Friday, October 7, 2016

နွေးနွေး ပြောတဲ့ ဆရာ ဦးပေါ်အေး

ဆရာ့ရဲ့ Slope ဆိုတဲ့ အသံလေး
အမြဲ အကျီ အဖြူ ပုဆိုးမှိုင်းမှိုင်လေး နဲ့
အိတ်တဖက် ဆေးပေါ့လိပ်တဖက် နဲ့
အမြဲလှုပ်ရှားနေတဲ့ ဟန်ပန်လေး
ချစ်သမီးရဲ့ သူငယ်ချင်းတွေ မလို့ သမီးရင်းလို
ချော့တခါ ခြောက်တလှည့်နဲ့ အမြဲပြုံးပီး စာသင်တတ်တဲ့ ဆရာ့အမူရာ
အမြဲတမ်း သမီးတို့ရင်ထဲ မှာ ရှင်သန်နေမှာပါဆရာ
သမီးတို့ကို လိမ္မာအောင် အမြဲဆုံးမ တဲ့ ဆရာက
သမီးတို့ တောင်းပန်ပြီး ဖြတ်ခိုင်းထားတဲ့ ဆေးလိပ်ကို သမီးတို့ထက် ပိုချစ်လို့ ဆေးလိပ်က အနိုင်ယူသွားတာလား ဆရာ 😭😭
ဆရာ သမီးတို့ရဲ့ ကလေးလေး တွေကို စာသင်ပေးရဦးမယ်လေ
အားတင်းထားပါဆရာရယ် ဆိုပြီး သမီးတို့ တောင်းဆိုခဲ့သေးတယ်လေ
ဆရာဘာလို့ အားလျော့လိုက်တာလဲ ဆရာရယ် 😭😭😭
ဆရာ့အတွက် သွေးဘယ်လောက်လိုလို သမီးတို့ရအောင်ရှာပေးခဲ့တယ်လေ
ဆရာ့ဘက်က အားမလျော့ဖို့ သမီး တတွတ်တွတ်မှာခဲ့ပါတယ်
Myitzu Khin Khin ဆရာမ အတွက် နင်ဆက် အားတင်းထားပါနော်
ဆရာ့နောက်ဆုံးခရီး ကို လိုက်မပို့နိုင်လို့ ငါတို့ကို ခွင့်လွှတ်ပါသဲရယ်
ငါတို့ တရက် နင့်ဆီ လာခဲ့ပါ့မယ် နော်
ချစ်နဲ့ ထပ်တူ ငါတို့လဲ ခံစားရတယ်
ငါတို့တွေ ဆရာ့အတွက် ကုသိုလ်တွေ လုပ်ကြတာပေါ့နော်
ဆရာကောင်းရာ ဘုံဘ၀ ရောက်ပါစေ
သမီးတို့ ပြုသမျ ကုသိုလ်အားလုံး ဆရာ ရရှိပါစေနော်

ဆရာ ဦးပေါ်အေး
အသက် (၆၄ နှစ်)
အထက (၁) ဝါးခယ်မမြို့
04-10-2016 ( Tuesday)

ဆက်စပ်ဖတ်ရှုရန်
  
No comments:

Post a Comment