
မြန်မာ့တပ်မတော်ဆိုင်ရာ ပိုစ့်တစ်ခုရေးဖို့အတွက် စပြီး အချက်လက်တွေစုမိတော့ ကျွှန်တော်အားသန်တဲ့ ရေတပ်အချက်လက်တွေက အများဆုံးဖြစ်နေတာမို့ ဒီနေ့တော့ တပ်မတော်(ရေ)ဆိုင်ရာ ၂၀၁၂နှောင်းပိုင်းနှင့်၂၀၁၃အကြား စိတ်ဝင်စားဖွယ်အချက်လက်များကို ဖော်ပြပေးပါ့မယ်...။ အချက်လက်အမှားများရှိပါက ကျွှန်တော့်ရဲ့ အားနည်းချက်သာလျှင်ဖြစ်ပါတယ်ခင်ဗျာ...။
တပ်မတော်(ရေ)အနေဖြင့် နိုင်ငံတကာရေတပ်မတော်မျာနည်းတူ ပင်လယ်ပြင်ကာကွယ်ရေးကို အဓိကတာဝန်ယူထမ်းဆောင်နေတဲ့ အဖွဲ့စည်းဖြစ်ပါတယ်...။ ပင်လယ်ပြင်ကာကွယ်ရေးအနေနှင့် အကြမ်းအားဖြင့် ကမ်းနီးရေတိမ်ပိုင်းနှင့် ကမ်းဝေရေပြင်ပိုင်းလို့ အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါတယ်...။
၂၀၀၈ခုနှစ်နှောင်းပိုင်းက စတင်ခဲ့တဲ့ ဘင်္ဂလားနှင့် ဖြစ်ခဲ့တဲ့ အဖြစ်ပျက်ကို မြန်မာနိုင်ငံသားတိုင်းမေ့ကြမယ် မထင်ပါဘူး.. အဲ့ချိန်က မြန်မာ့ရေပြင်နက်အတွင်း သဘာဝဓါတ်ငွေ့ရှာဖွေရေးလုပ်နေတဲ့ တောင်ကိုးရီးယားရဲ့ ဒေဝူးနှင့်အတူ အစောင့်ရေတပ်ရေယာဉ်များကို ဘင်္ဂလားရေတပ်မှ ဝင်ရောက်ရန်ရှာရင်း နှစ်နိုင်ငံရေတပ်များအကြား အခြေအတင်ဖြစ်ခဲ့ပါတယ်...။ အဲ့နောက်ပိုင်းမှာတော့ နှစ်နိုင်ငံရေတပ်များအကြား အပြန်အလှန် ပင်လယ်ပြင်အတွင်း စောင့်ကြည့်ခြင်းများရှိလာခဲ့ပြီးတော့ ရေတပ်များကိုလည်း အပြင်းအထန်တိုးချဲ့ခဲ့ကြပါတယ်...။
![]() |
၇၇၂ ဘုရင့်နောင် အပေါ့စားဖရီးဂိတ်စစ်ရေယာဉ် (Light Frigate) |
တပ်မတော်(ရေ)အနေဖြင့် ရန်အမျိုးစားရေယာဉ်များ၊၁ဂျီ ဒုံးတပ်ရေယာဉ်များ၊၅စီးရီး အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များ၊ကော်ဗတ်စစ်ရေယာဉ်များနှင့် တပ်တော်ဝင်ခါစ အောင်ဇေယျ ဖရီးဂိတ် စစ်ရေယာဉ်တွေကို ဘင်္ဂလားရေတပ်ကို တန်ပြန်တိုက်ခိုက်ဖို့အတွက် အသင့်အနေထားဖြင့် ထားရှိခဲ့ရပါတယ်...။ အစွမ်းထက်လှတဲ့ ရေတပ်ရဲ့ ဒုံးတပ် FACများကြောင့်လည်း ဘင်္ဂလားရေတပ်အပေါ် အတော်လေး ထိန်းချုပ်နိုင်ခဲ့ပါတယ်...။ ဒီအချက်ကို ကောင်းကောင်းသိတဲ့ ဘင်္ဂလားရေတပ်အနေဖြင့်လည်း သူတို့ရဲ့ FAC များကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းများ ပြုလုပ်လာရပါတော့တယ်...။ ဘယ်လိုပင် ကြိုးစားနေကြပင်မယ့် တပ်မတော်(ရေ)ဟာ ဒုံးတပ်ရေယာဉ်အပိုင်းမှာ သာလွန်အင်အားနှင့် တည်ရှိနေခဲ့ပါပြီ..။
တပ်မတော်(ရေ)ဟာ ပြည်တွင်းထုတ်ရေယာဉ်များအပြင် ပြည်ပမှဖရီးဂိတ်စစ်ရေယာဉ်များကိုလည်း တည်ဆောက်မှုနည်းပညာ၊တပ်ဆင်လက်နက်စနစ်များအတွက် လေ့လာနိုင်စေရန် ရည်ရွှယ်ကာ တရုပ်တပ်မတော်မှ Type-03H1 ဖရီးဂိတ်စစ်ရေယာဉ် ၂စင်း (F-21 နှင့် F-23) ဝယ်ယူခဲ့ပါတယ်...။ ထူးခြားချက်ကတော့ အဆိုပါရေယာဉ်များရဲ့ ဒုံးစနစ်ကို ပြောင်းလဲပစ်ခဲ့တာပါဘဲ...။ သာမာန် HY-2 ဒုံးများကို အစွမ်းထက်လှတဲ့ စီ-၈၀၂အေ (C-802A) ဒုံး ၈စင်းနှင့် ပြောင်းလဲတပ်ဆင်ခဲ့ပြီးတော့ အီလက်ထရောနစ်စစ်ဆင်ရေးအပိုင်းကိုလည်း အဆင့်မြှင့်တင်ကာတပ်ဆင်ခဲ့ပါတယ်...။
![]() |
အက်ဖ်-၂၁ မဟာဗန္ဓုလ ဖရီးဂိတ်စစ်ရေယာဉ် |
၂၀၁၂နှောင်းပိုင်း(စက်တင်ဘာလ)မှာတော့ အာလုံးဘဲမျှော်လင့်နေကြတဲ့ ကျန်စစ်သား ကိုယ်ပျောက်နည်းပညာသုံး ဖရီးဂိတ် စစ်ရေယာဉ်ကြီးကို ရေတပ်သင်္ဘောကျင်းကနေဘဲ
ရေချနိုင်ပါတော့တယ်...။ သူ့အရင် တပ်တော်ဝင်ခဲ့တယ့် အောင်ဇေယျဖရီးဂိတ်လို မြန်မာ့ရေပြင် ပိုင်နက်ကာကွယ်ပေးမယ့် စွမ်းရည်ထက်မြက်တဲ့ဖရီးဂိတ်ကြီး တစ်စင်းဖြစ်လို့ တပ်မတော်(ရေ)နှင့်အတူ ဂုဏ်ယူဝမ်းသာမိပါတယ်...။ တပ်မတော်(ရေ)ရှိ ရေတပ်အင်ဂျင်နီယာများကိုလည်း လေးစားမိပါတယ်...။
၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့မှာကျရောက်တဲ့ ရေတပ်မွေးနေ့မှာတော့ ၄၉မီတာ ကိုယ်ပျောက်နည်းပညာသုံး အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၄၉၁ နှင့်အတူ စစ်ရေယာဉ် ၄စင်း တပ်တော်ဝင်နိုင်ခဲ့ကြပါတယ်...။ အဲဒီအထဲမှာမှ ၄၉၁ စစ်ရေယာဉ်အား ကိုယ်ပျောက်နည်းပညာသုံး အမြန်သွားတိုက်ခိုက်ရေးရေယာဉ်(ဒုံးတပ်)ဖြစ်လို့ ဒေသတွင်းနိုင်ငံများအကြား စိတ်ဝင်စားဖွယ်ရာများ ဖြစ်စေခဲ့ပါတယ်....။
![]() |
တပ်တောင်ဝင် စစ်ရေယာဉ်များ |

တပ်မတော်(ရေ)ရဲ့ ပထမဆုံးသော ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ်များရဲ့ သမိုင်းခြေလှမ်းအစလို့လည်း သတ်မှတ်နိုင်ပါတယ်...။
တပ်တောင်ဝင်ခဲ့တဲ့ ၄၇မီတာအရှည်ရှိ ၅၆၇,၅၆၈,၅၆၉နှင့်၅၇၀ အမြန်တိုက်ခိုက်ရေး(Gun Class) ရေယာဉ်များဟာလည်း တပ်မတော်(ရေ)ရဲ့ ပင်လယ်ပြင်ကာကွယ်ရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ပါတယ်....။ Gun Class FACများနေအဖြင့် ၄၀မမနှင့် ၁၄.၅မမ လက်နက်စနစ်များအတိုင်းသာ တပ်ဆင်ထားပင်မယ့်လို့ စစ်ဆင်ရေးလိုအပ်ချက်အပေါ်မူတည်ပြီး စွမ်းရည်မြှင့် လက်နက်စနစ်များတပ်ဆင်ပေးနိုင်တယ်ဆိုတာ ရေတပ်ရဲ့ ယိုးဒယား ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့တယ့် စစ်ရေယာဉ် ၅၆၁နှင့် ၅၆၂ ရေယာဉ်များကို ကြည့်ရင် သိနိုင်ပါတယ်...။
![]() |
ယိုးဒယားခရီးစဉ်အတွင်း လက်နက်အပြည့်စုံတပ်ဆင်ထားသည့် တိုက်ရေယာဉ် ၅၆၁ |

၂၀၁၃ခုနှစ် ဇန်နဝါရီလထဲမှာတော့ ရေတပ်သင်္ဘောကျင်းအတွက် အားဖြည့်မှုအဖြစ် တပ်မတော်(ရေ) စီမံခန့်ခွဲမှုနှင့် အင်ဂျင်နီယာ အရာရှိငယ် သင်တန်းဆင်းပွဲကျင်းပနိုင်ခဲ့ပြန်ပါတယ်...။ အနာဂါတ် တပ်မတော်(ရေ)ရဲ့ စစ်ရေယာဉ်တည်ဆောက်မှုအတွက် အားသစ်လောင်းခြင်းလည်း ဖြစ်ပါတယ်...။
ဖေဖဝါရီလထဲမှာတော့ တပ်မတော(ရေ)ရှိ ၅၆၁နှင့် ၅၆၂ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များရဲ့ ယိုးဒယားခရီးစဉ်ကတော့ ဒေသတွင်းရေတပ်များအကြား အထူးစိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်..။ အကြောင်းကတော့ ရေတပ်စစ်ရေယာဉ်များရဲ့ မြင်နေကြမဟုတ်တဲ့ လက်နက်စနစ်များ၊ အီလက်ထရောနစ် စစ်ဆင်ရေးကိရိယာများနှင့် စွမ်းရည်မြှင့် ပဲ့ထိန်းဒုံးများကို တပ်ဆင်ထားခြင်းဘဲဖြစ်ပါတယ်...။
တပ်မတော်(ရေ)ရဲ့ မဟာဗန္ဓုလ ဖရီးဂိတ်စစ်ရေယာဉ်အနေဖြင့်လည်း မလေးရှားနိုင်ငံ လန်ကာဝီမှာပြုလုပ်တဲ့ LIMA 13 အခမ်းနားကို တက်ရောက်ခြင်းဖြင့် တပ်မတော်(ရေ)ရဲ့ အားသစ်တစ်ရပ်ကို ပထမဆုံးအကြိမ်အဖြင့် ပြသနိုင်ခဲ့ပြန်ပါတယ်...။
![]() |
ဆရာရှမ်း ရေပေါ်လွန်းတင်ယာဉ် |
ဧပြီလ (၉) ရက်နေ့မှာတော့ တပ်မတော်(ရေ)၏ ပထမဦးဆုံး Floating Dock ဖြစ်တဲ့ ဆရာရှမ်းကို တပ်တောင်ဝင်နိုင်ခဲ့ပြီး တပ်မတော်(ရေ)ရဲ့ စွမ်းရည်ကို မြှင့်တက်စေခဲ့ပါတယ်...။ အဆိုပါ ဆရာရှမ်း ရေယာဉ်နှင့်ပတ်သက်ပြီးတော့ Myanmar Navy (Officially မဟုတ်တဲ့) ပေ့ခ်မှာ
(...UMS- SAYA SHAN သည် တပ်မတော်(ရေ)၏ အရွယ်အစား အသင့်အတင့်ရှိ ဗျုဟာမြောက် စစ်ရေယာဉ်များအတွက် နှစ်ပတ်လည်လွန်းတင်ပြင်ဆင်ြ
တဆက်တည်းမှာဘဲ တပ်မတော်(ရေ)ရဲ့ တင့်ကားတင် ကမ်းထိုးရေယာဉ်များဖြစ်တဲ့ ၁၆၁၂နှင့် ၁၆၁၃ ရေယာဉ်များ တပ်တော်ဝင်လာခဲ့ပါတယ်...။ ဧပြီလ(၉)ရက်နေ့ဟာဆိုရင်တော့ တပ်မတော်(ရေ)အတွက် အစွမ်းထက်တဲ့အားသစ်များပိုင်ဆိုင်တဲ့နေ့လို့တောင် ဆိုရနိုင်ပါတယ်...။
ဧပြီလ(၉)ရက်နေ့အတွင်းမှာ (၅၆၃၊၅၆၄၊၅၆၅၊၅၆၆) အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် (၄)စင်း၊ တင့်ကားတင် ကမ်းထိုးရေယာဉ် (၂)စင်းနှင့်အတူ ရေပေါ်လွန်းရေယာဉ် ဆရာရှမ်းတို့ စုစုပေါင်း(၇)စင်း တပ်တော်ဝင်နိုင်ခဲ့ပါတယ်...။ ကမ်းထိုးရေယာဉ်များအနေဖြင့်လည်း ပြည်တွင်းထုတ် BTR-3U သံချပ်ကာယာဉ်တင်ဆောင်နိုင်စွမ်းရှိပါတယ်...။
![]() |
တပ်တော်ဝင် စစ်ရေယာဉ်များ |
အဲ့ဒီနောက်မှာတော့ တပ်မတော်(ရေ)ဟာ ကယ်ဆယ်ရေးလုပ်ငန်းများ၊ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ တာဝန်များထမ်းဆောင်ရင်း မြန်မာ့ရေပြင်အတွင်း ငါးခိုးလှေများဖမ်းဆီးခြင်းစသည်ဖြင့် ပင်လယ်ပြင်ကာကွယ်ရေးတာဝန်များကျေပွှန်ခဲ့ကြပါတယ်...။ သက်တမ်အားဖြင့် ၂၀ကျော်ရှိပြီဖြစ်တဲ့ ယူဂိုအမျိုးစား ကမ်းခြေစောင့်တိုက်ရေယာဉ် ၄၂၆ ရဲ့ ယိုးဒယားငါးခိုးလှေဖမ်းဆီးရမိမှုဟာလည်း စက်တင်ဘာလအတွင်း တပ်မတော်(ရေ)ရဲ့ ဂုဏ်ယူကြရတဲ့ အဖြစ်ပျက်တစ်ခုဖြစ်ပါတယ်...။
တပ်မတော်(ရေ)အနေနှင့် လက်ရှိအချိန်မှာ အင်အားတောင့်တင်တဲ့ ရေတပ်မတော်တစ်ရပ် ပိုင်ဆိုင်နေပြီလို့ ဆိုနိုင်ပင်မယ့် အင်အားကြီးရေတပ်တစ်ခုဖြစ်လာစေဖို့အတွက်ဆိုရင်တော့ ရှိရင်းစွဲ ဖရီးဂိတ်များနည်းတူ စွမ်းရည်ထက်မြက်တဲ့ ဖရီးဂိတ်စစ်ရေယာဉ်များလိုအပ်နေဆဲပါ...။ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များဟာ ကန့်သတ်ချက်များရှိပြီး ကမ်းနီးရေတိမ်ပိုင်းကို အဓိကထားရတဲ့ အတွက် ကမ်းဝေးပင်လယ်ပြင်ကို စိုးမိုးနိုင်ဖို့ ဖရီးဂိတ်စစ်ရေယာဉ်များ အလုံအလောက်ပိုင်ဆိုင်ထားရပါမယ်...။ အိမ်နီးချင်းရေတပ်များရဲ့ တိုးချဲ့မှုများကို အစဉ်မပြတ်စောင့်ကြည့်နေရပါမယ်...။
ဒီဇင်ဘာလ(၂၄)ရက်နေ့မှာကျရောက်မယ့် တပ်မတော်(ရေ)ရဲ့ (၆၆)နှစ်မြောက် မွေးနေ့မှာတော့ ဘယ်လိုရင်ခုန်စရာတွေဖြစ်လာဦးမလည်းဆိုတာ မသိရသေးပါဘူး...။ ကျန်စစ်သားဖရီးဂိတ်အနေနှင့် တပ်တော်ဝင်နိုင်မလား၊တတိယပြည်တွင်းထုတ် ဖရီးဂိတ်ရေချနိုင်မလား၊ ၇၇၃ ကော်ဗတ်ရေယာဉ်ရေချနိုင်မလားဆိုတာကတော့ မကြာတော့တဲ့အချိန်အတော်အတွင်းမှာ သိရှိနိုင်တော့မှာဖြစ်ပါတယ်...။
(ပုံများနှင့်အချက်လက်များအား မြန်မာနေဗီနှင့် Deparko စာမျက်နှာများအား အခြေခံ၍ ဖော်ပြပေးထားခြင်းဖြစ်ပါသည်...။)
Myanmar Defence Weapons
ဆက်စပ်ဖတ်ရှုရန်များ .... * ရေကြောင်းရဲတပ်ဖွဲ. နှင်. ကမ်းခြေစောင်. တိုက်ရေယာဉ်ငယ်များ
* တပ်မတော် ( ရေ ) ၏ ပိုမိုပြည်.စုံသော အနာဂတ်များဆီသို.
* ရေတပ်ဆိုင်ရာ အတွေးအခေါ်အပိုင်းအစများ
* အိမ်နီးချင်းနိုင်ငံများက ရေတပ်အင်အား တိုးချဲ့နေကြပြီ
No comments:
Post a Comment