Thursday, October 6, 2016

ဖြိုးဝေပြောတဲ့ ဆရာ ဦးပေါ်အေး



မာန်‌အပြည့်‌နဲ့ စာသင်‌တတ်‌တဲ့
ကျောင်းဆရာတစ်ယောက်...
ရိုးရိုးဘဲ‌နေ ခပ်‌သွက်‌သွက်‌‌လျှောက်‌
အတန်းချိန်‌အပြည့်‌ အမြဲမှန်‌တတ်‌တဲ့
ကျောင်းဆရာတစ်ယောက်.. .
ခပ်‌တိုတိုဝတ်‌တတ်‌တဲ့ ပုဆိုးနဲ့ ခပ်‌နွမ်းနွမ်းရှပ်‌တထည်‌ရယ်‌
ဘယ်‌သွားသွားပါတတ်‌တဲ့ လက်‌ဆွဲအိတ်‌ရယ်‌
ဆေးပေါ့လိပ်တလိပ်ရယ်...
ဒါ...ဆရာ့ရဲ့. မူပိုင်‌ဟန်‌တခု...
ဘယ်‌သူ့သား ဘယ်‌ဝါ့သမီးရယ်‌မသိ
စာသင်‌ချိန်‌မှာ ...တပည့်‌ 
့အပြင်‌မှာ သား သမီးအ‌တွေးနဲ့
ဆရာလို့ ‌ခေါ်တိုင်း ‌ဟေ လ်ို့
့အားအပြည့်‌နဲ့ ထူးတတ်‌သူ
ကျောင်းဆရာတစ်ယောက်.. .
ပကာသနမလို ‌စေတနာသာ
နာနာထည့်‌လို့. ‌စာ‌တွေဖတ်‌‌နေ‌ပေမယ့်‌
ကျန်းမာရေးအသိတွေကြွယ်ပေမယ့် 
မြေဖြူမှုန့်ရှုရိုက်လို့ ပျော်နေတတ်သူ
ကျောင်းဆရာတစ်ယောက်.. .
ဇနီးရဲ့ ကျန်းမာ‌ရေးအတွက်‌
ဆရာ့ရဲ့. ကျန်းမာ‌ရေးကို
အ‌မေ့‌လျော့ခံ ဖြည့်‌ဆည်း‌ပေးခဲ့သလား
ဆရာ‌ရေ...


ဆရာရေ စိတ်‌လက်‌ချမ်းသာစွာ
မောခဲ့သမျှဖြေ ကျေနပ်စွာ 
အနားယူပါ‌တော့...
ဆရာမ အတွက်‌ ကျန်‌တဲ့ တာဝန်‌‌တွေကို
ကျွန်‌‌တော်‌တို့ နိုင်‌သ‌လောက်‌ ပုခုံးထမ်း
လွှဲ‌ပြောင်းယူပါ့မယ်‌။
တပည့်‌‌တွေအ‌ပေါ် ‌စေတနာထားတဲ့
ဖြူစင်‌မြင့်‌မြတ်‌တဲ့ ဆရာ...
အိမ်‌‌ထောင့်‌အ‌ပေါ် တာဝန်‌‌ကျေ
မ‌ဖောက်‌လွှဲတတ်‌တဲ့ ဆရာ
စကား‌ပြောရိုးရှင်း မလိမ်‌ညာတတ်‌တဲ့ဆရာ
မြင့်‌မြတ်‌တဲ့ ဘုံဘဝမှာ နတ်‌ဝတ်‌တန်‌ဆာအပြည့်‌နဲ့
ကောင်းကျိုးတွေထမ်းပိုးရင်း နေနိုင်ပါစေ
မြတ်‌‌သော ဆရာ ‌ရေ

ဆက်စပ်ဖတ်ရှုရန်များ

  
  
   
  

No comments:

Post a Comment