Wednesday, October 12, 2016

Facebook ပေါ်က ဦးဇင်ဝိုင်းရဲ. ပေါက်ကွဲသံ နဲ. ပရိသတ်တို.ရဲ. အမြင်အချို.



အခုတစ်လော မြန်မာဇာတ်ကားတွေနဲ. ပတ်သက်ပြီး ပရိသတ် နဲ. အနုပညာရှင်အချို.ကြား ၊ အယူအဆမတူသူတွေကြားမှာ အငြင်းအခုန်တွေ အတော်လေး ပြင်းထန်လာတာတွေ.ရပါတယ် ။ ဒါကြောင့် တစ်ချိန်က ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လုပ်ခဲ့ဖူးသလို ယခုတိုင်လည်း အနုပညာလောကထဲမှာ ရှိနေသေးတဲ့ ဦးဇင်ဝိုင်း ရဲ. ပေါက်ကွဲသံစဉ်တွေနဲ. ပရိသတ်အချို.ရဲ. အမြင်တွေကို ပူးတွဲဖော်ပြလိုက်ပါတယ် ။

From Zin wyne Page


ေ-ာက်သည်းပေါက်လို့ပြောတယ်မှတ်
မြန်မာဇတ်ကားမကြိုက်သူများတွေ့ဆုံပွဲတဲ့ ကြိုက်သဗျာ အားပေးသဗျာ မှန်သပေါ့။
မြန်မာရုပ်ရှင်တွေညံ့သကိုး။
အဆင့်အတန်းမရှိပေဘူးကိုး။
စုတ်ပြတ်နေတာကိုး။
တစ်ခုလည်းမေးချင်မိပါရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီ နှစ်ပေါင်း ၆၀ ကျော်
ချီတက်ပြီးသကာလ ကျုပ်တို့နိုင်ငံမှာ ကျမ္မာရေး ၊ ပညာရေး ၊ စီးပွါးရေး ၊ လူမှုရေး ၊စိုက်ပျိုးရေး
ဘယ်ကဏ္ဍတွေများတိုးတက်သွားပါသလည်း
နိုင်ငံတကာအဆင့်မှီသွားပါသလည်း။
နေရာဌာနအသီးသီးနယ်ပယ်အရပ်ရပ်မှာအစစယိုယွင်းပျက်ဆီးခဲ့ကြရတာမဟုတ်ပါလား။
တစ်ဦးနဲ့တစ်ဦး ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ၊ တစ်ဌာနနဲ့တစ်ဌာနလဲနေသူချင်းဖေးလို့ကူလို့ ထူကြထကြရမှာ။ခုတော့ဗျာ ရေနှစ်လို့သေငယ်ဇောနဲ့ ယက်ကန်ယက်ကန်ဖြစ်နေသူချင်းမျက်ခွက်ဖနှောင့်နဲ့ပေါက်လိုက်သလိုပါပဲ။
မြန်မာ့ရုပ်ရှင်နှိမ့်ကျနေပါပြီ ၊ စတူဒီယိုတွေနထ္တိ ၊ ရုပ်ရှင်ရုံတွေမရှိ ၊ ပညာရှင်တွေမျိုးဆက်ပြတ်
စုတ်ပြတ်နေပါပြီလို့ ရုပ်ရှင်သမား တွေအကြိမ်ကြိမ်ဝန်ခံခဲ့ပြီးသားပါ။
ဒါတွေဘယ်ရောက်ကုန်လည်းသိချင်ရုပ်ရှင်လောကရဲ့ စတူဒီယိုကြီးတွေ ရုပ်ရှင်ရုံတွေ ရုပ်ဝထ္တုပစ္စည်း
အရပ်ရပ်ကိုရောင်းချဝါးမျိုသွားကြတဲ့သွားလေသူခင်ဗျားတို့အဘတွေသာလိုက်မေးကြပေရော့။
ဒီစုတ်ပြတ်သတ်နေတဲ့ပြာပုံထဲကရုပ်ရှင်သမားတွေ ကုန်းရုံးထဖို့ ကြိုးစားနေတာပါ။
အပြုသဘောဝေဖန်ရေးဆိုတာကိုလည်းလက်ခံပါတယ်။
သို့ပေမဲ့ စေတနာမပါ စောင်းမြောင်း တိုက်ခိုက် ဆဲဆို နေခြင်းများကိုတော့လက်မခံနိုင်ပါ။
မြန်မာ့ရုပ်ရှင်မကြည့်တာ အပြစ်မမြင်ပါဘူး။
ကြည့်လာအောင်ကြိုးစားရမှာရုပ်ရှင်သမားတွေတာဝန်ပါ။
ဒါပေမဲ့မြန်မာဇတ်ကားမကြည့်ဘူးပြောယင်ပဲကိုယ့်ကိုကိုယ်အတော်အဆင့်မြင့်သွားပြီ
အထင်နဲ့ မြန်မာ့ရုပ်ရှင်ကို အထက်စီးကထိုးနက်တိုက်ခိုက်နေတာကတော့ အတော့်
ကိုလွဲသွားပါပြီ။ခင်ဗျားတို့တိုက်ခိုက်နေတဲ့ရုပ်ရှင်လောက ဘာ့ကြောင့်ဘယ်သူတွေကြောင့်
ဒီလောက်နှိမ့်ပါးသွားရလည်းအရင်လေ့လာလိုက်ပါအုန်း။အဲ့လိုလူများကိုလည်းမေးချင်မိပါတယ်
ခင်ဗျားတို့ကော ခင်ဗျားတို့ကိုယ်တိုင်နဲ့ခင်ဗျားတို့ကိုယ်စားပြုတဲ့လောကအသီးသီးတိုးတက်နေပြီ
 နိုင်ငံတကာအဆင့်မှီနေပြီလို့ယူဆကြပါသလား။ခံယူထားကြပါသလား။ခင်ဗျားတို့ကိုယ်တိုင်နဲ့ ခင်ဗျားတို့နယ်ပယ်အသီးသီးကိုရောကောင်းဖို့ကြိုးစားခဲ့ပြီးပြီလား။
ကောင်းဖို့ကြိုးစားနေပြီလား။

ကျုပ်တို့ရုပ်ရှင်သမား အဖက်ဖက်ကစုတ်ပြတ်နေသော်ငြားကိုယ့်နိုင်ငံကိုယ့်လူမျိုးအရေး ဘယ်တော့မှသွေးမအေးခဲ့ဖူးပါ။ပြည်သူတွေရဲ့စစ်ဘေး သဘာဝဘေးကစ ကျမ္မာရေး ပညာရေး လူမှုရေး နိုင်ငံရေးနောက်ဆုံးသေရေးအထိနိုင်သမျှဝင်ထမ်းခဲ့တာ ဝင်ထမ်းနေတာ
ခင်ဗျားတို့ဆဲနေတဲ့ရုပ်ရှင်သမားတွေပါပဲ။ကျုပ်တို့ကိုယ်တိုင်လည်း နိုင်ငံခြားကား
ကြိုက်တယ်မှတ်။ကျောင်း သင်တန်း ဘာမှမယ်မယ်ရမရှိတဲ့ကျုပ်တို့အတွက် နိုင်ငံခြား
ဇတ်ကားဆိုတာ ကျောင်းပဲ သင်တန်းပဲမြင်ဆရာကြားဆရာပဲ။
နိုင်ငံခြားဇတ်ကားဖမ်းလို့မြန်မာ့ရုပ်ရှင်တိုးတက်မယ်လို့ ဘယ်ရုပ်ရှင်သမားကမှမထင်
ဘူး။ဘယ်ရုပ်ရှင်သမားမှလည်း နိုင်ငံခြားဇာတ်ကားမဖမ်းခိုင်းဘူးပါ။

ကျုပ်တို့တောင်းတာက ကျုပ်တို့တရားဝင်နိုင်ငံတော်ကိုအခွန်ဆောင်ပြီးထုတ်တဲ့ မြန်မာဇတ်ကား
မြန်မာသီချင်းစတာတွေကို ဥပဒေကိုချိုးဖေါက်ပြီးခိုးနေကြတဲ့သူခိုးတွေကိုဖမ်းခိုင်းတာ။
ဒါကိုခင်ဗျားတို့အဘတွေရေးခဲ့တဲ့၁၉၉၆ ခုနှစ်ဗီဒီယိုဥပဒေအရ ဥပဒေနဲ့မ
လွတ်လို့လက်ညိုးလက်မမခွဲရဲကဖမ်းရတာ။ငါ့တော့ဖမ်းပြီးသူတော့မဖမ်းဘူးဆိုယင်ရဲမှာ
လည်းပြုတ်စော်နံရရှာမှာ။
ဒါကိုမှမကျေနပ်ယင် "နိုင်ငံခြားဇတ်ကားများအား လွတ်လပ်စွာခိုးယူရောင်းချခွင့်ရှိသည်"
ဆိုတဲ့ဥပဒေအသစ် လွတ်တော်အမတ်များကိုပြဌန်းခိုင်းကြပေရော့။
မင်းတို့လည်းခိုးချနေတာပဲတော့လာမပြောနဲ့အဲဒီခိုးချနေတဲ့လက်တစ်ဆုပ်စာရုပ်ရှင်သမားလည်း နေ့နက်ဖြန်ခါ မူပိုင်ခွင့်ဥပဒေပေါ်လာယင် ငြိမ်သွားမှာပါ။

ဒီကြားထဲမရှိလို့လုပ်စားခိုးစားရတဲ့ပြည်သူတွေမို့ခွင့်ပြုသင့်တယ်ဆိုလာခဲ့ယင်တော့ဆန်အိုးဟောင်းလောင်း ထမင်းနှစ်နှပ်တစ်ထပ်ထဲပေါင်းစားရတော့မဲ့ ရုပ်ရှင် သဘင် တေးဂီတလောကရဲ့ ဇတ်ပို့ဇတ်ရံ အရေး အဆို အတီးဖြတ်လျှောက် ယိန်းသမ လူရွှင်တော်ကားဆွဲအပါအဝင် မီးထိုးမှန်ထိုး
နေ့စားအလုပ်သမားတွေနဲ့သိန်းချီရှိနေတဲ့မိသားစုအပေါင်းကိုပင်လယ်ထဲမောင်းချယုံရှိပေတော့မှာပဲ။
သူတို့တွေကပြည်သူတွေမဟုတ်ပေပဲကိုး ငတ်နေတဲ့အတူ သေအေးရောမဟုတ်လား။
လူထုခေါင်းဆောင်ပြောတာက
=တရားဥပဒေစိုးမိုးရေး
=အမျိုးသားရင်ကြားစေ့ရေး
ခင်ဗျားတို့လုပ်နေတာက
=သူခိုးအားပေးရေး
=အုပ်စုဖွဲ့ရေး
=အချင်းချင်းတိုက်ခိုက်ရေး
မြန်မာဇတ်ကားမကြည့်သူများပြီးယင်ဆက်ပြီးလဲလုပ်ကြပါအုန်း တိုက်တွန်းပါတယ်။
မြန်မာသီချင်းနားမထောင်ချင်သူများ
မြန်မာဇတ်သဘင်မကြည့်ချင်သူများ
မြန်မာဝတ္ထုမဖတ်ချင်သူများ
မြန်မာဂျာနယ်မကိုင်ချင်သူများ
မြန်မာဆေးရုံမသွားချင်သူများ
မြန်မာဆရာဝန်မပြချင်သူများ
မြန်မာကျောင်းမထားချင်သူများ
မြန်မာဌာနဆိုင်ရာမသွားချင်သူများ
မြန်မာတရားရုံးမသွားချင်သူများ
မြန်မာဘတ်စ်ကားမစီးချင်သူများ
မြန်မာစကားမပြောချင်သူများ
များ
များ
များ
နောက်ဆုံး
မြန်မာပြည်တွင်မနေချင်သူများ
အထိပေါ့။ဒီလိုလုပ်လို့ကျုပ်တို့တိုင်းပြည်တိုးတက်မယ်
ထင်ယင်ပေါ့လေ။ဒီပုံနဲ့တော့ သွားချင်တဲ့ခရီး အဝေးကြီးဖြစ်နေမှာအသေအချာပါပဲ။
ထပ်ပြောလိုက်ပါမယ်မြန်မာရုပ်ရှင် မြန်မာသီချင်း မြန်မာဇတ်သဘင် မြန်မာအငြိမ့်
မကြိုက်တာ မကြည့်တာနားမထောင်တာ မဝယ်တာအပြစ်မပြောပါ။စိတ်မဆိုးပါ။
အဲ ခိုးပြီဆိုယင်တော့ဥပဒေကကြည့်နေမှာမဟုတ်ပါကြောင်းပြောင်းလဲချိန်တန်ပြီ။
မှတ်ချက်=ခိုးကူးဖမ်းပဟေ့ဆိုတိုင်း
အစဆွဲ အညောင့်ထောင်
လမ်းကြောင်းလွှဲ မြန်မာ့ရုပ်ရှင်ကိုတိုက်ခိုက်နေသူများကိုတိုက်ရိုက်ရည်ညွှန်းပါသည်။

 အထက်ပါ ဦးဇင်ဝိုင်းရဲ. အယူအဆအမြင်ကို ပရိသတ်အချို.က အောက်ပါအတိုင်း တုန်.ပြန်ခဲ့ပါတယ်

Soe Min Lwin     ဦးတို့ကြိုးစားခဲ့တာကို အမှတ်ရပါတယ်။ ဒါပေမယ့် ဘာမှ ကိုယ်ပိုင်ကြိုးစားအားထုတ်မှု မရှိပဲနဲ့ ပြီးပြီးရော သရုပ်ဆောင်မှုတွေကလဲ အတော်များတယ်ဆိုတာအသေအချာပါ။ ပိုဆိုးတာက မအေနှမ အတူကြည့်မရအောင် ကြမ်းလာတဲ့ စကားလုံးတွေ၊အပြုအမူတွေ အတော်များလာတာကလဲ အသေအချာပဲလေ။ over ဖြစ်လွန်းတဲ့သရုပ်ဆောင်မှုတွေ၊ သဘာဝမကျတဲ့ သရုပ်ဆောင်မှုတွေက ခေတ်အခြေအနေအရ မဟုတ်တာအသေအချာပါ။ ကိုယ့် ရိုက်ကွင်းနဲ့ပတ်သက်ပြီး နဲနဲလောက် သဘာဝကျကျ စဉ်းစားသရုပ်ဆောင်မယ်ဆိုရင်ပဲ အတော်ဟန်ကျသွားမှာပါ။ အနဲဆုံး အနောက်တိုင်းဝတ်စုံနဲ့ ကုမ္ပဏီ သူဌေးတွေ မျက်မှန်နက်ကြီးနဲ့ လူဆိုးတွေ ဖယ်လိုက်ရင်ကို အတော်ဟုတ်နေပြီ။ ဒါပေမယ့်လဲ ခုသရုပ်ဆောင်တွေထဲမှာတော့ ဇေရဲထက်နဲ့ မင်းအုပ်စိုးတို့က တကယ့်ကို သရုပ်ပီပြင်ပါတယ်ဗျား။

May Koko   ဟုတ်မှာ.. ကိုယ့်ရဲ့ကိုယ်ပိုင်ခေါင်းထဲက ဇာတ်လမ်းကောင်းကောင်းနဲ့ဒိုင်ယာလော့ခ်တွေ ထွက်မလာတာလဲ အဘတွေကြောင့်ပဲပေါ့နော့...
ကိုယ့်ရဲ့မွေးရာပါမျက်နှာသေကြီးနဲ့ပဲဇာတ်ကားတိုင်းတွေ့နေရတာလဲ
အဘတွေကြောင့်ပဲနေမယ်...
ကတောက်စ်...ဒီအဘတွေကွာ

 ခများတို့အဘ ခများတို့အဘ နဲ့ ပြောနေတဲ့ ဦးလေးရယ်အဲ့အဘတွေနဲ့ ပိုရင်းနှီးပြီး ဖားယားခဲ့တာဦးလေးတို့ပဲမလားခုကျမှအပြစ်ဖို့မနေပါနဲ့အဆင့်အတန်းရှိပြီးနိုင်ငံခြားဇာတ်လမ်းတွဲများမှ ကူးချထားခြင်းမရှိသောမြန်မာဇာတ်ကားစစ်စစ်များကိုရိုက်ကူးနိုင်ပါစေလို့ခုက
စက်ပစ္စည်းကိရိယာမစုံလင်တဲ့ကိစ္စထက်ခိုးချတဲ့ဇာတ်ညွှန်းတွေများနေတာ ဦးလေးလဲ သိမှာပါသမီးတို့က ဦးလေးပြောသလောက် မဆိုးပါဘူးမြန်မာကားလာရင်သာ channelပြောင်းရင်ပြောင်း
မပြောင်းရင် ပိတ်ပလိုက်ရုံပါတစ်ခုရှိသေးတယ်Danationတွေ လူမှုရေးကိစ္စတွေမှာ အပြင်လူတွေလဲ အတော်ကူညီခဲ့ကြပါတယ်ဒါပေမယ့် ဦးလေးတို့လို ကင်မရာရှေ့ တကားကားနဲ့ ဘယ်သူမှ လူလုံးထွက်ပြခဲ့တာမျိုး မရှိခဲ့တာပဲ ရှိမယ်ဦးလေးတို့ပဲ လုပ်ခဲ့ရသလို ဇာတ်မနာပြပါနဲ့


 မြန်မာသီချင်း မြနိမာဝတ္တု မကြ်ုက်သူများ တော့ရှိလာမှာမဟုတ်ပါဘူးရှင့် စာရေးဆရာရဲ့ ဝတ္တုကကောင်းပီး (သရုပ်ဆောင်တဲ့သူတွေရဲ့action ညံ့ over ဖြစ်) ပရိတ်သတ်ကိုတစ်ခုခုကျန်အောင် ဝတ္တု ထဲမှာပေးရင်တောင် ( ရုပ်ရှင်ကိုရိုက်ပြတဲ့အခါ နောက်တစ်ခါမကြည့်ချင်လောက်တဲ့ ခံစားမှု့ကိုပဲရတာလက်တွေ့ပါ ) btw ကျွန်တော့ရဲ့အမြင်ပါ

Ko Htoon   ကျနော်လဲမြန်မာဇာတ်ကားမကြည့်တာဆယ်စုနှစ်ကျော်ခဲ့ပါပြီ....နောက်ဆုံးကြည့်ခဲ့တာက မစန္ဒာရဲ့ ဝတ္ထုကိုဦးကြည်စိုးထွန်း ရိုက်တဲ့ ဆဌဂံ ရုပ်ရှင်ပါ ...အဓိကကတော့ နောက်ပိုင်းမှာ ငါးပွက်ရာငါးစာချတဲ့ အလွယ်ရိုက်ထားတဲ့ ငပေါ ဇာတ်ကားတွေကြောင့် ကားကောင်းလေးတွေ မတွေ့မိရာကနေ မကြည့်ဖြစ်တော့တာပါပဲ ....
သိပ်ကြိုက်ခဲ့ရတဲ့ မှုံရွှေရည်တို့ .. ဘဘဦးသုခ ရိုက်တဲ့ ဇာတ်ကားတွေဆို အကုန်လုံး အသဲစွဲပါပဲ
သိပ်ကောင်းလှတဲ့ ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဆိုရင် အာဏာရှင် ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ရိုက်ခဲ့တာပါဗျာ။
ဦး ကိုယ်တိုင် အဓိက သရုပ်ဆောင်ခဲ့တဲ့ ဒဏ္ဍာရီ ဆိုရင်
အခုချိန်ထိ တသသဖြစ်နေရတဲ့ scense တွေနဲ့ ဇာတ်ကားတင်မက ဇာတ်ဝင်တေးတွေပါ ယနေ့ထိ
စွဲလန်းနေရတုန်းပါ ... အဲ့သည့် ကားလဲ အာဏာရှင် ခေတ်ပျက်ထဲမှာ ရိုက်ခဲ့တာ မဟုတ်ပါလား ....
ခေတ်ကိုချည်းပဲ ဖိပြီး အပြစ်မတင်သင့်ပါ .....


 KoHtooခင်ဗျာကျနော်ခေတ်ကိုချည်းလွဲချနေခြင်းမဟုတ်ပါဘူးကျနော်ရေးထားတဲ့အထဲဟိုအရင်ရေးခဲ့တဲ့
အထဲမှာလည်းအကြိမ်ကြိမ်ဝန်ခံခဲ့ပြီးပါပြီကိုထူးပြောတဲ့သင်္ကြန်မိုး ဒဏ္ဍာရီ အချိန်မြန်မာပြည်မှာရုပ်ရှင်ရုံ၂၀၀ ကျော် ၃၀၀ ရှိခဲ့ပါတယ်ဇာတ်ကားတစ်ကား ၁၀ သိန်းရင်းယင် သိန်း ၆၀/၁၀၀ထိရနိုင်ပါတယ်ရိုက်ပြီး၁နှစ်အတွင်းရုံတင်နိုင်ပါတယ်ခုမြန်မာပြည်မှာမြန်မာကားပြတဲ့ရုပ်ရှင်
ပိတ်ကားပေါင်း၃၇ခုပဲရှိပါတယ်သိန်း၁၀၀၀ရင်းလို့၅၀၀မြတ်ဖို့ထက်အရင်းရယင်မဆိုးဘူးလို့တွက်နေရတာပါ ဇတ်ကားရိုက်ကူးပြီးရုံတင်ဖို့ ၃ နှစ်နီးပါးစောင့်ရပါတယ်အရင်ကရုပ်ရှင်ကိုစတူဒီယိုကြီးတွေထဲ ဆက်တင်တွေနဲ့ရိုက်နိုင်ခဲ့တာပါ ခု ကြုံရာအိမ် လမ်း ရွာ ကျောင်းလမ်းဘေးမှာကျနော်တို့ရိုက်ရတာပါ
အဲဒီစတူဒီယိုတွေ ရုံတွေဘယ်ရောက်သွားလည်းဆိုတာတော့ကျနော်အပေါ်မှာပြောခဲ့ပြီးပါပြီ
ရုံမရှိလို့ဈေးကွက်ကျဉ်း ဈေးကွက်သေးလို့ထုတ်လုပ်မှုစရိတ်လျှော့ချ
ထုတ်လုပ်မှုစရိတ်နည်းတော့ အရည်အသွေးကျ
ဒီအဆိုးသံသရာထဲကရုံးထွက်ဖို့ကြိုးစားနေရတာပါ
ဘယ်နိုင်ငံမှာမှမရှိတဲ့ဗီဒီယိုဆိုတာလည်းမဆလခေတ်နှောင်းပိုင်းမှာမြန်မာပြည်မှာရုပ်ရှင်ရိုက်စရာ
ဖလင်ကိုမရှိတော့လို့ ကျနော်တို့တွေရုပ်ရှင်မျိုးမတုံးအောင်ကြိုးစားအသက်ဆက်ခဲ့ရတာပါ
ကိုထူးပြောတဲ့ သင်္ကြန်မိုးဒဏ္ဍာရီထုတ်လုပ်သူကိုဇော်မြင့်ကိုတိုင်ကားကောင်းရေးဦးစားပေးခဲ့ပေမဲ့ ခုများတော့သူလည်းခြံပြုတ်အိမ်ပြုတ်နဲ့ယဲ့ယဲ့ပဲကျန်ပါတော့တယ်ခုတော့ဈေးကွက်သေးလို့
ဆူလွယ်နပ်လွယ် ငါးပွက်ရာငါးစာချဇတ်ကားတွေနဲ့မြန်မာ့ရုပ်ရှင်နှိမ့်ကျခဲ့ရပါပြီ
ဒါတောင်တစ်နှစ် နှစ်ကားသုံးကား အနုပညာဦးစားပေးကြိုးစားနေတုန်းပါပဲ
တစ်ကားကနှစ်ကားရှုံးပြီဆိုယင်လည်းအဲဒီထုတ်လုပ်သူထိုင်သွားတာပါပဲ
အားလုံးကိုမဆိုလိုပါ ရုပ်ရှင်ကိုအသွေးအသားထဲကချစ်လို့ ဖက်တွယ်နေတဲ့ ရုပ်ရှင်သမားစစ်စ်တွေကတော့ခုထိအားမလျှော့ပဲကြိုးစားနေကြတုန်းပါ
ခုကျနော်ပြောတာဆင်ခြေမဟုတ် လက်ရှိတကယ့်အခြေအနေပါ
ကျနော်ကတိပေးနိုင်တာတစ်ခုရှိပါတယ် မြန်မာ့ရုပ်ရှင်ကိုမြန်
မာတွေလေးလေးစားစားအားပေးလာသည်ထိကြိုးစားပါ့မယ်ဆိုတာပါပဲ


ဗျို့ဦးဇင်ဝိုင်း ကျွန်တော်တို့ရဲ့အော်သံတွေ ခင်ဗျားတို့ကြားသွားတာသိရတော့ ၀မ်းသာတယ်ဗျာ ။
အခုထိ ဒီ event မှာ ပြောနေတာတွေဟာ ၊ ဒီနိုင်ငံအခြေအနေနဲ့ ပြင်လို့မရတဲ့ဟာ တစ်ခုမှမပါသေးဘူးဗျ ။ဟော်လီဒ်ဝုဒ် ၊ ဘောလိဒ်ဝုဒ်ကို မှီအောင်မလုပ်ဘူးလို့ အပြစ်တင်နေတာ မပါဘူး ။သူ့အိုးနဲ့ သူ့ဆန်ပေါ့ ။ ဆန်ကွဲနဲ့ ထမင်းဖြစ်အောင်ချက်လဲ စားကြမဲ့ သူတွေပါ ။
ဒါပေမဲ့ ထမင်းချက်လို့ ရနေတာကို ဆန်ပြုတ်တော့ ပြုတ်မတိုက်ကြပါနဲ့ ။
မြန်မာအနုပညာရှင်တွေ ပြင်ရမှာ တစ်ခုပဲ ရှိတယ်ဗျ ။
ဝေဖန်တိုင်း ပုတ်ခတ်တယ် ထင်ပြီး မာနလေးမဏ္ဍပ်တိုင် တပ်တပ်ပြတာကိုပဲ ။
စာအရှည်ကြီးတော့ မရေးတတ်ဘူး
ကျွန်တော်တို့တွေက အပြုသဘောလေးတွေ ဆောင်ပြီး၊အပြောင်သဘောလေးတွေစုနေတာပဲရှိတယ် ။ခုထိ ပညာရှင်တွေကိုမစော်ကားသေးဘူး ။ပရိသတ်တွေက နှိမ်လွန်း ပြောလွန်းဖိလွန်းတယ် ထင်နေတာလား? ဦးဇင်ဝိုင်း သင်္ကြန်မိုးထဲမှာပြောသလိုပေါ့ဗျာ "အရက်သမားသား အရက်သောက်တာ ဆန်းလား အဖေရာ " ဆိုတာလို့ပေါ့"ဒီအနုပညာသမားတွေ ဒီပရိသတ်ရတာ ဆန်းသလား ဗျာ "

No comments:

Post a Comment