Tuesday, February 17, 2015

လောက်ကိုင် ဒေသ တိုက်ပွဲဖြစ်စဉ်များ




 ပြီးခဲ့တဲ့ ၉.၂.၂၀၁၅ ရက်နေ့ မှာ …ဖုန်ကြားရှင်ဦးစီးတဲ့  တပ်ဖွဲ့ တွေဟာ …လောက်ကိုင်ဒေသကို ၀င်ရောက်တိုက်ခိုက်ပြီး …ဒေသတွင်း စစ်ပွဲငယ် တစ်ခုကို စတင်ခဲ့ပါတယ်…စစ်ပွဲဟာ့ ၁၆.၂.၂၀၁၅ ရက်နေ့ ဆိုရင် ….၈ ရက်တိတိ ရှိနေပါပြီ …စစ်အရှိန်လျော့ကျစ ပြုလာပေမယ့် …အဆုံးတော့ မသတ်နိုင်သေးပါဘူး…
ဒီစစ်ပွဲ နဲ့  ပတ်သက်လို့  …ပထမဆုံး စထုတ်ဖြစ်ကြမယ့် မေးခွန်းတွေက …ဖုန်ကြားရှင်ဆိုတာ ဘယ်သူလဲ ?သူက ဒီစစ်ပွဲကို ....ဘာကြောင့် ဆင်နွဲခဲ့ရတာပါလဲ ?ဆိုတဲ့  မေးခွန်းတွေဖြစ်မယ်လို့  ...
ယုံကြည်ရ ပါတယ် …


နောက်ခံသမိုင်းကြောင်း

ဖုန်ကြားရှင် အကြောင်း မပြောခင် …လောက်ကိုင်ဒေသ အကြောင်းကို …ကျွန်တော်တို့  အရင်ပြောရပါလိမ့်မယ်…လောက်ကိုင်ဒေသကို ကိုးကန့် ဒေသလို့ …လူသိများကြပါတယ်
တရုတ်ပြည် ယူနန်နယ်နဲ့  ...နယ်ချင်းထိစပ်နေပါတယ် …


ကိုးကန့် ဒေသကို …၁၇ ရာစုမှာ စပြီး အခြေချလာတာကတော့ …နန်ကင်းဇာတိ ဖြစ်တဲ့  ...
ယန်း မိသားစု အနွယ်ဝင်တွေ ဖြစ်ပါတယ် …သူတို့ ဟာ ဒေသခံတွေကို …ဓားပြတွေရဲ့ ရန်က ကာကွယ်ပေးခြင်း …မျိုးနွယ် ပဋိပက္ခများကို စေ့စပ်ပေးခြင်းတို့ နဲ့  …
တဖြည်းဖြည်း သြဇာကြီးမားလာပါတယ်


မြန်မာပြည်ကို အင်္ဂလိပ်က သိမ်းပိုက်လိုက်ချိန်မှာ …တရုတ်နဲ့  နယ်နိမိတ် သတ်မှတ်ခဲ့ပြီး …
ကိုးကန့် ဒေသကို …သိန်းနီစော်ဘွားရဲ့  လက်အောက်ခံ ဒေသ အဖြစ် …သတ်မှတ်ပေးလိုက်ပါတယ် …မြန်မာပြည်ကို လွတ်လပ်ရေး မပေးမီ …တစ်ရက်အလိုမှာတော့ …ကိုးကန့် ဒေသကို …
သီးခြားစော်ဘွားအုပ်ချုပ်တဲ့ နယ်အဖြစ် …သတ်မှတ်ပေးခဲ့ပါတယ် …

၁၉၄၉ခုနှစ် ကိုးကန့် ဒေသရဲ့  စော်ဘွားဟာ…Yang Kyein Tsai (စောယန်းကျိန်စိုင်း) ဖြစ်ပြီး …
အက်ဒွပ်ယန်း လို့  လူသိများပါတယ် …အက်ဒွပ်ယန်း ရဲ့  ညီနဲ့ ညီမကတော့ …
ဂျင်မီယန်း နဲ့  အောလစ်ယန်းတို့ ဖြစ်ကြပါတယ် …



 ဖုန်ကြားရှင်ကိုတော့ …ကိုးကန့်နယ်အတွင်းရှိ (တရုတ်)စီချွမ်မျိုးနွယ်ဝင်….
(Sichuanese descent)မိသားစုကနေ …၁၉၃၁ခုနှစ်မှာ မွေးဖွား ခဲ့ပါတယ် …
အက်ဒွပ်ယန်း ရဲ့ ကိုးကန့် ကာကွယ်ရေးတပ်မှာ …အသက် ၁၈ နှစ်ကတည်းက ….
စပြီး တာဝန်ထမ်းဆောင်ပါတယ် …


အက်ဒွပ်ယန်း နဲ့ အဖွဲ့ ဟာ …၁၉၅၁ ကူမင်တန် ကျူးကျော်မှုမှာ …ကူမင်တန်တွေကို ထောက်ခံအားပေးခဲ့ပြီး …၁၉၅၉ ခုနှစ် …ရှမ်းစော်ဘွားတွေ အာဏာစွန့် ရတဲ့  ကိစ္စနဲ့ ပတ်သက်ပြီး ....
၁၉၆၃ မှာ ဂျင်မီယန်း ဦးဆောင်ပြီး တောခိုပါတယ် …အဲဒီ တောခိုတပ်မှာ …ဖုန်ကြားရှင် နဲ့ လော်စစ်ဟန်တို့ ဟာ ...ဗိုလ်ကြီး အဆင့်ဖြစ်ပါတယ် ….၁၉၆၇ မှာ ဂျင်မီယန်းတို့  အဖွဲ့  အလင်းဝင်ပါတယ် …လော်စစ်ဟန်လဲ ပြန်ပါသွားပါတယ် …ဖုန်ကြားရှင် နဲ့  သူ့ ညီ ဖုန်ကြာဖူးတို့ အုပ်စုကတော့ …ကိုးကန့် ပြည်သူ့တော်လှန်ရေးတပ် (Kokang People Revolutionary Army ) ဆိုပြီး …တောထဲမှာ ကျန်နေခဲ့ပါတယ် …


၁၉၆၇ တရုတ်-ဗမာအရေးအခင်းပြီးတဲ့နောက် …တရုတ်ကွန်မြူနစ်ပါတီက ရေးဆွဲပေးတဲ့ ..
ဗကပ စစ်ရေးစီမံချက်မှာ …"၄၀၄တပ်ဖွဲ့ ။ သံလွင်အရှေ့ခြမ်း တရုတ်နယ်စပ် ကိုးကန့်နယ်မြေ….
ဖုန်ကြားရှင် တပ်ဖွဲ့များကို အခြေခံကာ ….သံလွင်အရှေ့ခြမ်းတစ်ခုလုံးကို ..
တိုးချဲ့ သိမ်းပိုက်ရန်"လို့ ပါရှိပါတယ်


အဲဒီ စီမံချက်အတိုင်း …၁၉၆၈ ဇန်န၀ါရီလ ၁ရက်နေ့ မှာ …ဗကပ နဲ့  တရုတ်တပ်နီတော်ဟာ …
အရှေ့ မြောက်ဒေသက မုန်းကိုးစခန်းကို စတိုက်ပါတယ် …ကိုးကန့် ဒေသကို ထိန်းချုပ်လိုက်ပြီး …
ဖုန်ကြားရှင် အပါအ၀င် ...ကိုးကန့် ကာကွယ်ရေးတပ်တွေကို …ဗကပထဲကို ဆွဲသွင်းလိုက်ပါတယ် …
ဖုန်ကြားရှင်ကတော့ …ကိုးကန့် ခရိုင် ကာကွယ်ရေးခေါင်းဆောင်ရာထူး …
ခန့် အပ်ခြင်း ခံရပါတယ် …


ဗကပဟာ ၂ နှစ်အတွင်း ….ရှမ်းမြောက်ရဲ့  ...ဧရိယာအတော်များများကို ထိန်းချုပ်လိုက်ပြီး…
၁၉၇၁ နိုဝင်ဘာ ၁၉ မှာ ….ရက် ၄၀ ကွမ်းလုံတိုက်ပွဲ ကို စတိုက်ပါတယ် …ဒီ ကွမ်းလုံစစ်ပွဲမှာ …
ဖုန်ကြားရှင်ဟာ တပ်မဟာမှူးအဖြစ် ပါဝင်ခဲ့ပါတယ် …

မိုင်းယန်း တိုက်ပွဲ ပြီးသွားတဲ့ နောက် ...၁၉၈၉ မှာ ....ဖုန်ကြားရှင် နဲ့ အဖွဲ့ ဟာ …ဗကပကနေ ခွဲထွက်ပြီး အစိုးရနဲ့  ငြိမ်းချမ်းရေးယူပါတယ် …ကိုးကန့် အထူးဒေသ ၁ အဖြစ်သတ်မှတ်ပေးခံရပြီး …
MyanmarNationalDemocraticAllianceArmy(MNDAA)မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်

စစ်တပ်ကို …ဖွဲ့စည်းတည်ထောင်ပါတယ် …

၁၉၉၆ ၀န်းကျင်မှာ ...ဖုန်ကြားရှင် နဲ့  ရန်မျိုးလျံတို့  ပြသနာဖြစ်ကြပြီး ...နှစ်ဘက်လက်နက်ကိုင် တိုက်ကြလို့  ...တပ်မတော်က ၀င်ထိန်းသိမ်းခဲ့ရပါတယ် ...
၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှာလဲ ...မုန်းကိုး အရေးအခင်း ဆက်ဖြစ်ပွားလို့  ...တပ်မတော်ကပဲ ၀င်ဖြေရှင်းခဲ့ရပါတယ် ...



 ၂၀၀၉ ခုနှစ်မှာတော့ …မူးယစ်ဆေးဝါး နဲ့ လက်နက်စက်ရုံကိစ္စများကြောင့် …အစိုးရ နဲ့ ပဋိပက္ခ ဖြစ်ပွားပါတယ် ….ရဲတပ်ဖွဲ့ ဝင် ၁၁ ဦးကို ပစ်သတ်လိုက်တဲ့ အတွက် …
တပ်မတော်ရဲ့  ...လိုက်လံတိုက်ခိုက်ချေမှုန်းခြင်းကို ခံရပါတယ် …
ဖုန်ကြားရှင်ဟာ ....တရုတ်ပြည်ထဲကို ၀င်ပြေးခဲ့ပြီး …ငါး နှစ်အကြာမှာ ….အခုလို ပြန်ပြီး စစ်ပွဲကို စတင်ခဲ့တာ ဖြစ်ပါတယ် … ။ ။

စဦးအခြေအနေ

ပြသနာ၏ အစမှာ …တရုတ်နိုင်ငံထုတ် Globle Time သတင်းစာတွင် …ဖော်ပြပါရှိသော …
ဖုန်ကြားရှင် ပြန်လာတော့မည်ဟူသော ဆောင်းပါးဖြစ်သည် …

ထိုဆောင်းပါးကို စတင်ဖော်ပြသည့်ရက်စွဲမှာ …၃၀.၁၂.၂၀၁၄ရက်နေ့ ရက်စွဲဖြင့် ဖြစ်ပြီး …
ထိုနောက်ပိုင်းမှ စ၍ …ကိုးကန့် ဒေသ ထိစပ်နယ်မြေအတွင်းရှိ တပ်များအား …မြန်မာ့ တပ်မတော်မှ စတင်တပ်လှန့် ထားခဲ့သည် …


ဇန်န၀ါရီလအတွင်း…အမျိုးအစား ခွဲခြားမရသော …ရန်သူ လှုပ်ရှားမှု အနည်းအကျဉ်းသာရှိခဲ့သည်…
သို့ သော်…ဖေဖော်ဝါရီ ၉ရက်နေ့  နံနက်၅နာရီခွဲခန့် …နှင်းမကွဲသေးမီ …
ကွမ်းလုံ၏ မြောက်ဘက် တောက်ရွှေကျေးရွှာသို့  …ဖိုးဝှီးကား အစီး ၂၀ ခန့်  ရောက်ရှိလာ၏ …
ကျေးရွာပြည်သူ့ စစ် လက်နက်များအားလုံး သိမ်းခံရသည် …ရန်သူ့ လှုပ်ရှားမှု သတင်းအစပင် ဖြစ်သည် …တောက်ရွှေ ပြည်သူ့ စစ်များ၏ ကနဦး သတင်းပို့ ချက်သည် …
ဒကစ လောက်ကိုင်သို့  …နံနက် ၇ နာရီအချိန်ခန့် တွင် စတင်ရောက်ရှိလာလေသည် …

ဒကစ လောက်ကိုင်သည် …ရန်သူ ဆုတ်ခွာမည်ထင်သော လမ်းကြောင်းများအား …
လိုက်လံ ပိတ်ဆို့  ရှင်းလင်းရန် ….တပ်ရင်း သုံးခုမှ စစ်ကြောင်း ၃ခုအား ..
စတင် အမိန့် ပေးလိုက်သည် … 



 ဒေသကွပ်ကဲမှု စစ်ဋ္ဌာနချုပ် လောက်ကိုင်သည် …၁၉၉၉ ခုနှစ် ၀န်းကျင်ကစတင်တည်ဆောက်ခဲ့သော ..အခြေချ တပ်မဖြစ်ပြီး …ခြေလျင် ခြေမြန် ၅ ရင်းနှင့် …လက်ရုံးတပ်ရင်း ၅ ရင်း ပါဝင်သည် …
ဒကစ ၏ အဓိက တာဝန်မှာ …နယ်မြေစိုးမိုးရေး နှင့် လုံခြုံရေး ဖြစ်သည် ….
တပ်ဖြန့် ခွဲမှုမှာ …ဒကစတွင် ခြေမြန်တပ်ရင်း ၁ရင်း …အမြောက်တပ် ၊ ဆက်သွယ်ရေးတပ်နှင့်…
ဆေးတပ် တစ်ခုတို့  တွဲဖက်ထားရှိပြီး …ကျန် ခြေလျင်ခြေမြန် တပ်များမှာ ….လောက်ကိုင်ဒေသ တစ်ခုလုံးတွင် ဖြန့် ခွဲ နေရာချထားသည် …အစွန်ဆုံးတပ်မှာ ကုန်းကြမ်းရှိ ခလရ ၁၂၅ ဖြစ်ပြီး ….
နွေနှင့် ဆောင်းဥတုတွင် …လောက်ကိုင်နှင့် တစ်ရက်ခရီးခန့် ရှိသည် ….


တိုက်ပွဲစတင်ခြင်း

ခလရ ၁၂၅ မှ တပ်ရင်းမှူး ဦးစီး စစ်ကြောင်းသည် …ဒကစ ၏ အမိန့် အတိုင်း …
နယ်မြေတွင်းလိုက်လံ ရှင်းလင်းစဉ် ..၁၀၀၀ ချိန်ခန့် တွင် …ရန်သူ အင်အား ၂၀၀ ခန့် မှ …
ကြိုတင်နေရာယူ ပိတ်ဆို့ တိုက်ခိုက်ခြင်းအား …စတင် ခံရပါတော့သည် …

မနှေးမနှောင်း အချိန်ခန့် မှာပင် …တောင်ဘက်မှ ရန်သူအား ရှင်းလင်းလာသော …ခလရ ၁၂၉ စစ်ကြောင်း တစ်ကြောင်းအား …ရန်သူ အင်အား ၂၀၀ ခန့် မှ လည်းကောင်း …မော်ထိုက်စခန်းအား …
ရန်သူ အင်အား ၁၀၀ ခန့် မှ လည်းကောင်း ….ခလရ ၁၂၅ ရင်းဋ္ဌာနချုပ်အား …အင်အား ၂၀၀ခန့် မှ လည်းကောင်း…ခလရ ၁၂၉ ဋ္ဌာနချုပ်အား ...အင်အား ၂၀၀ ခန့် မှ လည်းကောင်း ....
စတင် ၀ိုင်းဝန်းတိုက်ခိုက်ပါတော့သည် ….


တပ်ရင်းဋ္ဌာနချုပ်များသည် …ကြိုတင် တပ်လှန့် အမိန့် ရရှိထားသည့် အတွက် …ကောင်းစွာခံစစ်ပြင်ဆင်ထားပြီး ဖြစ်နေသဖြင့် …တိုက်ပွဲ စလျှင် စချင်း …ရဲမေ များအပါအ၀င် နောက်ချန် စစ်သည်များဖြင့် …တက်ညီလက်ညီ ခုခံကြရာ …ရန်သူများ ရှေ့ မတိုးနိုင်ပဲ ရပ်တန့် သွားရသော်လည်း …လမ်းကြောင်းတွင် ပိတ်မိနေသည့် ...ခလရ ၁၂၅ စစ်ကြောင်းတွင် …အရာရှိ စစ်သည် ၁၁ ဦးကျဆုံးကာ …၁၃ ဦးဒဏ်ရာရရှိထားပြီး …ခလရ ၁၂၉ စစ်ကြောင်းတွင် …စစ်သည် ၅ ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားသည် …မော်ထိုက်စခန်းတွင်မူ …စစ်သည် ၄ ဦးဒဏ်ရာရရှိပြီး …ခုခံအားမှာ ပျော့သထက် ပျော့လာလေသည် …


 အချိန်ကား ၁၄၀၀ ချိန်ခန့်  သို့  …
ရောက်ရှိနေပြီ ဖြစ်ပြီး ….
လောက်ကိုင်ဒေသ စစ်ပွဲများ စတင်ပြီ ဖြစ်သည် ….


ဒကစနှင့် တိုင်းစစ်ဌာနချုပ်၏ သတင်းပေးပို့ ချက်အရ …ကက( ကြည်း ) စစ်ဆင်ရေးသည် ….
၁၀၃၀ ချိန်ခန့်  ခလရ ၁၂၅ စစ်ကြောင်းနှင့် …စတင် ထိတွေ့ စဉ်ကပင် …သတင်းပေးပို့ ချက်များအား …တောက်လျောက်ရရှိနေပြီ ဖြစ်သည် …ဆက်တိုက် တက်လာသော …
တိုက်ပွဲကြေးနန်းသတင်းများအရ …စစ်ဆင်ရေး နယ်မြေအနီးရှိ …ရမခ လက်အောက်ခံ အမှတ် ၁၄၃ ခြေလျင်တပ်ရင်းအား…ကုန်းကြမ်းသို့  စစ်ကူစတင်စေလွှတ်ခဲ့သည် …သိန်းနီရှိ အမှတ်၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ်အား…ကြိုတင် သတိပေးအမိန့်  ထုတ်ပြန်လိုက်သည် …



အချိန်ကား ၁၄ ၃၀ ချိန်ခန့်  …
တစ်ဆက်တည်းမှာပင် ….၀ိုင်းပတ် ပိတ်ဆို့ ခံနေရသော စစ်ကြောင်းများအနက် …..
အခြေအနေ ဆိုးရွားသည့် ခလရ ၁၂၅ စစ်ကြောင်းအား …လေကြောင်း ပစ်ကူပေးရန် အမိန့် ပေးခဲ့ရာ …လားရှိုးအခြေစိုက် …MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်၂စီး ပျံတက်သွားပြီး …
ရော့ကက်များ စက်အမြောက်များဖြင့် …ရန်သူအား ပစ်ခတ်ခဲ့သဖြင့် …ခလရ ၁၂၅ မှာ အတော် အသက်ရူချောင်သွားရလေသည် ….

 


စစ်ကူများရောက်ရှိခြင်း ၊ ပိတ်ဆို.ဖြတ်တောက်ခံရခြင်း


တာမိုးညဲ ၊ မုံးစီးတာပါးလမ်းမှ တက်သွားသော …ခလရ ၁၄၃ သည် ၁၉၀၀ချိန်ခန့် တွင် …
ကုန်းကြမ်းသို့ စတင်ဝင်ရောက်သွားသည် …တိုက်ပွဲ ဖြစ်ပွားပြီး ၉ နာရီအတွင်း ….
ပထမဆုံး ရောက်ရှိလာသော စစ်ကူတပ်ရင်းဖြစ်သော်လည်း. ..၀ိုင်းပတ် ပိတ်ဆို့ ထားခံရသည့် …
ခလရ ၁၂၅ စစ်ကြောင်းသို့ မရောက်ရှိနိုင်ပဲ …ရန်သူ့ ဖြတ်တောက်ရေး အဖွဲ့  အင်အား၂၀၀ ခန့် မှ ..
လမ်းတစ်ဝက်တွင် ...ရင်ဆိုင်ထိန်းချုပ်ထားခြင်း ခံလိုက်ရသည် …



 ၂၁၀၀ ချိန်ခန့် တွင် …စစ်ကူစစ်ကြောင်းမှူးမှ အမြောက်ပစ်ကူတောင်းခံခဲ့ သဖြင့် …
ဒေသတွင်းရှိ တပ်မတော် အမြောက်စခန်းများမှ …၁၀၅ မီလီမီတာ ဟောင်ဝဇ်ဇာ အမြောက်များဖြင့် …
စတင် ပစ်ခတ်ခဲ့ပြီး …ရှေ့ တန်း စစ်ကြောင်းမှူးများမှ ...
အမြောက်အကဲကြည့် အဖြစ် ဆောင်ရွက်ခဲ့ကြသည် ….


လတ်တလော အခြေအနေတွင် …ဒကစ ရှိ တပ်များမှာ ...ထိတွေ့ မှု မဖြစ်ပွားသေးသော်လည်း ..
အပေါ်ပိုင်းတွင် ...တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီ ဖြစ်သည် …ဒကစတွင် တပ်အသင့်နေရာယူထားပြီး …ရဲမေများပါ ၀င်ရောက်နေရာယူထားသည် ….ဒကစသည် ...
အရန်စစ်ကြောင်းအဖြစ်ချန်ထားသည့် …ခလရ ၁၂၈ စစ်ကြောင်းအား …
တာရွှေထန်ရှိ ထောက်ပို့ နှင့် ….စစ်အင်ဂျင်နီယာ တပ်ရင်းများအား…ကာကွယ်ရန် စေလွှတ်လိုက်သည် ….ထို စစ်ကြောင်းသည် ကံကောင်းထောက်မစွာဖြင့် …
ရန်သူ ဖြတ်တောက်မှု မခံရဘဲ ….တာရွှေထန်သို့  ချောမောစွာ ရောက်ရှိသွားသည် ….



 ၁၆၀၀ ချိန်ခန့် တွင် …
သိန်းနီမှ စကခ ၁၆ စစ်ကူတပ်များ …
စတင်ထွက်ခွာလေသည် …


စကခ ၁၆ တပ်များ၏ တည်ရှိပုံအရ …သိန်းနီ နှင့် လားရှိုးတွင် ဖြန့် ခွဲထားရှိထားရာ …
စကခမှူးသည် လားရှိုးရှိ တပ်များအား …မစောင့်ဆိုင်းတော့ဘဲ …
သိန်းနီရှိ တပ်များဖြင့်ပင် ….မုံးစီး -တာပါးလမ်းမှ တစ်ကြောင်း ….ချင်းရွှေဟော်- လောက်ကိုင် လမ်းမှတစ်ကြောင်း …အသီးသီး စတင်ချီတက် ကြပြီး …လောက်ကိုင် - ချင်းရွှေဟော် လမ်းကြောင်းမှ …ချီတက်သွားသည့် စစ်ကြောင်းမှာ …ထိုနေ့ ည ၂၂၀၀ ချိန်ခန့် တွင် …
လောက်ကိုင်သို့  ရောက်ရှိလာသည် …..


တာမိုးညဲ - မုံးစီး ဘက်မှ ဖြတ်ဝင်သော စစ်ကြောင်းမှာ …နံနက် လင်းအားကြီးအချိန်တွင် ….
တာပါးကူးတို့ ဆိပ်ကို ဖြတ်ကျော်ကာ…ကုန်းကြမ်း သို့  စတင် ၀င်ရောက်လာလေသည် …တိုက်ပွဲ စတင်ဖြစ်ပွားပြီး ….၁၈ နာရီ အတွင်း တပ်မတော်၏ ခြေမြန်တပ်မတစ်ခု …တိုက်ပွဲဖြစ်ပွားရာ နေရာသို့  …စတင် ချဉ်းနင်း ၀င်ရောက်လာပြီ ဖြစ်သည် ….။ ။


လာက်ကိုင်သို့  ရောက်ရှိလာသည့် …စကခ ၁၆ တပ်များသည် …ညတွင်းချင်းပင် …
တပ်ဖြန့် ခွဲနေရာချမှုများ ပြုလုပ်ကြသည် ….တပ်ရင်း ၁ရင်းမှာ ...ချင်းရွှေဟော်နှင့် လောက်ကိုင်ကြား …ဆက်သွယ်ရေး လမ်းကြောင်း ..အချက်အချာနေရာများတွင် …၀င်ရောက် နေရာယူလိုက်သည် …

ထိုအချိန်တွင်ပင် …လားရှိုးမှ ချီတက်လာသော …စကခ ၁၆ လက်အောက်ခံ တပ်ရင်း ၂ ရင်းလည်း …
လောက်ကိုင်သို့  ရောက်ရှိလာပြီ ဖြစ်သဖြင့် …ပိတ်ဆို့ ခံနေရသော တပ်ရင်းများအား ကယ်ထုတ်ရန် ….တပ်ရင်း ၃ရင်းမှာ ညတွင်းချင်းပင် …တာရွှေထန်သို့  ဆက်လက်ချီတက်ရာ …
၀၄ ၃၀ ချိန် ခန့် တွင် …တာရွှေထန်သို့  ရောက်ရှိသွားသည် …


သံလွင်မြစ်အား …တာပါးမှ ဖြတ်ကျော်ပြီးဝင်ရောက်လာသော …စကခ ၁၆ တစ်ဗျူဟာ သုံးရင်းမှာလည်း …မနက် လင်းအားကြီး အချိန်ခန့် တွင် …ကုန်းကြမ်းရှိ ခလရ ၁၂၅ ဋ္ဌာနချုပ်သို့  ရောက်ရှိလာခဲ့ပြီး …ရမခ ကွပ်ကဲမှုအောက်ရှိ စစ်ကူစစ်ကြောင်း …ခလရ ၁၃၄ အား တိုက်ခိုက်နေသည့် ရန်သူများအား …၀င်ရောက် လုံးထွေးတိုက်ခိုက်ရာ …ရန်သူများ ဆုတ်ခွာသွားပြီး …မိမိ ခလရ ၁၃၄ စစ်ကြောင်းနှင့် ….ပြန်လည်ပူးပေါင်းမိသွားလေသည် ….

သို့ သော် …ကနဦး စတင် တိုက်ပွဲဖြစ်ပွားခဲ့သော ….ခလရ ၁၂၅ စစ်ကြောင်းမှာ …
လမ်းကြောင်းတွင် ...ပိတ်ဆို့ တိုက်ခိုက်ခံနေရဆဲ ဖြစ်သည် ….တာရွှေထန်သို့  ၀၄ ၃၀ ချိန်တွင် ရောက်ရှိလာသော …တပ်ရင်း ၃ရင်း အနက်မှ …ခမရ ၅၂၂ စစ်ကြောင်းသည် …
ပိတ်ဆို့ ခံ ခလရ ၁၂၅ စစ်ကြောင်းအား ကယ်ထုတ်ရန် …ချက်ချင်းပင် ဆက်လက်ချီတက်လေသည်…

ခလရ ၁၂၅ စစ်ကြောင်း ခုခံတိုက်ခိုက်နေသည်မှာ …၁၈ နာရီ ခန့် ကြာမြင့်နေပြီ ဖြစ်သဖြင့် …
အလျင်အမြန် ချီတက်ကြရာ …၀၆ ၃၀ ချိန့် ခန့် တွင် …၁၈ မိုင် လမ်းဆုံ အနီး၌
ကြိုတင်နေရာယူစောင့်ဆိုင်းနေသော …ရန်သူ အင်အား ၄၀၀ ခန့် ၏ ခြုံခို တိုက်ခိုက်ခြင်းကို …
အငိုက်မိ ခံရလေတော့သည် ….


ခမရ ၅၂၂ စစ်ကြောင်းအား ...တိုက်ခိုက်သော ရန်သူများသည် …လမ်း၏ မျက်နှာမူရာ နှင့် ...
ဘေးဘက်ရှိ တောင်ကုန်းများပေါ်တွင် …ပစ်ကျင်းများတူးကာ ...အသင့်နေရာယူထားခြင်းဖြစ်သည် …ခမရ ၅၂၂ သည် စတင်ပစ်ခတ်ခံရသည်နှင့် …ကားများပေါ်မှ အလျှင်အမြန်ဆင်းကာ…
နေရာယူ ပြန်လည် ပစ်ခတ်လေသည် …


သို့ သော် …ရန်သူ၏ ပစ်ခတ်မှုမှာ ပြင်းထန်လှသဖြင့် …စစ်သည်အချို့  ကားပေါ်တွင် ကျဆုံးပြီး …
တပ်ရင်းမှူး ဦးစီး အဖွဲ့  မှာ လမ်းညာဘက်ရှိ လျိုအတွင်း …ဒု ရင်းမှူး ဦးစီး အဖွဲ့ မှာ …
လမ်းဘယ်ဘက် ရေနူတ်မြောင်းအတွင်းမှ …ရန်သူကို ခုခံနေရတော့လေသည် …ရန်သူကား စက်လတ်နှင့် ဒုံးပစ်လောင်ချာများကို …ဖောဖောသီသီ သုံးကာ …စစ်ကြောင်းတစ်ခုလုံးကို ပစ်ခတ်ထိန်းချုပ်ထားပြီး …တောင်ပေါ်မှ လက်ပစ်ဗုံးများ တောက်လျောက် လှိမ့်ချလေသည် …
မိမိ စစ်ကြောင်းတစ်ခုလုံး ...ရန်သူ့ ပစ်အားအောက်တွင် …ရုန်းထွက်၍ မရနိုင်တော့ပေ …


လမ်းကြောင်းပေါ်တွင် ပိတ်ဆို့ ခံနေရသော …ခလရ ၁၂၅ စစ်ကြောင်းမှာ …
တာပါးဘက်မှ တက်လာသည့် …ခလရ ၁၄၃ နှင့် စကခ ၁၆ စစ်ကူတပ်များ ..ဆက်လက်ချီတက်လာမှုကြောင့် …ရန်သူ များ စတင်ဆုတ်ခွာ သွားသဖြင့် …မိမိ တပ်များ နှင့် ၁၀ ၃၀ ချိန့် တွင် …ပြန်လည် ပူးပေါင်းမိသွားလေသည် …

တာရွှေထန်တွင် ကျန်ခဲ့သည့် …စကခ ၁၆ လက်အောက်ခံ ခလရ ၆၈ သည် …တိုက်ပွဲ ဖြစ်ပွားသံကြားသည်နှင့် …ဆက်သွယ်ရေးစက်ကို ဖွင့်ကာ …တောက်လျောက် နားထောင်နေသည် …
သို့ သော် …မည်သည့် အဆက်အသွယ်မှ မကြားရသဖြင့် …ခမရ ၅၂၂ သို့ ဆက်သွယ်ရာ ..
အဆက်အသွယ် မရရှိခဲ့ပေ …



 သို့ ဖြစ်ရာ ...
ရတ ခလရ ၆၈ ...
ခေတ္တရင်းမှူး ဗိုလ်မှူး ၀င်းထွန်းအောင်သည် …
စကခမှူးထံ အခြေအနေကို တင်ပြပြီး …
ချက်ချင်းပင် စစ်ကူလိုက်လေတော့သည် …


စစ်ကူစစ်ကြောင်းသည် …၀၉ ၀၀ ချိန်ခန့် တွင် ….တိုက်ပွဲ ဖြစ်ပွားရာ ဧရိယာအတွင်းသို့ …
စတင်ဝင်ရောက်လာရာ…ကိုက် ၅၀၀ ခန့် အကွာအရောက်တွင် …ရန်သူ့  စက်သေနတ်ကြီး ၏ စတင်ပစ်ခတ်မှုကို ခံရပြီး …အာပီဂျီများဖြင့် တလစပ်ပစ်ခတ်မှု ကြောင့်….ပွိုင့် တပ်စုမှ အရာရှိမှာ …
ချက်ချင်းဒဏ်ရာရရှိသွားလေသည် ….


ခလရ ၆၈ ခေတ္တရင်းမှူး ဗိုလ်မှူးဝင်းထွန်းအောင်သည် …စစ်ကြောင်း ၂ အား …လမ်း၏ ဗယ်ဘက်တောင်ကုန်းပေါ်သို့  …တက်ရောက်နေရာယူစေခဲ့ပြီး …ရင်းမှူး ဦးစီး စစ်ကြောင်း ၁မှာ ...
ညာဘက်တောင်ကြောပေါ်သို့ …ချက်ချင်း တက်ရောက်နေရာယူခဲ့သည် …ချက်ချင်းဆိုသလိုပင် …
စစ်ကြောင်းရုံး နှစ်ခုမှ ၈၁ မမ စိန်ပြောင်းများက …ရန်သူ နေရာယူထားသော ကုန်းများအား …
တန်ပြန် ပစ်ခတ်ကြရာ …အောက်ဘက်တွင် ပိတ်မိနေသော …ခမရ ၅၂၂ မှာ အတော်အတန် …
သက်သာရာ ရရှိသွားလေသည် ….

 


လေကြောင်းပစ်ကူ


ထိုအချိန်တွင် ခမရ ၅၂၂ ပိတ်မိနေသည်မှာ …၅ နာရီခန့် ကြာမြင့်သွားပြီ ဖြစ်ပြီး …
ရန်သူ့  ကျားထိုးမှုကို သုံးကြိမ်ခန့်  …ခုခံတွန်းလှန်ခဲ့ ပြီး ဖြစ်လေသည်
…ထိုအချိန်တွင်ပင် ….
ဆက်သွယ်ရေးစက်မှ ...စစ်ကြောင်းအားလုံး နေရာယူထားရန် နှင့် ...ပစ်မှတ်ကို ညွှန်ပြပေးရန် စက်သံတစ်ခု ပေါ်လာသည် ….၁၁၃၀ ချိန်ခန့်  ...မြူနှင်းများ ကောင်းစွာကွဲသွားပြီ ဖြစ်သဖြင့် …
လေကြောင်း ပစ်ကူများ ရောက်ရှိလာပြီ ဖြစ်သည် ….


ရန်သူနေရာယူထားသော တောင်စောင်းများတစ်လျောက် ….ရော့ကက်များ ထိမှန်ပေါက်ကွဲပြီးမှ ….
MI 35 ရဟတ်ယာဉ်များကို စတင်မြင်တွေ့ ရသည် …ထို့ နောက် …. စက်အမြောက်များဖြင့် …
နောက်တစ်ခေါက် … နောက်တစ်ခေါက် ….သို့ သော်လည်း …ရန်သူသည် ပစ်ကျင်းများအတွင်း …ကောင်းစွာ နေရာယူထားသဖြင့် …အထိအခိုက် အရှအနာကား …မပြောပလောက်ပေ …

ခလရ ၆၈ ခေတ္တတပ်ရင်းမှူး သည် …အခြေအနေကို သုံးသပ်ပြီး ခွဲရုံး နှစ်စုအား …
ညာဘက်မှ ပတ်ကာ လျိုအတွင်းမှ ချဉ်းကပ်ပြီး …ခမရ ၅၂၂ ဒုရင်းမှူး နှင့် အဖွဲ့ ...
ပိတ်မိနေသော ကားလမ်းအနီးသို့  …အရောက် ထိုးဖောက်ရန် အမိန့် ပေးလိုက်သည် ….ရန်သူမှာ မြေအနေအထားအရ ….အလွန်ကောင်းမွန်နေသဖြင့် …ထိုးဖောက်နေသော တပ်ခွဲမှာ …
အတော် ခက်ခက်ခဲခဲ ချီတက်နေရလေသည် ….


တစ်ကြိမ်တွင်မူ…လမ်းနားထိ ရောက်လာခါနီးမှ …ရန်သူ ဒုံးပစ်လောင်ချာများ စုပြုံပစ်ခတ်သဖြင့် …
နောက်ပြန်လန်ကျလာခဲ့သည် …လေကြောင်း ပစ်ကူ သုံးကြိမ်တိုင် ပစ်ခတ်ခဲ့သော်လည်း …
ရန်သူ မှာ ဆုတ်ခွာမှု မရှိသေး ….အပေါ်စီးမှ ကောင်းစွာပစ်ခတ်နိုင်ဆဲ ဖြစ်သည် …

ဗိုလ်မှူး ၀င်းထွန်းအောင် သည် …စစ်ကြောင်းရုံးမှ စက်လတ်နှင့် ဒုံးပစ်လောင်ချာများအား …
အရှေ့ တွင် ထိုးဖောက်နေသည့် ခွဲရုံးသို့ ပို့ ပေးလိုက်ပြီး …တပ်ခွဲအား ဦးနှိမ်ပစ်ခတ်နေသော ….
ကားလမ်းအထက်ရှိ ရန်သူအား …အနီးကပ် စုပြုံပစ်ခတ်စေသည် …တစ်ချိန်တည်းမှာပင် …
စစ်ကြောင်းရုံး ရှိ မော်တာများကလည်း …အပြင်းအထန် ပစ်ခတ်ရာ …
ည သန်းခေါင် ၃နာရီ အချိန်ခန့် တွင် …စစ်ကူ တပ်ခွဲမှာ ...ကားလမ်းမအနီးသို့  မေးတင်မိသွားလေသည် …


ထိုအချိန်တွင် …ပိတ်ဆို့ ခံနေရသော ခမရ ၅၂၂ မှာ …ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့သော …
ရန်သူ့  လုံးထွေးမှုကို …ခုခံ တွန်းလှန်နေဆဲ ဖြစ်သည် ….မိမိဘက်မှ ကံကောင်းသည့် အချက်မှာ ...
ခမရ ၅၂၂ အား ရန်သူ ကျားတက်ထိုးတိုင်း ...ခလရ ၆၈ စစ်ကြောင်း ၁ ၊ ၂ ...စစ်ကြောင်းရုံးများမှ ...
ဒုံးပစ်လောင်ချာများဖြင့် ၀ိုင်းဝန်းပစ်ခတ်သဖြင့် ...ရန်သူ့ ထိုးစစ် အရှိန် ...
အားပျော့ပျော့ သွားခြင်း ဖြစ်သည် ...ကားလမ်းမအား မေးတင်မိသွားသော …ခလရ ၆၈ တပ်ခွဲသည် …ကားလမ်းနှင့် အနီးဆုံးကုန်းအား …၀၃ ၃၀ ချိန်တွင် ကျားတက်ထိုးရာ ….ပြန်လည် လန်ကျလာခဲ့သည် …

၀၄၀၀ ချိန်တွင် ခေတ္တတပ်ရင်းမှူး၏ ကွပ်ကဲမှုဖြင့် …စစ်ကြောင်း နှစ်ကြောင်းလုံးမှ …လက်နက်ကြီးများဖြင့် ၀ိုင်းဝန်းပစ်ခတ်ကြပြီး …အသေခံ တက်လုံးရာ …
ကုန်းပေါ်မှ ရန်သူများအားလုံး ဆင်းပြေးရလေတော့သည်
၀၄၃၀ ချိန်ခန့် တွင် …
ခမရ ၅၂၂ မှ ခုခံနေသည့် ဒုရင်းမှူး စစ်ကြောင်းနှင့် ….ထိုးဖောက်ဝင်ရောက်လာသော …
ခလရ ၆၈၏ စစ်ကူတပ်ခွဲတို့  ပူးပေါင်းမိသွားပြီ ဖြစ်သည် …


တစ်ဆက်တည်းမှာပင် …စစ်ကြောင်း ၂ မှ ....လက်နက်ကြီးပစ်ကူပေးထားပြီး .…
ဗိုလ်မှူးဝင်းထွန်းအောင်၏ စစ်ကြောင်း ၁ မှ....ရန်သူ့ တောင်ကုန်းများအား တက်လုံးရာ ....
ရန်သူများ စတင် ဆုတ်ခွာရလေတော့သည် …



 ၀၆၀၀ ချိန်ခန့် တွင် …
စစ်ကူ ခလရ ၆၈ နှင့် ခမရ ၅၂၂ တို့ …
အားလုံး ပူးပေါင်းမိသွားပြီ ဖြစ်သည် ….


ခလရ ၆၈ ခေတ္တရင်းမှူးသည် …စစ်ကြောင်း ၁ အား ...ဘေးပတ်လည်ကုန်းများတွင် …
ယာယီ ခံစစ်ပြင်စေခဲ့ပြီး …စစ်ကြောင်း ၂ အား လူနာများကို ထမ်းပိုးကာ…တာရွှေထန် အနီးရှိ ကားများရှိရာသို့  …ချက်ချင်း သယ်ထုတ်စေခဲ့သည် ….ကျဆုံး စစ်သည်များ၏ အလောင်းနှင့် လက်နက်များအား…ပိုက်စိတ်တိုက် ရှာဖွေသယ်ယူခဲ့ပြီး …၁၁ ၃၀ ချိန်ခန့် တွင် ပြန်လည် ဆုတ်ခွာလာခဲ့ရာ …၁၅၀၀ ချိန်ခန့် တွင် …တာရွှေထန်သို့  ပြန်လည်ရောက်ရှိ အခြေပြုနိုင်ခဲ့သည် …


ထိုတိုက်ပွဲတွင် …
ခမရ ၅၂၂ မှ စစ်သည် ၁+၂၉ ဦးကျဆုံးကာ …
၈ + ၃၉ ဦး ဒဏ်ရာရရှိခဲ့ပါသည် …


ခလရ ၆၈ စစ်ကူ စစ်ကြောင်းမှ …..မိမိ စစ်သည်အားလုံး၏ …
အလောင်း နှင့် လက်နက်များ ..တစ်ခုမကျန် ပြန်လည်သယ်ယူနိုင်ခဲ့ပါသည် ….





( ကိုရဲမိုး ရေးသားသော လောက်ကိုင် ရှင်းတမ်း အား မူရင်းအတိုင်းဖော်ပြထားခြင်း ဖြစ်ပါသည် )






ဆက်စပ်ဖတ်ရှုရန်များ…





Monday, February 16, 2015

ကိုးကန်.တိုက်ပွဲဆိုင်ရာ သုံးသပ်ချက် တစ်ခု







ကိုးကန့်တိုက်ပွဲနှင့်ပက်သက်၍မြန်မာ့တပ်မတော်၏စစ်ရေးစွမ်းရည်ကိုသုံးသပ်ခြင်း။
(အရပ်သားတစ်ဦး၏စစ်ရေးသုံးသပ်ချက်) အား တိုက်ရိုက်ကူးယူဖော်ပြပါသည် ။
 
(၁)အလွန်ညံ့ဖျင်းတဲ့ထောက်လှမ်းရေးစနစ်(the worst intelligent services)
 
ရန်သူအင်အား 5000 လောက်ကအချင်းဝက်မိုင်100 ပတ်လည်အတွင်းမှာစုဖွဲ့ပြီးကိုယ့်
တပ်မဌာနချုပ်ကိုတိုက်တာကို(၁)ရက်ကလေးတောင်ကြိုမသိတာကတော့အလွန်အင်
မတန်မှညံ့ဖျင်းတဲ့ထောက်လှမ်းရေးစနစ်လို့ပဲသုံးသပ်လို့ရပါတယ်။
လူငါးထောင်နီးပါးစုဖွဲ့ဖို့နဲ့105မမအမြောက်ကြီးတွေတိုက်ပွဲဝင်ဖို့စုဖွဲ့တာကအနည်းဆုံး
တစ်ပတ်နီးပါးကြာတဲ့အလုပ်ပါ။ဒီအတွင်းမှာသတင်းအစအနလေးတောင်မဖော်ထုတ်
နိုင်ဘူးဆိုတာရန်သူကသိုသိပ်လွန်းတာမဖြစ်နိုင်ပဲထောက်လှမ်းရေးအလွန်ညံ့ဖျင်းတာ
လို့ပဲသုံးသပ်ပါတယ်။


(၂)နယ်မြေခံပြည်သူလူထု၏ထောက်ခံမှုကိုလုံးဝမရရှိခြင်း။(no effective support by the local)
 
နောက်ထပ်သေချာတဲ့တစ်ချက်ကတော့တပ်အနေနဲ့နယ်မြေလူထုထောက်ခံမှုကိုလုံးဝ
မရတဲ့အတွက်ကြောင့်သာဒီအချက်တွေကိုကြိုမသိတာဖြစ်ပါတယ်။နယ်စပ်ဒေသမှာ
တာဝန်ထမ်းဆောင်တဲ့တပ်တွေအနေနဲ့လူထုစည်းရုံးရေးစွမ်းရည်အရမ်းအရေးကြီး
တယ်၊လိုအပ်တယ်ဆိုတာဒီအချက်ကသက်သေပြတာဖြစ်ပါတယ်။ဒါကြောင့်အခုတိုက်
ပွဲအပြီးမှာတော့နယ်မြေလူထုကိုလက်စားချေတုံ့ပြန်မှုလုံးဝမလုပ်ဖို့သတိပေးလိုပါတယ်။
တပ်မတော်အကြီးအကဲတွေအနေနဲ့ကြိုတင်အမိန့်ထုတ်ပြန်ထားသင့်ပါတယ်။၁၉၈၈
မိုင်းယန်းတိုက်ပွဲတုန်းကလည်းမိုင်းယန်းလူထုအပေါ်စစ်တပ်အနေနဲ့လက်စားချေတုံ့ပြန်
မှုတွေလုပ်ခဲ့ပါတယ်။အခုဒီလိုမျိုးထပ်မလုပ်ဖို့တိုက်တွန်းလိုပါတယ်။



(၃)စိတ်ဓာတ်ရေးရာကောင်းမွန်ကြံ့ခိုင်မှု(maintenance of morale and durability)
 
ရုတ်တရက်အတိုက်ခံရတာဖြစ်ပေမယ့်ရဲမေများအပါအဝင်တိုက်ပွဲဝင်အဆင့်အတန်း
အားလုံးပြင်းထန်စွာခုခံတိုက်ခိုက်ခဲ့ကြတာကတော့ချီးကျူးစရာပါ။ရန်သူအနေနဲ့က
တော့အတော့်ကိုပေးဆပ်လိုက်ရမယ်လို့ယူဆပါတယ်။မိမိထက်ဆယ်ဆမကသာလွန်
တဲ့ရန်သူရဲ့ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှု(encirclement)ကိုနာရီပေါင်းများစွာကြာအောင်
ခုခံတိုက်ခိုက်မှုကိုတွန်းလှန်နိုင်တာဟာကမ္ဘာ့တပ်မတော်အတော်များများမှာကိုမတွေ့ရ
တဲ့မြန်မာ့တပ်မတော်ရဲ့ထူးခြားသောအရည်အသွေးတစ်ခုအဖြစ်ရှိနေဆဲပါ။


(၄)စစ်ရေးအရအမြဲအသင့်ဖြစ်မှု။(Readiness)
 
ဖြစ်ဖြစ်ချင်း၂၄နာရီအတွင်းမှာပဲတပ်မ(၂)ခုကတိုက်ပွဲဧရိယာ(combat area)ထဲကို
ရောက်ပြီးတပ်မအဆင့်တိုက်ပွဲဝင်နိုင်တာကလည်းထူးခြားတဲ့စွမ်းရည်ပါပဲ။အရင်ဒီလို
တုန့်ပြန်နိုင်မှုမျိုးမတွေ့ရပါဘူး။ဒါကတိုးတက်လာတဲ့အချက်လို့ပြောလို့ရပါတယ်။တပ်မ
အဆင့်ရွှေ့ပြောင်းတိုက်ပွဲဝင်နိုင်မှုစွမ်းရည်(mobility)အလွန်ကောင်းလာတယ်လို့သုံး
သပ်နိုင်ပါတယ်။



(၅)အနီးကပ်လေကြောင်းပစ်ကူပေးနိုင်မှုစွင်္မးရည်(close air support)
 
အလွန်ထိရောက်တဲ့လေကြောင်းပစ်ကူများလို့သုံးသပ်လို့ရပါတယ်။MI35တွေK8လေ
ယာဉ်တွေကိုဝယ်ယူထားတာမကြာမြင့်သေးပေမယ့်ထိရောက်စွာအသုံးပြုနိုင်တဲ့မြန်
မာ့လေတပ်ကလေသူရဲတွေရဲ့အရည်အချင်းကိုလည်းမချီးမွမ်းလို့မရပါ။ဒီအချက်က
လည်းကျွန်တော်တို့လေတပ်ကိုခေတ်မီကိရိယာတွေဖြည့်ဆည်းလိုက်တာနဲ့ကမ္ဘာ့တန်း
ဝင်လေတပ်အဆင့်ကိုရနိုင်တယ်ဆိုတဲ့ခိုင်မာတဲ့သက်သေပြချက်ပါ။


(၆)ထင်ထင်ရှားရှားမတွေ့ရသေးတဲ့အမြောက်တပ်(Artillery Bombardment)

မြန်မာ့တပ်မတော်ရဲ့နည်းဗျူဟာမြောက်တိုက်ပွဲတွေမှာအဓိကကျတဲ့အမြောက်တပ်ရဲ့
စွမ်းရည်ကိုဒီနေ့အထီမတွေ့ရသေးတာကတော့တပ်မတော်အနေနဲ့ထိုးစစ်မဆင်နိုင်
သေးတာ(သို့)အနီးကပ်တိုက်ပွဲတွေပြင်းထန်နေသေးတာ၊(သို့)ရန်သူရဲ့သိမ်းပိုက်ပြီးသား
နေရာတွေမှာအခိုင်အမာခံစစ်ဆင်မှုတွေမရှိဘူးလို့သုံးသပ်လို့ရပါတယ်။နည်းဗျူဟာမြောက်
တိုက်ပွဲဝင်တာမဟုတ်ပဲခြေလျင်တပ်တွေလိုအပ်တဲ့နေရာကိုပစ်ကူပေးတဲ့အ
ဆင့်လောက်မှာပဲရှိနေတယ်လို့ယူဆပါတယ်။


(၇)ရန်သူ့ရည်မှန်းချက်ကိုပျက်ပြားစေခြင်း(Disorder of enemy objectives)
 
စစ်ပွဲတစ်ခုရဲ့ရည်ရွယ်ချက်ကိုအထမြောက်မှအောင်မြင်တယ်လို့ဆိုလို့ရပါတယ်။ဥပမာ
ဓားစာခံတွေကယ်တင်ရမယ့်စစ်ဆင်ရေးဆိုရင်တပ်သားတွေဘယ်လောက်ဆုံးရှုံးမှုရှိ
ပါစေဓားစာခံတွေကိုကယ်တင်နိုင်တယ်ဆိုရင်ရည်မှန်းချက်အထမြောက်တယ်လို့ဆို
လို့ရပါတယ်။ကိုရီးယားစစ်ပွဲမှာတရုတ်စစ်သည်၅သိန်းနီးပါးအသက်ပေးခဲ့ရပေမယ့်တ
ရုတ်တွေကစစ်ပွဲနိုင်တယ်လို့ပြောခြင်းကသူ့ရဲ့မဟာ
ဗျူဟာရည်မှန်းချက်ဖြစ်တဲ့အမေရိကန်တပ်တွေကိုယာလူးမြစ်ကမ်းကမောင်းထုတ်ဖို့နဲ့
မြောက်ကိုးရီးယားအစိုးရကိုကာကွယ်ဖို့ဖြစ်တယ်။ဒီရည်မှန်းချက်အောင်မြင်လို့သူတို့
နိုင်တယ်လို့ပြောတာပါ။ဗီယက်နမ်စစ်ပွဲလည်းအလားတူပါပဲ။
အခုဖုန်ကြားရှင်ကကိုးကန့်ဒေသကိုပြန်တိုက်ယူမယ်ဆိုတာသူ့ရဲ့မဟာဗျူဟာရည်မှန်း
ချက်ဖြစ်ပေမယ့်ကိုးကန့်ဒေသကိုသူထင်သလိုလွယ်လွယ်နဲ့မရပဲသူ့စစ်သားတွေအများ
ကြီးဆုံးပြီးသူ့ငွေတွေအများကြီးကုန်သွားတာကတော့ရည်မှန်းချက်မအောင်မြင်ပဲအရင်း
အများကြီးပါဆုံးရှုံးသွားစေတယ်။ဒီရည်မှန်းချက်ကိုမှန်းဆပြီးမှန်မှန်ကန်ကန်ခေါင်း
ဆောင်မှုပေးနိုင်တဲ့စစ်ခေါင်းဆောင်တွေရဲ့စွမ်းရည်ကိုအသိအမှတ်ပြုပါတယ်။

ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့တပ်မတော်အနေနဲ့ကိုယ့်အလုပ်ကိုသာကိုယ်
လုပ်ရင်ဒီထက်ပိုပြီးထိရောက်ကောင်းမွန်တဲ့တပ်မတော်တစ်ရပ်ဖြစ်နိုင်ပါတယ်။
လိုအပ်နေတဲ့စည်းရုံးရေးစွမ်းရည်ကောင်းဖို့၊ထောက်လှမ်းရေးစနစ်တွေပိုကောင်းဖို့အ
တွက်ဆောင်ရွက်ကြစေလိုပါတယ်။
မလိုအပ်တဲ့၊ဘယ်သူမှလည်းမကြည်ဖြူတဲ့အလုပ်တွေလုပ်နေတာကိုရပ်တန်းကရပ်ရင်း
ကမ္ဘာ့အဆင့်မီတပ်မတော်တစ်ရပ်ကိုတိုင်းရင်းသားအားလုံးနဲ့လက်တွဲတည်ဆောက်စေ
လိုပါတယ်။

ကမ္ဘာ့အဆင့်မီတပ်မတော်ကြီးတစ်ရပ်ပေါ်ထွက်လာရေးမျှော်မှန်းလျက်---------------

(ကျွန်တော်ပြောတဲ့အချက်မှာကျန်ခဲ့တဲ့၊လိုအပ်တဲ့၊မမှန်ကန်တဲ့အချက်တွေကိုဝိုင်းဝန်း
သုံသပ်ကြစေလိုပါတယ်။)


Friday, February 13, 2015

ဖော်မဲ့ ဆိပ်ကမ်း ရဲ. လွမ်းချင်း




တကယ်တော. ကျုပ်ဘ၀မှာ ဒီလိုနေ.ရက်မျိုး ကြုံခွင်.တောင်မရှိတော.ဘူးလို.ထင်တာလေ ။ အမည်ခံသက်သက်လောက်သာ ရှိတော.တဲ့ ကျုပ်ဘ၀ ဘယ်သူမှတောင် အရာသွင်းကြတော.တာမဟုတ်ဘူးဗျ ။ တစ်ချိန်ကတော. ပုသိမ်ကောင် ၊ မြောင်းမြကောင် ၊ လပွတ္တာကောင် ၊ မအူပင်ကောင် စသဖြင်. ကျုပ်ကို လာခစားကြရတဲ့ သူတွေ ခုတော. လာခ စား ဖို.နေနေသာသာ   ဟိုးးးမြစ်ထဲကဖြတ်သွားတာတောင် သိပ်မတွေ.၇တော.ဘူး ။ ဒါပေမယ်. ဒီနေ.တော. ကျုပ်မိုးလင်းထဲကပျော်နေတယ် ။

ကျုပ်ဆီမှာ လာပြီး အပြာရောင်ဆိုင်းဘုတ်လာကပ်တည်းက ကျုပ်မျှော်နေတာ ။ တစ်ချိန်က ကျုပ်ဆီမှာ အုံနဲ.ကျင်းနဲ. စုဝေးရောက်လာခဲ့ကြဖူးတဲ့ ကလေးတွေ သူတို.လာမယ်တဲ့ ။ နေရောင်လေးရင်.လာချိန် ကြိုဆိုမယ်.သူတွေကတော. ရောက်လာနေပြီဗျ ။ တီးမှုတ်ဖျော်ဖြေသံတွေကြားနေရတော. ကျုပ်အလိုလိုပျော်လာတယ် ။ ကားတွေ ကားတွေဆိုတာလည်း အို…. အများကြီးပါပဲ ။တစ်ချိန်ကဆို အဲ့ဒီကလေးတွေက ကျောပိုးအိတ်လေးတွေ နဲ. လက်ထဲမှာ T တွေနဲ. အိမ်ကထည်.ပေးလိုက်တဲ့ စားစရာတွေနဲ. ရောက်လာလိုက်ကြ ၊ ဂစ်တာတွေ စာအုပ်တွေ သေတ္တာတွေနဲ. ပြန်သွားလိုက်ကြ ၊ ကျုပ်ဆီမှာပဲ သီချင်းတွေဆိုကြ ၊ ရီဝေေ၀နဲ.ငြင်းကြ ၊ တိုးတိုးတိတ်တိတ် ရင်ခုန်သံတွေ ဖြန်.ကြဲကြ နဲ. သောကြာနဲ. တနင်္ဂနွေ ညတွေဟာ သူတို.လေးတွေနဲ. ပြည်.နှက်နေခဲ့တာလေ

ခုသူတို.လာတော.မယ်ဆိုတော. ကျုပ်လည်း မျှော်နေမိတယ် ။ဟောမြင်ရပြီဗျ ။ ဗညားလတ်ဆိုတဲ့ ၂ထပ်ခွဲ …. ကျုပ်တောင်သူ.ပုံကိုမေ.သလောက်ဖြစ်နေပါပြီလေ ။ သင်္ဘောမကပ်ခင်တည်းက အောက်ကကြိုရောက်နေသူတွေ ၊ လာကြိုသူတွေက အော်ကြ အပေါ်ကလူတွေကလည်း ခုန်ချတော.မလို အားရ၀မ်းသာနှုတ်ဆက်ကြ ၊ တကယ်ပါဗျာ ။ ကျုပ်ကို ဟိုးးးးးတုန်းကနေ.ရက်တွေဆီပြန်ခေါ်သွားသလိုပါပဲ ။ အရင်ကလို အဲ့ဒီအော်ဟစ်နှုတ်ဆက် သံတွေ ကျုပ်တမ်းတလိုက်ရတာ နှစ်တွေဘယ်နည်းတော.မလဲဗျာ ။ကျုပ်လည်း ပျော်လိုက်တာဗျာ ။ နောက်တော.သူတို.ရဲ. ဆရာကန်တော.ပွဲဆီဆိုလား တက်သွားကြလေရဲ. ။

၃နာရိလောက်ကြာတော. သူတို.လေးတွေ သင်္ဘောဆီကို ပြန်ဆင်းလာကြတယ်ဗျ ။ တစ်င်္ဖွဲဖွဲနဲ.ပေါ. ။အရင်ကတော. ဂစ်တာလောက်နဲ.သာ ဟစ်ကြွေးနေတဲ့ ကလေးတွေက ခုတော. တီးဝိုင်းကြီးတစ်ခုပါ သင်္ဘော အပေါ်ဆုံးထပ်မှာ ဆင် လာတယ်ဗျ ။သိပ်မကြာဘူး သူတို. တီးဝိုင်းကအသံတွေ ထွက်လာပြီ ။နားထောင်လို.တော.ကောင်းသား ။ပါလာတဲ့သူအတော်များများက ပြန်လိုက်သွားမှာတဲ့ ။ အချို.က နေခဲ့မှာတဲ့ ။ အဲ့ဒါလိုက်နှုတ်ဆက်ရင်း သင်္ဘောပေါ်မှာ အတူတူ ဆိုကြ တီးကြမှာတဲ့ ။

အဲ့ဒီကလေးတွေ သူတို. အရင်ကအတိုင်းပဲဗျ ။ အသက်တွေကြီးလာကြပေမယ်. သူတို.ခုတော. ဟိုးတုန်းကလို လွတ်လပ်နေကြတယ် ။ ဟိုးး တုန်းကလို ပျော်နေကြတယ် ။ ဟိုးးး တုန်းကလို အချင်းချင်း ချစ်ကြတုန်းပဲ ။ ဟိုးးးး တုန်းကလို သူငယ်ချင်းသံယောဇဉ်တွေ ခိုင်မာနေတုန်းပဲ ။သူတို.ရဲ. သိချင်းသံတွေကြားထဲ ကျုပ်လည်း နစ်မြောလို.ပေါ ။ အတူတူဆိုကြ အတူတူကကြ တစ်ယောက်နဲ.တစ်ယောက် ပွေ.ဖက်ရင်း ဟိုးတုန်းကအကြောင်းတွေပြောကြ ။ ကျုပ်မမြင်ဘူးတဲ့ကလေးအချို. လည်းပါရဲ. ။ အချို.ကတော. သူတို.ခောတ်မှာ ကျုပ်ဆီသိပ်မရောက်ကြတော.ပဲ အဝေးပြေးလောက်နဲ.သာရင်းနှီးကြတာလေ ။ အချို.ကတော. ကျုပ်ကလေးတွေရဲ. ကလေးတွေ ထင်ပါ. ။

ဒီလိုနဲ. ၄နာရီထိုးသွားချိန်မှာတော. ကျုပ်မုန်းတဲ့ အသံ  တစ်ခုထွက်လာတယ် ..
ဟုတ်တယ် သင်္ဘော ဥသြ သံ
ဒါခွဲခွာခြင်းရဲ. သင်္ကေတ မှန်းကျုပ်သိတယ်ဗျ

လိုက်ပါ နှုတ်ဆက်သူတွေက သင်္ဘောပေါ်ကနေ မဆင်းချင် ဆင်းချင် ဆင်းနေကြတယ်
သင်္ဘောပေါ်က လူတွေက ကျန်ခဲ့ရမယ်.လူတွေကိုမခွဲနိုင် မခွာရက် နေခဲ့ခိုင်းနေကြတယ်
အဲ့ဒီထဲမှာ အချို.က အမြဲလိုလို တွေ.ခွင်.ရနေသူတွေလည်းပါတယ်
အချို.က တစ်ခါတစ်လေမှ တွေ.ခွင်.ရသူတွေလည်း ပါတယ်

အချို.က ကြုံတောင်.ကြုံခဲ တွေ.ခွင်.ရသူတွေလည်းရှိတယ်

အချို.ကတော. နောင်ဘယ်တော.မှပြန်ဆုံခွင်.ရမယ်မှန်းမသိသူတွေလည်းရှိတယ်

သင်္ဘောက တစ်ဖြေးဖြေး ရေလည်ဘက်ဆီခွာထွက်နေတယ်
သင်္ဘောမီးခိုးခေါင်းတိုင်ဆီက မီးခိုးငွေ.တွေက ကောင်းကင်ဆီတက်လို.............
နေရောင်က အပူဖျော.ပေမယ်. အရောင်ရင်.လာနေတယ်..................
သင်္ဘောအပေါ်ဆုံးထပ်က ကျောင်းသားတွေက သူတို.သူငယ်ချင်းတွေဆီလက်တွေပြလို.
ကမ်းက ကျန်ခဲ့သူတွေကလည်း သင်္ဘောဆီမမှိတ်မသုံ ကြည်.ရင်း လက်တွေပြနေကြတုန်း
သင်္ဘောတီးဝိုင်းဆီက သီချင်း တစ်ပုဒ်အသံ ထွက်လာတယ်

ဆယ်လမွန် ငါးတို.အပြန်တဲ့
ကျုပ်လေ ရင်ထဲမှာနင်.နေတယ်… နှုတ်ဆက်ထွက်ခွာသွားသူတွေရော ကျန်နေခဲ့သူတွေပါ တကယ်ခံစားမှုအပြည်.နဲ. နှုတ်ဆက်နေကြတာ
တကယ်က ဟုတ်တယ် ဘ၀ရဲ. အနာဂတ်အချိန်ဆိုတာ ဘယ်သူမှတာဝန်ယူရဲကြတာမှမဟုတ်တာ
ဘာအာမခံချက်မှ ရှိတာမှ မဟုတ်တာ
ဒီသူငယ်ချင်းတွေနဲ. ၊ ဒိဆရာ/ဆရာမတွေနဲ. အကုန်လုံး ဒီနေရာမှာ နောက်တစ်ခေါက် ဒီလိုပြန်ဆုံမယ်လို. ဘယ်သူတာဝန်ယူရဲလဲ  
ကျုပ်မြင်နေရတယ်ဗျ
အထူးသဖြင်. သင်္ဘောပေါ်က တစ်ချိန်ကကျုပ်ရဲ.ကျောင်းသားလေးတွေ


 သူတို.ရင်ထဲမှာ ဟိုးးးးးး တစ်ချိန်က သူတို.ဒီမြို.လေးကို ၊ ဒီကျောင်းလေးကို ၊ ဒီသူငယ်ချင်းတွေကိုနောက်ဆုံး ခွဲခွာခဲ့ရချိန်ကိုပါ ပြန်သတိရနေကြပုံပဲ

လက်ပြနေတဲ့ တစ်ယောက်က တစ်ဖြေးဖြေး ဝှေ.ရမ်းနေတဲ့ လက်ကိုအသာချ ၊ လက်နှစ်ဘက်က သင်္ဘော လက်ရမ်းတိုင်ကို ခပ်တင်းတင်းကိုင် သေချာမမြင်၇တော.တဲ့ ဆိပ်ကမ်းဆီ ငေးကြည်.ရင်း အသက်ရှုဖို.ပါမေ.ပြီး သူ.တစ်ကိုယ်လုံး တုတ်တုတ်မှ မလုပ်ပဲ ဟိုးးးးးးးးးးးးးးးးးးအတိတ်ဆီ ရောက်နေပုံပဲ



မိန်းကလေးတစ်ယောက်က မီးခိုးခေါင်းတိုင်နားမှာ ခေါင်းကိုငုံ.ပြီး သူ.ပ၀ါလေးနဲ. မျက်ရည်စတွေကို သုတ်နေတယ်


ယောင်္ကျားလေးတစ်ယောက်က သူ.နေကာမျက်မှန်အောက်မှာ မျက်ဝန်းအပြည်.မျက်ရည်တွေ စိုစွတ်နေတယ်


တစ်ယောက်က အကြောင်းမဲ. ကောင်းကင်ကိုမော.ကြည်.နေရင်း မျက်နှာကို အရမ်းတင်းထားတယ် …ကျုပ်သိတယ် သူကြည်.နေပေမယ်. ဘာကိုမှမြင်နေမှာ မဟုတ်ဘူးဆိုတာ


တီးခတ်နေကြသူတွေကလည်း သူတို.ကိုယ်သူတို. တီးဝိုင်းထဲမှာလို.မထင်တော.ပဲ အဆောင်ရှေ.က လမ်းပေါ် မှာလို.ထင်ရင်း နောက်ဆုံးနှစ်ရဲ. နှုတ်ဆက်ည လိုပဲ ကြေကွဲစွာ တီးခတ်နေကြတယ်  မြင်နေရတာက သင်္ဘော တစ်စင်းလုံး အေးခဲသွားသလိုပဲ

လှမ်းသွားပေမယ်. ကျုပ်မြင်နေရသေးတယ်
ဝေးသွားပေမယ်. ကျုပ်ကြားနေရသေးတယ်
သူတို.တီးဝိုင်းက သိချင်းတစ်ပုဒ်ပြောင်းသွားတယ်
 
နှုတ်ဆက်ခဲ့ပါတယ်  ကျွန်တော်သွားတော.မယ် တဲ့ 

သူတို. ထိုင်ခဲ့ဖူးတဲ့ ထောင်ဘေးကအကြော်ဆိုင် ၊ သူတို.သွားခဲ့ဖူးတဲ့မြို.ဖျားကပေါ်တော်မူ ၊ သူတို.နားခဲ့ဖူးတဲ့ စိမ်းမြကန်သာ

ရွှေချိန်ခွင်အဆောင် ၊ ထိပ်တန်းဆောင် ၊ ဂဋ္ဌုန်မင်းဆောင် ၊ သိန်းသန်းဆောင်နဲ.ကောင်းမှကောင်း ထမင်းဆိုင်

ဘီလီယံ ဆောင်၊ ဧ၀ရက်ဆောင် ၊ မာလာဆောင် ၊ အောင်ကြီး လဘက်ရည်ဆိုင်၊ ရွှေတောင် ထမင်းဆိုင် ၊ သဲကွင်းထမင်းဆိုင် နဲ. မိုင်လို ထညက်ခဲ 

ခောတ်မှီ စားတော်ဆက် ၊ စံမတူ မုန်.ဟင်းခါး ၊ ရွှေထူး လဘက်ရည်ဆိုင၊် ပေါ်တော်မူ မြစ်ကမ်းပါးက ဆိုင်ခန်းလေးတွေ နဲ. အဝေးပြေးထဲက တောင်ထိပ်ပန်းပွင်.၊ ဟိုးးးးး တံတားဘက်ခြမ်းက တာပေါ်ဆိုင် နဲ. ည၁၀နာ၇ီကျော် ဂစ်တာ ဖမ်းပွဲတွေ

မေခ ၊ မလိခ ၊ မဉ္ဖူ ၊ GEC ၊ ကင်တင်း ၊ မယ်ဇယ် နဲ. မီးခိုးနံ.သင်း ထမင်းကြော် ၊ ပဲဟင်း ၊ ငပိရည်- တို.စရာ ၊ငါးကြင်းကြော် လက်နှစ်လုံး နဲ. ဘဲဥ အလုံးတွေ အခြမ်းတွေ

ကျောင်းဘေး လယ်ကွင်းထဲက လှေတစ်စင်း ၊ ကန်စွန်းခင်းနဲ. မယ်ဇယ်က Own Created ကန်ဇွန်းရွက်ကြော်
ဆေးရုံဟောင်းရှေ.က ဆိုင်ခန်းလေးတွေ ၊ ကမ်းနား ညောင်ပင်အောက်နားက အသုပ်ဆိုင် - အအေးဆိုင်လေးတွေ

လေးဘီးကား ၊ သင်္ဘောဆိပ် ဆိုင်ခန်း ၊ အဆောင်ပေါ်က ကုလားကား နဲ. မေခ /မလိခကြားက Video Night Show

 ဒါတွေအားလုံး သူတို.ထပ် ထားခဲ့ကြပြန်ပါပြီ

တစ်ခါတစ်လေ စကားများ ၊ တစ်ခါတစ်လေစိတ်ကောက် ၊ တစ်ခါတစ်လေ ရန်ဖြစ် ဒါပေမယ်. တကယ်ချစ်တဲ့သူငယ်ချင်းတွေ နောက်တစ်ကြိမ်ထပ်ခွဲကြရပြန်ပြီ

အတူတူငတ် ၊ တံဆပ်ကပ်အောင်လောင်နေတဲ့ ဆေးလိပ်ကို တစ်ယောက်တစ်လှည်.ဖွာ ၊ Calculator တွေ ပိုတာဆိုင်ပို.ရင်း မျှသုံး ၊ မယ်ဇယ်က ငပိရည် ၅၀ ဖိုးကို ၃ယောက်ခွဲစား အဲ့ဒီသူငယ်ချင်းအားလုံးကို သူတို.သတိရရင်လည်း ရနေမှာပေါ.

အဲ့ဒိဆည်းဆာဆိုတာကို ကျုပ်မုန်းတယ်ဗျာ

အလိုလိုကို လွမ်းမောဖွယ်ရာ ညိုမှောင်မှောင်ဖြစ်ကြရတဲ့ကြားထဲ ခွဲခွာခြင်းတွေကိုပါ သူကသယ်ဆောင်လာသေးတယ်

ခုတော.သူတို.လေးတွေ သွားကြရပြန်ပြီ

ဘယ်တော.မှ ဒိနေရာကို ဒီလိုပြန်ရောက်လာကြဦးမယ်ဆိုတာလည်း ဘယ်သူမှသိနိုင်တာ မဟုတ်ဘူး

သင်္ဘောဆီက အသံတွေ ကျုပ်ကြားနေရတုန်းပဲ

လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းတော.မယ်……………….

အားလုံးကို ခွဲထားရစ်ခဲ့ပြီ

ခွဲခွာဖို. ရင်နာဖို. ကြုံခဲ့ပြီ

ကံကြုံရင် ပြန်ဆုံကြဦးမယ်……………………..တဲ့  သူတို.ရင်နဲ.ဆိုတဲ့သိချင်း  မို.ထင်ပါ.
ငိုသံသဲ့သဲ့ ပါနေတယ်ဗျာ ။

ပျပျလေးပဲမြင်၇တော. သင်္ဘော ……. ကမ်းပါးပေါ် မတက်ချင်တက်ချင်ပြန်တက်သွားကြတဲ့ နှုတ်ဆက်သူတွေ နောက်ဆုံးတော. ကျုပ်လည်း မူလအတိုင်း အဖော်မဲ့ သင်းကွဲ ထီးတည်း ကျန်နေခဲ့ရင်းနဲ.ပဲ …………………………..

တကယ်လို.များ နောက်တစ်ခေါက်ဆုံခွင်. ဆိုတာရှိခဲ့ရင်………………..