Thursday, October 6, 2016

ကျွန်တော်သိသော ဆရာ ဦးပေါ်အေး - ဇော်မင်းလွင်

 
2013 ပထမဆုံးပြန်တွေ.ချိန်

 
ကျွန်တော်သိသော ဆရာ ဦးပေါ်အေး ကျွန်တော်တို. အလယ်တန်းရောက်တည်းက ဆရာ.နာမည်ကြားဖူးနေသည် ။ ထိုစဉ်က ဆရာက ၈တန်း သင်္ချာ သင်နေချိန် ။ ၇တန်းလောက်တည်းက ဆရာဦးပေါ်အေး အရိုက်ကြမ်းကြောင်း ကြောက်ဖို.ကောင်းကြောင်း သတင်းများက မွှေးပျံ.နေတော. ကြိုကြောက်နေရသော ဆရာတစ်ဦး အဖြစ် ပိုသတိထားမိနေသည် ။ ၈တန်းရောက်တော. ဆရာ့ကို စမြင်ဖူးချိန် ကြားထားသည်.သတင်း နှင်. ထင်ထားသည်.ပုံစံ သိပ်မကွာလှ ။ ထို.နောက်နော. တစ်ရက် နဖူးတွေ. ၊ ဒူးတွေ. တွေ.ကြုံ ရပါတော.သည် ။ ကျွန်တော်တို.ထိုင်တာက ဗန္ဓုလ အသင်းနောက်ဘက် ။ အခန်းက ပင်မဆောင် ပင်မ၀င်ပေါက် ဘယ်ဘက်ဘေးအခန်း ( ယခုရတနာခန်းမ ဘယ်ဘက်အခန်း ) ။
 
 ထိုစဉ်က ကျွန်တော်တို.တွေအကျင်.က ဘာပဲဖြစ်ဖြစ် အလကားနေ ရီချင်နေသည်.ပြသာနာ ၊ ၇တန်းတုန်းကဆို တစ်ယောက်မျက်နှာ တစ်ယောက်ကြည်.လိုက်မိသည်နှင့် တားမရအောင် ထရီမိသည် ။ အောင့်ထားလေ ပိုရီချင်လေ …ထိုအခါပို ဆိုးတော.သည် ။ဆရာမက အဖွဲ့လိုက် စာဆိုခိုင်းရင်တောင် အတန်းရှေ. ထွက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် မကြည်.မိအောင် ကျောခိုင်းဆိုကြရသည် ။ အဲ့ဒီနေ.က ဆရာ.အချိန် … ကျွန်တော်ရယ် အောင်ဇော်မင်းရယ်က တစ်ဖက် ၊ စောလင်းခိုင် က တစ်ဖက် ရီမိသူကို ခေါင်းတစ်ချက်ခေါက်ကြေး လုပ်နေကြချိန် ။ တောက်လျှောက် ကျွန်တော်နှင်. အောင်ဇော်မင်း ၂ယောက်သာ ခေါင်းခေါက်ခံနေရသည် ။ တစ်ချီတွင်တော. စောလင်းခိုင် ထအရီ ကျွန်တော်နှင်.အောင်ဇော်မင်း အားရ၀မ်းသာခေါင်းထအခေါက် ဆရာမြင်သွားပါတော.သည် ။ ကဲ ဟိုဆရာသမား၂ယောက်ကြွပါ ဆိုသော အသံ အား မရဏခေါင်းလောင်းသံလောက်ကို ထိတ်လန်.သွားမိကြသည် ။ ၂ယောက်သား အတန်းရှေ.ရောက်တော. မင်းတို.စာသင်နေတာကို အာရုံမရောက်ဖူးဟုတ်လား ဟုဆိုကာ တစ်ယောက်ကို နာရင်းတစ်ချက်စီ ချီးမြှင်.ပါသည် ။
 
 
 ထိုစဉ်က ကျွန်တော်တို.စိတ်ထဲ ဒေါသမထွက်ပါ ။ စိတ်မဆိုးပါ ။ လန်.သွားတာရယ် အများရှေ.မှာမို. ရှက်တာရယ်သာ ရှိပါသည် ။ ထို.နောက်တော. ဆယ်တန်းအောင်ပြီးသွားသည်အထိ ဆရာ.ပြတ်သားစွာ သင်ကြား အုပ်ချုပ်မှုများအကြောင်း ကြားသ်နေရပါသည် ။. ဆရာ .အကြောင်း ဒုတိယမြောက် မှတ်မှတ်ထင်ထင် ကြားရသည်က ၁၉၉၀ ပြည်.ရွေးကောက်ပွဲကာလ ။ ဆရာက ကျေးရွာ တစ်ရွာမှာ မဲရုံမှုး အဖြစ် တာဝန်ယူရပါသည် ။ မည်သို.သော လွဲမှားမှု ဖြစ်သည်မသိ ။ ဆရာက အချိန်မစေ.မှီ မဲပုံးကြီး သိမ်းပြီး ပြန်လာသည်ဆိုလား ။ ထိုစဉ်က ကျွန်တော်.အဖေက မြို.နယ် ရွေးကောက်ပွဲ ကော်မရှင်မှာဆိုတော.ပြန်ပြောပြခြင်းဖြစ်ပါသည် ။ မြို.နယ်ရုံးရောက်သောအပခါ ဆရာ.မှာ ဘယ်လိုရှင်းရမည်မသိ ဖြစ်ပြီး စိုးရိမ်ကြီးနေကြောင်း ထို.နောက် တာဝန်ရှိသူအားလုံး ဘောင်အတွင်းမှ စနစ်တကျ အဆင်ပြေအောင် ဖြေရှင်းပေးလိုက်ကြောင်း သိရပါသည် 
 
 
 ထို.နောက် ဆရာ နှင်. ရင်းရင်းနှီးနှီး စကားစပြောဖြစ်သည်က ၂၀၁၃ အောက်တိုဘာ ၂၉ရက် ။ အထက ၁ ကျောင်းကြီး ရွှေရတုကထိန် အကြို ၄၉ကြိမ်မြောက် ကထိန်အစည်းအဝေးတွင်ဖြစ်သည် ။ ထိုကထိန်ကာလတစ်လျှောက်လုံး နွေးထွေးစွာ ၊ ဖော်ရွှေစွာ ၀မ်းပန်းတသာ ပြောဆို ဧည်.ခံနေသောဆရာမှာ ဟိုးငယ်ငယ်တုန်းကလိုကြောက်ဖို.မကောင်းတော. ။ ဆရာနှင်.ပြောဆို ဆက်ဆံရသည်မှာ ကျေနပ်ဖွယ်အတိ ။ ငယ်စဉ်က ကြောက်သည်ဆိုသည်ကလည်း မိမိကိုယ်တိုင်ကိုက ဘယ်ဆရာ/ဆရာမ နှင်.မျှ ရင်းနှီးစွာ မနေခဲ့သလို ကိုယ်.ဘာသာ တစ်ဦးတည်း နေတတ်သည်.အကျင်.နှင်. လူကြောက်တတ်သည်.စရိုက် ၂ခုပေါင်းရာမှ ဖြစ်ပေါ်လာသော စိတ်ခံစားမှုက အဓိကဖြစ်မည် ။ ထို.နောက် တစ်ရက်ဆရာမဒေါ်အေးသန်းက တွေ.ချင်သည်ဆိုသဖြင့် ၀ါးခယ်မရောက်ခိုက်သွားတွေ.ဖြစ်သည် ။ ဆရာမနှင်.တွေ.တော. ကျွန်တော် ရေးသားခဲ့ဖူးသည့် ခေါက်ဆွဲတန်းလမ်း ... နာသုံးနာ...သူမတို. ၄ ဦး http://wakhama.blogspot.com/2013/02... ရသဟန်ဆောင်းပါးလေးနှင်. ပတ်သက်ပြီး ဆရာ.အမျိုးသမီး ဆရာမဒေါ်သန်းသန်းနွဲ. ကပြောကြောင်း ၊ ထို.ကြောင့် ဘယ်သူလည်းသိချင်၍ မေးကြည်.ရာမှ တွေ.ချင်ကြောင်း ပြောပြခဲ့ပါသည် ။ ကျွန်တော်တို. ၂၀၁၀ online ပေါ် တင်ပြီး Group များလုပ်စဉ်တည်းက နွေးနွေး ( Nway Wathan Lwin Naung ) တို.နှင်. ပူးပေါင်းလုပ်ဆောင်ခဲ့ကြရာ ဆရာသမီး နှင်.နွေးနွေးတို.က သူငယ်ချင်းအရင်းကြီးများဆိုတော. ဆရာသမီးဆီမှ ဆရာမဆီရောက်ပုံရပါသည် ။ 
 
 
ဒီတစ်ခါလည်း ဆရာ.သတင်းကြားရပြန်ပါသည် ။ ပထမဆုံး ကိုထွန်းရီထံမှ ကြားရတာက ဆရာရန်ကုန်ဆေးရုံကြီး မှာရောက်နေသည် ။ထိုနေ.နေ.လည်တွင် အထက ၁ 72 Born များ ကိုယ်စား တင့်လွင် နှင်.ကောင်းမြတ်တို. ရန်ကုန်ဆေးရုံကြီး အဆောင် ၁၃/၁၄ ကုတင် ၁၉ သို.သွားရောက်၍ ကန်တော.ငွေ ပေးအပ်မည်ဖြစ်ကြောင်းသတင်း ။ ဆက်တိုက်ရောက်လာသည်က အသက်ရှုရသည်မှာ လွန်စွာ ခက်ခဲ သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် လူကြပ်သဖြင့် ပိုမိုသက်တောင့်သက်သာ ဖြစ်စေရန် ညနေ၄နာရီ ခွဲခန်.တွင် သုခကမ္ဘာသို. ရွှေ.ပြောင်းရသော သတင်း နှင်. ရောက်ရှိပြီး အရေးပေါ်ခန်းတွင် ကုသခံနေရသော သတင်း ၊ သုခကမ္ဘာ အခန်းအမှတ် ၃၁၄ သို.ရောက်ရှိသွားသောသတင်း ၊ ဆရာကယခင်ကပင် အာရှတော်ဝင်အပါအ၀င် ရန်ကုန်သို.ဆေးခန်းများတက်ရောက်ပြသနေသော်လည်း တပည်.များသိလျှင် အလုပ်ပိုကြမည် ၊ မိမိတို.ကြောင့် တပည့်များ ၀န်ထုပ်ဝန်ပိုး ဖြစ်ကြမည်ကို စိုး၍ ထို အကြောင်းကို အုပ်ခိုင်းထားသော သတင်းစသည်ဖြင့် ည၁၀နာရီ ခွဲ ခန်.အထိ သတင်းက တောက်လျှောက်ရောက်နေသည် ။ ထို.နောက် ဆရာ.ကိုသွားတွေ.ကြသော လုပ်ဖော်ကိုင်ဖက်များ ၊ တပည်.များ ဆီမှ ဆက်တိုက် ရောက်လာသော သတင်းများက ဆရာက လာရောက်နှစ်သိမ့်သူများရှေ.တွင် မျက်ရည်ကျသည် ။ 02 Mask တပ်ထားသဖြင့် စကားကို စိတ်တိုင်းကျပြောခွင်.မရသော်ငြား ဆရာမမှတစ်ဆင်. စကားပြောသည် ။ အသက်ရှုရ အလွန်ခက်ခဲနေသည် ။ မြင်ရသူများပင်စိတ်မချမ်းသာ ။ သို.သော် ကျန်ကိုယ်ကာယပိုင်းများ ပုံမှန်အတိုင်းဖြစ်သည် ။ အချို.တပည်.များ အဖွဲ.လိုက် မဟုတ်ပဲ တစ်ဦးချင်းငွေကြေးကန်တော.လျှင် မျက်ရည်ကျသည် ။ လက်မခံပဲ ငြင်းပယ်သည် စသည်ဖြင့်…. ကျွန်တော်တွေ.မိတာလေးမျှဝေပါမည် ။
 
 
 ယခုလိုအချိန်မျိုးတွင် သွားရောက်မေးမြန်းသူများ အနေဖြင့် သတိရှိဖို.လိုပါလိမ်.မည် ။ ပထမ တစ်ခုက ဆရာ.ဆီရောက်လျှင် ကိုယ်တိုင်က မည်မျှ စိတ်မကောင်းဖြစ်သော်ငြား ၀မ်းနည်းစိတ်ထိခိုက်နေပုံမျိုး မပေါ်စေရန် သတိထားရပါမည် ။ထိုမိမိခံစားမှု မျက်နှာက ဆရာ. အနေဖြင့် ကိုယ့်အခြေအနေကိုယ် ဆိုးရွားနေကြောင်း ပိုသတိထားမိသွားပါလိမ်.မည် ။ ထို.အပြင် လက်အုပ်ချီကန်တော. ၊ ထိုင်ကန်တော.ခြင်းများက သာမာန်အချိန်တွင်ပင်လျှင် ပီတိကြောင့်သော်လည်းကောင်း ၊ စိတ်ထိခိုက်မှုကြောင့်သော်လည်းကောင်း မျက်ရည် စို.တတ်ပါသည် ။ ဥပမာ လေငန်းဖြစ်နေသူများဆိုလျှင် ချုံးပွဲချ ငိုတတ်ကြောင်းကသက်သေပင် ။ ယခုအချိန်တွင် ဆရာ.ကို စိတ်ထိခိုက်မှု မဖြစ်အောင် သတိထားကြရပါလိမ်.မည် ။ နောက်တစ်ခုက ငွေကြေးကန်တော.ခြင်းမျိုးကို ဆရာရှေ.ထက် ဆရာ မမြင်သာချိန်တွင် ကန်တော.ခြင်းက ပိုအဆင်ပြေမည်ဟုထင်ပါသည် ။ ဆရာသည် ရိုးသားဖြောင့်မတ်သူတို.တွင် ရှိတတ်သော မာနမျိုး နှင်. ညှာတာသနားတတ်သူတို.ရှိတတ်သော စာနာမှုမျိုး ကြီးစွာ ရှိသူမို.သတိပြုရပါမည် ။ သွားရောက်ခဲ့သော အကိုတစ်ယောက်အပြောအရ ဆရာ.ကို လူမမာသဖွယ်မဆက်ဆံပဲ အခြားအကြောင်းအရာများပြောဆို ပြီး ရောဂါဘက်စိတ်မရောက်အောင်အားပေးခြင်းက ပိုထိရောက်ကြောင်းတွေ.ရပါသည် ။ 
 
 
ဆရာ.အနေဖြင်. အသက်ရှုကြပ်ခြင်းကို ယခင်က မခံစားဖူးပဲ ယခုမှရုတ်ချဉ်းခံစားရသဖြင့် ထိုအပေါ်စိုးရိမ်ကြီး မှု ရှိနေပါသည် ။ ယခင် ပန်းနာရင်ကျပ်ရှိဖူးသူများ အနေဖြင့် အသက်ရှုကြပ်ခြင်းမှာ မထူးခြားသော်လည်းဆရာ.အနေဖြင့် ထိုအပေါ် အစိုးရိမ်ကြီးလွန်းလျှင် Shock ရသွားနိုင်ပါသည် ။ မိမိတို.ကျေးဇူးသိတတ်သော ကျောင်းသားဟောင်းများအနေဖြင့် ယခုလို အခြေအနေမျိုးတွင် ဆရာ အားတက်စေရန် မိသားစုဝင်များအားရှိစေရန် သွားရောက်တွေ.ဆုံသင့်ပါသည် ။ ယခုလိုရောဂါမျိုးသည် အိမ်ပြန်ခေါ်ရန်အတွက် ခက်ခဲပြီး ဆေးခန်းတွင် ရေရှည် နေထိုင်ရမည့်သဘောမျိုးရှိပါသည် ။ သို.သော် စိတ်ချရသော အခြေအနေမျိုးတော.မဟုတ် ။ ထို.အပြင် လူနာ ၏ စိတ်ဓါတ် ကြံ.ခိုင်မှု က သက်တမ်း နှင်. တိုက်ရိုက်ဆက်စပ်နေပါသည် ။ 
 
 
ဆက်စပ်ဖတ်ရှုရန်
  
 
  
  
 
 
 

No comments:

Post a Comment