Thursday, October 9, 2014
ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၅ )
ဒီလိုထုသတ်ခဲ့တာတဲ့ ( ခေါင်းကဒါဏ်ရာတွေနဲ. ယှဉ်ကြည်.ပေါ. ) Telegraph
မှုခင်း ပြန်လည် သရုပ်ပြ တဲ့နေ.က မြန်မာ အလုပ်သမား ၂ ဦး က ပေါက်ပြားပေါက်ချွန်းတွေနဲ. ဒေးဗစ်မေလာ ကိုစတင် တိုက်ခိုက်ခဲ့တယ်လို.သရုပ်ပြ ခဲ့ပေမယ်. ဒေးဗစ်မေလာရဲ.အလောင်းပေါ်က ဒဏ်ရာနဲ.  ပုံစံ ကိုက်ညီမှု မရှိကြောင်း ပြောဆိုမှုများ ထွက်ပေါ်လာတဲ့ အခါကျမှ ထိုင်းရဲ က ပေါက်ပြား  အစွန်းပိုင်းနဲ. ထိမိတဲ့ ဒဏ်ရာတွေလို. ချေပခဲ့ ပါတယ် ။
 မြန်မာအမျိုးသားနှစ်ဦးက လူသတ်မှူု ကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး သူတို့ နှစ်ဦင်္း ရဲ.ဒီအန်အေနဲ.ဗြိတိသျှအမျိုးသမီး ဟန်နာဝီသာရစ်ခ်ျရဲ.ခန္ဒာကိုယ်မှ ဒီအန်အေနှင့် တူညီနေကြောင်းတွေ့ ရတယ်လို. ရဲတပ်ဖွဲ့ က ကြေညာခဲ့ပေမယ်. အစောပိုင်းတုန်းကတော. ကိုက်ညီမှု မရှိလို.ပြောခဲ့သလို အခင်းဖြစ်ပွား တဲ့နေရာမှာ ကွန်ဒုံး တခုကို တွေ့ ရပြီး ဟန်နာဝီသာရစ်ချိ၏ ခန္ဒာကိုယ်မှ ဒီအန်အေကို အဆိုပါ ကွန်ဒုံးအပြင်ဘက် တွင် တွေ့ ရတယ်လို. ဆိုပေမယ်ကွန်ဒုံးအတွင်းမှာ ဘယ်သူ.ဒီအန်အေ ကို တွေ တယ် ဆိုတာကို တော.ထိုင်းရဲတွေက ပြောကြားခြင်းမရှိခဲ့ပါဘူး။ဒါ.အပြင်ACဆိုတဲ့ဆိုင်နာမည်ကိုမထွက်စေ
ပဲစားသောက်ဆိုင်
အလုပ်သမားလို့ပဲ ပြောပြီးဒီနေ့ ထိ ဖုံးထားနိုင်တဲ့ အဲ့ဒိဆိုင်မှာ အလုပ်လုပ်တာ ၂ လပဲ ရှိသေးတဲ့ အဲ့ဒီ အလုပ်သမား ၂ယောက်ကို AC သူဌေးက ဟဲနာကို အမြင်ကတ်လို့ မင်းတို့ - ချင်လာ - ဆိုပြီး မြှောက်ပေးနိုင်တယ်။ (ဒါကြောင်.များ DNA မှန်နေတာလား ) ပြီးတောမှ သူတို့ ဟဲနာနဲ့ ဒေးဗစ်ကို အပြတ်ရှင်း မှာ ဖြစ်ပါတယ်။ လူသတ်မှုကိုပါ ဒီချာတိတ်တွေ တပြိုက်နက် ကျူးးလွန်မှာ မဟုတ်ဘူးလို. ယူဆသူတွေလည်း ရှိနေပါတယ် ။
 ဖုန်းကိစ္စမှာလည်း ဒီအတိုင်းပါပဲ ။ ထိုင်းရဲက ဟန်နာရဲ.လက်ကိုင်ဖုန်းကို အဆိုပါ မြန်မာလုပ်သားများ နေထိုင် ရာ နေရာ နောက်ဖေးမှာမှာ တွေ့ရှိခဲ့တယ်လို.  သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား ခဲ့ပေမယ်.လည်း အခင်းဖြစ်ပွားပြီး နောက်တစ်ရက်မှာ ဟန်နာရဲ. မိတ်ဆွေတွေက (ဟန်နာ မေ့ကျန်ခဲ့သည့်) ဖုန်းကို ရဲထံ လူကိုယ်တိုင်သွားရောက် အပ်နှံခဲ့ခြင်း ပါ ။ အဲ့ဒီလို ထောက်ပြချက်များ ထွက်ပေါ်လာပြီးနောက်ကျမှ တွေ.ခဲ့တာ ဒေးဗစ်ရဲ. ဖုန်းဆိုပြီး ထိုင်းရဲက ဌာနမှ အတည်ပြုချက်ရယူခြင်း မရှိပဲ ချက်ချင်းပင် ပြင် ဆင်ပြောကြား ခဲ့တယ်လို. ဘန်ကောက် ပို့စ်သတင်း မှာဖော်ပြခဲ့ပါတယ် ။ ဟန်နာရဲ. ဖုန်းကို စက်တင်ဘာလ ၁၈ ရက်နေ့တည်းက ဟန်နာ. မိသားစုထံ ထိုင်းရဲက ပြန်လည် အပ်နှံ ခဲ့ပြီး ဖြစ်ပါတယ် ။ဝေဖန်သူတွေကတော.လက်ရှိအချိန်မှာ တန်ဖိုးတစုံတရာ မရှိတော့တဲ့ ဖုန်း အဟောင်း တစ်လုံးကို ထိုမျှ နိုင်ငံတကာ၏ အာရုံစူးစိုက်မှုရနေသည့် လူသတ်မှုကြီးကို ကျူးလွန်ထားသူတို.က မိမိတို့ အနီးအနားတွင် သိမ်းထား စွန့်ပစ်ထားမည် မဟုတ်ဟု ပြန်လည်ထောက်ပြကြပါတယ် ။ အလွယ်တကူပဲ လူသွားနည်းတဲ့ကမ်းခြေတစ်နေရာကနေ ပင်လယ်ထဲသို့ လွင့်ပစ်လိုက်နိုင် တယ်လို.ထောက်ပြကြပါတယ် ။
ကျုးလွန်တဲ့ လက်နက် ၊ DNA ၊ ဖုန်းကိစ္စတွေအပြင် နောက်တစ်ခုက ဒေးဗစ်ရဲ. ၆ ပေ ပတ်ဝန်းကျင် အရပ်နဲ. လူသတ်တရားခံအဖြစ် စွပ်စွဲခံ ထားရတဲ့ မြန်မာ ၂ ယောက်ရဲ.အရပ်အမောင်းများကိုလည်း ယှဉ်ပြပြီး CSI LA စာမျက်နှာ မှ မေးခွန်းထုတ်ခဲ့ပြန်ပါတယ် ။ ဒေးဗစ် အလောင်းမှ ရဲက ပြသထားတဲ့ ဒဏ်ရာများ အားလုံးဟာ ဦးခေါင်းနှင့် ပုခုံးပိုင်းတွင် ဖြစ်နေကြောင်း တွေ့ရှိ ရပါတယ် ။အဲ့ဒါနဲ.ပတ်သက်လို. ထိုင်းလူမျိုးတွေရဲ. Comment တွေမှာလည်း
" ဓားစားခံတွေကလည်း သေးလိုက်တာ"
" ဒေးဗစ်မေလာက လူ့ဖလံလေး ၂ယောက် ရဲ့ အသတ်ခံရတဲ့အထိ သေးကွေးလွန်းတာကိုး"
" ကျနော်တို့ထိုင်းတွေလည်း မယုံပါဘူး လူသတ်မှု အမှန်ပေါ်တဲ့အထိ ၀ိုင်းကြိုးစားကြမယ်
"    ဆိုပြီး ရေးသားနေကြပါတယ် ။
နောက်တစ်ခုက မြန်မာတရားခံတစ်ဦးဟာ စတိုးဆိုင်မှာ ဆေးလိပ်ဝယ်စဉ် ၀တ်ဆင် ထားတဲ့အင်္ကျီကို ပဲ ကမ်းခြေမှာပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ၀တ်ဆင် ထားခဲ့ပါတယ် ။ တရားခံမှန်ပါက သူတို. ပြစ်မှုကျူးလွန်စဉ်က ၀တ်ဆင် ခဲ့တဲ့ အ၀တ်အစားမှန်သမျှကို ရဲက သိမ်းဆည်းပြီး ဟန်နာ၏ သွေးဇီဝ အထောက်အထားများ ကပ်ညှိနေမှု ရှိမရှိ စစ်ဆေးမှုများ အမြန် ပြုလုပ်ရမှာ ဖြစ်တယ်လို.  ထိုင်းရဲမှုးဟောင်းတစ်ဦးက ဘန်ကောက်ပို့စ်သို့ ပြောကြားခဲ့သည်။ ကဲ  ဒိလောက်နိုင်ငံတကာ စိတ်ဝင်စားတဲ့ မှုခင်းတစ်ခုကို အလွယ်တကူဖော်လိုက်နိုင်တဲ့ ယိုးဒယားပုလိပ်တွေရဲ. စေ.စပ်ပုံကတော.  ပြောပြန်ရင်လည်း…….  သူကဆက်ပြောတာကတော. "ဒီအန်အေ တွေ့ရှိမှုဟာ အပြန်အလှန်ဖြစ်ရမယ်။ မဟုတ်၇င် သံသယဖြစ်ဖွယ် ရှိပြီး တရား သူကြီးရဲ့ ယုံကြည်မှုကို ရရှိဖို့ ခက်ခဲပါတယ်"  လို.ဆိုပါတယ် ။
CCTV မှတ်တမ်းတွေ တိုက်ကြည်.ပြီး အဖြေတစ်ခုတော.တွေ.ကောင်းပါရဲ.
ဒါ.အပြင် ၀င်း နဲ. CCTV ကိစ္စမှာလည်း ..."ဝင်း"ဆိုတဲ့လူငယ်ကို မကြာမှီရက်အနည်းငယ်က ညဖက်ဂီတာတီးနေမှုနဲ့မသင်္ကာလို့ခေါ်စစ်ဆေးပြီးပြီ...DNA လည်းယူပြီးပြီ...ကောင်လေးက မြန်မာပြည်ကလာကာစ...ဘဒ်တွေ...ပတ်စပို့တွေမရှိ...တရားမ
ဝင်နေထိုင်သူ...ဒါပေမယ့် မဆီဆိုင်ဆိုပြီး တခြားလူတွေလို ပြန်လွှတ်ထားလိုက်တယ်...မဖမ်းခင်ညမှာမှ အဲဒီကောင်လေးက ည(၉)နာရီထွက်လှေနဲ့ စူရတ်ကိုထွက်ခွါလာတယ်....စူရတ်ကိုလှေကပ်ချိန်က မနက်(၅)နာ၇ီလောက်ပါ...အဲဒီလှေဆိပ်မှာပဲ့ ရဲတွေလာဖမ်းခေါ်သွားတယ်...(သတင်းမှာတေ့ ၁၀ နာရီမှဖမ်းတယ်လို့ရေးထားတယ်) ပထမဆုံး သူ့ကိုတရားမဝင်နေထိုင်မှုနဲ့ဖမ်းတယ်ဆိုပြီးခေါ်သွားတာ...နောက်တော့ မြန်မာစကားတတ် မွတ်ဆလင်ကုလားတကောင်က စကားပြန်လုပ်ပြီး...CCTV ထဲပုံဟာမင်းပဲ့လို့ပြောဆိုပြီး ဝန်ခံခိုင်းတယ်...ပထမဆုံးပြတဲ့ 7/11မှ CCTV ပုံပါ..ဆေးလိပ်ဝယ်နေသူဟာသူပါလို့ဝန်ခံတယ်...နောက်ပိုင်းမှာမှ...ကုလားကကြားကနေဘာတွေပြော
.ဘယ်လိုတွေဘာသာပြန်ပေး..
.ရဲအရာရှိဆိုလည်း အမှတ်(၈)တိုင်းရဲမင်းကြီးကိုယ်တိုင်ပါဝင်ပြီး ၄-နာရီနီးပါးတံခါးပိတ်စစ်ဆေးတယ်...သတင်းထောက်တွေကိုလုံးဝအနီးကပ်မခံခိုင်း..ဘာတွေညှိပြီး...
လူသတ်တရားခံဖြစ်သွားလဲမသိ....ညနေ(၄)နာရီမှာမှ အဲဒီရဲမင်းကြီးအခန်းကထွက်လာ.."ဝန်ခံလိုက်ပြီ...တရားခံအစစ်ရပြီ"ဆိုပြီး ပြုံဖြီးဖြီးနဲ့သတင်းထောက်တွေ
ကိုပြောလိုက်ပါတယ်တဲ့...(ထိုင်းသတင်းစာမှာရေးထားတဲ့အတိုင်းကိုကောက်ချက်ချတာပါ)... ဆိုတဲ့ Status တစ်ခုက အခြေအနေတစ်ချို.ကို ဖော်ပြနေသလိုပါပဲ ။
ဒီလိုတရားခံတွေဖမ်းမမိခင်လေးမှာတင် ယိုးဒယား ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီး ကော့တောင်ကျွန်းကိုသွားပါတယ်..ဒီအမှုကို
အမြန်ပြီးပြတ်အောင်လုပ်မယ်.
...ထိုင်းနိုင်ငံဟာခရီးသွားလာရေးလုပ်ငန်းကဝင်ငွေ
အများဆုံးရနေတဲ့အတွက်ခရီးသွားလုပ်ငန်းကိုထိခိုက်စေလို့မဖြစ်ဘူး...ဆိုပြီးအထာလေးနဲ့ပြောသွားပါတယ်..။
*** သဘောကတော့ တရားခံအစစ်ဖြစ်သည်မစစ်သည်ဖြစ်စေ...ဆွဲထည့်လိုက်ပြီးကိစ္စဖြတ်မယ်...နာမည်ပျက်သွားတာ နာလန်ပြန်ထူမယ်ဆိုတဲ့သဘောပါ...  လို.ဝေဖန်ထောက်ပြထားတာလေးတွေကလည်း ရှိပါတယ် ။
 နောက်တစ်ခါ သက်ခိုင်ဆိုတဲ့ စာအုပ်နဲ. နာမည်ကျော်လာတဲ့ စာရေးဆရာ မင်းဒင်ကလည်း
၁။ လွန်ခဲ့သောနှစ်နှစ်ခန့်က၊ ထိုင်းနိုင်ငံတောင်ပိုင်း တောင်ပိုင်း ကော့တောင်ကျွန်း (ခိုတောင်ဟုအသံ မထွက်ပါ) ဆီသို့ စာပေဟောပြောပွဲ ကိစ္စ ဖြင့် ကျနော်ရောက်ခဲ့ဖူးသည်။ ဆူရတ်ဌာနီမှသည် ၎င်းကျွန်းသို့ တ နာရီခွဲဝန်းကျင် ဇက်ဖြင့်ကူးရသည်။ ကြီးမားကျယ်ပြန့်လှသော ကျွန်း မဟုတ်။ ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းမြှင့်တင်နေဆဲကာလဖြစ်၍ မြေနီလမ်းတို့ပင် မပျောက်သေး။ ကျွန်းရိုင်းသာသာအဆင့်သာ ရှိ၏။ မြန်မာရွေ့ပြောင်းအလုပ်သမားအများစုကိုတွေ့မြင်ရသည်။ 
၂။ပြီးခဲ့သည့်စက်တင်ဘာလ(၁၅)ရက်နေ့တွင် အဆိုပါကျွန်း၌ အင်္ဂလိပ်လူမျိုးစုံတွဲအသတ်ခံရသည့် သတင်းကြောင့်စိတ်ဝင်တစားနားစွင့်ခဲ့မိသည်။ ရှေးဦးစွာထွက်ပေါ်လာသည့်ရဲသတင်းထုတ်ပြန်ချက်တွင် လူသတ်တရားခံကို မြန်မာများဟုဖော်ပြ၏။ 
ထို့နောက် အဆိုပါလူ သတ်မှုအတွက် သံသယတရားခံအင်္ဂလိပ်လူမျိုးတစ်ဦးကို သုဝဏ္ဏဘူမိ လေဆိပ် တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းဖော်ပြပြန်သည်။ ယင်းကာလ အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားများကို ရိုက်နှက်စစ်မေးသည့်သတင်းများပလူပျံလာ ပြန်ခဲ့၏။ 
၃။ ထို့နောက် ပြင်သစ်လူမျိုးတစ်ဦး၏ ဓာတ်ပုံအထောက်အထားအရ၊ ထိုင်းလူမျိုးကလပ်ပိုင်ရှင်နှင့် မန်နေဂျာတို့ကို သံသယတရားခံစာရင်းတွင်ဖော်ပြခဲ့ပြန်သည်။ ယင်းအမှုအပေါ် ဗြိတိန်အစိုးရ ၏ဖိအားပေးမှုပြင်းထန်လာခဲ့ခြင်း၊ ထိုင်းမာဖီးယားများကြီးစိုး ရာနေရာ ဖြစ်ခြင်း၊ နယ်မြေခံရဲတပ်ဖွဲ့ဟောင်းကိုဖယ်ရှားကာ အသစ်ပြန်လည် အစားထိုးစုံစမ်းစေခြင်း၊ ဒီအန်အေ စစ်ဆေးမှု ကြိမ်ဖန် များစွာပြုလုပ်ရခြင်းစသည့် တို့ကိုထောက်ရှု၍ အမှုသွားအမှုလာ ရှုပ်ထွေးပွေလီကြောင်း မြင်သာသည်။ 
၎။ များမြောင်လှသော သံသယစာရင်းဝင်သူတို့၏ ဒီအန်အေကို ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတို့ အတည် မပြုနိုင်ကြချေ။ နောက်ဆုံးတွင်ကား မြန်မာရွေ့ ပြောင်းအလုပ်သမားတစ်ဦးက သူကိုယ်တိုင်သတ်ပါသည်ဟု ဝန်ခံ ကြောင်း ထိုင်းသတင်းများ ကဖော်ပြလာသည်။ 
၅။ တရားစီရင်ရေးလောကတွင် “အပြစ်ရှိသူတရားခံတစ်ရာ လွတ်မြောက်သည်ထက် အပြစ်မရှိသူ တဦး ပြစ်ဒဏ်ကျခံရသည်က ပို၍ ဆိုးဝါးသည်” ဟူသော ဆိုရိုးကို မြန်မာအစိုးရနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးတို့ သတိပြုစေချင်ပါသည်။ ထိထိရောက်ရောက်ဆက်သွယ်စစ် ဆေးရန်၊ ဝန်ခံထားသော မြန်မာအလုပ်သမားတရားခံကို သွား ရောက် တွေ့ဆုံရန်အ ပူတပြင်းလိုအပ်နေပြီဟုယူဆပါသည်။ 
ကျနော်မေးလိုသော မွေးခွန်းများရှိနေပါသည်။ 
ဤမျှ လျှို့ဝှက်ရှုပ်ထွေးနက်နဲလှသော ကမ္ဘာသိ လူသတ်မှု ကြီးကို အခြေခံပညာ နည်းပါးလှသော၊ အဘယ်သူကောင့်သား မြန်မာရွေ့ပြောင်း အလုပ် သမား ဥာဏ်ကြီးရှင်သည်၊ ဤကာလအထိ ကျွမ်း ကျင်လိမ္မာပါးနပ်စွာ ပုန်းရှောင်တိမ်းရှောင်နိုင်ခဲ့ပါသနည်း။ 
ထိုင်းမာဖီးယားနှင့်ထိုင်းရဲတို့ ၊မြန်မာအလုပ်သမားကို တရားခံအဖြစ် လူစားထိုးရန် ကြံစည် နေလေသလော………..   လို.ဒီဖြစ်စဉ် အစောပိုင်းမှာ သူ.ရဲ. Facebook မှာ ရေးသားလာခဲ့ပါတယ် 
The Mirror - UK
ထိုင်းရဲတပ်ဖွဲ့က လုပ်ဆောင်ထုတ်ပြန်ချက်တွေကို အယုံအကြည် မရှိလို.လွတ်လပ်မျှတစွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အွန်လိုင်းတွင် လက်မှတ်ထိုး လှုံ့ဆော်မှုတစ်ရပ်ကို ဂျပန်နိုင်ငံသား Christopher Harkins ကလည်း လုပ်ဆောင်နေပါတယ် ။မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်မှု ကျူးလွန်တယ်လို. အတင်းအကျပ် ဖိအားပေး ထွက်ဆိုခိုင်းထား တာ ထင်မြင်ပြီး ဗြိတိန်စုံတွဲ အသတ်ခံရမှုကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေမှုအပေါ် မယုံကြည်ကြောင်း၊ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုကို ထိုင်းအစိုးရနှင့် ယူကေအစိုးရ ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုထားတယ်လို. ၎င်းကဆိုပါတယ် ။
အဲ့ဒီလိုပဲ မြန်မာနှစ်ဦးကိစ္စကို မျှမျှတတ လုပ်ဆောင်ပေးဖို.ယနေ. ရောက်ရှိလာမယ်. ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာရဲ. မြန်မာနိုင်ငံခရီးစဉ်အတွင်း  မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားလာခဲ့ပါတယ် ။
အဆိုပါ မြန်မာနှစ်ဦး ဖမ်းဆီးခံရသည့်ကိစ္စ ဖြေရှင်းပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်မှ တစ်ဆင့် ထိုင်းအစိုးရကို ပြောဆိုထားသော်လည်း ထိုင်းအစိုးရက လိုလိုလားလား လက်မခံသဖြင့် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ထပ်မံဖိအားပေး တိုက်တွန်းသွားမှာ ဖြစ်တယ်လို.အဲ့ဒီ အကြီးတန်းအရာရှိက ပြောဆိုပါတယ် ။
Ref ;  ရိုးရာလေး ၊ ပရလောကမှ ရှားပါးမှတ်တမ်းများ ၊ Hmuu Zaw , 7 Day Daily , Irrawaddy , Daily Eleven , Boon Myo Myo FB &  လင်းယုန်မာန် FB 
ဆက်စပ်ဖတ်ရှုရန်များ
 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၁ )
 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၂ )
 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၃ )
 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၄ )
No comments:
Post a Comment