Thursday, October 6, 2016

ဘိုဘိုမင်းထွန်း ပြောတဲ့ ဆရာ ဦးပေါ်အေး ( ၂ )

ဦးပေါ်အေး (သို့မဟုတ်) ကျောင်းဆရာ


သူ့ကိုသိလား. . .
အားနဲ့မာန်နဲ့
သင်ပုန်းမှာ
မြေဖြူ ကိုတဒုန်းဒုန်းထုရင်း
ရယ်ဒီကယ် အင် အိတ်စ်ပိုးနန့်င့် ဆိုတဲ့
အောင်မြင်တဲ့အသံပိုင်ရှင်
ဖယောင်းတစ်တိုင်ကို. . .
ပုစ္ဆာတွေ
ဖြန့်ခင်းတဲ့လမ်းတစ်လျောက်
မင်းကောက်သမျှ
တန်ကြေးမှန်ဖို့
သူသောက်တဲ့ဆေးလိပ်တိုလို
ကိုယ့်ကိုယ်ကို ပြာချ
အိတ်ကပ်ထဲ
ပညာတွေထည့်ထည့်ပေးနေသူကို
''ပါးစပ်ထဲက ဘာလည်း
ကွမ်းစားနေတာမဟုတ်လား
ထုတ်လိုက်စမ်း''
အဲ့သလို အဲ့သည်တုန်းက
အမုန်းတွေရမှာလည်း
မကြောက်တဲ့သူ
ကိုယ်တွေ့ပဲ
ဘဝရဲ့ထက်ဝက်ကျော်မက
သူများအတွက်
ခြေချ ထားတဲ့သူ. . . .
သူ့ကိုသိလား
သူဒီနေ့
သူ့ပညာတွေ
သူ့စေတနာတွေ
သူ့ဝမ်းစာတွေ ထမ်းပိုးရင်း
ကမ္ဘာ့တစ်ဘက်ခြမ်းကို
ခရီးထွက်သွားပြီ.


ဘိုဘိုမင်းထွန်း


ဆက်စပ်ဖတ်ရှု ရန်
  





 

No comments:

Post a Comment