Friday, October 7, 2016

ဒေါက်တာသက်ရှည် ရဲ. ကိုပေါ်အေး



ဆရာဘဝကို အချိန်အခါမှားပြီးရောက်လာလဲ့သူ
တပည့်ဘဝတုံးက ဆရာကောင်းတွေနဲ့တွေ့ခဲ့ပုံဘဲ
သူ့ဆရာတွေလို
နာသုံးနာနဲ့ပြည့်စုံအောင်ကျိုးစားခဲ့
ပညာရေးတက္ကသိုလ်က
သဘောတရား သင်နည်းလမ်းညွှန်နဲ့
ခေတ်အခြေကပြောင်း
စနစ်ထွေကထောင်းတဲ့အချိန်မှ
ဆရာလာဖြစ်တော့
ခေတ်ဟောင်းလိုလဲမကောင်းပြန်
ခေတ်သစ်ကိုလဲမချစ်နိုင်
ဆရာ ဆိုတဲ့ ရွေးထားတဲ့လမ်းတခု
မငြင်းနိုင်ဘဲလှမ်းခဲ့တာနှစ်သုံးဆယ်
ဝါးခယ်မ ထ ၁မှာချည်းနှစ်သုံးဆယ်
ဆရာဆိုတဲ့ ဆရာ့တာ
စေတနာဆိုတဲ့ တပည့်များပေါ်မှာ
သံယောဇဉ်ဆိုတဲ့ ကျောင်းကြီးမဟာ
မုန်းသူလဲရှိ ပြုံးသူလဲရှိ
ချစ်သူလဲရှိ မနှစ်သက်သူလဲရှိ
လောကဓံတရားအတိုင်းဘဲ
ယုံကြည်ရာကိုတော့ဖက်တွယ်မှု
မယုံကြည်တာကိုတော့မျက်ကွယ်ပြု
ကိုယ်ပြုတဲ့ကံ ကိုယ်ခံရတယ်ဆိုရင်
နာဖျားမကျန်း မောပန်းနေတုံးကရော
အသက်ရှူရပ်လို့ခန္တာပြတ်တဲ့အခါရော
ဒီနေ့ နောက်ဆုံးခရီးပို့ဆောင်ချိန်ရော
တပည့်အများမိတ်ဆွေများနဲ့ကူညီ
ဖေးမ ဝိုင်းဝန်းကြပုံမြင်ရတာတော့
ကိုပေါ်အေးရေ....အချိန်အခါမှားပေမဲ့
ဆရာပီသတဲ့ဆရာလုပ်ခဲ့တဲ့ခင်ဗျား
အလကားလူမဟုတ် ကျနော်ဦးညွှတ်လို့အလေးပြုလိုက်ပါရဲ့

ဆက်စပ်ဖတ်ရှုရန်