Thursday, October 6, 2016

ခိုင်သန္တာအောင် ပြောတဲ့ ဆရာ ဦးပေါ်အေး




မြတ်ဆရာ... ဦးပေါ်အေးလိုဆရာ စေတနာမြင့်မြတ် ... လေးစားအပ်သော မြတ်သောဆရာ
သူ့လိုဆရာ ၈ တန်းတုန်းကစာသင်ခန်းထဲမှာ ဆရာဦးပေါ်အေးက အင်္ဂလိပ်စာသင်ရင်း စကားစပ်မိရင်းနဲ့စကားတခွန်းပြောဘူးပါတယ် ကျောင်းဆရာ ဆရာမတွေဟာ မြေဖြူကြောင့် တီဘီရောဂါအဖြစ်များတတ်ကြတယ် ဒါပေမယ့် ဘယ်ဆရာကမှ ငါတီဘီဖြစ်မှာစိုးလို့ဆိုပြီးမြေဖြူကိုင်တာမလျော့ကြပါဘူးတဲ့


အခုဆရာဟာ မြေဖြူကြောင့်ရော ဆေးလိပ်သောက်တတ်တဲ့ပာအတွက်ပါ ဆုတ်ကင်ဆာရောဂါကိုပြင်းပြင်းထန်ထန်ခံစားနေရနေရပါတယ် ဆရာသုခကမ္ဘာဆေးရုံမှာအသဲအသန်ဖြစ်နေကြောင်းသိရခြင်းမှာဘဲ ဆေးရုံကိုအမြန်သွားရောက်ခဲ့ပါတယ်


အခန်းအမှတ် ၃၁၄ မှာ ဝေဒနာရဲ့နှိပ်စက်မှုကိုအလူးအလဲခံနေရရှာတဲ့ဆရာ့ကိုမြင်ရတဲ့အခါ ရင်ထဲဆို့နစ်ရပါတယ် စိတ်ဓါတ်ခိုင်မာတဲ့ဆရာ့ဇနီးကျမတို့ရဲ့ဆရာမခမြာ မျက်ရည်တစမ်းစမ်းနဲ့ဖြစ်နေရှာလို့ဆရာမခက်ကိုအကြာကြီးကိုင်ပြီးအားပေးနှစ်သိမ့်ဖြစ်ပါတယ်
 ရောဂါ၃မျိုးကအကြီးအကျယ်ဖြစ်နေရမှန်းသိရတော့အတော်စိတ်မကောင်းပါဘူး ဆရာဟာအင်မတန်စိတ်ဓါတ်ခိုင်မာပြီး ဆရာကောင်းပီသစွာနာမည်ကောင်းနဲ့ကျော်ကြားသူဖြစ်တဲ့အလျောက် ကျမလေးစားချစ်ခင်ရတဲ့ဝါးခယ်မမြို့အထက်တန်းကျောင်းကဆရာတွေထဲ ဆရာထိပ်ဆုံးကပါပါတယ်


လွန်ခဲ့တဲ့ အနှစ်၃၀ နီးပါးဆီကဆရာရဲ့တပည့်အဖြစ်စတင်ဆုံခွင့်ရတဲ့အကြောင်းတရားတွေဟာ ရုပ်ရှင်ဇာတ်ကားတခုကို play back ပြန်ကြည့်ရသလို တကွက်ခြင်းထင်ထင်ရှားရှားကြည်လင်ပြတ်သားလို့နေဆဲပါ ၁၉၈၈အရေးအခင်းဖြစ်ချိန်ကျမက လပွတ္တာမြို့မှာ၈တန်းကျောင်းသူပါ အရေးအခင်းအပြီးကျောင်းပြန်ဖွင့်တဲ့အချိန်ကျမကဖေဖေတာဝန်နဲ့ပြောင်းရွှေ့ရတဲ့ဝါးခယ်မကိုရောက်နေပါပြီ ကျမတို့မောင်နှမ၂ယောက်ကျောင်းအပ်နှံရန်ကျောင်းအုပ်ကြီးနဲ့တွေ့အပြီးမှာ ကျောင်းအုပ်ကြီးကဆရာ
ဦးပေါ်အေး
ကိုခေါ်ပြီးဆက်လက်ဆောင်ရွက်ပေးလိုက်ပါလို့ဆိုပါတယ် ဆရာက သမီးကိုဆရာမဒေါ်စုစုရဲ့အတန်းမှာထားပေးမယ်သူ့ကိုင်တဲ့အတန်းကနှစ်ကျတွေနဲ့ခပ်ဆိုးဆိုးတွေကိုထားတဲ့
အတန်ြး
ဖစ်လို့အသစ်ဖြစ်တဲ့သမီးအဆင်မပြေမှာစိုးတယ်လို့ပြောပြသလိုမောင်လေးကိုလဲသင့်တော်တဲ့အတန်းပိုင်
ဆရာ
မအခန်းမှာဆရာကသေချာအပ်ပေးခဲ့တာပါ နောက်နေ့ဆရာမဒေါ်စုစုလက်ထဲဆရာကသေချာအပ်ပေး
ခဲ့ပါတယ်


တပည့်သားသမီးအပေါ်မေတ္တာစေတနာထားတဲ့ဆရာမအခနိးမှာပညာသင်ခွင့်ရတာကျမကံကောင်းမှန်း ချက်ခြင်းသိလိုက်ရပါတယ့် ဆရာက အင်္ဂလိပ်စာသင်တဲ့ဆရာပါ ထူထဲတဲ့မျက်ခုံးနဲ့လိုက်ဖက်စွာဆရာ့မျက်နှာဟာတည်ကြည်ပြီးနှုတ်ခမ်းစေ့ထားတတ်ပါတယ် စာသင်အရမ်းကောင်းတဲ့ဆရာကို ပထမအချိန်သင်အပြီးမှာဘဲ ကျမလေးစားချစ်ခင်ခဲ့ရတာပါ လမ်းလျောက်ရင်လက်သီးဆုတ်ပြီးလျှောက်တတ်တဲ့ဆရာဟာ အင်မတန်သတိမြဲမြံသလို မှတ်ဉာဏ်လဲသိတ်ကောင်းပါတယ် Time Table မှာဆရာ့အချိန်ပါရင်ကို ကျမပျော်နေတာ အကောင်းဆုံးမှတ်မိသည်အထိ ဆရာ့အပေါ်ကျမလေးစားချစ်ခင်ရပါတယ်


တခါတရံအတန်းထဲမှာ ကျမတို့ကျောင်းသားတွေစာမရလို့ဆရာဆူတဲ့အခါကျမဘယ်လိုနေရမလဲမသိခဲ့ပါဘူး ပြောလိုက်ရင်မျက်နှာ
ကဇီးရွက်လောက်ဘဲရှိတော့တယ်လို့ ကိုယ့်မျက်နှာကိုကြည့်ပြောလိုက်တဲ့အခါကဆို စာပွဲပေါ်မျက်နှာမှောက်ချလိုကိရကောင်းမလား ခေါင်းငုံးထားရကောင်းမလား မျက်နှာလွှဲထားရကောင်းမလား နဲ့ဆရာ့ကိုခိုးကြည့်ပြီးဆုံးဖြတ်ရခက်ဘူးပါတယ် အခြေခံပညာကိုနယ်စုံပြောင်းပြီးသင်ခဲ့ရတဲ့ကျမအတွက် မေတ္တာစေတနာအပြည့်ထားတတ်တဲ့နယ်က
ဆရာတွေရဲ့ပညာဖြန့်ဝေမှုကိုအလုံးစုံပြောပြရရင် ရန်ကုန်ကလူတွေမနာလိုစရာဖြစ်ကြပါလိမ့်မယ် 


နယ်မှာဆရာသမားတွေရဲ့နာ၃နာနဲ့သင်ကြားဆုံးမမှုတွေကိုစံပြထားရမယ်ဆို ဆရာ့ကိုရှေ့ဆုံးကဖေါ်ညွှန်းပြသချင်ပါတယ် ၉တန်းရောက်ရင်ဆရာနဲ့မသင်ရတော့ဘူးလို့ထင်နေတာ ကျမ၉တန်းရောက်တဲ့နှစ်မှာ ဆရာက၉တန်းပြဖြစ်တော့ ဆရာရဲ့တပည့်ထပ်ဖြစ်ရတာ ကျမအတိုင်းမသိဝမ်းမြောက်ခဲ့ပါတယ်ရှင် စိတ်ဓါတိခိုင်မာတဲ့ဆရာ့ကို ပြင်းထန်တဲ့ဝေဒနာတွေကနှိပ်စက်လို့ မျက်လုံးလဲမဖွင့်နိုင် စကားလဲမပြောနိုင်တော့တဲ့အခြေအနေမှာ ဆရာ့ခြေတော်ရင်း ဦးခိုက်ရှိခိုးလို့နူတ်ဆက်ကန်တော့ရတာ ကျမရင်နာလှပါတယ် အားငယ်နေရှာတဲ့ဆရာမကိုလဲကန်တော့ပြီးနောက်လိုအပ်ရင် အချိန်မရွေးဆက်သွယ်ပါရန်ပြောကြားပြီးနှုတ်ဆက်ထွက်ခွာခဲ့ပါတယ် မြတ်ဆရာ ဝေဒနာတွေကို ပညာဖြင့်အောင်မြင်စွာကျော်လွှားနိုင်ပါစေဆရာသံသယာမှာဆရာ့လိုဆရာကိုဆရာဆက်ပြီးတော်ပါ
ရစေဆရာ် 


Khine Thandar Aung


ဆက်စပ်ဖတ်ရှုရန်

 ဘိုဘိုမင်းထွန်းပြောတဲ့ ဆရာ ဦးပေါ်အေး

No comments:

Post a Comment