Friday, November 4, 2016

ကျန်စစ်မင်း နဲ. ရင်တွင်းဖြစ် တို.ရဲ. ဂုဏ်သိက္ခာ တိုက်ပွဲ - မောင်မျိုးမင်း Vs လူမင်း

ယခုရက်ပိုင်းအတွင်း ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်း နှင်. နာမည်ကျော်ဒါရိုက်တာ မောင်မျိုးမင်းတို. နှစ်ဦး၏ အခြေအတင် ကိစ္စ ရပ်များ ကို အများ စိတ်ဝင်စားလျှက် ရှိသောကြောင့် စုစည်းတင်ပြအပ်ပါသည် ။


Democracy Today  သတင်းစာတွင်
လူမင်းရဲ့ နို့တစ်စာ ပေးပို့လာမှုအပေါ်မှာ ဦးမျိုးကတော့ ရင်ဆိုင်သွားမယ် ဟူသော ခေါင်းစဉ်ဖြင့် ဤသို.ရေးသားလာခဲ့ပါသည် ။


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတစ်ယောက်၏ ဂုဏ်သိက္ခာပိုင်းနှင့် အနုပညာသမားတစ်ယောက်၏ ဂုဏ်သိက္ခာပိုင်းကို ထိပါးစေသော အင်တာဗျူးအဖြေများ နှင့်ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်းက ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)အား နို့တစ်စာပေးပို့ပေးခဲ့ခြင်းနှင့်ပတ်သက် ပြီးတော့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က အခုလိုပဲ ပြောပြခဲ့ ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)
လူမင်းရဲ့ နို့တစ်စာပေးပို့လာမှုအပေါ်မှာ ဦးမျိုးကတော့ရင်ဆိုင်သွားမယ်။ ဘာဖြစ်လို့ ဒီလိုမျိုး နို့တစ်စာပို့တာလဲဆိုတော့ ဦးမျိုး အင်တာဗျူးတစ်ခု ဖြေထားတာနဲ့ပတ်သက်ပြီးတော့ မကျေနပ်လို့ အခုလိုမျိုး နို့တစ်စာပို့တာပါ။ ဦးမျိုးက ခရီးသွားနေတာ၊ ခရီးသွားပြီး ပြန်လာတဲ့အချိန်မှာ အိမ်မှာ နို့တစ်စာရောက်နေ တာကို တွေ့တာပဲ။ 

အမှန်အတိုင်းပြောရရင် ဦးမျိုး ဖြေထားတဲ့ဂျာနယ်ကိုတောင်မှ မနေ့ကမှ တွေ့တာပါ။ ဒါတောင် သူများပို့ပေးလို့ တွေ့ရတာပါ။ အဲဒီဂျာနယ်ကို ဘယ်သူထုတ်လဲဆိုတာကိုတောင်မသိဘူး။ ဦးမျိုးက အဲဒီအင်တာဗျူးမှာ ဘာဖြေထားလဲဆိုတော့ 'ကျွန်တော် တို့ဥက္ကဋ္ဌကိုယ်တိုင်က အပြာကားဆန်ဆန် တဏှာရူး ကားဆန်ဆန်ရိုက်နေတော့ ဘယ်သူက လေးစားမှာလဲ'ဆိုပြီးတော့ ဦးမျိုးက ဖြေခဲ့တယ်။ အဲဒီစကားရပ်အပေါ် သူက မကျေနပ်လို့ တရားစွဲတာ ဒါပဲလေ။ အခု ကလေးတွေကလည်း နောက်လိုက်ရိုက်ဖို့ ပြင်ဆင်နေတာတွေလည်း ရှိတယ်။ အဲဒီလိုမျိုး ပြင်ဆင်နေကြတာ မျိုးတွေ ဖြစ်လာတော့ အစည်းအရုံးဥက္ကဋ္ဌတစ်ယောက် အနေနဲ့ မရိုက်သင့်ဘူးလို့ ပြောတာပါ။ ဥက္ကဋ္ဌကိုယ်တိုင် က အဲဒီလိုမျိုးရိုက်ကူးနေရင် ကလေးတွေကို ဘယ်လို တားကြမလဲဆိုပြီးတော့ ပြောတာ။

အဲဒီလိုမျိုး ပြောတာက ဒါရိုက်တာတွေအတွက် အနုပညာလောကသား အားလုံးရဲ့ အကျိုးအတွက် အခုလိုမျိုး ပြောတာပါ။ ရုပ်ရှင်ကိုလည်း လူတွေအားလုံးက အထင်သေး နေတဲ့အချိန်မှာ အဲဒီလိုကားမျိုးတွေ မရိုက်ပြ သင့်ဘူး။ ကိုယ်က စေတနာနဲ့ လောကအတွက် ပြောပေမယ့် သူ့ဘက်ကတော့ အမြင်စောင်းသွားတဲ့သဘော သက် ရောက်နေတာပေါ့နော်။ အဲဒီတော့ သူလည်း သူလုပ်စရာရှိတာ သူလုပ်ပေါ့နော်။ ကိုယ်လည်း ကိုယ် လုပ်စရာရှိတာ ကိုယ်လုပ်ပေါ့နော်။ နို့တစ်စာထဲမှာတော့ တောင်းပန်ဖို့ ပြောထားတယ်။ ဦးမျိုးဘက်ကတော့ တောင်းပန်ဖို့အကြောင်းမရှိဘူး။ ဦးမျိုးကတော့ လောကကို အမြဲတမ်းစေတနာထား ပြီးတော့ ထောက်ပြဝေ ဖန် တယ်။ ဒါပေမဲ့ အမြင်စောင်းတာတွေ မကြိုက်တာတွေ ကတော့ ရှိမှာပဲလေ။ ဦးမျိုးဘက်ကတော့ မြင်တဲ့ဟာကို မြင်တဲ့အတိုင်း မဖြစ်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ပြောပြတာ။


ထိုကဲ့သို.ပြောကြားလာမှု နှင့် ပတ်သက်၍ 
ဒါရိုက်တာမောင်မျိုးမင်းကို ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မယ်ပြောတဲ့ လူမင်း ဆိုပြီး 7 Day News မှာ ခုလိုပြန်လည်ပြောကြားလာခဲ့ပါတယ်

ဂျာနယ်တစ်စောင်တွင် ဖြေကြားထားသည့် အကြောင်းအ ရာနှင့်ပတ်သက်၍ ဒါရိုက်တာ မောင်မျိုးမင်းထံ ပေးပို့ထားသည့် နို့တစ်စာသည် ၎င်းထံ အကြောင်း ပြန်ခြင်းမရှိသောကြောင့် ဥပဒေ ကြောင်းအရ တရားစွဲဆိုမှုများက်လက်ပြုလုပ်မည်ဟု ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။
 
‘‘ဘာလို့ နို့တစ်စာပို့ပြီး ဒီလို လုပ်ဖို့ ဆုံးဖြတ်ခဲ့ရလဲဆိုတော့ ဒီ တစ်ခါ ဂျာနယ်စာမျက်နှာထက် ပါဝင်တဲ့ ပြောဆိုရေးသားမှုက တကယ့်ကိုပဲ ဥက္ကဋ္ဌတစ်ယောက် ရဲ့ သိက္ခာရော၊ ဥက္ကဋ္ဌဆိုတာ ရုပ် ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဋ္ဌဆို တော့ ရုပ်ရှင်အစည်းအရုံးကြီးကို ထိပါးတာလို့ပဲ အားလုံးက ခံယူ တဲ့အတွက် ဒီလိုကိစ္စသည်လည်း ဥပဒေကြောင်းအရ ဖြေရှင်းဖို့ကို ကိုယ်တို့အစည်းအဝေးဆုံးဖြတ် ချက်နဲ့ ဆုံးဖြတ်ပြီး နို့တစ်စာပို့ခဲ့ တာပါ’’ဟု ဒါရိုက်တာမောင်မျိုး မင်းထံ နို့တစ်စာပို့သည့်အပေါ် ၎င်းက ပြောသည်။


သို့သော်လည်း နို့တစ်စာ တွင် သတ်မှတ်ပေးထားသည့် ရက်သတ္တပတ်ကြာမြင့်ချိန်အထိ ဒါရိုက်တာမောင်မျိုးမင်းက အ ကြောင်းပြန်ခြင်းမရှိသောကြောင့် ဥပဒေအရ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း ဦးလူမင်းက ပြောကြားသည်။

ဂျာနယ်တစ်စောင်တွင်ပါရှိ သည့် ဒါရိုက်တာမောင်မျိုးမင်း၏ အင်တာဗျူးတွင် အစည်းအရုံး ဥက္ကဋ္ဌ ဂုဏ်သိက္ခာပိုင်းကို ထိခိုက် စေနိုင်သော ဖြေကြားမှုများပါဝင် သောကြောင့် ပြီးခဲ့သည့် တစ်ပတ် အတွင်းက အဆိုပါကိစ္စနှင့်ပတ် သက်၍ အစည်းအရုံးတွင် လာ ရောက်ဝန်ခံတောင်းပန်ရန် ဒါရိုက်တာမောင်မျိုးမင်းထံသို့ နို့တစ်စာ ပေးခြင်းဖြစ်သည်။



ယင်းကိစ္စနှင့်ပတ်သက်၍ ဒါရိုက်တာမောင်မျိုးမင်းဘက်က လည်း တောင်းပန်ရန် အစီအစဉ် မရှိဘဲ ဆက်လက်ရင်ဆိုင်မည်ဟု ပြည်တွင်းသတင်းစာတစ်စောင် ၌ ဖော်ပြထားသည်။
ထို့အပြင် ၎င်းအနေဖြင့် အ ထက်ပါကဲ့သို့ ပြောကြားခြင်းမှာ လည်း အနုပညာလောကသား အားလုံး၏ အကျိုးအတွက် စေတ နာဖြင့် မြင်သည့်အတိုင်း ပြော ကြားခဲ့သည့်အပေါ် အမြင်စောင်း ခြင်းဖြစ်နိုင်သည်ဟု အဆိုပါ အင် တာဗျူးတွင် ရေးသားထားသည်။ဒါရိုက်တာမောင်မျိုးမင်း၏ အင်တာဗျူးတွင် လူမင်းအား ပြောကြားခဲ့သည်ဆိုသည့် အပြာကား ဆန်ဆန်၊ တဏှာရူးကားဆန်ဆန် ဟူသည့် စကားအပေါ် ‘‘ကိုယ်က လိပ်ပြာသန့်စွာပါပဲ။ ကိုယ့်ကို ပြောချင်လို့ ရှာကြံပြောတယ်လို့ပဲ ကိုယ်ခံယူတယ်။



ကိုယ့်ကို အဲဒီလို ခေါင်းစဉ်တပ်ပြီးပြောရင် ဘယ် ကားကိုပြောတာလဲလို့ ပြန်ပြီးမေး ချင်ပါတယ်။ ပြန်ဖြေရှင်းချင်ပါ တယ်။ သိမ်းကျုံးပြီး ပြောတဲ့အခါ ကျတော့ ကိုယ်သည်လည်း သရုပ် ဆောင်တစ်ယောက်ဖြစ်တယ်။ တစ်ခုတော့ ရှိတာပေါ့။ ကိုယ်က ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတစ် ယောက်ဖြစ်တဲ့အတွက် သရုပ် ဆောင်တစ်ယောက်ရဲ့ ကိုယ်ခံယူ ထားတာတော့ အစည်းအရုံး ဥက္ကဋ္ဌလုပ်တဲ့အတွက် ကိုယ့်ရဲ့ မူလလမ်းကြောင်းဖြစ်တဲ့ ကိုယ့်ရဲ့ အနုပညာလမ်းကြောင်းကိုတော့ လွှမ်းမိုးသက်ရောက်မှုမရှိစေရလို့ ခံယူထားတာ။ ဇာတ်လမ်းထဲမှာ လူကြမ်းကြီးလုပ်ရင် လုပ်မှာပဲ၊ လူသတ်ရင်သတ်မှာပဲ၊ လူယုတ် မာကြီးလုပ်ရင် လုပ်မှာပဲ။ ကိုယ် က သရုပ်ဆောင်တစ်ယောက်ဖြစ် တယ်။ အဲဒီလိုပဲ ခံယူတယ်။ ဒါ ပေမဲ့ အခုတော့ ဒီနှစ်ခုကို ရော ထွေးပြီး ပြစ်တင်ဝေဖန်လာတဲ့ သဘောရှိတယ်’’ဟု လူမင်းက ပြောသည်။


ထို့အပြင် သီတင်းပတ်အ တွင်း ပြန်လည်ဝန်ခံတောင်းပန် ရန် တောင်းဆိုခြင်းမှာ ရုပ်ရှင်အ စည်းအရုံး၏ ဂုဏ်သိက္ခာအတွက် တောင်းဆိုရခြင်းဖြစ်ပြီး လတ် တလော၌ ကြားသိရသည့် သတင်းစကားများအရ ဥပဒေကြောင်းအရသာ ဆက်လက်ရင်ဆိုင်မည် ဖြစ်ကြောင်း လူမင်းက ပြော သည်။

 Ref ; 7 Day News , Democracy Today & ၀င်းသိန်းဦး @ Facebook

No comments:

Post a Comment