Thursday, October 13, 2016

ဦးဇင်ဝိုင်း ရဲ. ရှင်းလင်းမှုကို တုန်.ပြန်ကြသူများ ( ၂ )






 မြန်မာ့ ရုပ်ရှင်လောကကို ဖောင်းထုနေတဲ့လူငယ်တွေအနေနဲ့
သူတပါးကို ဝေဖန်နေတာတွေ အပုပ်ချစော်ကားနေတာတွေ
ရပ်တန်းကရပ်သင့်နေပါပြီ။ မြန်မာ့ရုပ်ရှင်လောကဆိုတာ ခုခင်ဗျားတို့ပြောသလောက်လဲ မဆိုးသေးပါဘူး။ခုနောက်ပိုင်းဆို နိုင်ငံတကာထိပါ ထိုးဖောက်ဝင်ရောက်နေပြီ။ လေ့လာကြပါ။
ထွန်းအိဒ္ဒြာဗိုလ်ဆိုရင် လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက "လာသွားမယ် ဟောလိစ်ဝုစ်"
ဆိုပြီး ကြိမ်းဝါးထားတာ ခုဆိုသူပြောထားတဲ့အတိုင်းပဲ သူ့တို့မိသားစုလိုက် ဟောလိစ်ဝုစ်ကို ခဏခဏရောက်နေပါပြီ။ ဓာတ်ပုံတွေလဲတွေ့နိုင်ပါတယ်။
ခုနောက်ပိုင်း မင်းသားတွေဆိုလဲ နေတိုး ပြေတီဦး နဲ့ တခြားနာမည်ကြီး မင်းသားတွေဆိုလဲ
အရင် ဘန်ဘောက် စင်္ကာပူ မလေးရှား လောက်ကနေ ခုဆို ပြင်သစ် ဆွစ်စလန် ဥရောပတိုက်အထိ နယ်ချဲ့ပြီးသွားနေကြပြီ။
စိုင်းစိုင်းဆိုရင် ဥပရောတိုက်ထိအောင် ထိုးဖောက်ပြီး နှင်းလျှောစီးခြင်းတွေ ဘာတွေ
လုပ်နေတာ အားလုံးအသိပါ။
အောင်ရဲလင်း ဇေရဲထက် ဆိုရင် နိုင်ငံတကာ ကွီးယားစံချိန်မှီ မီးပူမျက်နှာရအောင် နိုင်ငံခြားအထိ သွားပြီး ခွဲစိတ်ပြုပြင်လောက်အောင်လဲ ထိုးဖောက်နေကြပြီ။
ဘယ်လောက်အထိ နိုင်ငံခြားတိုင်းပြည်တွေကို ထိုးဖောက်သလဲဆိုရင် တက်သစ်စ မင်းသမီးလေး ကိုယ်ပူပြီးဖျားတာတောင် ဘန်ကောက်ကဈေးရုံမှာသွားကုတဲ့အထိ နိုင်ငံခြားကို ထိုးဖောက်နေကြပြီ။
နောက်ဆုံး ကုန်ကုန်ပြောရရင် မင်းသမီးမိတ်ကပ်လိမ်းတဲ့ မထက်ဆိုရင် နိုင်ငံတကာ အဆင့်မှီအောင် ဘန့်ကောက်မှာ PPK လုပ်နိုင်တဲ့အဆင့်ထိ နိုင်ငံတကာကို ထိုးဖောက်နေတာတွေကို ခင်ဗျားတို့မြင်အောင် ကြည့်ကြပါ။ပြီးမှ အပြစ်ပြောကြပါ။ ကျနော်တို့ မြန်မာ့ရုပ်ရှင်လောကဟာ နောင်ဆို လကမ္ဘာနဲ့ အင်္ဂါဂြိုလ်အထိ ထိုးဖောက်သွားဖို့ ရှိနေတယ်ဆိုတာ ခင်ဗျားတို့သိစေချင်တယ်။
ကျနော်ဒါပဲပြောခဲ့ချင်တယ်။

ပြောချင်တဲ့သဘောက အဲ့ဒီအဘတွေက သောက်ရမ်းကောင်းတဲ့ဇာတ်ကားတွေထွက်လာစေမယ့် ရိုက်ကူးရေးစက်တွေရောင်းစားခဲ့တဲ့အပြင် သရုပ်ဆောင်တွေရဲ့ဖင်ဝကိုပါ သေနတ်နဲ့တောက်လျှောက်တေ့ထောက်ခဲ့လို့ သရုပ်ဆောင်ရတာ ခိုးလို့ခုလုဖြစ်ပြီး အရည်သွေး တဖြေးဖြေးနိမ့်သွားတယ်လို့ ပြောချင်တာပေါ့ အိမ်း



 မြန်မာဇာတ်လမ်းတွေကြည့်ဖြစ်ပါတယ် ဒါပေမယ့် ဝတ္တုတစ်ပုဒ်ကို.တူတူန်တန်ဝယ်ပြီးတော့ ပရိတ်သတ်ကို ချပြစေချင်ပါတယ် မင်းသားမင်သမီးကလည်း ဝတ္တုကို အသေအချာဖတ်ပြီးမှ ဇာတ်လမ်းကောင်းမှ ရိုက်စေချင်ပါတယ်ပရိတ်သတ်ကရွေးချယ်တတ်သွားတဲ့အချိန်မှာတော့ အပြစ်မြင်လို့မရပါဘူးရှင်အခုထွက်သမျှဇာတ်လမ်းတိုင်းက ၁၀၀မှာ ၁၀၀နီးပါးက ဇာတ်လမ်းမကောင်းပါဘူးရှင်သမီးတို့က ဇာတ်ကားတစ်ကားကြည့်တော့မယ်ဆိုရင် ဒါရိုက်တာနဲ့ စာရေးဆရာကြည့်ပြီးမှ ကြည့်ဖြစ်ပါတယ် ဒီဘက်ခေတ်ဆို ရဲတိုက်ဇာတ်လမ်းတွေက တမူကွဲထွက်နေလို့ အရမ်းကောင်းပါတယ်ဦးတို့ခေတ်က ဇာတ်လမ်းတွေ ဘယ်နှခါဖြစ်ဖြစ်ကြည့်ဖြစ်ပါတယ် စကားလုံးနဲ့ သရုပ်ဆောင်က ရိုးမသွားပါဘူး တစ်ကားနဲ့တစ်ကား မတူုကြပါဘူး အစိုးရ/ထုတ်လုပ်သူ /ဒါရိုက်တာ/ မင်းသားမင်းသမီးအားလုံးက ငွေကိုမကြည့်ဘဲ ပရိတ်သတ်ကို တကယ့်စေတနာနဲ့ ချပြရင် သေချာပေါက် မြန်မာဇာတ်လမ်းတွေ ပြန်ဦးမော့လာမှာပါလို့ ပြောပါရစေရှင် ဘီအီးဒီအောင်သိုက်ဇာတ်လမ်းတွေကို ဘဘ
ီးကြည်စိုးထွန်းတို့ သရုပ်ဆောင်သစ်လေးတွေနဲ့ ပြန်ရိုက်ပြတာ ကြည့်လို့ကောင်းပါတယ်ရှင့် အဓိကကဇာတ်လမ်းကောင်းနေရင် တော်ရုံသရုပ်ဆောင်မှုအားနည်းနေရင်တောင် ဇာတ်လမ်းမှာစီးမျှောနေတော့ အဲ့ဒီအားချက်ချက်တွေကို မမြင်မိတော့တာပါ စာရေးဆရာ ဇာတ်ညွှန်းရေးဆရာကောင်းများဖြင့် မြန်မာ့ရုပ်ရှင်မြှင့်တင်နိုင်ပါစေ

 
Thailand Famous Movie
Khant Htoo Aung
ဟွာလေ.......မြန်မာကားမကောင်းဘူးပြောရင် ဆွေ့ဆွေ့ခုန်တတ်သူအပေါင်းတို့ခင်ဗျားးးးး....
မြန်မာကားမကောင်းလို့ မကောင်းဘူးပြောတာကို budget မလုံလောက်လို့ဆိုတဲ့ဆင်ခြေရှင်တွေ... location ကောင်းကောင်းမရှိလို့ဆိုတဲ့တော်ကီတွေနဲ့ ဖုံးအုပ်ချင်တယ်ဆိုရင် google မှာ "One room set movies" ဆိုပြီး ရိုက်ရှာကြည့်လိုက်.....ဘယ်location ဘာ visual effect မှမပါဘဲ အခန်းတစ်ခန်းထဲမှာ ဇာတ်ကားတစ်ကားပြီးအောင်ရိုက်ပြသွားနိုင်တဲ့ကားတွေ အများကြီးကျလာလိမ့်မယ်.... အာ့လေးတွေ တစ်ကားနှစ်ကားအရင်ကြည့်.... အကုန်မကြည့်ခိုင်းသေးဘူးနော်..... ပြီးမှ ပြန်လာပြော....
ကျွန်တော်တို့မြင်ချင်တဲ့ အဆင့်မှီတဲ့မြန်မာရုပ်ရှင်ကားဆိုတာ မင်းသားမင်းသမီးတွေ နောက်ဆုံးပေါ်ဖက်ရှင်တွေဝတ်ပြီး ဝတ္ထုထဲက စကားလုံးတွေထိုင်ရွတ်ပြနေတာကို အဆင့်မှီတယ်လို့ မသတ်မှတ်ဘူးခင်ဗျ..... မြေပေါ်လူးလှိမ့်ပြပြီး မျက်ရည်လည်ရွှဲပြတိုင်းလည်း ဇာတ်နာတာမဟုတ်ဘူး....ဘယ်လိုအဆင့်မှီအောင်ရိုက်မလဲဆိုရင်ခုဟောလိဝုဒ်ကားနဲ့ယှဉ်ပြောရင်လည်း
 ဟောလိဝုဒ်ကားမို့လို့ဆိုပြီး ငြင်းဦးမယ်... ဒီတော့ ဟိုးအရင်က မြန်မာရှေးဟောင်းကားတွေပြန်ကြည့်ကြ.... အနှစ်သာရဆိုတာ ဘယ်လိုလဲသိလိမ့်မယ်...
နောက်တစ်ခုဆိုးတာက မခိုးချနဲ့ဗျ......
ခင်ဗျားတို့ကခိုးလည်းခိုးသေး ငြိမ်ငြိမ်မနေတဲ့အပြင် သူခိုးကလူဟစ်ပြီး နိုင်ငံခြားကားကို ခိုးကူးပြောတယ်.. ကူးရင်လည်း credit လေးပေးရင် ခွင့်လွှတ်ဖို့ ဒီကပြည်သူတွေက အသင့်ပါဗျာ.... ဒါကို ကိုယ်ပိုင်ဇာတ်ညွှန်းလိုလို မသိနားမလည်တဲ့သူတွေကို ချပြနေတာကတော့ လွန်တယ်မထင်ဘူးလား...ဗီဒီယိုကားမို့ ဇာတ်ညွှန်းရှာရခက်ရင်လည်း ရုံတင်ကားကိုတော့ အဆင့်ရှိစေချင်တယ်ဗျာ...

ပြီးတော့ပြောသေးတယ်... မြန်မာကားမကြိုက်သူတွေလား မြန်မာကားကို
 စေ့စေ့ပေါက်ပေါက်ကြည့်သူတွေလားဆိုပဲ....
မသိရင်ပြောပြမယ်... မြန်မာကားတင်မကဘူး.. နိုင်ငံတစ်ကာကားတွေကိုပါ
 စေ့စေ့ပေါက်ပေါက်ကြည့်တတ်လို့ ခံစားတတ်လို့ ဝေဖန်တတ်ကြတာဗျ... အဲလို ဝေဖန်သုံးသပ်တတ်လို့လဲ ခင်ဗျားတို့ ခိုးချနေတဲ့ဇာတ်ညွှန်းတွေ ဖန်တရာလည်နေတဲ့တီးလုံးတွေ ဒိုင်ယာလော့တွေကို ချပြနိုင်တာပေါ့.. လိုက်မမဲစမ်းပါနဲ့ဗျာ.... ပြီးတော့ ခုဖြစ်နေတဲ့ မြန်မာကားဂယက်လှိုင်းကလည်း သူ့ဘာသာသူပေါ်လာတာလား ခင်ဗျားတို့ရဲ့ ရွှေဉာဏ်တော်စူးရောက်တဲ့ နိုင်ငံခြားကားတွေပိတ်ပင်မယ်ဆိုတဲ့ အကြံဉာဏ်ကြောင့် ဂယက်ထတာလား ကိုယ့်ဘာသာကိုယ်ပြန်စဉ်းစား.....
ဘယ်သူမပြု မိမိမှုပါ...
ဝေဖန်သူတိုင်းသာ အပြစ်တင်နေမယ်ဆိုရင် နောင်ဘုရားပွင့်တောင် ခင်ဗျားတို့ မတိုးတက်ဘူးမှတ်...




Phue Pwint Yi
ဦးရေ ဒဏ္ဏာရီ ဇာတ်ကားကြီးဆိုကြိုက်လွန်းလို့ ဦးနဲ့ အန်တီဆင့်ကိုတောင် အပြင်မှာဒီလိုမြင်ချင်မိတဲ့အထိပါ။ ခုနေကြည့်လည်း သိပ်ကိုရင်ခုန်ကြည်နူးစရာကောင်းတဲ့ ဇာတ်ဝင်ခန်းလေးတွေကိုထပ်ကြည့်ပြီးကြည်နူးရင်ခုန်တုန်းပါပဲ။ လွမ်းမောစရာလည်းကောင်းလွန်းလို့ ရင်ထဲတောင်တမျိုးကြီးဖြစ်ဖြစ်သွားတဲ့အထိပေါ့။ ဒီဇာတ်လမ်းလေးက အရိုးအရှင်းဆုံးရိုက်ပြသွားတာနော်။ ကုန်ကျစရိတ်လည်းမများဘူးထင်ပါတယ်။ ဒါပေမယ့် အဖက်ဖက်က တာဝန်ယူထားတဲ့ အနုပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ကားလေးကိုကြည့်တိုင်း ကိုယ်ပါ မျောပါသွားပြီး ရင်ထဲထင်ကျန်နေတဲ့ ဇာတ်ကားကောင်းလေးဖြစ်သွားတာပါ။အခုဦးလေးတို့ရဲ့ အနုပညာအမွေတွေကို ဒီဇာတ်ကားဟောင်းကြီးထဲမှာပဲမထားခဲ့ပဲ မျိုးဆက်သစ်သမားတွေကို လက်ဆင့်ကမ်းရင်း ရှိနေရမယ့်စိတ်နေစိတ်ထား လုပ်ကိုလုပ်ရမယ့်အလုပ်တွေကို ပြောပြဆုံးမပေးဖို့လိုပါတယ်။ ကောင်းကောင်းပြောပြမရရင် ရိုက်သင့်တန်ရိုက် ဟောက်သင့်တန်ဟောက် ဒဏ်ပေးသင့်တန်ပေးပေါ့။ အနုပညာကို တစ်ကယ်သာချစ်ခဲ့ရင် မျက်နှာနာရမယ့်လူတွေမျက်နှာကိုကြည့်ရလို့ ကာပေးနေတာမျိုးတော့မလုပ်ပါနဲ့။ ခုပြောပြထောက်ပြ အပြောင်အပျက်သဘောလေးနဲ့ အပြုသဘောဆောင်နေကြတဲ့သူတွေက ဦးလေးနဲ့ ဦးလေးတို့ မျက်နှာနာပေးနေရတဲ့ လူနည်းစုရဲ့ ထမင်းရှင်တွေပါ။ ဒီလူတွေကို ဒီလေသံနဲ့ပြန်ပြောလို့ ခုတောင်ဈေးကွက်ပျက်နေပြီ။ ဈေးကွက်ပျက်လို့ နည်းမှန်လမ်းမှန်နဲ့ ဈေးကွက်ထဲပြန်ဝင်မလားဆိုတော့လည်း တလွဲ Strategy တွေနဲ့ထပ်လုပ်တယ်။ ဒီလောကကြီးပျက်ရင် ခွက်ဆွဲတောင်းစားရမှာ ဇာတ်ပို့ဇာတ်ရန်တွေနဲ့ ဦးလေးတို့လူနည်းစုဗျ။ ဒိတ်ဒိတ်ကြဲ အောင်မြင်နေသူကြီးတွေက သုံးရက်တစ်ကားဝမ်းစာတွေနဲ့ စီးပွားရေးတွေလုပ်ထားလို့ ဂရုမစိုက်ပဲ ဖုတ်ဖက်ခါထွက်သွားကြမယ့်ဟာတွေ။
ဦးလေးတို့လိုအနှစ်တွေကို မှီလိုက်တဲ့ လက်ဆင့်ကမ်းအမွေရလိုက်တဲ့လူတွေရဲ့ ပညာတွေ ဆုံးမစကားတွေကို နောက် Generation တစ်ခုကသာ လက်ခံရရှိခဲ့မယ်ဆိုရင် ကျွန်မတို့အနေနဲ့ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးကားပဲမျှော်တလင့်လင့်နဲ့ထိုင်ကြည့်နေရမှာမဟုတ်ဘူး။
အဲ.... သနားတတ်မယ်ဆိုရင်လည်း သင်္ကြန်ရောက်တိုင်း ဘုရားဆူး ဒီတစ်ကားပပြန်ကြည့်ကြည့်နေရတဲ့ ဒီက ပရိတ်သတ်ကြီးကိုလည်း စောင်းငဲ့ကြည့်လှည့်သနားပါဦးလို့။
ခလေးတွေ စိတ်ချမ်းသာအောင်လို့ တခြားအနှစ်ပါတဲ့သင်္ကြန်ကားတွေကြည့်ရအောင် ကူညီလိုက်ပါလား ကငြိမ်းမောင်ရယ်။
စီနီယာကြီးက အမှန်ကိုသိပါလျက် ဂျူနီယာတွေရှေ့ကနေ ဟရောင်မင်းမိုက်လားဆိုပြီး မိုက်ကြေးလာခွဲနေတော့ ခုပြောရဲလို့ ကုတ်နေတဲ့ ချွတ်တားလေးတွေက အမောက်ထောင်ချင်လာပြီ။ ဘယ့်နှယ့်လုပ်ကြမတုန်း။

အီတွင်ပြီး၏

မှတ်ချက် တစ်ရာဖိုး သုံးပုဒ်တန် ဇာတ်ကားတွေကို ဘယ်သူမှ တစ်ကား သုံးရာတန် ခိုးကူးCD အဖြစ်ခိုးမကူးဘူးဆိုတာကိုတော့ ရဲရဲကြီးအာမခံတယ်။ အိုင်ဆေး ဦးဇင်ဝိုင်း ဒီကိစ္စကိုတော့ စိတ်အေး လက်အေးရှိပါလေ


ဦးဇင်ဝိုင်းကို အားတော့နာပါတယ်.. ကျွန်မတို့ ထောက်ပြတာတွေမှာ စက်မကောင်းတာမပါပါ.. နိုင်ငံခြားကားတွေနဲ့ နှိုင်းတာ မပါပါ.. တခါလာလည်း ဒီအိမ်ကြီး တခါလာလည်း ဒီနေရာကြီး.. ရုပ်ရှင်ရိုက်စရာနေရာ အဲ့လောက်ရှားသလားဗျာ.. ဦးပြောသလို မွဲပြာကျနေတဲ့ခေတ်ကြီး.. မင်းသမီးက အိပ်ရာဝင်တော့ မိတ်ကပ်အဖွေးသား.. စက်အကောင်းစား မသုံးနိုင်ဘူးလား ရတယ်လေ.. ဇာတ်အိမ်လေးတော့ ကောင်းပေါ့.. တခါလာ ရန်ဖြစ်ပြီး ညား.. မိဘပေးစား မတည့် ညားပြီးပြန်တည့်.. မင်းသားက မွဲ မင်းသမီးက ချမ်းသာ .. မောက်မာ နောက်ပြန်ညား.. မင်းသမီးက ရူး မင်းသားအိမ်တက်နေ. နောက်မှ မင်းသမီူက သူဌေးသမီးဖြစ်.. ညား... ဒါတွေနဲ့ သံသရာလည်နေတဲ့ ဇာတ်အိမ်ကရော.. ဘယ်လို ပြောမလဲဗျာ.. ပြောင်းလဲလာပါတယ်.. အရင်က ပန်းလေးကြွေပြတယ်.. ခုတော့ အင်္ကျီချွတ်ပြီး ကုတင်ပေါ်ရိုက်ပြနေပြီ. ဒါတော့ တိုးတက်လာတယ်.. ကျန်တာလား.. ဇာတ်ကားနာမည်ကြည့်ရုံနဲ့ သိနေတဲ့ ဇာတ်လမ်းတွေ.. ဒါတွေအတွက် ဘယ်သူ့ကို ဝေဖန်ရမလဲ.. အရင် အစိုးရလား. အခု အစိုးရလား.. ဦးတို့ကိုယ်တိုင်လား.. ပရိသတ်ဆိုတာ ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလို ဝေဖန်ကြမှာပါပဲ ဦးရ.. တချို့ ဒိုင်ယာလော့တွေဆို ဦးတို့ နှုတ်တောင်ကျိုးနေလောက်ပြီ.. မရယ်ရတာတွေ အတင်းရယ်ရအောင်လုပ်.. သဘာဝမကျတဲ့ စကားလုံးတွေ ပြောပြီး သဘာဝမဆန်တဲ့ ဇာတ်အိမ်တွေမှာ မြန်မာရုပ်ရှင်ဟာ ခုလို ဖြစ်သွားတာပါပဲ.. ရုပ်ရှင်လောကသား တစ်ယောက်အနေနဲ့ ဦး စိတ်ဆိုးရင်လည်း ဆိုးစရာပါ.. သို့ပေမယ့် မြန်မာပြည်ပရိသတ်တွေရဲ့ အမြင်တွေကို ဦးတို့ သတိထားကြည့်သင့်ပြီလို့ ထင်ပါတယ်.. ဦးရဲ့ အနုပညာကို ခုထိ လေးစားလျက်ပါ..


Win Thu
ဘ ဘ ဦးသုခ တို့ တွေ့သွားရင် ပြုံးနေပါဦးမယ် အန်ကယ်...သူတို့ နှလုံးသားနဲ့အနုပညာလုပ်သွားတယ် အန်ကယ် ခေတ်စနစ်ကိုလွှဲမချဘူး.. ပြည်သူကိုထိုင်မစော်ကားနေဘူး..စစ်အုပ်ချုပ်ရေးကြောင့်
 ဒေါ်အောင်ဆန်းစုကြည် သံမဏိလိပ်ပြာဖြစ်ပြီး ကမ္ဘာ ကျော်သွားတယ်.. စစ်အစိုးရရဲ့ပညာရေးကြောင့်ကိုယ်ထူကိုယ်ထ ပညာရှင်တွေ ကမ္ဘာ အနှံ့ ပါ အန်ကယ် တစ်ချို့စနစ်ဆိုးကြောင့် ခွေးဖြစ်သွားတယ် တစ်ချို့ စနစ်ဆိုးကြောင့် မီးလျှံ ထဲ ကထိုးထွက်တဲ့ ဖီးနစ်ငှက်ဖြစ်သွားတယ်။ စေတနာနဲ့သာတက်လာပါအန်ကယ် စနစ်မကောင်းလို့ ခေတ်မကောင်းလို့ စက်မကောင်းလို့ ရုပ်ထွက်အရည်အသွေး အသံအရည်အသွေးကို သည်းခံလက်တွဲခေါ်အားပေးကြမှာပါအန်ကယ်။ အနုပညာကိုသစ္စာဖောက်ရင် သိကြားမင်းဆင်းအုပ်ချုပ်တဲ့ခေတ်မှာလဲ အနုပညာဖန်တီးမှုဟာ လူရယ်စရာဖြစ်နေဦးမှာပါအန်ကယ်။


အဆင့်အတန်းမမှီလို့ မမှီဘူးပြောတာ အူးလေးက ဘာတွေ လိုက် လျှောချနေတာတုံး?ဒါလည်းအရင်အစိုးရမကောင်းလို့ဖြစ်ရပြန်ရောလား??
ကိုယ်တွေအသုံးမကျရင်အသုံးမကျဘူးဝန်ခံတာရှက်စရာမဟုတ်ပေမယ့်
ကိုယ်အသုံးမကျတိုင်းမဆီမဆိုင်တွေအပြစ်လွှဲချတာကမှ ရှက်ဖို့ကောင်းတာဗျဒါဆိုအခု အစိုးရသစ်တက်တာ၆လကျော်ပြီဆိုတော့ အခုအစိုးရသစ်လက်ထက်မှာထွက်မဲ့ကားတွေကျတော့ အဆင့်အတန်းရှိမယ်လို့ပြောချင်တာလား???
ဖာတာတောင် ဖော်လန်ဖားပီးမှဖာသွားတယ့်"ဖာဖားကြီး" ဟ



ရုပ်ရှင်ဇာတ်ကားနာမည်က " အမေပေးတဲ့ လယ်တစ်ကွက် "
တဲ့။ ဘာကိုဆိုလိုတယ်ဆိုတာ လူတိုင်းသိနေတာပဲ။ စပ လို့ပဲ ရေးလိုက်ပါတော့လား။ နောက်" ဖေ့စ်ဘုတ်ရွာ " တဲ့။ " ရပ်ကွက်ဘုရင်မ " တဲ့။ နာမည်တွေကြည့်ရုံနဲ့ အလေနတ္တော တွေဆိုတာသိသာလွန်းလှတယ်။ အရင်က ပေါတောတောဇာတ်လမ်းတွေရိုက်တာဟာ ဗွီဒီယိုလောက်ပဲရှိတာ။ ခုက ပေါရုံမကတော့ဘူး။ မအေနဲ့သား၊ မောင်နဲ့ နှမ အတူမဖတ်ဝံ့တော့တဲ့ အမည်တွေပေးတဲ့အထိ ရိုင်းစိုင်းလာကြတာ။ ရုပ်ရှင်ဇာတ်ကားကြီးတွေထိပါတက်ပြီး ပေါသွပ် ရိုင်းစိုင်းအောက်တန်းကျလာရုံမျှမက မြို့လည်က ရုံကြီးတွေမှာ အရှက်မရှိတင်ပြနေရတာဟာ ရုပ်ရှင်လောကသားတွေနဲ့ မဆိုင်ဘူးလားဗျာ။ ခေတ်ကြောင့်စနစ်ကြောင့်လို့ပြောရရင် ဦးလေးရဲ့ ဒဏ္ဍာရီတို့ သင်္ကြန်မိုးတို့စတဲ့ ဇာတ်ကားကြီးတွေကျ ဘာလို့ကောင်းလဲဗျာ။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အထဲမှာ ဦးလေးတို့ ရုပ်ရှင်လောကကြီးလဲ ထိပ်ဆုံးကပါနေတယ်ဗျ။ ဘယ်နှယ်ဗျာ ပရိတ်သတ်က ထမင်းရှင်ပါ ကျေးဇူးရှင်ပါနဲ့လေပြေလေးနဲ့ ပြောချင်တိုင်းပြောလာပြီး အောက်ဆုံးကျမှ ခိုးကူးတွေကိုပဲ ပြောသလိုလိုနဲ့ လျှောချထားတယ်။ ဒီပုတ်ထဲက ဒီပဲနဲ့ တူပါတယ်။


ဆက်စပ်ဖတ်ရှု ရန်
  



  



No comments:

Post a Comment