယ်စိုက်တဲ့ အုန်းပင်က သီးမှ စားမယ်ဆိုပြီး စောင့်နေမလား အရင်ဦးဆုံး ဝယ်စားထားမလား တွေးကြည့်ပါ ။ 😁😁😁😁😁
စိတ်ရှည်သည်းခံပြီး ဖတ်ရှုအားပေးကြသော မိတ်ဆွေများ ချမ်းမြေ့သာယာပါစေဗျာ ။
( မူရင်းရေးသားသည့်အတိုင်းကူးယူဖော်ပြခြင်းဖြစ်ပြီး မိမိတို.သီးခြားထင်မြင်ချက် ၊ အယူအဆ ၊ အချက်အလက် နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းများ လုံးဝမပါဝင်ပါ )
မူရင်းရေးသားသူ - မျိုးဝင်း
Related ;
ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 1/2 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 1/2 ) - မျိုးဝင်း
ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 3/4 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 3/4 ) - မျိုးဝင်း
ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 5/6 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 5/6 ) - မျိုးဝင်း
ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 7/8 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 7/8 ) - မျိုးဝင်း
 ပြုံယမ်း မှ နေပြည်တော်၏ အနာဂတ် သို့ (7)
2007 ဧပြီလထဲမှာ ရန်ကုန်ရှိ Nikko ဟိုတယ်၌ မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး နဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဒုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးကြပြီး နှစ်နိုင်ငံသံရုံးများ ပြန်လည်ဖွင့်လှစ်ဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ် ။
အနောက်အုပ်စုနဲ့ အမေရိကန်တို့ဟာ တရုတ်ကျောထောက်နောက်ခံ တခုတည်းနဲ့တောင် သူတို့ထိမ်းချုပ်ချင်သလို ဖြစ်မလာတဲ့ ခေါင်းကျောမာသော မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီးတွေကို စောင့်ကြည့်နေဆဲမှာပဲ မြန်မာတွေက ဒီလို ကမ္ဘာ့မီးခဲနဲ့ ပြန်ပြီး ရွှေလက်တွဲပြလိုက်တော့ ဆွေ့ဆွေ့ခုန်လေပြီ ။
ဒီလိုနဲ့ ချုပ်အာဏာပိုင် နိုင်ငံတွေရဲ့ အစိုးရတွေက မာမာချာချာ ရှိနေရကား အနောက်အုပ်စု နဲ့ အမေရိကန်တို့ဟာ မြန်မာဗိုလ်ချုပ်ကြီးတွေ နဲ့ ပြုံယမ်းအပေါ် ယခင်ကထက် တင်းကျပ်စေ့စပ်စွာ စောင့်ကြည့်ခြင်း နှင့် လေသေနတ် နဲ့ ပေါက်ပေါက်ဖောက်ခြင်းတို့လောက်ပဲ လုပ်ပြနိုင်ပါတော့တယ် ။
21 - 7 - 2009 မှာ ဘန်ကောက်၌ ကျင်းပသော အာဆီယံညီလာခံတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က
"မြောက်ကိုရီးယားတို့ထံမှ နျူကလီးယားလက်နက်နည်းပညာများကို မြန်မာသို့တင်ပို့နေခြင်းကို ရပ်ဆိုင်းဖို့ အချိန်ရောက်ပြီ ။ မြန်မာကို နျူလက်နက်ကူညီနေခြင်းသည် မိမိမိတ်ဆွေနိုင်ငံငယ်များကို ခြိမ်းခြောက်နေယုံမက ဒေသတွင်းမှာပါ အန္တရာယ်ရှိနိုင်သည်ဖြစ်၍ မြန်မာစစ်အစိုးရအနေဖြင့် ကျင့်ဝတ်ကတိများ လိုက်နာသင့်ပေသည် ။ ဤသို့မဟုတ်ပဲ မြန်မာစစ်အစိုးရအနေဖြင့် မိမိသဘောအတိုင်း ခရီးဆက်သွားနေပါက အမေရိကန် မြန်မာ ဆက်ဆံရေးမှာ ရှေ့ဆက်လို့ မဖြစ်နိုင်ပါ "
ဆိုပြီး တင်းမာစွာ မိန့်ခွန်းပြောသွားပါတယ် ။ ဟီလာရင် ကလင်တန် မိန့်ခွန်းပြောသွားတဲ့ အချိန်မတိုင်မှီက မြန်မာပြည်မှာ နိုင်ငံရေး ပြဿနာ တခုဖြစ်ခဲ့ပါတယ် ။ အဲဒါကတော့ နာမည်ကျော် John Yettaw ရဲ့ ရေကူးပြီး ဒေါ်စုကြည်ထံ လာတွေ့ကာ ၂ ည အိပ် ၃ ရက် နေသွားတဲ့ ပြဿနာဖြစ်ပါတယ် ။
ရေကူးချန်ပီယံကို ထောင် ၇ နှစ် ချမှတ်ထားရာ ၃ လအကြာမှာ ဖြစ်ပါတယ် ။ အမေရိကန် အစိုးရက လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေပေမယ့် စစ်တုရင် ကစားသလို သူ့အကွက်ထဲ မဝင်မချင်း စိတ်ရှည်လက်ရှည် စောင့်နေတဲ့ စစ်တုရင် ချန်ပီယံ အညာသားကြီးကတော့ နားမလည်သလိုလို မကြားလိုက်သလိုလို နဲ့ ရူးချင်ဟန်ဆောင်နေပါတော့တယ် ။
ဒေါ်စုကြည်ကို ထပ်မံတရားစွဲခြင်း နဲ့ အဲဒီရေကူးသမား ကိစ္စကို မကျေနပ်ဖြစ်နေတဲ့ အမေရိကန်တို့ဟာ ယခုလို အာဆီယံအစည်းအဝေးမှာ မြန်မာကို ခြိမ်းခြောက်ခဲ့တာပါ ။
အဲဒီချိန်က Axles of evil မိစ္ဆာဝန်ရိုးတန်း နိုင်ငံများ ( အီရန် အီရတ် ကျူးဘား ဆီးရီးယား မြောက်ကိုးရီးယား ဘယ်လာရုစ် ) ဆိုပြီး သတ်မှတ်ထားတဲ့ အဲဒီ နိုင်ငံ ၆ ခုကို နျူလက်နက်များနဲ့ ဆက်နွယ်သောပစ္စည်းများအား ဆက်သွယ်ဆောင်ရွက်ခြင်းကို ကုလသမဂ္ဂ၏ ခွင့်ပြုချက်မရပဲ မလုပ်ရဆိုပြီး ကန့်သတ်ထားချိန်ဖြစ်ပါတယ် ။
အဲဒီလို အမေရိကန်က နျူနဲ့ ပါတ်သပ်ပြီး သတိပေးကာ ဖိအားပေးလိုက်တော့ ဂျာမဏီကလည်း သူတို့ ရောင်းပေးထားတဲ့ DMG ကုမ္ပဏီက CNC စက်အသစ်တွေရဲ့ ထုတ်ကုန်တွေက ဘာတွေလဲ ဆိုတာ လာစစ်ဆေးမယ်လို့ ကြေညာပါတယ် ။
တကယ်တန်းကျတော့ မြန်မာက CNC တွေရဲ့ တပ်ဆင်ပုံ အသုံးပြုပုံ ထိမ်းသိမ်းပုံတွေကို စတင်သင်ယူကတည်း က ရုရှားပြန် စစ်ဘက်ပညာတော်သင်များကသာ သင်ယူခဲ့ကြတာပါ ။ ဂျာမဏီတွေ သင်ပေးပြီး ပြန်သွားတာနဲ့ မစ်ဇိုင်းထိပ်ဖူး စိတ်အပိုင်းတွေကို ထုတ်လုပ်တာပါပဲ ။ ဒါလုပ်ချင်လို့ ဝယ်ထားတာကိုး ။
ဦးသန်းရွှေဟာ အင်မတန်ပါးနပ်လွန်းသူဆိုတာ ဒီကိစ္စမှာ တချက်ပေါ်လွင်လာပါတယ် ။ ဂျာမဏီ ကောင်ဆယ်လာ လာရောက်စစ်ဆေးတဲ့ 2009 မှာ အဲဒီ လျို့ဝှက် စက်ရုံတွေထဲမှာပဲ ဂျာမဏီတွေကို မူလ ဝယ်စဉ်က ထုတ်လုပ်ပါမယ်လို့ ပြောထားတဲ့ အရပ်ဘက်သုံး ပစ္စည်းတွေ ထုတ်ပြနိုင်တော့ ကျေနပ်အားရစွာ ပြန်သွားရပါတယ် ။
သစ္စာဖောက် စိုင်းသိန်းဝင်းတို့တောင် မသိလိုက်ပဲ အဲလိုဖော်ရှိုးပစ္စည်းတွေကို ထုတ်ခိုင်းထားတဲ့ ဘရွှေရဲ့ ပညာစွမ်းကတော့ အတွင်းသစ္စာဖောက် လောက်ကောက်တောင် ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ် ။
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် 1718/ 2006 အရ မြောက်ကိုရီးယား အနေနဲ့ နျူနဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေကို ပေးပို့ရောင်းချလို့ မရပါဘူး ။ ဒါပေမယ့် အင်အတန်လည်တဲ့ မြောက်ကိုရီးယား နဲ့ အင်မတန်ပါးနပ်တဲ့ ဦးသန်းရွှေတို့ဟာ ကမ္ဘာကို လှည့်စားပြီး နျူပစ္စည်းတွေ အမြောက်အများ ရအောင် သယ်ယူကြပါတယ် ။
သယ်ပုံတွေကတော့ မြောက်ကိုးရီးယား ဖက်ကနေ တာဝန်ယူရတာက Chilgol မြို့မှာရှိတဲ့ NCG ကုမ္ပဏီကနေ တင်ပို့ပေးရပါတယ် ။ NCG ဟာ ပြုံယမ်းအနုမြူစွမ်းအင်ဗျူရိုရဲ့ ဌာနခွဲတခုပါ ။
ဆီးရီးယားနိုင်ငံထဲမှာ အစ္စရေးတို့ ဗုံးကြဲ ဖျက်ဆီးခဲ့ရတဲ့ နျူဓာတ်ပေါင်းဖိုကို တည်ဆောက်ပေးခဲ့ရတဲ့ ကုမ္ပဏီဖြစ်ပါတယ် ။
ဒီလိုခိုးပို့နေရင်း အစအနတွေ ပေါ်လာရပါတယ် ။ 2009 ဇွန်လထဲမှာ ဂျပန်လူမျိုူ ၃ ဦးကို magnetometer များနဲ့ အတူဖမ်းမိပါတယ် ။ ( megnetometer ဆိုတာ အရပ်ဖက်မှာ သုံးရင် ရှေးဟောင်းသုတေသန လုပ်ငန်းများ နဲ့ ဘူမိရူပ တိုင်းတာတဲ့ နေရာတွေမှာ သုံးရပြီး စစ်ဘက်ဆိုင်ရာမှာဆိုရင် မစ်ဇိုင်းထိပ်ဖူးတွေမှာ magnets and gas centripuge အဖြစ် သုံးစွဲနိုင်ပါတယ်)
မီးခိုးကြွက်လျှောက် စစ်ဆေးကြည့်တော့ ဒီပစ္စည်းတွေကို မလေးရှားကတဆင့် မြန်မာပြည်ကို ပို့မယ်ဆိုတာ ပေါ်သွားရပါတယ် ။ ဖမ်းမိတဲ့ ၃ ယောက်ဟာ MEI ကုမ္ပဏီ အမည်ခံထားတဲ့ ပြုံယမ်းကွပ်ကွဲမှုအောက်က လူတွေ ဖြစ်ပါတယ် ။
ကြားခံ မိတ်ဖက်ကုမ္ပဏီတွေ အဖြစ် ဂျပန်ကုမ္ပဏီတွေ ဖြစ်တဲ့ RDT , TBT , TST ကုမ္ပဏီတွေလည်း တသီကြီး ပေါ်လာပါတယ် ။ ဒီကုမ္ပဏီတွေ အားလုံးဟာ နျူဆက်စပ် ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေချည်းပါပဲ ။
ဒါပေမယ့် သူတို့ရဲ့ အရေခွံမှာတော့ ထုတ်ကုန်တွေဟာ အထည်အလိပ်တို့ ဘာတို့ ပြထားလေ့ရှိပါတယ် ။ TST ကို wikipedia မှာ ရှာကြည့်လိုက် အထည်အလိပ်လုပ်ငန်း ပါတဲ့ ဗျာ ။
အဲဒီလို အလိမ်အညာတွေ ပေါ်သွားတော့လည်း ဂျပန်ကုမ္ပဏီတွေကတော့ ဂျပန်ကုန်သွယ်ရေး ဥပရေအရ ဒဏ်ငွေ US$ 75000 နဲ့ ပြီးသွားတာပါပဲ ။
ကဲ အဲဒီလမ်းကြောင်း ပိတ်သွားတော့ မြန်မာ နဲ့ ပြုံယမ်း ဇာတ်လမ်းပြီးသွားပြီလား ? ဘယ်ပြီးမလဲဗျာ လူလည်ဆရာကြီး အဆင့်တွေ ဆိုတော့ plan A to Z ဆွဲထားပြီးသားဗျ ။
တရုတ် ဆွစ်ဇာလန် အစရှိတဲ့ ကြားခံကုမ္ပဏီတွေကနေ မြန်မာလိုချင်နေတဲ့ နျူနဲ့ဆက်နွယ်တဲ့ ပစ္စည်းတွေကို အရှိန်ဟုန် ပြင်းပြင်းနဲ့ ရအောင် ယူနိုင်ခဲ့ကြပါတယ် ။
(အဲဒီကာလတွေက ရန်ကုန်ဆိပ်ကမ်းကနေ မိုးကာအုပ်ထားတဲ့ ကားကြီးတွေ တဝေါဝေါနဲ့ ညဉ့်နက်သန်းကောင် သယ်နေကြတာ မြင်ဖူးသူအချို့ ရှိပါသေးတယ်)
ပြုံယမ်းဟာ တရုတ် ဟောင်ကောင်တို့မှာ ကုမ္ပဏီရုံးခွဲတွေ ဖွင့်ထားရုံမကဘူး မြန်မာပြည်ထဲအထိ လာဖွင့်ပြန်ပါပြီ ။ KOMID ကုမ္ပဏီဟာ လုပ်ငန်းခွဲ ၇ မျိုးနဲ့ ဖွင့်လှစ်ထားပါတယ် ။
ဗဟန်းမှာရှိတဲ့ Pyongyang Koryo စားသောက်ဆိုင်ဟာ ပြုံယမ်း နဲ့ နေပြည်တော် ရဲ့ ငွေကြေးပေးချေ ဖလှယ်ရာ စင်တာပါပဲ ။ ပိရိလွန်းလို့ နှစ်ပေါင်းများစွာ ဘာသံမှ မကြားရပါဘူး ။
KOMID ဌာနခွဲတွေဟာ လက်နက်ထုတ်လုပ်ခြင်း နဲ့ နှီးနွယ်တာကိုပဲ လုပ်ကိုင်ကြပါတယ် ။ ဦးသန်းရွှေဟာ မြောက်ကိုရီးယားများထံကနေ လှိုဏ်ခေါင်းတူးခြင်း နည်းပညာများ နဲ့ မစ်ဇိုင်းအနည်းငယ်ကို နည်းပညာနဲ့အတူ ဝယ်ယူခဲ့ပါတယ် ။
ဒုံးလက်နက်စက်ရုံတွေ တည်ဆောက်ပြီး ပြည်တွင်းမှာ အလျှံပယ် ကိုယ်တိုင်ထုတ်ဖို့ အားထည့်လုပ်ဆောင်နေတာပါပဲ ။ ဒါကြောင့် ရွာထောင် ရထားခေါင်းတွဲပြင်စက်ရုံ နဲ့ အင်းစိန် ခေါင်းတွဲပြင်စက်ရုံတွေကို ဒုံးလက်နက် အစိတ်အပိုင်းများ ထုတ်လုပ်နိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ခဲ့တာပါ ။
အဲဒီလို စွမ်းစွမ်းတမံ စွန့်စွန့်စားစား ကမ္ဘာကို လှည့်စားပြီး လုပ်ကိုင်နေရချိန်မှာ သစ္စာဖောက် စိုင်းသိန်းဝင်း ကြောင့် သတင်းတွေ ပေါက်ကြားခဲ့ရပေမယ့် အမေရိကန်က မြန်မာကို အထင်သေးစွာ နဲ့ နျူပိုင်ဆိုင်လောက်တဲ့ အခြေအနေ မရှိဘူး ဆိုတဲ့ မှတ်ချက် နဲ့ သစ္စာဖောက် စိုင်းသိန်းဝင်း ယူသွားတဲ့ ဒေတာတွေကို ဂရုမစိုက်ကြလို့ စိုင်းသိန်းဝင်းလည်း တန်ဖိုးကြီးတဲ့ သူလျှိုစာရင်း မဝင်ပဲ ခိုင်းတာလုပ် ပေးတာယူ ကျွေးတာစား အဆင့်နဲ့ ကျွန်အစစ်ဖြစ်နေတာပါပဲ ။
အမေရိကန်တို့ဟာ မြန်မာပြည်တွင်းမှာ သူတို့စကား နားထောင်မယ့် ဒေါ်စုကြည်ကို အရောင်တင်ပေးထားပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေ လူ့အခွင့်အရေး စကားလုံးတွေ နဲ့ နိုင်ငံရေးအရ ဖိအားပေးထားလို့ အညာသားကြီးတော့ လှုပ်မရတော့ဘူး ထင်ပြီး စိတ်အေးလက်အေး ဖြစ်နေပါတယ် ။
အဲဒီအချိန်မှာပဲ ဦးသန်းရွှေဟာ သူတို့ချည်ထားလို့ လှုပ်မရဘူး တွေးနေတဲ့ အမေရိကန်တွေ အတွက် သတင်းဆိုးတခု ကြားလိုက်ရပါတယ် ။ 2009 ခုနှစ်မှာ ကြားလိုက်ရတဲ့ သတင်းကြောင့် ငြိမ်နေတဲ့ ဦးသန်းရွှေဟာ အလွန်ကြီးမားတဲ့ အကြံ နဲ့ အလုပ်ကြီး တခုလုပ်ထားတာ ပေါ်ပေါက်ခဲ့လို့ပါပဲ ။ အဲဒီပြဿနာက 2008 နှောင်းပိုင်းမှာ ပြုံယမ်းကို သွားခဲ့တဲ့ ဦးရွှေမန်းရဲ့ ခရီးစဉ် နဲ့ ပါတ်သပ်တဲ့ မီးစဖြစ်ပါတယ် ။
အဲဒါကတော့ ,,,,,,,,,,,,,,,,,,,,,,,,,,,?
ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (8)
21-11-2008 မှ 2-1-2009 အထိ မြောက်ကိုးရီးယားမှာ နေခဲ့ရတဲ့ ဦးရွှေမန်းတို့ ရဲ့ ၁၇ ဦးပါ အဖွဲ့ဟာ အလွန်အရေးကြီးတဲ့ စာချုပ်တစောင်ကို ချုပ်ချုပ်ဆိုခဲ့ကြပါတယ် ။
အဲဒါကတော့ မြန်မာ့တပ်မတော် နဲ့ မြောက်ကိုရီးယား တပ်မတော် အကြား အပြန်အလှန် စစ်ရေးအကူအညီပေးပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုတဲ့ မဟာမိတ်စာချုပ် ချုပ်ဆိုခြင်းပါပဲ ။
အဲဒီစာချုပ်ဟာ 2009 ဧပြီလထဲမှာ တရားခံမသိရပဲ ကမ္ဘာ့သတင်းဌာနတွေဆီကို ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပေါက်ကြားသွားပြန်ပါတယ် ။ ဒီသတင်းဟာ အမေရိကန် နဲ့ အနောက်အုပ်စုအတွက်တော့ သတင်းဆိုးတခု ဖြစ်ပြီး ပွက်လောညံသွားပါတော့တယ် ။
သူတို့က မြန်မာနိုင်ငံသည် အချိန်ကာလ တခရောက်တာနဲ့ သူတို့ပြုသမျှနုရမယ့် နိုင်ငံလို့ အပိုင်တွက်ထားကြဟန် ပါပဲ ။ အဲဒီလို တွက်ဆကျေနပ်နေတုန်း သူတို့ အလွန်ခေါင်းခဲနေရတဲ့ ပြုံယမ်းမြွေဆိုးကြီးကို မြန်မာက လည်ပင်းပတ်ပြလိုက်တော့ အားလုံး တုန်လှုပ်သွားကြပါတယ် ။
တကယ်တန်းကျတော့ ဦးသန်းရွှေရဲ့ အစီအမံ အကြံအစည်တွေ နဲ့ 2003 ကတည်းက စတင် တည်ဆောက်နေတဲ့ မဟာဗျူဟာ မြေအောက်လျှို့ဝှက် လှိုဏ်ခေါင်း ကွန်ယက်ကြီး နဲ့ မစ်ဇိုင်းလက်နက်တွေ ရယ် နျူကလီးယားနည်းပညာတွေ လိုအပ်တဲ့ စက်ပစ္စည်းတွေ က အစ ပြည့်စုံအောင် စုဆောင်းသိုလှောင်နေကြတာ 2009 မှာ အနုမြူဓာတ်ပေါင်းဖိုကလွဲရင် အားလုံးပြီးပြည့်သွားပါပြီ ။
အဲဒီအချိန်မှာ ဒီသတင်းပေါက်ကြားသွားခဲ့လို့ ဦးသန်းရွှေ လုပ်ကွက်တခု ပေါက်ကြားသွားပေမယ့် မြန်မာအတွက် ထူးခြားတဲ့ နစ်နာမှု မရှိလောက်တော့ပါဘူး ။ ဒါပေမယ့် သတင်းပေါက်ကြားမှု အတွက် အရေးယူမှုတွေ ပြုလုပ်ခဲ့ရပါပြီ ။
ဒါမှသာ အနာဂါတ်အတွက် သတင်းလုံခြုံမှု ရှိစေမှာပါ ။
- စစ်ရုံးရှိ အရာရှိ ၆ ဥိး နေရာရွှေ့ ရပါတယ် ။ ၁ ဦးက ဗိုလ်မှူးကြီး ဝင်းသိန်း ပါ ။ သူက သူရရွှေမန်းရဲ့ စစ်ဦးစီးပထမတန်း G1 ဖြစ်ပါတယ် ။ သူ့ကို ယင်းသတင်းပေါက်ကြားမှု အတွက် တာဝန်ရှိတယ်လို့ သုံးသပ်ပြီး ရမခ သို့ ဒု တိုင်းမှူး အဖြစ် ပြောင်းရွှေ့လိုက်တာပါ ။ ဒါမျိုးကို ရာထူးတိုးပေးတယ်လို့ သတ်မှတ်ဖို့ခက်ခဲကြောင်း စစ်ရေးသုတေသီ ဦးဝင်းမင်းက သုံးသပ်ပါတယ် ။
ကျန်တဲ့ ဒု ဗိုလ်မှူးကြီး တွေကိုတော့ ရှမ်းပြည် ၁ ဦးနဲ့ ရခိုင်ဒေသကွပ်ကဲမှု အဖွဲ့သို့ ရွှေ့ပြောင်းစေခဲ့ပါတယ် ။
စစ်ရုံးအဖွဲ့ မရွှေ့မှီ တလခန့်က ဒုတိယ ဗိုလ်မှူးကြီး ၃၀ ခန့်ကို ရာထူး နေရာ များ ပြောင်းရွှေ့ထားတာကတော့ သာမန် လုပ်ရိုးလုပ်စဉ်ပါလို့ ဗကပ ကေဒါဟောင်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ် ။
ဆက်လက်ပြီး အရေးယူကြရာမှာ ကာကွယ်ရေးဝန်ကြီး ဌာန နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန တို့က ဝန်ထမ်းတဒါဇင်လောက်ကို တရားစွဲဆို အရေးယူခဲ့ကြပါတယ် ။
နိုင်ငံခြားရေးဝန်ကြီးဌာန မှ ဗိုလ်မှူးဝင်းနိုင်ကျော် နှင့် ရုံးအဖွဲ့ အရာရှိတဦးအား သေဒဏ် နဲ့ နောက်တဦးကို ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ် ။
နအဖ ကောင်စီရုံး (SPDC ) မှ ညွှန်ချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းအား ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ဖော်ပြထားပါတယ် ။
ဦးသန်းရွှေသက်တမ်းမှာ 2005 တုန်းက ခရစ်စတီးကျွန်း ပြဿနာ အတွက် အောင်လင်းထွဋ် သစ္စာဖောက်လို့ ဝေဖန်ပြစ်တင်ခံရဖူးပါတယ် ။
ယခု 2009 မှာ ဦးရွှေမန်း နဲ့ မြောက်ကိုးရီးယား ပြဿနာဟာ သစ္စာဖောက်တွေကြောင့်ပဲ ပေါ်ပေါက်လာရပြီး ဝေဖန်ခံရပြန်ပါတယ် ။
နောက်ဆုံး သစ္စာဖောက် စိုင်းသိန်းဝင်းရဲ့ စာရွက်စာတမ်းတွေ ဓာတ်ပုံတွေ နဲ့ ဝေဝေဆာဆာ ဖွင့်ချပြီး ထုတ်ဖော်ခဲ့တဲ့ ပြဿနာအတွက်လည်း ဝေဖန်ကြပြန်ပါတယ် ။
ဦးသန်းရွှေဟာ ဒါတွေကို ဘာကြောင့် အတင်းလုပ်နေရသလဲဆိုရင် အမေရိကန်တို့ရဲ့ လက်နက်အားကိုး နဲ့ ဗိုလ်ကျမှုကြောင့် ကျဆုံးသွားရတဲ့ အာဏာရှင် ဆဒမ် နဲ့ ကဒါဖီ တို့ကို နမူနာယူပြီး သင်ခန်းစာရနေလို့ပါပဲ ။ သူလည်းအာဏာရှင်ကိုး ။
သူုကောက်ချက်ချတာက ဆဒမ်သည် မလုံခြုံသော မြေအောက်ဗုံးခိုကျင်းထဲ၌ တဦးတည်း ပုန်းအောင်းပြီး အဖမ်းခံရ၏ ။ ကဒါဖိသည်လည်း တဦးတည်း ပုန်းအောင်းစဉ်း ဖမ်းဆီသတ်ဖြတ်ခံခဲ့ရ၏ ။
အဲဒါကြောင့် မြေအောက်လှိုဏ်ဂူတွေများစွာ စနစ်တကျ လုံခြုံလှို့ဝှက်စွာ တည်ဆောက်ထားတယ် ။ နောက်ပြီး အမိန့်ပေးအဖွဲ့ကို စုစုစည်းစည်း နဲ့ စီမံကွပ်ကဲနိုင်အောင် လူ ၁၀၀၀ လောက် ချောင်ချောင်ချိချိ ခိုအောင်းနေထိုင်ဖို့ စားနပ်ရိက္ခာ အပြည့်အစုံနဲ့ လှိုဏ်ဂူတွေကို တနိုင်ငံလုံး သိုဝှက်ထားပြီး ကွန်ယက်တခုလုံး ချိတိဆက် ဖောက်လုပ်ထားတယ် ။
လှိုဏ်ဂူတွေထဲမှာ လှို့ဝှက်လက်နက်စက်ရုံတွေ ၊ မစ်ဇိုင်းဒုံးတွေ ၊ ကွပ်ကဲမှုဌာနတွေ ဖြန့်ကျက်ထားရှိမယ်ဆိုပြီး ငွေပေါင်းများစွာ အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ် ။
ဒီလိုနဲ့ ဦးသန်းရွှေဟာ တိုင်းပြည်အတွက် စီးပွါးရေး လုပ်ငန်းများနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဖိအားများအတွက် တရုတ်ကို ကျောထောက်နောက်ခံပြုထားပြီး စစ်ဘက်ဆိုင်ရာ အဆင့်မြင့်လက်နက်များ နဲ့ ကာကွယ်ရေးအတွက်တော့ ပြုံယမ်းကို ကျောထောက်နောက်ခံ ပြုထားနိုင်ခဲ့ပါတယ် ။
အစစ အရာရာ တရုတ်ကို အားကိုးနေရတဲ့ အနေအထားကနေ ရှောင်လွဲနိုင်စပြုလာပါပြီ ။ အဲဒီလိုဖြစ်အောင် စစ်ဘက်ဆိုင်ရာ အင်အားစုများအတွက် တောင့်တင်းခိုင်မာဖို့ အားထုတ်ခဲ့ခြင်း ဖြစ်ပါတယ် ။
ဒါဟာ မှန်ကန်ကြောင်း အောင်လင်းထွဋ်က ပြောပြပါတယ် ။
"ငါတို့က တရုတ်ကို ချစ်လွန်းလို့များထင်နေသလား ၊ မြောက်ကိုရီးယားနဲ့ပေါင်းလို့ ငါတို့မှာ အင်အားရှိလာရင် တရုတ်ကိုလည်း ဂရုစိုက်စရာ မလိုတော့ဘူးပေါ့ကွာ"
လို့ ဦးသန်းရွှေက ပြောခဲ့ဖူးပါသတဲ့ ။
ဦးရွှေမန်းတို့ အဖွဲ့ဟာ ကြည်းတပ်သုံး ဒုံးလက်နက်များ ၊ လေကြောင်းရန်ကာကွယ်ရေး မစ်ဇိုင်းဒုံးများ ၊ ရေဒါများကိုလေ့လာရန်သာမကပါဘူး လေတပ် နဲ့ ရေတပ်ကိုလည်း အဆင့်မြှင့်ပေးဖို့ လေ့လာခဲ့ရပါသေးတယ် ။
ရေတပ်ဆိုလျှင် 23-7-2003 ကတည်းက ပြုံယမ်းကကူညီခဲ့ပါတယ် ။ သံလျှင်ရေတပ်ဧည့်ရိပ်သာမှာ တည်းနေတဲ့ မြောက်ကိုရီးယား ၁၈ ဦးခန့်ဟာ ၁၉၉၀ က တရုတ်ထံမှ ဝယ်ယူခဲ့တဲ့ ပဲ့ထိမ်းဒုံးတပ် ကင်းလှည့်ရေယာဉ် ၆ စီးကို အဆင့်မြှင့်ပေးခဲ့ကြောင်း Far Eastern Economic Weely သတင်းမှာ ဖော်ပြဖူးပါတယ် ။
ဦးရွှေမန်း မြောက်ကိုရီးယား ခရီး မသွားမှီ 2008 အောက်တိုဘာလထဲ မှာ မြောက်ကိုရီးယား ကုန်သင်္ဘော Kang Nam 1 ဟာ ရန်ကုန်ကို ရောက်လာပါတယ် ။ ညဖက်မှာ အနက်ရောင်အဝတ်စတွေ အုပ်ထားတဲ့ နျူထိပ်ဖူးတပ် Scud ဒုံးတွေ နဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကားတွေနဲ့ တင်သွားပြီး နေ့လည်မှာ အရပ်သားကားတွေနဲ့တင်လာတဲ့ ဆန်တွေကို သင်္ဘောပေါ် တင်ကြပါတယ် ။
ဒါကိုဘယ်လိုသိကြသလဲ ဆိုတော့ သင်္ဘောစပြီး နိုင်ငံတကာရေပိုင်နက်ရောက်ကတည်းက အမေရိကန် ကင်းထောက်သင်္ဘောက နောက်ကတောက်လျောက်လိုက်စုံစမ်းနေပါတယ် ။ မြန်မာ့ရေပိုင်နက်ထဲ ဝင်သွားတော့ တောင်ကိုရီးယား ဂြိုလ်တု ကို စောင့်ကြည့်စေလို့ ခုလို သိသွားကြတာပါ ။
သေချာတာက အမေရိကန်ဟာ မြောက်ကိုရီးယား နဲ့ မြန်မာကို တင်းတင်းကျပ်ကျပ်စောင့်ကြည်နေပြီ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ် ။
အဲဒီအချိန်မှာ အမေရိကန်၌ အိုဘားမား တက်လာပါပြီ ။ အမေရိကန်အစိုးရဟာ မြန်မာပြည်အရေးကို ပြန်လည်သုံးသပ်ကြရာမှာ စီးပွါးရေးပိတ်ဆို့လာတာ နှစ်ပေါင်း၂၀ နီးပါးရှိလာသည့်တိုင် မြန်မာစစ်အစိုးရဟာ အင်အားပျော့မသွားပဲ ပိုမိုတောင့်တင်းလာနေတာ တွေ့ရလို့ အပြုသဘောဆောင်တဲ့ ချည်းကပ်မှု ပေါ်လစီပြောက်းဖို့ ဆုံးဖြတ်ကြပါတယ် ။
အဲဒီအချိန် 2009 မှာ ဦးသန်းရွှေ အနေနဲ့ နိုင်ငံရေးကဏ္ဍ မှာ ခွါစစ်ဆင်ဖို့ အတွက် 2008 ခြေ / ဥ ကိုလည်း အတည်ပြုပြီးပြီ ။ နောက်ချန် 25 % အင်အားနဲ့ လွှတ်တော်ကို မိမိတို့အား ရန်မပြုနိုင်အောင် ထိမ်းချုပ်ထားနိုင်ဖို့ စီမံပြီးပါပြီ ။
နောက်စစ်ရေး ကဏ္ဍမှာ မိမိနိုင်ငံအတွက် ကာကွယ်ရေးမဟာဗျူဟာမြောက် ခံစစ်အခင်းအကျင်းတွေကို ပြည်စုံအောင် တည်ဆောက်ပြီးသွားပြီ ဖြစ်တယ် ။ ဒါကြောင့် အမေရိကန်ရဲ့ အပြုသဘော ချည်းကပ်လာမှုကို အကောင်းဆုံးတုန့်ပြန်နိုင်ဖို့ ဘရွှေ စဉ်းစားအကွက်ချရပြန်ပါပြီ ။
နိုင်ငံတကာမှာ လူ့အခွင့်အရေးနဲ့ ပါတ်သပ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ နအဖ အစိုးရ ကိုယ်စား စစ်တပိုင်းအစိုးရ အသစ်ဖွဲ့ရမယ် ။ နိုင်ငံတကာနဲ့ အစိုးရသစ်တို့ တန်းတူညီတူ ဆွေးနွေးနိုင်မယ့် အစိုးရဖြစ်ဖို့ လိုပြီလို့ သတ်မှတ်ပါတယ် ။
ဦးသန်းရွှေဟာ 2008 ခြေ / ဥ အရ အာဏာကို ညင်သာစွာ လွှဲပြောင်းမပေးမှီ အမေရိကန်နဲ့ ထိပ်တိုင်မတွေ့ဖို့ စီစဉ်ပါတယ် ။
နောက်တခါ သူအနားယူပြီး ကာလမှာ နိုင်ငံတော်ကို ကာကွယယ်ဖို့အတွက် နျူလက်နက်တွေ ပိုင်ဆိုင်ထားကြောင်း တစွန်းတစ သိအောင် သက်သေပြထားနိုင်မှ လူလေးစားတဲ့ နိုင်ငံဖြစ်မယ်လို့ လဲ တွက်ချက်ပြီး 2008 ခြေ / ဥ အား အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
ဒီနေရာမှာ မြန်မာပြည်ရဲ့ အနာဂါတ်ခေါင်းဆောင်းတွေအဖြစ် အာဏာခွဲဝေရာမှာ အံ့သြစရာတွေ တွေ့လာရပြန်ပါတယ်
- နံပါတ် ၃ ဦးရွှေမန်း တပ်ချုပ်မဖြစ် သမ္မတ မဖြစ်တာ ဘာကြောင့်လည်း
- ဦးသိန်းစိန် သမ္မတ ဘာကြောင့်ဖြစ်သလဲ
- ဂျူနီယာ တတိယမျိုးဆက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရှေ့က စီနီယာတွေကို ကျော်ပြီး ဘယ်လို တပ်ချုပ်ကြီး ဖြစ်လာသလဲ ဆိုရင် ,,,,,,,,,,,,,,,,,,,?
 ( မူရင်းရေးသားသည့်အတိုင်းကူးယူဖော်ပြခြင်းဖြစ်ပြီး မိမိတို.သီးခြားထင်မြင်ချက် ၊ အယူအဆ ၊ အချက်အလက် နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းများ လုံးဝမပါဝင်ပါ )
Related ;