Thursday, October 6, 2016

ဒေါက်တာသင်းမာလာ ပြောတဲ့ ဆရာ ဦးပေါ်အေး

ဆရာ:::::::::::သို့ ဂါရဝပြုဦးညွတ်လျက်


ကြီးနီစုမှာသန္ဓေတည်
ဝါးခယ်မမှာကြီးပြင်း
တစ်ချိန်ကဆို ပုဆိုးကိုတိုတိုဝတ်
Blackboard ကိုတဗြန်းဗြန်းထု
လူကသာသေးသေး
အသံကဘဝဂ်ကိုလျှံ
သီအိုရီကိုအပိုင်ထား
တပည့်များနောင်ရေးကောင်းစေဖို့
အနာဂတ်သားလောင်းများ
အန်ချပေးသူ့နှလုံးသွေး
အမောပြေဆေးလိပ်တိုနှင့်
ပက်လက်ကုလားထိုင်ပေါ်အသာမှေး
သူ့မျက်ဝန်းထဲမတော့နိုင်ငံ့အကျိုးပြု
လူ့စွမ်းအားအရင်းအမြစ်များကိုဖော်ဆောင်
ဘဝကိုရိုးရှင်းစွာဖြတ်သန်း
သူ့အတွက်တော့နတ်ဘုံနတ်နန်း
အခုပြန်တွေးစောသေးတယ်ဆရာ
ခဏလောက်လေး လူဖြစ်ခွင့်ပေးပါအုံးလား
ကျုပ်နှလုံးသွေးတွေစီးဆင်းချင်သေးတယ်
ကျုပ်တပည့်တွေအတွက်လို့
ဟစ်ကျွေးပေးပါအုံးလားဆရာ
ဆရာမနဲ့သမီးအတွက်ရော
ခုတော့အားလုံးကိုနှုတ်မဆက်ဘဲ
ကျောခိုင်းသွားတာဆရာမလွန်ဘူးလား
ငါ့နောက်ဆုံးမျိုးဆက်လေးလို့
တစ်ခါလောက်ပြောပေးပါဆရာ
ခုတော့မြတ်နိုးလွန်းတဲစက်ဘီးစုတ်လေး
သခင်ပြန်လာကိုစောင့်နေတယ်ဆရာ
ပုခုံးထက်အမြဲမချတဲ့အိတ်အစုတ်ခလေး
ကြောင်လေးတွေရယ်အရိပ်မဲ့သွားတဲ့
သားအမိရယ်ဆရာပြန်လာမယ့်လမ်း
မျှော်မှန်းလို့စောင့်နေတယ်
ပြန်လာခဲ့ပါဆရာ******
ဆရာကောင်းရာသုဂတိလားပါစေ

ဆက်စပ်ဖတ်ရှုရန်
  
  
  
   
   
  


No comments:

Post a Comment