Wednesday, October 12, 2016

ဦးဇင်ဝိုင်း ရဲ. ရှင်းလင်းမှုကို တုန်.ပြန်ကြသူများ ( ၁ )







Kay Khine Kyaw
တကယ်ကို အနာပေါ် တုတ်ကျတယ်ပြောရမလားပဲမြန်မာကား မကြည့်လို့ အဆင့်မြင့်တယ်တော့ ကိုယ့်ဘာသာကိုယ် မထင်မိပါဘူးအရင်ကကြည့်ဖြစ်ပါတယ်အားပေးချင်ပါတယ်
ဥက္ကဌဟောင်းကြီးရော မြန်မာဗွီဒီရိုတွ ကြည့်ဖြစ်ပါလားရှင့်
ပုတ်ခတ်ပြီးပြောတယ်ဆိုတဲ့ ပုဒ်မအောက်မှာ အဲ့ဒိလူတွေဟာ တော်တော် အောက်တန်းကျသွားပါတယ် ဟုတ်တယ်လေကိုယ့်မြန်မာ အချင်းချင်း နှိမ်သကိုး
မြန်မာရုပ်ရှင်ကြည့်လာအောင်ကြိုးစားရမှာ တာဝန်လို့ မြင်ကောင်းအောင်သာရေးပြီး ဘာလို့ ဆုတ်ယုတ်လဲ ဆိုတဲ့ စကားကို ဆင်ခြင်ပေးတာကတော့ အရင်အစိုးရ မကောင်းလို့ ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ဆွဲသွင်းသွားတာ နိုင်ငံရေးလှည့်ကွက်လေးလိုပါပဲရှင်
မြန်မာရုပ်ရှင်ကလူတွေ နိုင်ငံရေး လူမှုရေးအသီးသီးလုပ်ပေးနေတယ်လို့ပြောသလို အပြင်လောကသားတွေလည်း တနိုင်တပိုင် လုပ်ပေးကူညီပေးကြပါတယ်
ရေဘေးလေဘေး မှာ ကူသူမနည်းပါဘူးတခုတော့ ရှိတာပေါ့လေ
ဦးတို့က လူသိပြီးသားတွေလေ ဒီတော့ လှူတယ်တန်းတယ်ဆို လူတွေသိအောင်ကြော်ငြာသကိုး
ပြောချင်တာကတော့ ရုပ်ရှင်လောကသားတွေချည်းပဲ ပရဟိတစိတ်ရှိနေတာမဟုတ်ပါဘူး နိုင်ငံအရပ်ရပ်က မြန်မာတွေကအစ မြန်မာပြည်အရေးဆို တတပ်တအား ပါခဲ့ကတာပါ လူသိတာနဲ့မသိတာပဲကွာပါတယ်ရေငတ်လို့ သေခါနီးယက်ကန်ယက်ကန်တွေ သရုပ်ဆောင်တာ ပေါ့ပျက်ပျက် ပြီးပြီးရောနဲ့ အသက်အရွယ်မလိုက် လုပ်နေတာတွေရော ဦးတို့ မသိတာလား မသိချင်ယောင်ဆောင်နေတာများလားမြန်မာ့ရုပ်ရှင်က ဆင်ဆာမလွတ်တုန်းက မလွတ်လို့
လွတ်တော့လည်း တရားဝင်အပြာကားကြီးကို ဖြစ်လို့ရှင်
မင်းသားမင်းသမီးတွေသာ အသစ်သစ်ပေါ်လာတယ်မင်းသားမင်းသမီးရဲ့ အချို့သူငယ်ချင်းများဟာ ဦးတို့ခေတ် အန်တီဆင့်တို့ခေတ်က မင်းသမီး သူငယ်ချင်းတွေ လုပ်နေတုန်းပါပဲ
အသက်သာ ၄၀ ကျော်မယ် အခုထိတော့ ၂၀ ကျော်မလေးလို ကျောင်းတက် သရုပ်ဆောင်တုန်းပါ အသက် ၅၀ နီးပါး လူကြီးက ဆင်ဆာတွေ လွတ်ပေးပြီး ကိုယ်တိုင် သမီးအရွယ်လေးတွေနဲ့ ကိုကြီးညီမလေး လုပ်ပြီး ဖက်လဲတကင်းနဲ့ အင်မတန်ကြည့်ရဆိုးလှတဲ့ ဇာတ်လမ်းတွေ ဖောဖောသီသီပါ မြန်မာရုပ်ရှင်လို့နာမည်တပ်ပြီး တရားဝင် copy နေတာလည်း အားရစရာပါရှင်
တခုတော့ရှိတာပေါ့နော် မြန်မာဆိုတာက ရေနစ်သူကို မကယ်ဘဲ ဝါးနဲ့ထိုးတတ်သလို ( ပုတ်ခတ်တဲ့သူတွေပေါ့ရှင်) ကိုယ့်အမှား ကိုယ်လိုအပ်ချက်တွေကိုလည်း သူများကြောင့်ပါလို့ လက်ညှိုးထိုး အပြစ်လွှဲလို့ အိပ်ရာမနိုးတဲ့သူတွေလည်း တပုံတပင်ပါရှင်
ဒါနဲ့ ဦးမေးထားသလို သမီးတို့နဲ့ သက်ဆိုင်တဲ့ အသီးသီးနေရာတွေမှာ အင်မတန်အောင်မြင်တိုးတက်အောင်တော့ မလုပ်နိုင်သေးပါဘူး
သေချာတာတော့ ပိုပြီး ဆုတ်ယုတ်မသွားတာပါပဲရှင်
ပြောင်းလဲချိန်တန်ပြီ
ရုပ်ရှင်လောကလည်း ပြောင်းလဲချိန်တန်ပါပြီ
တနပ်စားများ အရင်က အဘများနောက်သို့ လိုက်သွားကြပါ
သာကူးတွေအလိုမရှိပါ

ဦးလေးကို စိတ်ထိခိုက်အောင်လုပ်မိတယ်ဆိုတဲ့ အတွက် စိတ်မကောင်းပါဘူး။ မကြာသေးမှီကမှ ဦးလေးဇနီးအတွက် ဝယ်ပေးတဲ့ phone ကိစ္စ နဲ့ ပတ်သတ်တဲ့ status မြင်လိုက်မိလို့ စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ ဦးလို လျှမ်းလျှမ်းတောက်အောင် မြင်ခဲ့ရတဲ့ အနုပညာသမားတစ်ယောက်ကတောင် ခုချိန်မှာ သာမန်ဘဝသာသာ (နှိမ်လိုခြင်း အရှင်းမရှိပါ ထောက်ပြချင်လို့ပါ) နေနိုင်တယ်ဆိုရင် တခြားနာမည်သိပ်မရခဲ့တဲ့ အနုပညာသမားတွေ လူမသိ သူမသိဆင်းဆင်းရဲရဲနဲ့ ဘယ်နှစ်ယောက် လောကကြီးကထွက်သွားပြီပြီလဲ ဘယ်နှစ်ယောက်ရှိနေသေးလဲ ဦးလေး တွေးမိရဲ့လား။အဲ့ဒါတွေရဲ့ အဓိကတရားခံက တစ်နေ့တစ်ခြား ပိုပိုပြီးဆိုးလာတဲ့ မြန်မာ့ ရုပ်ရှင်လောကကြောင့်ဆိုတာ ဦးလေးမစဉ်းစားမိဘူးလား
ထောက်ပြနေကြတာတွေက နောက်ပြောင်တဲ့ သဘောတွေပါပေမဲ့ အားလုံးနီးပါးက အမှန်တွေဆိုတာ ဦးလေးသိမှာပါ။ ဘယ်သူကမှ လူတစ်ဦးတစ်ယောက်ချင်းကို ထိခိုက်ပါစေတော့ ဆိုပြီး personally attack လုပ်နေတာမဟုတ်ပါဘူး။ ပေါတောတောကားတွေရိုက်ပြီး ပိုက်ဆံလွယ်လွယ်ရ လွယ်လွယ်ယူနေတဲ့ တစ်ချို့သောသူတွေ ရှက်များရှက်တက်လာမလားဆိုပြီး အပြောင်းအလဲကိုလိုလားလို့ မြန့်မာရုပ်ရှင်လောက နည်းနည်းဖြစ်ဖြစ်တိုးတက်လာပါစေတော့ စိတ်နဲ့ပြောမိခြင်းသာဖြစ်ပါတယ်။ဦးလေးကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့လို့ ထပ်ပြီးတောင်းပန်ပါတယ်။



ဦးဇင်ဝိုင်း ရေးထားတာလည်း ဖတ်လိုက်ရပါတယ်။သူပြောသလိုပါပဲ...အရင်းစစ်လိုက်ရင်တော့
ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက် ဆိုသလိုနှစ်ပေါင်းများစွာ ဖြစ်ချင်တိုင်းဖြစ်၊လုပ်ချင်တိုင်းလုပ် ပေါ့။သူပြောတာလည်း အမှန်ပါ၊ဦးဌေး (ဦးဇင်ဝိုင်း) ကိုလည်း
ဒီမိုကရေစီဘက်တော်သား တစ်ဦးအဖြစ်လေးစားပါတယ်။ဒီနေရာမှာ ကျတော်တို့ ထောက်ပြနေတဲ့၊
ဟာသတွေ လုပ်နေတာကဦးဌေး တို့ သရုပ်ဆောင်ခဲ့တဲ့ သင်္ကြန်မိုး လို ဇာတ်ကားမျိုး၊
ဒဏ္ဍာရီ ထဲက ဇာတ်အိမ်မျိုး တွေ မပါဘူးဗျ။ဒီဇာတ်ကားတွေလည်း အဖက်ဖက်ကဖိနှိပ်ထားခဲ့တဲ့ အာဏာရှင်စနစ် လက်ထက်မှာရိုက်ခဲ့တာပါ။ဒါပေမယ့် လူတွေကွာပါတယ်၊ပညာတွေကွာပါတယ်၊
စေတနာတွေကွာပါတယ်။နောက်တစ်ခုက အဖက်ဖက်မှာနိမ့်ကျနေတာကြောင့် ရုပ်ရှင်လောကကြီးလည်း ချွတ်ခြုံကျရပါတယ် ဆိုတဲ့ စကား။အဲ့ဒါကိုတော့ လက်မခံပါဘူး။

ယေဘူယျအားဖြင့်တော့ဒီစကားက မှန်သလိုလိုပါ။တကယ် လက်တွေ့ကျကျ
စဉ်းစားကြည့်ကြရအောင်။အနုပညာ အသိုင်းအဝန်းအချင်းချင်း ဖြစ်တဲ့မြန်မာ့ ဂီတ၊ရုပ်ရှင်၊စာပေ တို့ကို ကြည့် ကြည့် ကြရအောင်။ပထမဆုံး မြန်မာနိုင်ငံက ဂီတ ကို ကြည့်ရအောင်၊မိဘကပိုက်ဆံချမ်းသာလို့ အခွေထထုတ်တဲ့လဘာဂျာကောင်တွေ၊ ပေါ်ပင်ကောင်တွေကတော့
ဒုနဲ့ဒေး ရှိတာပေါ့။ရဲရင့်အောင် လေး၊ လွှမ်းပိုင် လေးလောက် သိပြီးမြန်မာနိုင်ငံက ဂီတကို အထင်သေးလို့ မရပါဘူး။ဇော်ဝင်းထွဋ်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး တို့ဆီကအချိန်မရွေး မာစတာပိစ်တွေ ထပ်ထွက်လာနိုင်သေးတယ်။နောက်မှာ ဂျီလတ်၊ ဖော်ကာ၊ ရေမွန်၊ ကိုလင်း တို့လို
အနုပညာဝမ်းစာပြည့်တဲ့၊အောက်ခြေကနေ ကြိုးစားတက်လာတဲ့ ဘဲတွေ ရှိသေးတယ်။

နောက်ဆုံး စောလားထော်ဝါး တို့၊အောင်ထက် တို့လိုပြည်သူချစ်တဲ့ ပါရမီရှင်လေးတွေ ရှိသေးတယ်။
ရက်ပ်ဘက်တော့ ကိုယ်လည်း သိပ်မသိပေမယ့်သူ့ဟာသူ အဆင့်မီတဲ့ လူစွမ်းကောင်းတွေ ရှိမှာပဲ။

လေးဖြူ ရဲ့ လိပ်ပြာ အခွေကို နိင်ငံခြား ဂစ်တာသမား တော်တော်များများ က ချီးကျူးကြတယ်။
ချစ်စမ်းမောင် လို ဂစ်တာသမားတစ်ယောက်မြန်မာပြည်မှာ ရှိတာ ဘုရားပးတဲ့ ဆုလာဘ်ပဲ။

ကဗျာ စာပေ ဘက် လှည့်ကြရအောင်။လင်းသိုက်ညွန့် လောက် ဖတ်ပြီး
မြန်မာ့စာပေလောက ပျက်စီးပါပြီ ထအော်နေရင်တော့ဟုတ်တာပေါ့။

နေပါအုံး...မောင်စိန်ဝင်း (ပုတီးကုန်း) တို့၊ ဆရာနေဝင်းမြင့် တို့မသေသေးပါဘူး၊
အဟောအပြောကောင်းတဲ့ဆရာညီမင်းညို တို့၊ ဆရာဦးဘုန်း တို့လို လူတွေ အများကြီးပါ။
ဆက်ရေးနေရင် စာရှည်သွားလိမ့်မယ်။ဒီလောက်ဆို မြန်မာ့ ကဗျာ စာပေ လောကဟာ
ဘယ်တန်းမှာ ရှိသေးတယ် ဆိုတာ သိနိုင်ပါပြီ။

အခုဖြစ်နေတာ၊ အားလုံးက ထောက်ပြနေတာ၊အားလုံးထက်ကို ချွန်ထွက်နေတာက
မြန်မာ့... မြန်မာ့ ရုပ်ရှင် ဆိုတာကြီးပါပဲ။အကယ်ဒမီတွေ အများကြီး ရပါတယ်၊
တကယ်ကို တော်ပါတယ် ဆိုတဲ့ရန်အောင် တို့၊စိုးမြတ်သူဇာ တို့ကအစ
ပိုက်ဆံရပြီးရော အဲ့ဒီပေါလိဝုဒ်ကားတွေဆင်းရိုက်တော့ ကျန်တာတွေက
ဆိုဖွယ်ရာ မရှိပေါ့။


ဒါရိုက်တာတွေကလည်း ပရိုဂျူဆာတွေ သဘောကျ၊သုံးရက်တစ်ကားရိုက်။ဇာတ်အိမ်က မရှိ၊ ဒိုင်ယာလောခ့်က အားလုံးအလွတ်ရ။သရုပ်ဆောင်ထားတာတွေက အသေကြီးတွေနဲ့
ဆိုမှတော့ မြန်မာ့ မြန်မာ့ ရုပ်ရှင်ကြီး ဂွမ်းတာ မစမ်းတော့ပါဗျာ။


ခိုးကူး​တော့မကြည့်​ဘူး ဦး​ဌေး ရာ ဆင်​ဆာမဲ့က​တော့ ကျ​နော့်​ကို နာမည်​တစ်​ခုဖြစ်​​စေခဲ့တယ်​ ..ကျ​နော်​ကြားတာဒိနေရာက ​ပြောပါမယ်​ ဆင်​ဆာမဲ့ နိုင်​ငံခြားကားကိုမျိုးပြုတ်​ရမယ်​ ဘယ်​သူ​ပြောလည်းသိကြမှာပါ ..အဲ ဆက်​မ​ပြော​တော့ပါဘူး ဘယ်​သူအများဆုံး​ကော်​ပီလည်း ​ပေါ့ ..​စော်​ကားသလိုဖြစ်​ရင်​ ​ဆောရီးပါ ကျ​နော်​ ဘယ်​လိုလူလည်းဦး​ဌေး အသိဆုံးပါ ..အဲ့လိုမ​ပြောသင့်​ဘူး​ပေါ့ ..ဦး​ဌေး စကားလိုပါပဲ ..ကျူရှင်​ကို ခိုးတက်​ပြီး ကိုယ့်​​ခြေ​ထောက်​​ပေါ် ကိုယ်​ရပ်​တည်​ခဲ့ရတာပါ ..အဲ့ထဲပါခဲ့သူ ဒီလို​ပြောတာ ကို လက်​မခံနိုင်​တာပါ ..လိပ်​ပြာလုံဖို့လိုပါတယ်​ ..ကျ​နော်​ မပတ်​သက်​ပဲ​နေတာကြာပါပြီ ..ခုလုပ်​​နေတဲ့ကိစ္စလည်း ဖြစ်​သင့်​တာပဲ .. ဝါးလုံးရှည်​ရမ်းတတ်​သူ​တွေကို​တော့မကြိုက်​ပါဘူး ..လက်​တစ်​စုပ်​စာ သည်​ .. လက်​ဝါးကြီးအုပ်​ဖို့ဖြစ်​လာရင်​​တော့ လက်​မခံပါဘူး.. ကျ​နော်​အ​တွေးအ​ခေါ်​သေးသိမ်​ရင်​လည်း ကျ​နော်​ညံ့လို့ပါ

 ဦး‌လေးကြီး စကား‌ပြော‌တော့ ‌ကောင်းတယ်‌ဒါမဲ့ ဆိုးလွန်းမက ဆိုး‌နေတဲ့ ယ‌နေ့‌ခေတ်‌မြန်‌မာရုပ်‌ရှင်‌‌တွေကိုဝေဖန်‌‌ပြောဆိုခံရတာနဲ့ပဲစိုက်‌ပျိုး‌ရေး လူမှုရေးနဲ့ တခြားကဏ္ဏ‌တွေမ‌ကောင်းတာကို အ‌ဖော်‌ညှိ ဆွဲထည့်‌သွား‌သေးတယ်‌။ဒါရိုက်‌တာ ပရိုဂျူဆာ ခိုင်းတာလုပ်‌‌နေရတဲ့ဇာတ်‌ပို့ ဇာတ်‌ရန်‌‌တွေ အတွက်‌လဲ မျက်‌ရည်‌ချူသွား‌သေးတယ်‌။အနုပညာတိုးတက်‌ဖို့ဆိုတာနည်းပညာ စက်‌မှု့အင်‌အားတိုးတက်‌ဖို့ အဓိက မဟုတ်‌ပါဘူး။အနုပညာကို အမှန်‌တကယ်‌ရူးသွပ်‌ရုံစီးပွား‌ရေး‌လောဘ မကြီးရုံစိတ်‌ထဲ့ လုပ်‌လိုက်‌ရင်‌ပဲ ဒီထပ်‌ အများကြီး‌ကောင်းလာနိုင်‌တာအဖြူအမဲ‌ခေတ်‌က ရုပ်‌ရှင်‌‌ကောင်း‌တွေ သက်‌‌သေပါ။
ပြသနာရဲ့ အဓိက အ‌ကြောင်းရင်းကို မရှာပဲဒါမျိုးရန်‌‌ထောင်‌‌နေတာ အကျိုးမရှိဘူးလို့ပဲ မြင်‌တယ်‌။
မ‌ကောင်းဘူးသိတယ်‌ ဆိုပြောရင်‌ ခံလိုက်‌။ပို‌ကောင်း‌အောင်‌ ကြိတ်‌လုပ်‌ ။ဒါပဲ‌လေ။
အန်‌ကယ်‌က လူကြီးပါ အန်‌ကယ်‌ရယ်‌ စီးပွား‌ရေးဆန်‌တဲ့ ပရိုဂျူစာပေါ်ပင်‌လိုက်‌တဲ့ ဒါရိုက်‌တာ
Pro စဲရိုက်‌မရှိတဲ့ မင်းသား မင်းသမီး‌တွေဘက်‌က‌နေ ကာ‌ပြော‌ပေး‌မ‌နေပါနဲ့

ဆင်​ဆာရှိရင်​မတိုးတက်​ဘူးဆိုလို့ ဆင်​ဆာဖျက်​​ပေးလိုက်​တယ်​။ ဒီ​တော့ အညီအ​ဟောက်​​တွေထွက်​လာတယ်​။ အာ့တာကို တိုးတက်​လာတယ်​ဆိုဘဲ င်္ထွီ.



Han Lin ဖန်​တရာ​တေ​နေတဲ့ ဇာတ်​ကွက်​​တွေ စကားလုံး​တွေ message တစ်​ခု​တောင်​မ​ပေးနိုင်​တဲ့ ဇာတ်​ကား​တွေ အဖိုးကြီးအဖွားကြီး​တွေ အား​နေ သူငယ်​ပြန်​​နေတာ
အား
နေ ဟာသကားမှန်​ရင်​​တော်​​တော်​များများအ​ခြောက်​ character ထည့်​ရိုက်​​နေတာ .. ​အောက်​လုံဟာသ​တွေပဲ ​ပြော​နေတာ... လူငယ်​​တွေအတွက်​ အကျိုးမရှိတဲ့ဇာတ်​ကား​တွေပဲရိုက်​​နေတာကို​ပြောတာ..အစိုးရရဲ့​ထောက်​ပံ့မှုမရတာကိုအကုန်​​လုံးကနားလည်​တယ်​... ​နေရာကအစ ပစ္စည်းအဆုံး​ပေါ့.. ဒါ​ပေမယ့်​ ကိုယ့်​ အိမ်​နီးချင်းနိုင်​ငံက ဇာတ်​ကား​တွေဖြစ်​တဲ့ ယိုးဒယား.ဖစ်​လပိုင်​ကား​တွေကို ​ယောကျာ်း​လေးကအစ.မိန်းခ​လေး အအိုအပျို အကုန်​ကြိုက်​ပြီး​စောင့်​ကြည့်​​နေကြတယ်​.. တချို့ကား​တွေတို ကုန်​ကျ​ငွေလဲသိပ်​များပုံမ​ပေါ် effect လဲမပါ... ဒါ​ပေမယ့်​ ကြည့်​ရတာ သိပ်​​ကောင်းတယ်​ ဥပမာဗျာ I Fine thank You,Love You ဆိုတဲ့ယိုးဒယား.fancy ကား​လေး လူ​လေးနည်းနည်းပဲပါတယ်​Effect လဲပါတာမဟုတ်​ဘူး ဒါ​ပေမယ့်​ ​ခဏခဏပြန်​ကြည့်​ချင်​လာတယ်
Bollywood ကား
တွေသိပ်​​ကောင်းတယ်​က​နေတာက​တော့သူတို့ရိုးရာကိုထားပါ...
ပေးချင်​တဲ့ message ​တွေထိ​ရောက်​တယ်​..မြန်​မာကား​တွေကိုအဲ့လိုဖြစ်​ချင်​တာ
ကုန်
ကျစရိတ်​နည်းမယ်​ message တစ်​ခု​ပေးနိုင်​ရမယ်​ ဆိုတဲ့အ​တွေးမျိုးနဲ့ရိုက်​ဗျာ poppin မလိုက်​နဲ့ အ​ခြောက်​ဇာတ်​မသွင်းနဲ့ အဘိုးကြီးအဘွားကြီး​တွေသူငယ်​မပြန်​ခိုင်းနဲ့ ဒါ​လေး​တွေကို ကျ​တော်​တို့ကလိုချင်​တာကျ​တော်​ဘာ​ကောင်​မှမဟုတ်​ဘူး ကြို​ပြောထားတာ ဒါ​ပေမယ့်​ ငယ်​ငယ်​ထဲက အ​မေကြည့်​ဖို့ မြန်​မာကားပဲငှါး​ပေးခဲ့တာ ဒီ​နေ့ထိပဲ .. ဒါ​ပေမယ့်​ ဖန်​တရာ​တေ​နေတာပဲ​တွေ့ရတယ်
..မြန်
မာကားမကြည့်​ဖူးမဟုတ်​ဘူးကြည့်​တယ်​ဒါ​ပေမယ့်​ လုံးဝမ​ကောင်းလို့မ​ကောင်းဘူး​ပြောရတာပါ
ခုအဲ့ event ထဲမှာလဲ ဆဲဆို
နေတဲ့လူမရှိကြဘူးအကုန်လုံး မြန်​မာ့ရုပ်​ရှင်​ထဲက ဇာတ်​ကွက်​​တွေစကားလုံး​တွေ သရုပ်​​ဆောင်​ပုံ​တွေကိုပဲ မြင်​သာ​အောင်​​ရေးပြထားကြတာ..
ခုဆိုကြည်
့​ ဥက္ကဌ တင်​ထားတဲ့လူကိုယ်​တိုင်​က သူ့အရွယ်​နဲ့မှမလိုက်​သရုပ်​​ဆောင်​လိုက်​တဲ့ဇာတ်​ရုပ်​... copy ဇာတ်​ကား​တွေကလဲမနည်းမ​နော..
ပြောရင်
အများကြီး.. ဒါ​ပေမယ့်​ ငါတို့လုပ်​တာ အ​ကောင်းငါတို့ရိုက်​တာကြည့်​ဆိုတဲ့ပုံစံမျိုးနဲ့ ပရိတ်​သတ်​အသံကိုနားမစွင့်​ရင်​ ဘယ်​​တော့မှ မြန်​မာ့ရုပ်​ရှင်​မတိုးတတ်​ဘူး... ခေတ်​မှီစက်​​တွေရှိတဲ့အချိန်​ရိုက်​တဲ့ကား​တွေက ဟိုအဖြူအမည်း​ခေတ်​ကရုပ်​ရှင်​​တွေမှီကိုမမှီတာဘယ်​မှီမလဲ အဖြစ်​ပဲလုပ်​ပြီး ပရိသတ်​ကိုချပြတယ်​ဟုတ်​လားမဟုတ်​လား ကာယကံရှင်​​တွေသိမှာပဲ
တကယ်
လို့မဟုတ်​ဘူးဆို ဘာ့​ကြောင့်​ အဖြူအမည်း​ခေတ်​ကို​တောင်​မှီ​အောင်​မရိုက်​နိုင်​လဲဆိုတာကို ပရိသတ်​လက်​ခံနိုင်​​အောင်​ရှင်းပြပါဦး...ေ_ာက်​သည်း​ပေါက်​လို့ cmt လာ​ပေးတယ်​ မှတ်​ပါ..
ပြီး
တော့ထပ်​​ပြောဦးမယ်​ဇာတ်​ရံ​တွေ သက်​ကြီးအနုပညာရှင်​​တွေ အ​ခြေအ​နေမ​ကောင်းတာကိုလာမ​ပြောနဲ့ ဇာတ်​ကားတစ်​ကားဖြစ်​ပြီဆို မင်းသား.မင်းသမီးနဲ့ ဒါရိုက်​တာပဲ ​ငွေကိုအိတ်​ထဲထည့်​သွားတာ
ကျန်
တဲ့သူ​တွေက​နေ့စား​တွေခဗျားတို့သာ မျှတတယ်​ အနုပညာ​လောကသားအချင်းချင်းကြည့်​တယ်​ဆိုသူတို့​တွေကို တန်​​ကြေးမြှင့်​​ပေးလိုက်ဒါဆို သက်​ကြီးအနုပညာရှင်​​တွေ ​နေ့စား ဇာတ်​ရံ​တွေ လူကြမ်း​တွေအ​ခြေအ​နေ​ကောင်းလာလိမ့်​မယ်​ဘာမှ မခက်​ခဲဘူး...
 
မသိရင်​ ကိုယ်​​တွေက သူတို့ဇာတ်​ကားလည်းအား​ပေးရ​သေး
အ
ခြေအ​နေမ​ကောင်းတဲ့ အနုပညာအသိုင်းအဝိုင်းကလူ​တွေကိုလဲ ထမင်း​ခေါ်​ကျွေးရမလိုဖြစ်​​နေပြီ .

စဆရကလို့ထင်
တဲ့လူ​တွေကိုလဲ sorry ပဲ

ဆက်စပ်ဖတ်ရှုရန်
  






No comments:

Post a Comment