ေတာင္အူသၿပဳ - Photo by Dr Kyaw Swar Phyo Thu |
တစ္ခ်ိန္က ၀ါးခယ္မရဲ.ထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္
တစ္ဦးၿဖစ္တဲ့ ဦးအာ၀ါး ရဲ.အေႀကာင္း သူ.သမီး ၿဖစ္သူ မွတ္တမ္းတင္ထားတာေလးကို ကူးယူေဖာ္ၿပပါတယ္
။ ဒီ မွတ္တမ္းေလးကိုဖတ္ရင္း တရုတ္ၿပည္ကေန ၿမန္မာနိုင္ငံကို လာေရာက္အေၿခခ်ေနထိုင္ႀကပံု
၊ သူတို.ရဲ. ႀကိဳးစားမွဳ ၊ ေစ.စပ္တိက်ပံု ၊သူတို.ရဲ. ဘ၀ၿဖတ္သန္းပံုေတြကို ေလ့လာနိုင္မွာၿဖစ္ပါတယ္
။
တစ်ချိန်က ဝါးခယ်မရဲ.ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးအာဝါး ရဲ.အကြောင်း သူ.သမီး ဖြစ်သူ မှတ်တမ်းတင်ထားတာလေးကို ကူးယူဖော်ပြပါတယ် ။ ဒီ မှတ်တမ်းလေးကိုဖတ်ရင်း တရုတ်ပြည်ကနေ မြန်မာနိုင်ငံကို လာရောက်အခြေချနေထိုင်ကြပုံ
၊ သူတို.ရဲ. ကြိုးစားမှု ၊ စေ.စပ်တိကျပုံ
၊သူတို.ရဲ. ဘဝဖြတ်သန်းပုံတွေကို လေ့လာနိုင်မှာဖြစ်ပါတယ် ။
က်မအေဖ(ပါပါး) နာမည္က ဦးအာဝါးတဲ့။အဂၤလိပ္လို
အေဖနာမည္ျဖည့္ရတဲ့ အခါ U Ah War လို႔ ေရးေတာ့ တခ်ိဳ႕က တ႐ုတ္နာမည္ထင္ၿပီး ဦးအဝါလို႔
ဖတ္တိုင္း မဟုတ္ပါဘူးလို႔ ျပင္ရတယ္။
ကျမအဖေ(ပါပါး) နာမည်က ဦးအာဝါးတဲ့။အင်္ဂလိပ်လို အဖေနာမည်ဖြည့်ရတဲ့
အခါ U Ah War လို့ ရေးတော့ တချို့က တရုတ်နာမည်ထင်ပြီး ဦးအဝါလို့ ဖတ်တိုင်း မဟုတ်ပါဘူးလို့
ပြင်ရတယ်။
တကယ္ေတာ့ ျမန္မာနာမည္စစ္စစ္မွ ေတာသူႀကီးေတြ
မွည့္ေပးခဲ့တဲ့ အႏြတၱအမည္ရယ္ပါ။
ပါပါးရဲ႕ နာမည္အေၾကာင္းေျပာျပရရင္ အဖြားေဒၚေအးကေန
စမွ ျဖစ္မယ္။
က်မတို႔ အဖြားက တ႐ုတ္ျပည္ ဖူးက်န႔္ျပည္နယ္
ေဟြအန္းဆိုတဲ့ ၿမိဳ႕ကေလးကပါ။ တ႐ုတ္ျပည္မွာ ဖူးက်န႔္ျပည္နယ္က မိန္းကေလးေတြဟာ အလုပ္သိပ္လုပ္ၾကလို႔
ဖူးက်န႔္ႏြီရယ္လို႔ နာမည္ေက်ာ္ပါသတဲ့။ (ဖူးက်န႔္ေယာက်ၤားေတြကေတာ့ မိန္းမလုပ္စာ ထိုင္စားတတ္ၾကတယ္
ထင္ပါရဲ႕ ) အဲဒီထဲမွာမွ အဖြားက သူ႔ေခတ္မွာ ေခတ္စားတဲ့ ေျခေသးမ မလုပ္ခဲ့သူပါ။ အဖြားရဲ႕
အေဖက ေက်ာင္းဆရာတဲ့။ သူ႔သမီးက ငိုယိုၿပီး ေျခေထာက္ မခ်ိဳးခ်င္ပါဘူးဆိုတာကို လက္ခံၿပီး
ဒါဆို လယ္အလုပ္လုပ္ရမယ္လို႔ အေပးအယူလုပ္ခဲ့ပါသတဲ့။ အဖြားက လယ္လုပ္ပါမယ္ ဝန္ခံၿပီး ေျခေထာက္ခ်ိဳးတာကို
ေတာ္လွန္ခဲ့တဲ့ Revolutionist ေပါ့။မ်ိဳးနဲ႔ ႐ိုးနဲ႔ ေတာ္လွန္ခ်င္ခဲ့ၾကတာ ။
အဖြားအိမ္ေထာင္က်ၿပီး သမီးတေယာက္(ဆရာမေဒၚႏြယ္ႏြယ္တို႔
အေမ ) သားတေယာက္(ကိုသက္ရွည္တို႔ အေဖ) အရမွာ သူတို႔ မိသားစုေတြ ေရၾကည္ရာ ျမက္ႏုရာရွာၿပီး
ျမန္မာျပည္ကို သေဘၤာနဲ႔ စြန႔္စားထြက္ခဲ့ၾကတယ္။ ဝါးခယ္မနားက ေတာင္အူ႐ြာမွာ ကုန္စုံဆိုင္ေလးဖြင့္ၿပီး
အေျခခ်ခဲ့ၾကတယ္တဲ့။
တကယ်တော့ မြန်မာနာမည်စစ်စစ်မှ
တောသူကြီးတွေ မှည့်ပေးခဲ့တဲ့ အနွတ္တအမည်ရယ်ပါ။
ပါပါးရဲ့ နာမည်အကြောင်းပြောပြရရင် အဖွားဒေါ်အေးကနေ စမှ
ဖြစ်မယ်။
ကျမတို့ အဖွားက တရုတ်ပြည် ဖူးကျန့်ပြည်နယ် ဟွေအန်းဆိုတဲ့
မြို့ကလေးကပါ။ တရုတ်ပြည်မှာ ဖူးကျန့်ပြည်နယ်က မိန်းကလေးတွေဟာ အလုပ်သိပ်လုပ်ကြလို့
ဖူးကျန့်နွီရယ်လို့ နာမည်ကျော်ပါသတဲ့။ (ဖူးကျန့်ယောင်္ကျားတွေကတော့ မိန်းမလုပ်စာ ထိုင်စားတတ်ကြတယ်
ထင်ပါရဲ့ ) အဲဒီထဲမှာမှ အဖွားက သူ့ခေတ်မှာ
ခေတ်စားတဲ့ ခြေသေးမ မလုပ်ခဲ့သူပါ။ အဖွားရဲ့ အဖေက ကျောင်းဆရာတဲ့။ သူ့သမီးက ငိုယိုပြီး
ခြေထောက် မချိုးချင်ပါဘူးဆိုတာကို လက်ခံပြီး ဒါဆို လယ်အလုပ်လုပ်ရမယ်လို့ အပေးအယူလုပ်ခဲ့ပါသတဲ့။
အဖွားက လယ်လုပ်ပါမယ် ဝန်ခံပြီး ခြေထောက်ချိုးတာကို တော်လှန်ခဲ့တဲ့
Revolutionist ပေါ့။မျိုးနဲ့ ရိုးနဲ့ တော်လှန်ချင်ခဲ့ကြတာ ။
အဖွားအိမ်ထောင်ကျပြီး သမီးတယောက်(ဆရာမဒေါ်နွယ်နွယ်တို့
အမေ ) သားတယောက်(ကိုသက်ရှည်တို့ အဖေ) အရမှာ
သူတို့ မိသားစုတွေ ရေကြည်ရာ မြက်နုရာရှာပြီး မြန်မာပြည်ကို သင်္ဘောနဲ့
စွန့်စားထွက်ခဲ့ကြတယ်။ ဝါးခယ်မနားက တောင်အူရွာမှာ ကုန်စုံဆိုင်လေးဖွင့်ပြီး
အခြေချခဲ့ကြတယ်တဲ့။
အဲဒီအခ်ိန္ ေတာင္အူက စီးပြားေရး ေကာင္းတဲ့
႐ြာႀကီးျဖစ္လို႔ အဖြားတို႔ ဆိုင္ေရွ႕က ဆိပ္ခံတံတားမွာ ဧရာဝတီ သေဘၤာေတာင္ ကပ္ေပးခဲ့တယ္။
တ႐ုတ္ျပည္က ေျပာင္းလာကာစလူေတြကို အဖြားတို႔က ကူညီတဲ့ အေနနဲ႔ ေခတၱတည္းခိုခြင့္ျပဳေတာ့
မနက္ဆို အဲဒီတံတားမွာ တန္းစီထိုင္ၿပီး ဆန္ျပဳတ္တိုက္ရတယ္တဲ့။
အဲဒီအချိန် တောင်အူက စီးပွားရေး ကောင်းတဲ့ ရွာကြီးဖြစ်လို့
အဖွားတို့ ဆိုင်ရှေ့က ဆိပ်ခံတံတားမှာ
ဧရာဝတီ သင်္ဘောတောင် ကပ်ပေးခဲ့တယ်။ တရုတ်ပြည်က ပြောင်းလာကာစလူတွေကို အဖွားတို့က ကူညီတဲ့
အနေနဲ့ ခေတ္တတည်းခိုခွင့်ပြုတော့ မနက်ဆို အဲဒီတံတားမှာ
တန်းစီထိုင်ပြီး ဆန်ပြုတ်တိုက်ရတယ်တဲ့။
ဖူးက်န႔္ႏြီ ေဒၚေအးဟာ ျမန္မာျပည္ေရာက္ေတာ့လည္း
အလုပ္ကို မနားတမ္းလုပ္တာေၾကာင့္ အိမ္နီးနားခ်င္းေတြက သူ႔မွာ ကိုယ္ဝန္ရွိေနမွန္းေတာင္
မသိၾကပါဘူး။ အလုပ္လုပ္ရင္းကပဲ ဗိုက္နာလာလို႔ အခန္းထဲဝင္ၿပီး တတိယေျမာက္ သားကေလးကို
ကိုယ့္ဖာသာပဲ ေမြးလိုက္ပါတယ္။ ကေလးေလး ငိုသံ တဝါးဝါးၾကားမွ အိမ္နီးခ်င္း အရီးစိန္ေမတို႔က
ေျပးလာၾကည့္ၿပီး "ဒီ အာဝါးေလး ဘယ္က ဘယ္လို ေရာက္လာတာလဲ" လို႔ အံ့ၾသတႀကီး
သတင္းဝိုင္းေမးၾကရပါတယ္။ ျမန္မာျပည္မွာေတာ့ တအိမ္နဲ႔ တအိမ္ ရင္းႏွီးၾကတာေၾကာင့္ ကေလးေလး
ေမာင္အာဝါးကို ဝိုင္းထိန္းၾက ခ်စ္ၾကပါသတဲ့။(ေတာင္အူ႐ြာမွာ ခ်က္ျမႇဳပ္တဲ့ ေမာင္အာဝါးေလးကလည္း
ဒီ႐ြာထြက္ဆိုေတာ့ သူ႔အေမကို ႐ြာသူေတြ ေခၚသလို အမ လို႔ ေခၚတယ္။ အကို နဲ႔အမကို က်မတို႔
ေခတ္လို ကိုကိုး၊ၾကည့္ၾကည့္ မေခၚပါဘူးရွင္၊ ေသတဲ့ အထိ ေခၚသြားတာ အကို နဲ႔ မမ တဲ့။)
ဖူးကျန့်နွီ ဒေါ်အေးဟာ မြန်မာပြည်ရောက်တော့လည်း အလုပ်ကို
မနားတမ်းလုပ်တာကြောင့် အိမ်နီးနားချင်းတွေက သူ့မှာ ကိုယ်ဝန်ရှိနေမှန်းတောင်
မသိကြပါဘူး။ အလုပ်လုပ်ရင်းကပဲ ဗိုက်နာလာလို့ အခန်းထဲဝင်ပြီး တတိယမြောက် သားကလေးကို
ကိုယ့်ဖာသာပဲ မွေးလိုက်ပါတယ်။ ကလေးလေး ငိုသံ တဝါးဝါးကြားမှ
အိမ်နီးချင်း အရီးစိန်မေတို့က ပြေးလာကြည့်ပြီး "ဒီ အာဝါးလေး ဘယ်က ဘယ်လို ရောက်လာတာလဲ"
လို့ အံ့သြတကြီး သတင်းဝိုင်းမေးကြရပါတယ်။ မြန်မာပြည်မှာတော့
တအိမ်နဲ့ တအိမ် ရင်းနှီးကြတာကြောင့် ကလေးလေး မောင်အာဝါးကို ဝိုင်းထိန်းကြ
ချစ်ကြပါသတဲ့။(တောင်အူရွာမှာ ချက်မြှုပ်တဲ့ မောင်အာဝါးလေးကလည်း
ဒီရွာထွက်ဆိုတော့ သူ့အမေကို ရွာသူတွေ ခေါ်သလို အမ လို့ ခေါ်တယ်။ အကို နဲ့အမကို ကျမတို့
ခေတ်လို ကိုကိုး၊ကြည့်ကြည့် မခေါ်ပါဘူးရှင်၊ သေတဲ့ အထိ ခေါ်သွားတာ
အကို နဲ့ မမ တဲ့။)
ပါပါးကို ေမြးၿပီး ေနာက္ ၅ႏွစ္အၾကာ သမီးေလး
တေယာက္ (ေဒၚရႈဝါ) ကိုယ္ဝန္ေဆာင္ဆဲမွာ အဖိုးဆုံးသြားေတာ့ အသက္ ၄၀႐ြယ္ မုဆိုးမေလး အဖြားဟာ
တေယက္တည္း ဆင္းဆင္းရဲရဲ ႐ုန္းကန္ရရွာပါတယ္။ အဲဒီအခ်ိန္ ဝါးခယ္မ ၿမိဳ႕ေပၚမွာ ေနတဲ့ သူေဌးကေတာ္တေယာက္က
ေမာင္အာဝါးေလးကို ေမြးစားဖို႔ လာေတာင္းတယ္တဲ့။ အဖြားက "ငတ္ခ်င္ငတ္ေပ့ေစ၊ငါ့သားကို
မေပးႏိုင္ပါဘူး" လို႔ ခါးခါးသီးသီး ျငင္းလႊတ္လိုက္တဲ့ အေၾကာင္း ေျပာျပတိုင္း အင္မတန္
မ်က္ရည္လြယ္တတ္တဲ့ ဦးအာဝါး ငိုေတာ့တာပါပဲ။
ပါပါးကို မွေးပြီး နောက် ၅နှစ်အကြာ
သမီးလေး တယောက် (ဒေါ်ရှုဝါ) ကိုယ်ဝန်ဆောင်ဆဲမှာ
အဖိုးဆုံးသွားတော့ အသက် ၄၀ရွယ် မုဆိုးမလေး အဖွားဟာ တယေက်တည်း ဆင်းဆင်းရဲရဲ ရုန်းကန်ရရှာပါတယ်။
အဲဒီအချိန် ဝါးခယ်မ မြို့ပေါ်မှာ နေတဲ့ သူဌေးကတော်တယောက်က မောင်အာဝါးလေးကို
မွေးစားဖို့ လာတောင်းတယ်တဲ့။ အဖွားက "ငတ်ချင်ငတ်ပေ့စေ၊ငါ့သားကို မပေးနိုင်ပါဘူး"
လို့ ခါးခါးသီးသီး ငြင်းလွှတ်လိုက်တဲ့ အကြောင်း ပြောပြတိုင်း အင်မတန်
မျက်ရည်လွယ်တတ်တဲ့ ဦးအာဝါး ငိုတော့တာပါပဲ။
အဲဒီေနာက္ ၁၆ႏွစ္႐ြယ္ သမီးအႀကီးကို ၿမိဳ႕ေပၚက
သူေဌးတေယာက္နဲ႔ အိမ္ေထာင္ခ်ေပးၿပီး ဝါးခယ္မ ၿမိဳ႕ေပၚ ေျပာင္းၾကပါတယ္။အဲဒီ အေဒၚရဲ႕ ေယာာက်ၤားကလည္း
သေဘာေကာင္းလို႔ ေယာက္ဖေလးေတြကို ေက်ာင္းေနဖို႔ ကူညီပါတယ္တဲ့။
ေတာင္အူ႐ြာက ေျပာင္းခဲ့ရေပမယ့္ သူေမြးတဲ့
႐ြာကို ခ်စ္လို႔ ပါပါးက ႐ြာအေၾကာင္း အၿမဲ ေျပာေျပာျပတတ္ပါတယ္။
(သူေျပာတုန္းကေတာ့ ႐ြာနာမည္က ေတာင္အူပါပဲ၊
အခုမွပဲ ဒီဘုရားသုံးဆူ ရွိတဲ့ဖက္ကို ေတာင္အူသျပဳလို႔ ေခၚမွန္း သိရေတာ့တယ္။)
အဲဒီနောက် ၁၆နှစ်ရွယ် သမီးအကြီးကို မြို့ပေါ်က
သူဌေးတယောက်နဲ့ အိမ်ထောင်ချပေးပြီး ဝါးခယ်မ မြို့ပေါ် ပြောင်းကြပါတယ်။အဲဒီ အဒေါ်ရဲ့
ယောာင်္ကျားကလည်း သဘောကောင်းလို့ ယောက်ဖလေးတွေကို ကျောင်းနေဖို့ ကူညီပါတယ်တဲ့။
တောင်အူရွာက ပြောင်းခဲ့ရပေမယ့် သူမွေးတဲ့ ရွာကို ချစ်လို့
ပါပါးက ရွာအကြောင်း အမြဲ ပြောပြောပြတတ်ပါတယ်။
(သူပြောတုန်းကတော့ ရွာနာမည်က တောင်အူပါပဲ၊ အခုမှပဲ
ဒီဘုရားသုံးဆူ ရှိတဲ့ဖက်ကို တောင်အူသပြုလို့ ခေါ်မှန်း
သိရတော့တယ်။)
အင္မတန္ အလုပ္လုပ္တဲ့ အေမက ေမြးခဲ့တဲ့ ပါပါးဟာလည္း
အလုပ္သိပ္လုပ္ပါတယ္။ သူမဆုံးခင္ ၃လေလာက္အလို Wheel chair နဲ႔ သြားၿပီး ေအာက္ဆီဂ်င္ကို
စက္နဲ႔ ရႉေနရတဲ့ အခ်ိန္မွာေတာင္ အနားမေနဘဲ ဂေဟေဆာ္တဲ့ အလုပ္လုပ္ခဲ့တဲ့ သူပါ။
အင်မတန် အလုပ်လုပ်တဲ့ အမေက မွေးခဲ့တဲ့ ပါပါးဟာလည်း အလုပ်သိပ်လုပ်ပါတယ်။
သူမဆုံးခင် ၃လလောက်အလို Wheel chair နဲ့ သွားပြီး အောက်ဆီဂျင်ကို စက်နဲ့ ရှူနေရတဲ့
အချိန်မှာတောင်
အနားမနေဘဲ ဂဟေဆော်တဲ့ အလုပ်လုပ်ခဲ့တဲ့ သူပါ။
ပါပါးနာမည္ကို ျဗဳန္းကနဲ နားေထာင္ရင္ ရယ္စရာလို႔
ထင္ရေပမယ့္ ဒီနာမည္ရျခင္းအေၾကာင္းရင္းကို သိထားတဲ့ က်မတို႔ကေတာ့ အင္မတန္ အလုပ္လုပ္လို႔
ရလာတဲ့ နာမည္ပါလားလို႔ အၿမဲ ဂုဏ္ယူေနရတဲ့ အေဖ့နာမည္ေလးပါပဲ။ က်မရဲ႕ ပါပါး(ဦးအာဝါး)ဟာ
အသက္ငယ္ငယ္ေလးနဲ႔ ဖတဆိုး ျဖစ္ခဲ့သူပါ။ သူတို႔ေမာင္ႏွမေတြက တေယာက္နဲ႔တေယာက္ ၅ႏွစ္စီ
ကြာတယ္တဲ့ ။
ပါပါး ၅ႏွစ္ သူ႔ညီမေလး ကိုယ္ဝန္ေဆာင္ထားခ်ိန္မွာ
သူတို႔ အေဖ (ဦးစိန္ေပါ) ဆုံးခဲ့တာပါ။ ျမန္မာျပည္မလာခင္ တ႐ုတ္ျပည္မွာ ေနစဥ္က ေဗဒင္ဆရာက
"မင္းအသက္ ၄၀ ေက်ာ္ရင္ ဘုရင္ျဖစ္မယ္ "လို႔ ေဟာလိုက္တယ္တဲ့။ သူ အသက္ ၄၀ ထဲအဝင္
ဝမ္းကိုက္ေရာဂါအျဖစ္မွာ ဒီေတာင္ကိုေတာ့ မေက်ာ္ႏိုင္ေတာ့ပါဘူးဆိုၿပီး အားေလွ်ာ့တာေၾကာင့္လည္း
ေရာဂါ မျဖစ္စေလာက္နဲ႔ ေသရတယ္လို႔ ပါပါးက ေျပာဖူးတယ္။ လွ်ာရွည္တဲ့ က်မက complaint တက္တာေပါ့။
၄၀ေက်ာ္ေအာင္ေနၿပီး ဘုရင္ျဖစ္ေအာင္ လုပ္ပလိုက္ ၿပီးေရာလို႔။ သူတို႔ သာမာန္လူမ်ားမွာေတာ့
ဘုရင္ျဖစ္မယ္ဆိုတာ အတိႆယဝုတၱိအလကၤာနဲ႔ ဒီအသက္မေက်ာ္ဘူးလို႔ တထစ္ခ် ယုံတာဟာ ဥပါဒါန္ေၾကာင့္
ဥပါဒ္ေရာက္သြားတယ္လို႔ ထင္ပါတယ္။
ပါပါး ၅နှစ် သူ့ညီမလေး ကိုယ်ဝန်ဆောင်ထားချိန်မှာ
သူတို့ အဖေ (ဦးစိန်ပေါ) ဆုံးခဲ့တာပါ။ မြန်မာပြည်မလာခင် တရုတ်ပြည်မှာ
နေစဉ်က ဗေဒင်ဆရာက "မင်းအသက် ၄၀ ကျော်ရင် ဘုရင်ဖြစ်မယ် "လို့ ဟောလိုက်တယ်တဲ့။
သူ အသက် ၄၀ ထဲအဝင် ဝမ်းကိုက်ရောဂါအဖြစ်မှာ ဒီတောင်ကိုတော့ မကျော်နိုင်တော့ပါဘူးဆိုပြီး
အားလျှော့တာကြောင့်လည်း
ရောဂါ မဖြစ်စလောက်နဲ့ သေရတယ်လို့ ပါပါးက ပြောဖူးတယ်။ လျှာရှည်တဲ့
ကျမက complaint တက်တာပေါ့။ ၄၀ကျော်အောင်နေပြီး ဘုရင်ဖြစ်အောင် လုပ်ပလိုက် ပြီးရောလို့။
သူတို့ သာမာန်လူများမှာတော့ ဘုရင်ဖြစ်မယ်ဆိုတာ အတိဿယဝုတ္တိအလင်္ကာနဲ့
ဒီအသက်မကျော်ဘူးလို့ တထစ်ချ ယုံတာဟာ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်သွားတယ်လို့ ထင်ပါတယ်။
တကယ္ေတာ့ အဖိုးေသရတာ ဝါးခယ္မၿမိဳ႕ေပၚမွာ
ဖဲသြားခ်ရင္း ဝမ္းကိုက္တာကို ေဆးေသခ်ာ မကုလို႔ ေသရတာ ဆိုၿပီး အဖြားနဲ႔ ပါပါးတို႔ ညီအစ္ကိုက
ေကာက္ခ်က္ဆြဲၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ ညီအစ္ကို ႏွစ္ေယာက္စလုံး ေလာင္းကစားကို သိပ္မုန္းၾကပါတယ္။
ဖဲဆိုရင္ အသံေတာင္ မၾကားခ်င္ေအာင္ စိတ္နာၾကတယ္။ ကိုကိုး ငယ္ငယ္က သူငယ္ခ်င္းေတြနဲ႔ တခါလား
ဖဲခ်တယ္ ၾကားတာနဲ႔ ပါပါးက အေသ႐ိုက္ေတာ့တာပါပဲ။
တကယ်တော့ အဖိုးသေရတာ ဝါးခယ်မမြို့ပေါ်မှာ
ဖဲသွားချရင်း ဝမ်းကိုက်တာကို ဆေးသေချာ မကုလို့ သေရတာ ဆိုပြီး အဖွားနဲ့ ပါပါးတို့ ညီအစ်ကိုက
ကောက်ချက်ဆွဲကြပါတယ်။ ဒါ့ကြောင့် သူတို့ ညီအစ်ကို နှစ်ယောက်စလုံး လောင်းကစားကို
သိပ်မုန်းကြပါတယ်။ ဖဲဆိုရင် အသံတောင် မကြားချင်အောင် စိတ်နာကြတယ်။ ကိုကိုး ငယ်ငယ်က
သူငယ်ချင်းတွေနဲ့ တခါလား ဖဲချတယ် ကြားတာနဲ့ ပါပါးက အသေရိုက်တော့တာပါပဲ။
သူငယ္ခ်င္းဦးေစ့လုပ္ ၊ ဦးအာ၀ါး ၊ အကို ဦးခ်ပ္ပိ |
ပါပါးက ငယ္ကတည္းက အေဖမရွိေတာ့ သူ႔အစ္ကိုကို
အေဖလို သေဘာထားၿပီး ခ်စ္ပါတယ္။ ေတာင္အူမွာ ေခ်ာင္းကူးတံတားက ဝါးတစ္လုံး တံတားေတြပါ။
တေန႔ ညီအစ္ကို ႏွစ္ေယာက္ တံတားျဖတ္ကူးရင္း ေရထဲ ျပဳတ္က်တာ "အကိုကယ္ေပလို႔ ငါ မေသတာ"
လို႔ မၾကာခဏ ေျပာျပပါတယ္။ သူ႔အကိုကို ခ်စ္တာ ႐ိုေသတာ ဘယ္ေတာ့မွ ခြန္းတုန႔္ ျပန္မေျပာခဲ့ပါဘူး။
ပါပါးက ငယ်ကတည်းက အဖေမရှိတော့ သူ့အစ်ကိုကို
အဖေလို သဘောထားပြီး ချစ်ပါတယ်။ တောင်အူမှာ ချောင်းကူးတံတားက ဝါးတစ်လုံး
တံတားတွေပါ။ တနေ့ ညီအစ်ကို နှစ်ယောက် တံတားဖြတ်ကူးရင်း ရေထဲ ပြုတ်ကျတာ
"အကိုကယ်ပေလို့ ငါ မသေတာ" လို့ မကြာခဏ ပြောပြပါတယ်။ သူ့အကိုကို ချစ်တာ ရိုသေတာ
ဘယ်တော့မှ
ခွန်းတုန့် ပြန်မပြောခဲ့ပါဘူး။
သူတို႔ ညီအစ္ကိုက လက္မႈပညာလည္း တတ္လြယ္ၾကပါတယ္။ပါပါးဆို
ဓာတ္ပုံ႐ိုက္တတ္တယ္။ လက္သမားပညာ၊ ပန္းရံပညာ၊ ေရဒီယိုျပင္၊စက္ျပင္၊လွ်ပ္စစ္မီးျပင္၊ဂေဟေဆာ္၊
Welding ၊တတ္ေကာင္းတတ္ရာ ဟူသမွ်ကို ၾကားျမင္သုတ ရွိပါေစ ဆိုသလိုပါပဲ။ အႏုပညာေတာ့ မရဘူး။
အိမ္က ေရဒီယိုဆို ပါပါးကိုယ္တိုင္ ျပင္တယ္။ ဆီစက္လုပ္ေတာ့ အလုပ္ရွင္လည္း ပါပါး စက္ျပင္လည္း
ပါပါး ပါပဲ။ အိမ္က ေရကန္ေတြ သံမံတလင္းေတြ သဲ၊ထုံး၊ဘိလပ္ေျမ စပ္ၿပီး တပည့္ေတြနဲ႔ ကိုယ္တိုင္
လုပ္တာ။ အိမ္မွာ ပါပါးကိုယ္တိုင္လုပ္တဲ့ သစ္သားကုတင္၊ဘီဒို၊ ထမင္းစားပြဲ ေတြ ရွိပါတယ္။
တခုေတာ့ ရွိတယ္။ ပါပါးလက္ရာက ခပ္ၾကမ္းၾကမ္းပဲရတယ္။
သူတို့ ညီအစ်ကိုက လက်မှုပညာလည်း တတ်လွယ်ကြပါတယ်။ပါပါးဆို
ဓာတ်ပုံရိုက်တတ်တယ်။ လက်သမားပညာ၊ ပန်းရံပညာ၊ ရေဒီယိုပြင်၊စက်ပြင်၊လျှပ်စစ်မီးပြင်၊ဂဟေဆော်၊
Welding ၊တတ်ကောင်းတတ်ရာ ဟူသမျှကို ကြားမြင်သုတ ရှိပါစေ
ဆိုသလိုပါပဲ။ အနုပညာတော့ မရဘူး။ အိမ်က ရေဒီယိုဆို ပါပါးကိုယ်တိုင် ပြင်တယ်။ ဆီစက်လုပ်တော့
အလုပ်ရှင်လည်း
ပါပါး စက်ပြင်လည်း ပါပါး ပါပဲ။ အိမ်က ရေကန်တွေ သံမံတလင်းတွေ သဲ၊ထုံး၊ဘိလပ်မြေ စပ်ပြီး
တပည့်တွေနဲ့ ကိုယ်တိုင် လုပ်တာ။ အိမ်မှာ ပါပါးကိုယ်တိုင်လုပ်တဲ့
သစ်သားကုတင်၊ဘီဒို၊ ထမင်းစားပွဲ တွေ ရှိပါတယ်။ တခုတော့ ရှိတယ်။
ပါပါးလက်ရာက ခပ်ကြမ်းကြမ်းပဲရတယ်။
ပါပါးအကို ေပ့ေပ့(ဦးခ်ပ္ပိ) ကက်ေတာ့ ပါပါးလို
ဟိုစပ္စပ္ ဒီစပ္စပ္ တတ္တာ မဟုတ္ဘူး။ တတ္တဲ့ ပညာကို အေခ်ာထည္ထိ ကြၽမ္းကြၽမ္းက်င္က်င္
တတ္တာ။ သူ႔အိမ္က သစ္သားထည္ေတြဟာ တ႐ုတ္လက္သမား လုပ္ထားသလား ထင္ရေအာင္ လက္ရာေကာင္းပါတယ္။
သူတို႔အိမ္က ေရကန္ဆို အိမ္ေရွ႕ လမ္း တဖက္က ေခ်ာင္းေရကို ေရတက္ေရက်တြက္ၿပီး ေရနည္းခ်ိန္ေတာင္
ေရဝင္ေအာင္ ၊တစ္မိုးေရစုထားရင္ တစ္ေႏြလုံးပါ သုံးေလာက္ေအာင္ စနစ္တက် တြက္ခ်က္ၿပီးမွ
ကိုယ္တိုင္လုပ္ထားတဲ့ ေရကန္၊အခု သူမရွိေတာ့တာ အႏွစ္ ၃၀ ေတာင္ ဘာမွ မျဖစ္ေသးဘဲ သုံးလို႔
ရေနေသးေအာင္ အေျမာ္အျမင္ ရွိတဲ့သူပါ။
ပါပါးအကို ပေ့ပေ့(ဦးချပ်ပိ) ကကျတော့ ပါပါးလို ဟိုစပ်စပ်
ဒီစပ်စပ် တတ်တာ မဟုတ်ဘူး။ တတ်တဲ့ ပညာကို အချောထည်ထိ ကျွမ်းကျွမ်းကျင်ကျင် တတ်တာ။ သူ့အိမ်က
သစ်သားထည်တွေဟာ တရုတ်လက်သမား လုပ်ထားသလား ထင်ရအောင် လက်ရာကောင်းပါတယ်။ သူတို့အိမ်က
ရေကန်ဆို အိမ်ရှေ့ လမ်း တဖက်က ချောင်းရေကို ရေတက်ရေကျတွက်ပြီး ရေနည်းချိန်တောင်
ရေဝင်အောင် ၊တစ်မိုးရေစုထားရင် တစ်နွေလုံးပါ သုံးလောက်အောင် စနစ်တကျ တွက်ချက်ပြီးမှ
ကိုယ်တိုင်လုပ်ထားတဲ့ ရေကန်၊အခု သူမရှိတော့တာ အနှစ်
၃၀ တောင် ဘာမှ မဖြစ်သေးဘဲ သုံးလို့ ရနေသေးအောင် အမြော်အမြင် ရှိတဲ့သူပါ။
အရပ္ရွည္သေလာက္ စိတ္ရွည္ စိတ္ေအးလိုက္ပုံမ်ား
က်မတို႔ ၉တန္းစာေမးပြဲ ေျဖေနတုန္း က်မတို႔ အိမ္နားက ေဆး႐ုံရပ္ကြက္ မီးအႀကီးအက်ယ္ေလာင္ပါတယ္။
အိမ္က ပစၥည္းေတြကို က်မတို႔ ဆီစက္က အလုပ္သမားေတြက ထမ္းၿပီး မီးနဲ႔ ေဝးရာ အမ်ိဳးေတြအိမ္ကို
သယ္ေပးၾကပါတယ္။ ထမင္းစားခန္း ဘီဒိုႀကီးထဲမွာ ရွိတဲ့ ေႂကြပန္းကန္ေတြကို (ပါပါးနဲ႔ မာမားက
အလႉလုပ္တာ ဝါသနာပါေတာ့ အိမ္မွာ အလႉ တပြဲစာ အိုးခြက္ပန္းကန္ေတြ ရွိတယ္ေလ ၊) ေလးျပည္ခ်က္
ဒန္အိုးႀကီးေတြထဲ ေပ့ေပ့(ဘႀကီးဦးခ်ပ္ပိ)ကိုယ္တိုင္ စိတ္ေအးေအးနဲ႔ စီၿပီး ထည့္သြားတာ
၊အဲဒီအိုးႀကီး မီးၿငိမ္းလို႔ ျပန္သယ္လာေတာ့ ေႂကြပန္းကန္ တခ်ပ္မွ မကြဲဘူး။အံ့ေရာ။
အရပ်ရှည်သလောက် စိတ်ရှည်
စိတ်အေးလိုက်ပုံများ ကျမတို့ ၉တန်းစာမေးပွဲ ဖြေနေတုန်း ကျမတို့ အိမ်နားက ဆေးရုံရပ်ကွက်
မီးအကြီးအကျယ်လောင်ပါတယ်။ အိမ်က ပစ္စည်းတွေကို ကျမတို့ ဆီစက်က အလုပ်သမားတွေက ထမ်းပြီး
မီးနဲ့ ဝေးရာ အမျိုးတွေအိမ်ကို သယ်ပေးကြပါတယ်။ ထမင်းစားခန်း ဘီဒိုကြီးထဲမှာ
ရှိတဲ့
ကြွေပန်းကန်တွေကို (ပါပါးနဲ့ မာမားက အလှူလုပ်တာ ဝါသနာပါတော့ အိမ်မှာ
အလှူ
တပွဲစာ အိုးခွက်ပန်းကန်တွေ ရှိတယ်လေ ) လေးပြည်ချက် ဒန်အိုးကြီးတွေထဲ ပေ့ပေ့(ဘကြီးဦးချပ်ပိ)ကိုယ်တိုင်
စိတ်အေးအေးနဲ့ စီပြီး ထည့်သွားတာ ၊အဲဒီအိုးကြီး မီးငြိမ်းလို့ ပြန်သယ်လာတော့ ကြွေပန်းကန်
တချပ်မှ
မကွဲဘူး။အံ့ရော။
သူက ေစ့စပ္ေသခ်ာေတာ့ ဘာမဆို ကိုယ္တိုင္ လုပ္ရမွ
ႀကိဳက္တယ္။အဲဒီေတာ့ သူ႔မွာ တပည့္တပန္း မရွိဘူး။ ေပ့ေပ့တို႔အိမ္မွာ လုပ္အားလိုရင္ ပါပါးက
သူ႔ကုန္စုံဆိုင္က တပည့္ေတြ ၊ဆီစက္က တပည့္ေတြကို လႊတ္ၿပီး လိုတာ လုပ္ေပးရတယ္။ ပါပါး တပည့္ေတြက ပါပါးကို ဆရာလို႔ ေခၚၾကတယ္။ ပါပါး အကိုႀကီး ေပ့ေပ့ကိုေတာ့
ဆရာႀကီး တဲ့။
သူက စေ့စပ်သေချာတော့ ဘာမဆို ကိုယ်တိုင် လုပ်ရမှ
ကြိုက်တယ်။အဲဒီတော့ သူ့မှာ တပည့်တပန်း မရှိဘူး။
ပေ့ပေ့တို့အိမ်မှာ လုပ်အားလိုရင် ပါပါးက သူ့ကုန်စုံဆိုင်က တပည့်တွေ
၊ဆီစက်က တပည့်တွေကို လွှတ်ပြီး လိုတာ လုပ်ပေးရတယ်။ ပါပါး တပည့်တွေက ပါပါးကို
ဆရာလို့ ခေါ်ကြတယ်။ ပါပါး အကိုကြီး ပေ့ပေ့ကိုတော့ ဆရာကြီး တဲ့။
ပါပါးက ေမြးတာလည္း သားတေယာက္တည္း၊ ေပ့ေပ့က
ေမြးတာ သား ၂ေယာက္ေပမယ့္ တေယာက္တည္း အဖတ္တင္တယ္။ ပါပါးဦးအာဝါးရဲ႕ သား က်မအကို ကိုဖိုးႀကံ့နဲ႔
ေပ့ေပ့ဦးခ်ပ္ပိရဲ႕သား ေဒါက္တာ သက္ရွည္ တို႔က သူတို႔ အေဖေတြရဲ႕ ေျခရာနင္းႏိုင္ မနင္းႏိုင္၊
အေဖတူ ေတြ ဟုတ္မဟုတ္ေတာ့ မ်ိဳးဆက္ ႏွစ္ဆက္ သိသူေတြ အကဲျဖတ္ၾကေပါ့ေနာ.......
ပါပါးက မွေးတာလည်း သားတယောက်တည်း၊ ပေ့ပေ့က မွေးတာ သား ၂ယောက်ပေမယ့်
တယောက်တည်း အဖတ်တင်တယ်။ပါပါးဦးအာဝါးရဲ့ သား ကျမအကို ကိုဖိုးကြံ့နဲ့ ပေ့ပေ့ဦးချပ်ပိရဲ့သား
ဒေါက်တာ သက်ရှည် တို့က သူတို့ အဖေတွေရဲ့ ခြေရာနင်းနိုင် မနင်းနိုင်၊
အဖေတူ တွေ ဟုတ်မဟုတ်တော့ မျိုးဆက် နှစ်ဆက် သိသူတွေ အကဲဖြတ်ကြပေါ့နော.......
Dr Aye Aye Myint
No comments:
Post a Comment