Thursday, October 6, 2016

ဘိုဘိုမင်းထွန်းပြောတဲ့ ဆရာ ဦးပေါ်အေး

ဘဝကို စာသင်ခန်းထဲသိမ်းထားတယ်
 
ငယ်စဉ်ကတည်းက
အမိ မဲ့ခဲ့ရသော

တောနက်မည်းကြီးမှာ
အဘွားရဲ့မေတ္တာအောက်မှာ
လူလားမြောက်ခဲ့တယ်. . . .

ဆိုတော့
သူက ဘွားအေကို
'အမ'လို့ခေါ်ရဲ့
ချ စ်ခြင်းဖွဲ့သော တောလေသံကလေး. . .။
ကိုယ့်ဝမ်းကိုယ်ကျောင်း
ကိုယ့်လမ်းမပျောက်အောင်
တစ်ယောက်တည်းရုန်း
စာရေးကုန်းကအိမ်စုတ်ကလေး
ကျောင်းသားလေးတစ်ယောက်
ရှိသတဲ့ ပုံပြင်ဆန်ဆန်
(ပတ်ဝန်းကျ င်မှာ . .)
စာကျ က်သံမကြားရအောင်
သိုသိပ်လွန်းလှ
ဆယ်တန်းအောင်မှလူသိတယ်လေ. . .။
ကလေးကတည်းက
ထန်းလျ က်သိပ်ကြို က်သလို
ကလေးတိုင်းဘဝ
ချို မြစေချ င်တယ် စေတနာ
ခေါ်မလား
ရခိုင်ပြည်ဘက်သွားရ
လူပျို ပေါက်စကလေး
ကျောင်းဆရာကလေး
အိမ်ပြန်ပြေးချ င်စိတ်ရှိစေ
ပန်းတွေပွင့်ဖို့
ကိုယ့်ခံစားချ က်က
အောက်ကျို့ သွားပြန်တယ်. . .။

လစာလေးနှစ်ပဲခြောက်ပြား
ထောင်လွှားစရာ ရာထူးလည်းမဟုတ်
ငုတ်တုတ်အိမ်က အမ ပီတိ
ရွှေအတိလို
ဘဝပြောင်ပါပေ့
အားလပ်ရက်စေ့ အိမ်အပြန်
သူရဲ့
သတိတရ သကြားလုံးလေးတွေ
စားရင်းချို မြိန်တဲ့ကလေးများမျ က်နှာဟာ
ဘဝဖြစ်ခဲ့တယ်. . .။
ဖြတ်သန်းခဲ့ရာ
လမ်းတလျောက်မှာ
အယူထက် အပေးသာများခဲ့သူမှာ
''ကင်ဆာ''ဆိုတာ
အတိတ်ကပေးတဲ့အရိပ်
ဒီနေ့တိုင်း စိတ်ထားမြတ်ခဲ့သူအတွက်
ဒါ
အတိတ်ရဲ့ နောက်ပိုးတက်ခြင်းပါ. . . .။
အကောင်းဆုံးတွေ
ပေးပြီးသား သူ့အတွက်
ထွက်ခွာဆိုက်ရောက်ရာကို
ကြို မြင်နေနိုင်လည်း
ကျ န်ခဲ့သူ ငါတို့အတွက်
ပြန်မရနိုင်တဲ့
ကမ္ဘာကြီးပါလေ. . . ။
အစားထိုးမရတဲ့အလင်း
အားတင်းနေပေမယ့်
ဝေဒနာခံစားရင်း
''အမ ရေ'' လို့ညည်းညူ တဲ့
မိတဆိုးလေးရဲ့အသံမှာတင်
ထိန်းထားတဲ့ မျ က်ရည်
ကြွေခဲ့ပါပြီ
ကြွေခဲ့ပါပြီ
ကြွေခဲ့ပါပြီ

BBMT

No comments:

Post a Comment