Thursday, October 6, 2016

အောင်မင်းထွဋ် ပြောတဲ့ ဆရာ ဦးပေါ်အေး နောက်ဆုံးအချိန်




4.10.2016 (4:30 am)
အိပ်ယာကထ ကိုယ်လက်သန့်စင် ဗုဒ္ဓ၏ ဝေယျာဝစ္စ ပြုဖွယ်ရာများပြုလုပ်
ရွတ်ဖတ် အမျှအတန်းပေးဝေငှ
ဇော်မင်းလွင်ဆီ ph; contant လုပ်
သူကလည်း ready တဲ့။ သူကိုသွားခေါ် ပြီး နှစ်ဦးသားထွက်ခဲ့။
Dr; ကိုကိုလင်း နဲ့ ph; ရ ဗိုလ်မြတ်ထွန်းတံတား တဲ့။ အချိန်ရပါသေးတယ် ဆိုပြီး ကျောက်ကုန်း သပြေရိပ်မှာ Breakfast ဆွဲကြ။
သုခကမ္ဘာရောက်တော့ ဆရာမ ပစ္စည်းတွေသိမ်းနေရင်း ထွက်လာပြီး စကားတွေပြောကြ။ ညက နင်တို့ "ဆရာ" မအိပ်ဘူး ခုမှ မှေးနေတယ်တဲ့။
မိမိစိတ်ထဲကတော့ တွေးလိုက်မိတယ်။
ဆရာ WKA ပြန်ရမှာမို့ စိတ်စောနေပြီထင်တယ် လို့။
DR; ကိုကိုလင်း PH; ဆက်လာတယ် ဆားမလောက်ကျော်လာပြီ တဲ့။
ဇော်မင်းလွင်က လမ်းလျှောက်မယ် တဲ့။
မာလာဆောင်ရှေ့အရောက် အောင်သူက PH; ဆက်လာတယ်။ သူရောက်နေပြီတဲ့။
နှစ်ဦးသား ပြည်လမ်းဖြတ်ပြီး သုခကမ္ဘာ ပြန်ဝင်။
ထွေရာလေးပါးပြောကြရင်း WKA ကားကိုမျှော်ကြ။
AD မီးပွိုင့်ရောက်ပြီတဲ့ လိုအပ်တာတွေ
READY ပြင်ကြ။
ဆရာကို ကားပေါ်ပြောင်းတင်ဖို့ စီစဉ်ကြ
ဆရာ မော့ကြည့်ပြီး မသဲမကွဲပြောနေတယ်။ ညင်သာစွာ သယ်ဆောင်ကြရင်း အခန်းထဲမှ LIFT ,
LIFT မှ ကားပေါ် ဆရာချစ်သမီးကတော့ ဆရာကို ချော့မော့ နှစ်သိမ့်စကားတွေ ပြောရင်း အနားမှာ မခွာ။
WKA ကားနဲ့ ပါလာတဲ့ OXYGEN အိုးက
အဆင်မပြေတော့ သုခကမ္ဘာက OXYGEN အိုး တင်ပေးဖို့ ဇော်မင်းလွင်နဲ့ အောင်သူ စီစဉ်ကြ။
ဆရာတို့ မိသားစု WKA ပြန်အနားယူ ဆေးကုဖို့ READY ပေါ့။
ဆရာမ ကားပေါ်ကနေ တပည့်တွေကို မျက်ရည်ဝဲဝဲနဲ့ လှမ်းနှုတ်ဆက်။
ကျန်သူအားလုံးလည်း အလုပ်ခွင်ထဲ ပြေးကြဖို့ စီးတော်ယဉ်တွေအပေါ် အပြေးအလွှား။
9:02 am ဆရာကို Wka ပြန်ခေါ်သွားပြီ
သုခကမ္ဘာရှေ့ office time ကြောင့် YGN ထုံးစံအတိုင်း ပြည်လမ်းပေါ် တက်ဖို့ ဆယ့်ငါးမိနစ်ကြာ။ အောင်သူနဲ့ ဖုန်းပြောကြ။
ဇော်မင်းလွင်က WKA ကကိုထွန်းရီ နဲ OXYGEN ကိစ္စ ပြောကြ။ DR; ကိုကိုလင်း နဲ့ CONTANT လုပ်ပြောကြ။
ဇော်မင်းလွင်ကို သူ့အလုပ်ခွင်ပို့ မိမိလည်း အလုပ်ကိစ္စ ချိန်းထားတွေ လုပ်။
စီးတော်ယဉ် စိတ်တိုင်းမကျလို့ WORK SHOP ပို့။ စိတ်နဲ့ကိုယ် မကပ်တော့ PH က ကားပေါ်ထားလိုက်မိ။
2:23 PM နေ့လည်စာ စားရင်း FB ဖွင့်ကြည်မှ ဘိုဘိုရဲ့ ဆရာအတွက်လွမ်းချင်း တွေ့လိုက်ရတယ်။ FB ပိတ်
PHမှာ missed တွေ အများကြီး
ကိုတင့်လွင် ပထမဆုံးဆက် မနက်က သူသင်တန်းကိစ္စကြောင့် မလာဖြစ်တာရယ်။ ဆရာwka အရောက်မှာ တိမ်းပါးသွားကြောင်း။
ဇော်မင်းလွင်နဲ့ ဆက်
အောင်သူနဲ့ ဆက်
ဖိုးကောင်းနဲ့ ဆက်
-------------------
-------------------
--------------------
စိတ်ထဲမကောင်းလိုက်တာ။
ဆရာ WKA မှာ အနားယူပြီး ဆေး ဆက်ပြီး ကုသဖို့ အပြန်ခရီး စီစဉ်ခဲ့ ကြတာ ခုတော့ သဲထဲရေသွန် -----

PH; နံပါတ်တွေ မရှိတဲ့ သူငယ်ချင်းတွေကို CBOX ကနေ သတင်းတွေ ပေးလိုက်တယ်။
ဆရာရယ် ငါ့ဇာတိ WKA ကို ပြန်ရောက်ပြီ ဆိုပြီး စိတ်ချလက်ချ ကမ္ဘာသစ်တစ်ခု ကို ခရီးဆက် ထွက်ခွာသွားတာလား ဗျာ။


ဆက်စပ်ဖတ်ရှုရန်
 
ဘိုဘိုမင်းထွန်းပြောတဲ့ ဆရာ ဦးပေါ်အေး ( ၁ )

ဘိုဘိုမင်းထွန်း ပြောတဲ့ ဆရာ ဦးပေါ်အေး ( ၂ )
 
ခိုင်သန္တာအောင် ပြောတဲ့ ဆရာ ဦးပေါ်အေး

No comments:

Post a Comment