Tuesday, November 17, 2015
ချစ်သူ (ကောင်လေး) ကို မပြောသင့်သော စကား(၁၀)ခွန်း
၁) “တော်ပြီ…
နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”
ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေချာရင်… ဟန်ဆောင်ပြီး လမ်းခွဲမယ်ဆိုတဲ့စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို
တကယ်ချစ်တဲ့သူဆိုရင်… သူတော်တော်ခံစားရပါတယ်… ဒီစကားက
သူမကြားချင်ဆုံးစကားပါပဲ… ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ
စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲလာတတ်တယ်…
၂) “ကို… ကို့အရင်ကောင်မလေးကို ဘယ်လောက်ထိချစ်ခဲ့လဲဟင်”
ချစ်သူရဲ့  အရင်ရည်းစားအကြောင်းကို ခဏခဏမမေးမိပါစေနဲ့… သူစိတ်ရှုပ်လာတတ်တယ်…
ငါ့ကောင်မလေးက ငါ့ကို ဒီလောက်တောင်မယုံဘူးလား…
နားမလည်ပေးနိုင်ဘူးလားဆိုပြီး တွေးလာတတ်တယ်…
သိထားသင့်ရုံလောက်မေးထားသင့်ပါတယ်… ခဏခဏ စိတ်ရှိတိုင်း လိုက်လိုက်ပြီး
မမေးနဲ့ပေါ့နော်… တော်ကြာကိုယ့်ကြောင့်
သူ့အရင်ကောင်မလေးအကြောင်းပြောပြရပါများပြီး… အရင်ကောင်မလေးကို
ပြန်စိတ်လည်သွားမှ ဒုက္ခ…
၃) ကိုယ့်ချစ်သူကို လူ့ရှေ့သူ့ရှေ့မှာ မအော်မိပါစေနဲ့… မဆူမိပါစေနဲ့
 ယောက်ျားမာနကမသေးဘူးနော်…
သူတို့ ဘယ်လောက်မှားနေမှားနေ မအော်သင့်ပါဘူး… သူတို့ကို သိက္ခာကျစေပါတယ်…
ကိုယ့်ကို စိတ်နာသွားတတ်တယ်… ပြီးတော့ကိုယ့်ကိုလည်း အဆင့်မရှိတယ်
မိန်းမလို့ထင်သွားတတ်တယ်… တကယ်က ကိုယ်တို့က
စိတ်အရမ်းဆိုးသွားပြီးအော်မိကြတာပါ… ဒါပေမယ့် မကောင်းပါဘူး…
၎) ကိုယ့်ချစ်သူကျူးလွန်ခဲ့တဲ့ အရင်က အပြစ်တွေကို ခဏခဏ ပြန်မပြောမိပါစေနဲ့…
 ကိုယ့်ကိုရော အရင်က အပြစ်တွေ ခဏခဏ ပြန်ပြန်ပြီး လာပြောနေရင်ကြိုက်မလား…
ဘယ်ကြိုက်မလဲနော်… စိတ်ညစ်တာပေါ့… သူတို့လဲ ဒီလိုပဲ… ကိုယ်က ပွစိပွစိနဲ့
အရင်က ဟာတွေပြန်ပြန် ပြောနေရင် စိတ်ညစ်ကြမှာပေါ့…
၅) “ကိုကလဲ ဒါလေးတောင် မသိဘူးလား” (သို့) “ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့
ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ အားမလို အားမရ ဖြစ်ဖြစ် ဒီလိုပြောလိုက်ရင်
သူစိတ်ထိခိုက်သွားလိမ့်မယ်… သူ့ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် အထင်သေးတဲ့
စကားမျိုး မပြောမိပါစေနဲ့… ကိုယ်သူ့ကို တကယ်ချစ်တယ် ဆိုရင် သူ့ကို
တန်ဖိုးထားပြီး လေးစားသင့်တာပေါ့နော်…
၆) ပြီးတော့ ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ဒေါသဖြစ်နေနေ မဆဲမိပါစေနဲ့…
 ရှေ့မှာပြောခဲ့သလိုပဲ တကယ်ချစ်ရင် တန်ဖိုးထားသင့်တာပေါ့… သူကတချိန်ချိန်မှာ
ကိုယ့်ရဲ့  အိမ်ထောင်ဦးစီး ဖြစ်မှာလေ… (ရည်ရွယ်ထားရင်ပေါ့…) ဒီတော့
တယောက်ကို တယောက် လေးလေးစားစား ဆက်ဆံတာ အကောင်းဆုံးပေါ့…
၇) “ကိုနဲ့ ချစ်သူဖြစ်ပြီးကတည်းက ချစ်မှာ သူငယ်ချင်းကို သိပ်မရှိတော့ဘူး …
အဲဒါကို့ကြောင့်
…”
တကယ်တမ်းက သူနဲ့ ချစ်သူဖြစ်ပြီး သူ့ကို ချစ်တော့ သူ့အတွက်ပဲ အချိန်တွေပေးဖြစ်ပြီး
ကိုယ်က သူငယ်ချင်းတွေနဲ့ အဆက်အဆံကြဲသွားတတ်ပါတယ်…
အဲဒါကိုယ့်ချစ်သူကြောင့်လို့ အပြစ်မတင်သင့်ဘူး ဘာလို့လဲ ဆိုတော့ သူ့ကို
ချစ်လို့ ကိုယ်ပြောင်းလဲသွားတာလေ… သူက အတင်း သူငယ်ချင်း
ဖြတ်ခိုင်းတာဆိုရင်တော့ တမျိုးပေါ့နော်…
၈) “ကိုကလေ တခါတခါ အခြောက်နဲ့တူတယ် သိလား
တခါတလေ အခြောက်နဲ့ တူသွားတဲ့ အပြုအမူတချို့ လဲ ရှိရင် ရှိမှာပေါ့… ဒါပေမယ့်
အခြောက်နဲ့ တူတယ်လို့ သွားပြောလိုက်ရင်တော့ မကောင်းပါဘူး… သူ့ကို
စော်ကားရာရောက်ပြီး သူစိတ်ဆိုးသွားလိမ့်မယ်… တကယ်ခြောက်နေတဲ့ လူတချို့ 
တောင် သူတို့ကို အခြောက်နဲ့ တူတယ်လို့ ပြောရင် မကြိုက်ကြပါဘူး…
၉) ကိုယ့်ချစ်သူရဲ့  ဆွေမျိုးတွေ မိဘတွေ မကောင်းကြောင်း ဘယ်တော့မှ မပြောမိပါစေနဲ့ … တကယ်မကောင်းလို့ ပါးစပ်ကနေထုတ်ညည်းချင်တယ်ဆိုရင်တောင်
သူ့ရှေ့မှာ
မညည်းမိပါစေနဲ့… သူ့ဆွေမျိုး သူ့မိဘကို ကိုယ့်ဆွေမျိုး ကိုယ့်မိဘလိုပဲ
သဘောထားလိုက်ပါ…
၁၀) “ကိုက ချစ်စိတ်ကို ချစ်သူငယ်ချင်းတွေလောက်တောင် နားမလည်ပါလား
ကိုယ့်ချစ်သူကို ကိုယ့်ရဲ့  သူငယ်ချင်းတွေနဲ့လဲ မနှိုင်းနဲ့ ကိုယ့်သူငယ်ချင်းရဲ့ 
ရည်းစားတွေနဲ့လည်း မနှိုင်းနဲ့… ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မနှိုင်းပါနဲ့…
ကိုယ့်ချစ်သူကလည်း ကိုယ့်ကို အတတ်နိုင်ဆုံး အလိုလိုက်နေတာပဲ… ချို
့ယွင်းချက်လေးတွေတော့ရှိမှာပေါ့… (အလိုမလိုက်တဲ့ချစ်သူဆိုရင်တော့
တမျိုးပေါ့နော်…) ကိုယ်က သဘောထားကြီး နိုင်သလောက်ကြီးပေးထားပါ…
အတိုင်းအတာတစ်ခုအထိပေါ့…
ချစ်သူအားလုံး
ပျော်ရွှင်စွာ ထာဝရ လက်တွဲသွားနိုင်ကြပါစေ… 
သရဲ မည်း ရှည်
 (  ကျွန်တော်တို့ ရွာဘက်တွေမှာ ပဲနဲ့ နှမ်းကို အဓိက စိုက်ပျိုးကြပါတယ်။ သဲမြေတွေပေါ်မှာ စိုက်ကြရတာပါ။ ပဲတွေ၊ နှမ်းတွေ ရင့်မှည့်ချိန်မှာ ရွာထဲက အိမ်ကို သယ်ဆောင် မလာသေးဘဲနဲ့ ယာခင်းထဲမှာပဲ ခဏ ထားကြပါတယ်။ ပဲ ဆိုရင် ပဲပင်တွေကို နုတ်ပြီး ပဲသီးကို ခြောက်အောင် ထားကြရပါတယ်။ နှမ်းဆိုရင် နှမ်းပင်တွေကို နုတ်ပြီး ခြောက်သွားအောင် ထောင်ထားကြပါတယ်။ အဲဒီလို အပင်တွေနုတ်ပြီး ယာခင်းထဲ ထားတဲ့ ရက်ပိုင်းမှာ သူခိုးတွေရဲ့ရန်က ကာကွယ်ဖို့ တဲကလေးထိုးပြီး ယာခင်းထဲမှာ သွားစောင့်ကြရပါတယ်။ ညနေခင်း ရောက်ပြီဆိုရင် အိမ်ကနေ ထမင်းနဲ့ စောင်ထုပ်ဆွဲပြီး ယာခင်း စောင့်ဖို့ သွားကြရတယ်။ ယာခင်းမှာ ညအိပ်စောင့်ပြီး မနက်ခင်းကြမှ ရွာကို ပြန်လာလေ့ရှိကြပါတယ်။ ကျွန်တော်လည်း အဖေနဲ့အတူ ယာခင်းစောင့် လိုက်ခဲ့ဖူးပါတယ်။ ညမှောင်ပြီဆိုရင် ကြောက်ဖို့တော့ အကောင်းသား။ လူသွားလူလာကလည်း မရှိ၊ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း မှောင်မဲနေတာပဲ။ ယာခင်းစောင့်တဲ့ တဲတွေကလည်း တစ်တဲနဲ့ တစ်တဲ အလှမ်းဝေးပါတယ်။ ကျွန်တော်တို့ ရွာဓလေ့နဲ့ မရင်းနှီးတဲ့ သူတွေသိအောင် ပြောရခြင်း ဖြစ်ပါတယ် )
 ကိုသာအောင် တစ်ယောက် ယာခင်းစောင့်ဖို့ ဆိုပြီး ညနေပိုင်းမှာ ရွာကနေ ထွက်လာခဲ့ပါတယ်။ သူစောင့်ရမယ့် ယာခင်းဟာ ကျွန်းဖိုကုန်းဘုရားရဲ့ မြောက်ဘက် ခပ်လှမ်းလှမ်းမှာ ရှိတာပါ။ ကျွန်းဖိုကုန်း ဘုရားဟာ ကျွန်တော်ရေးခဲ့တဲ့ (ကျွန်တော်ကြားခဲ့ရသော ကြပ်တစ္ဆေတို့၏ အသံများ) အကြောင်းမှာ ပါပြီးသား ဖြစ်ပါတယ်။ ကိုသာအောင်ဟာ သရဲဘောနည်းတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါကြောင့် ညဘက် ယာခင်းစောင့်ဖို့အတွက် သူတစ်ယောက်တည်း လာခဲ့တာပါ။ ဒီလိုနဲ့ ညဘက်ရောက်တော့ ယာခင်းရဲ့ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ရင်း ခဏတော့ အိပ်ဦးမယ်ဆိုပြီး အိပ်ယာပေါ်မှာ လှဲနေလိုက်ပါတယ်။ မနက်ဖြန် မနက်စောစော အိပ်ကို ပြန်ပြီး လုပ်စရာ ကိစ္စတွေ ရှိနေသည့်အတွက် ကိုသာအောင် တစ်ယောက် စိတ်စောနေလို့ အိပ်ရာကနေ ခဏ၊ ခဏ နိုးနေတယ်။ အဲဒီလို ဇောနဲ့ အိပ်နေရင်းနားက ကိုသာအောင် ဖြတ်ခနဲ နိုးလာတဲ့အခိုက် အိပ်ရာက ထပြီး ယာခင်း ပတ်ဝန်းကျင်ကို လေ့လာပါတယ်။ လရောင်က ရှိနေသည့်အတွက် ဝိုးတဝါး အလင်းရောင်တော့ ညက လုံးဝ မှောင်မဲမနေပါ။ အဲဒီလို ကိုသာအောင် ယာခင်း ပတ်ဝန်းကျင်ကို လေ့လာနေတဲ့ အခိုက်မှာ အဝေးဆီက ကြက်တွန်သံ သဲ့သဲ့ကို ကြားလိုက်ရပါတယ်။
“ဟင် … လင်းကြက်တွန်သံတောင် ကြားရပြီပဲ။ ရွာကို ပြန်မှပဲ”
ကိုသာအောင် တစ်ယောက်တည်း ရေရွက်လိုက်ပါတယ်။
ကိုသာအောင် ကြက်တွန်သံကို ကြားရလို့ မနက် (၄) နာရီလောက် ရှိပြီထင်ပြီး ပြန်ဖို့ ပြင်ပါတော့တယ်။ ဟုတ်သည်လေ။ အိမ်မှာ လုပ်စရာ အလုပ်တွေကလည်း ရှိသေးသည် မဟုတ်ပါလား။ ကျွန်တော်တို့ တောဘက်မှာ နာရီ ပတ်ခဲပါတယ်။ မြို့တက်မှသာ နာရီကို များသောအားဖြင့် ပတ်ကြတာပါ။ ဒါကြောင့် ကိုသာအောင်မှာ နာရီ မပါပါဘူး။ ကြက်တွန်သံနဲ့သာ အချိန်ကို မှတ်ကြတာပါ။ ဒီလိုနဲ့ ကိုသာအောင်တစ်ယောက် အထုပ်ဆွဲပြီး ရွာကို ပြန်လာပါတော့တယ်။
တကယ်တမ်း သူကြားခဲ့ရတဲ့ ကြက်တွန်သံက လင်းကြက်တွန်သံ မဟုတ်ဘဲ လူကြီး ခေါင်းချချိန်လောက်မှာ တွန်တဲ့ ကြက်တွန်သံပဲ ဖြစ်ပါတယ်။ ဒါကို စိတ်စောလွန်းနေတဲ့ ကိုသာအောင်က လင်းကြက်တွန်သံလို့ ထင်ခဲ့တာပါ။ ကိုသာအောင် မှောင်မှောင်မဲမဲထဲမှာ ရွာဆီကို ပြန်လာခဲ့ပါတယ်။ သူ့မှာ ဓာတ်မီးလည်း ပါမလာပါဘူး။ ဒီလမ်းတွေက ကျွမ်းကျင်ပြီးသား လမ်းတွေဆိုတော့ မျက်စိမှိတ်ပြီးတောင် လျောက်လို့ရနေပါတယ်။ ဒါကြောင့် ဓာတ်မီး ယူမလာဘဲ ခပ်ဖျော့ဖျော့ လရောင်ကိုသာ အားပြုပြီး ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်းဖိုကုန်းဘုရားကို ကျော်လာခဲ့တယ်။ ကိုသာအောင် မကြောက်တတ်ပေမယ့် ကျွန်းဖိုကုန်း ဘုရားကို ဖြတ်လာတုန်းက ကြောထဲက စိမ့်သွားပါတယ်။ ဟုတ်တယ်လေ။ ဘုရားနားတစ်ဝိုက်က နာမည်ကြီးတာကိုး။
ဘုရားကျော်လာတော့ ကိုသာအောင်တစ်ယောက် သူ့လိုပဲ ယာခင်းစောင့်က ပြန်လာတဲ့ အဖော်လေး ဘာလေး တွေ့လိုတွေ့ငြား လိုက်ကြည့်မိတော့ ဟိုးခပ်လှမ်းလှမ်းဆီမှာ ခပ်မည်းမည်းတစ်ခုက လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်။ ကိုသာအောင် ဝမ်းသာသွားပါတယ်။ အဖော်ရပြီပေါ့။ ဒါနဲ့ အဲဒီ ခပ်မည်းမည်းလေး လာမယ့်လမ်းထိပ်ကနေ ရပ်စောင့်နေလိုက်ပါတယ်။
အဲဒီ ခပ်မည်းမည်းလေးက လရောင်ဖျော့ဖျော့ အောက်မှာ ရုပ်လုံးပီပြင်လာပါတယ်။ ကိုသာအောင်ဆီကို တည့်တည့်ကို ရွေ့လျားလာတာပါ။ ကိုသာအောင်ကလည်း အဲဒီ ခပ်မည်းမည်း ကို ရပ်ကြည့်ပြီး စောင့်နေလိုက်တယ်။ ဒီလို စောင့်နေရင်းနဲ့ ခဏကြာတော့ ကိုသာအောင် သူ့မျက်လုံးကို သူ ပြန်ပွတ်ကြည့်တယ်။ ဟုတ်ပါတယ်။ အဲဒီ ခပ်မည်းမည်း က ပုံမှန်ထက် ပိုပြီးများ အရပ်မြင့်လာသလားလို့။ ကိုသာအောင် မြင်တာ မမှားပါဘူး။ ကိုသာအောင် မျက်လုံးပြူးသွားတယ်။ အဲဒီ ခပ်မည်းမည်း အရာက တဖြည်းဖြည်းနဲ့ ပိုပြီး ပိုပြီး ရှည်လာပါတယ်။ သူ့ရဲ့ လမ်းကြောင်းကတော့ မပြောင်းဘူး။ ကိုသာအောင်ဆီကို တည့်တည့်ပါပဲ။
ကိုသာအောင် မျက်လုံးပြူးပေမယ့် ရပ်စောင့်ကြည့်နေတုန်းပါပဲ။ ကိုသာအောင်က ဘေးနားမှာ သစ်သီးတစ်လုံး ကြွေကျတာနဲ့ ကမ္ဘာပျက်ပြီဆိုပြီး ထွက်ပြေးတတ်တဲ့ ယုန်သူငယ်လို လူမျိုးမှ မဟုတ်တာ။ ဒါပေမယ့် ပုထုဇဉ်ဆိုတော့ သေရမှာကိုတော့ ကြောက်တတ်တာပေါ့။ အခု ခပ်မည်းမည်း ခပ်ရှည်ရှည်ကြီးက ကိုသာအောင်နဲ့ အလှမ်းငါးဆယ် အကွာလောက်ကို ရောက်လို့လာပါပြီ။ ကိုသာအောင် လည်ပင်းအဆုံး မော့ကြည့်တာတောင် မျက်နှာကို လှမ်းမမြင်ရလောက်အောင်ကို ရှည်လာပါတယ်။ အဲဒီ အချိန်မှာ ကိုသာအောင် ကြက်သီး မွှေးညှင်းတွေ ထလာပါတော့တယ်။ ကိုသာအောင် တစ်ယောက် အဲဒီ ခပ်မည်းမည်းကြီးကို လရောင် ခပ်ဖျော့ဖျော့ အောက်မှာ အနီးကပ်ဆုံး မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ အခိုက်မှာတော့ သူ့ရဲ့ ခြေထောက်တွေက သစ္စာဖောက် အဖြစ်မခံနိုင်တော့ပါဘူး။ ရွာဆီကို တစ်ချိုးတည်း ပြေးပါတော့တယ်။ နောက်ကနေ အဲဒီ အကောင်ကြီး လိုက်လာလား၊ မလိုက်လာလားလဲ ကိုသာအောင်အောင် မသိတော့ဘူး။
ပြောရမယ်ဆိုရင် သူ့အိမ်သူ ပြန်ရောက်တာအောင် သိလိုက်မှာ မဟုတ်ပါဘူး။ သူ့လို မမြင်ဘူးလို့ မကြောက်တတ်တဲ့ လူတစ်ယောက် တကယ့်လက်တွေ့မှာ ပထမဆုံးနဲ့ အသေချာဆုံး အထင်ရှားဆုံး တွေ့လိုက်ရတော့ တော်တော့်ကို ကြောက်သွားခဲ့ပါတယ်။ ပါးစပ်ကလည်း အိမ်ရောက်တဲ့အထိ သရဲကြီး ၊ မည်းမည်းကြီး ဆိုပြီး ကယောင်ကတမ်းနဲ့ မြည်တမ်းနေပါတော့တယ်။ ဖျားသွားတာလည်း တစ်ပတ်လောက်အထိ ပါပဲ။ အဲဒီ အချိန်ကစပြီး ကိုသာအောင်တစ်ယောက် ကျွန်းဖိုကုန်း ဘုရားလမ်းဘက်ကို တစ်ယောက်တည်း မသွားရဲတော့ပါဘူး။ ရွာထဲက လူတွေကတော့ ပြောကြတယ်။
သာအောင်ရေ … မင်းနောက်ကို သရဲကြီး လိုက်မလာတာ ကံကောင်းတယ်လို့ ပြောရမှာပဲ။ အဟဲ … သမင်ဆယ်လှမ်း ကျားတစ်လှမ်းဆိုတာ ကြားဖူးတယ် မဟုတ်လား။ မင်း ဘယ်လောက်ပြေးပြေး ဒီကောင်ကြီးက တကယ်တမ်း မင်းကိုဖမ်းချင်ရင် နှစ်လှမ်း၊ သုံးလှမ်းလောက်ပဲနော်။ မင်းကို ခြောက်ရုံတင် ခြောက်လွှတ်လိုက်တာ ကံကောင်းတယ်မှတ် …. ”
 အဲဒီလို အခါမျိုးမှာ ကိုသာအောင်က
ဟုတ်တယ်ဗျို့။ ကျုပ်လည်း နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့မှ ကျုပ်ရဲ့ သတ္တိက ကိုရင်တင်ထူးရဲ့ ခြေဖျားတောင် မမှီပါလားဆိုတာ သိရတယ်ဗျို့
 ဟူ၍ ပြောတတ်သည်။
ကိုသာအောင်ပြောသော ကိုရင်တင်ထူး ဆိုသည်မှာ တကယ့် ကိုရင်ကို ပြောသည် မဟုတ်ပါ။ သူ့ထက် အသက် နှစ်နှစ်ခန့်ကြီးသော ကိုထင်ထူးကို ဆိုခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာဘက်တွင် ကိုယ့်ထက်အနည်းငယ်ကြီးသူ၊ ကိုယ်နဲ့ အရွယ်တူသူများကို သူတို့ရဲ့ နာမည်ရှေ့မှာ ကိုရင် တပ်ပြီး ခေါ်လေ့ရှိကြပါသည်။ ယခု အဖြစ်အပျက်သည် ကျွန်တော်တို့ရွာတွင် ဖြစ်ခဲ့သော တကယ့်အဖြစ်အပျက်အား တင်ပြခြင်း ဖြစ်ပါသည်။ ထိုသရဲကြီးနှင့် တွေ့ခဲ့ဖူးသူမှာ ယခုအချိန်ထိ သုံးလေးဦးခန့် ရှိပါသည်။
Written by မဟာရာဇာ အံစာတုံး
Saturday, November 14, 2015
2015 Election Record of Wakema - ၀ါးခယ်မ နှင်. ၂၀၁၅ ရွေးကောက်ပွဲ
ဆေးရုံရပ်ကွက်မဲပေးနေမှု ( Photo by လွှမ်းသီဟ )
 မည်သို.ပင် ဆိုပါစေ ယခု၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ. တွင်ကျင်းပခဲ့သည်.နိုင်ငံလုံးဆိုင်ရာ အထွေထွေ ရွေးကောက်ပွဲသည် ပါတီပေါင်း ၉၀ကျော် ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော်တို.ဖြင်. ယခင်ကျင်းပဖူးသမျှ ရွေးကောက်ပွဲတို.ထက် အင်အားစုများ စုံညီစွာ ၀င်ရောက်ယှဉ်ပြိုင်ကြမည်.ပွဲဖြစ်ပါသည် 
ဝါးခယ်မမြို.တွင် အမျိုးသားလွှတ်တော် ၊ ပြည်သူ.လွှတ်တော် ၊ တိုင်းဒေသကြီး လွှတ်တော် နှင်. တိုင်းရင်းသားရေးရာဝန်ကြီး နေရာများအတွက် ပါတီစုစုပေါင်း ( ၉ ) ခုမှ ကိုယ်စားလှယ် စုစုပေါင်း ( ၃၃ ) ယောက်တို. ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ကြကြောင်းသိရပါသည် ။
ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့သည်.ပါတီများမှာ ကရင်ပြည်သူ.ပါတီ ( KPP ) ၊ ကရင်အမျိုးသားပါတီ ( KNP ) ၊ ရခိုင်အမျိုးသားပါတီ ၊ ခောတ်သစ်ပြည်သူ.ပါတီ ( ခောတ်သစ် ) ၊မတူကွဲပြား ခြားနားခြင်းနှင်. ငြိမ်းချမ်းရေးပါတီ ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ.ဖြိုးတိုးတက်ရေးပါတီ ( တောင်သူလယ်သမားပါတီ ) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ( တစည ) ၊ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ( NLD ) ၊ ပြည်ထောင်စု ကြံ.ခိုင်ရေး နှင်. ဖွံ.ဖြိုးရေးပါတီ ( ကြံ.ခိုင်ရေး ) တို.နှင်. တစ်သီး ပုဂ္ဂလ တစ်ဦးတို. ဖြစ်ကြသည် ။
အမျိုးသား လွှတ်တော်အတွက် ဒေါက်တာဋ္ဌေးနိုင် ( ကြံ.ခိုင်ရေး ) ၊ ဦးတင်လှ ( တစည ) ၊ မန်းမြင်.စိုး ( KNP ) ၊ ဒေါက်တာပြည်.ဖြိုး ( NLD ) ၊ ဦးငွေကြည် ( တောင်သူလယ်သမား ) ၊ နမ်.ရူပါသန်း ( KPP ) တို. ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ကြပြီး  ပြည်သူ.လွှတ်တော် အတွက် ဦးသန်းအောင် ( တစည ) ၊ ဒေါ်သန်းသန်းညွန်. ( ခောတ်သစ် ) ၊ ဦးဇော်သိန်း ( NLD ) ၊ ဦးကျော်လွင် ( ကြံ.ခိုင်ရေး ) ၊ ဦးမန်းနေလင်း ( KPP ) ၊ ဦးကျော်သန်းနိုင် ( တောင်သူလယ်သမား ပါတီ) တို. ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ကြသည်။
တိုင်းဒေသကြီး လွှတ်တော် အတွက် နေရာ ၂ခု ၀င်ရောက်ယှဉ်ပြိုင် ရာ အမှတ် ( ၁ ) နယ်မြေတွင်ဦးအောင်အောင် ( ခောတ်သစ် ) ၊ မန်းနေသွေးခိုင် ( KPP ) ၊ ဦးဋ္ဌေးအောင် ( NLD ) ၊ မန်းကျော်အေး ( KNP ) ၊ ဦးကိုကိုဦး ( ကြံ.ခိုင်ရေး ) ၊ ဦးစောမြသိန်း ( တစည ) ၊ ဦးနိုင်ထင်ကျော်ဦး ( တောင်သူလယ်သမား ပါတီ) တို.နှင်. ၀ါးခယ်မ အမှတ် ( ၂ ) နယ်မြေ တွင် ဒေါ်မြင်.မြင်.စန်း ( NLD ) ၊ ဦးမြင်.အေး ( ကြံ.ခိုင်ရေး ) ၊ ဦးမြင်.ဆွေ ( တစည ) ၊ မန်းသိန်းစိုး ( KPP ) ၊ ဦးလင်းဝင်းပိုင် ( မတူကွဲပြား ) တို. ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံ ခဲ့ကြသည်။
ကရင်တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် များအဖြစ် မန်းထွန်းတင် ( KPP ) ၊ မန်းသန်းရွှေ ( ကြံ.ခိုင်ရေး ) ၊ ဂါ.မိုးမြတ်မြတ်သူ ( NLD ) ၊ မန်းစမ်းစန် ( KNP ) ရခိုင်တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် များအဖြစ် ဦးယဉ်အေး ( တသီးပုဂ္ဂလ ) ၊ ဦးစိုးဝင်း ( ရခိုင်အမျိုးသားပါတီ ) ၊ ဦးမြင်.ဖေ ( တစည ) ၊ ဦးတင်စော ( NLD ) ၊ ဦးဘကြူး ( ကြံ.ခိုင်ရေး ) တို. ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ကြသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ပြည်သူ.လွှတ်တော် ၂၆ နေရာအတွက် ပါတီ ၁၅ ခု မှ အမတ်လောင်း ၁၄၇ ဦး နှင်. တစ်သီး ပုဂ္ဂလ ၅ ဦး တို.၀င်ရောက်ယှဉ်ပြိုင်နေကြပြီး အမျိုးသားလွှတ်တော် ၁၂ နေရာအတွက် ပါတီ ၁၁ ခုမှ ကိုယ်စားလှယ် ၆၁ ဦးတို.၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော် ၅၂ နေရာအတွက် ပါတီ ၁၂ ခုမှ အမတ်လောင်း ၂၇၉ ဦး တစ်သီး ပုဂ္ဂလ ၆ ဦး နှင်. ကရင်လူမျိုးကိုယ်စားလှယ် ၅ ဦး ရခိုင်လူမျိုး ကိုယ်စားလှယ် ၅ ဦးတို. ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည် ။
ဝါးခယ်မမြို.တွင် ၈ ရက်နေ.တွင် မဲရုံတာဝန်ထမ်းဆောင်မည်.သူများ ၊ ခရီးသွားမည်.သူများ ၊ မအားလပ်နိုင်မည်.သူများက ၆ ရက်နေ.မှစ၍ ကြိုတင်မဲပေးခဲ့ကြကြောင်းသိရပြီး ယနေ.မနက်ပိုင်းမှစ၍လ ပြုလုပ်ခဲ့သည်ဟု သိရပါသည် ။ အချို.အဝေးရောက်များလည်း မဲပေးရန် မြို.သို.ပြန်လာခဲ့ကြကြောင်းလည်း ကြားသိရပါသည် ။ မဲဆွယ်စည်းရုံးလှည်.လည်မှုကို ရွေးကောက်ပွဲမတိုင်မှီ သတ်မှတ်ကာလတွင် NLD ပါတီက ၂ကြိမ် ၊ ကြံ.ခိုင်ရေးပါတီက ၁ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါသည် ။
မဲဆွယ်ကာလအဖြစ် သတ်မှတ်ထားသော နောက်ဆုံးအချိန်ဖြစ်သည်. ၂၀၁၅ နိုဝင်ဘာ၆ရက် ည ၁၂နာရီမတိုင်မှီ မဲဆွယ်ဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်းကိုလည်း သက်ဆိုင်ရာပါတီများက ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရပါသည် ။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုံခြုံရေးအရလည်း ယခင်ထက် သိသာစွာ လှည်.ကင်းများ ၊ လုံခြုံရေးများ တိုးမြှင်.ထားပြီး ယမန်နေ.က မြို.သို.မကြာသေးခင်ကာလကမှ ရောက်ရှိလာသော အချုပ်ကားဖြင်. မြို.တွင်းလှည်.ပတ်နေခြင်းများရှိခဲ့ကြောင်းလည်း သိရပါသည် ။
ယခုလိုအချိန်မျိုးတွင်ဖြစ်လေ.ရှိသော ကောလဟာလတစ်ခုက ၆ ရက်နေ.ညဦးပိုင်းတွင် ရွှေလောင်းမှတစ်ဆင်. ပျံ.နှံ.လာခဲ့သေးကြောင်း ၊ မဟာမြတ်မုနိ ဆင်းတုတော် နှင်. ပတ်သက်သော ကောလဟာလ ဖြစ်ပြီး ဖယောင်းတိုင် ၃တိုင် နှင်. မုန်.ဟင်းခါးတစ်ပိသာ ကိစ္စရပ်ပါ တွဲပါလာသော်လည်း ည ၉နာရီမထိုးခင် On Line ပေါ်တွင် ထိုကိစ္စဂေါပကထံဆက်သွယ်မေးမြန်းရာ မဟုတ်မှန်ကြောင်းဖြင်.လည်း နောက်ဆက်တွဲသတင်းထွက်ပေါ်ခဲ့ကြောင်း သိရပါသည် ။
ရွေးကောက်ပွဲ ကာလအတွင်း အရက်ဆိုင်များ ရောင်းချခြင်းကိုတားမြစ်ထားပြီး လိုင်စင်မဲ့အဖြစ် အရေးယူမှာဖြစ်ကြောင်း ၊ နိုဝင်ဘာ ၇/၈/၉/၁၀ ရက်တွေမှာ လုံခြုံရေး အဖွဲ.၀င်တွေအနေနဲ. အရက်မသောက်ဖို. ညွှန်ကြားထားကြောင်း တိုင်းတပ်ဖွဲ.မှုး ရဲမှုးကြီး အောင်နိုင်သူ ကအောက်တိုဘာ ၂၆ ရက်နေ.ပုသိမ် ဧရာရွှေဝါ ခန်းမတွင် ပြောကြားခဲ့ကြောင်း သိရပါသည် ။
မြို.ရှိ မဲရုံအတော်များများကို စာသင်ကျောင်းများတွင် ဖွင်.လှစ်ထားပြီး တစ်နိုင်ငံလုံးရှိ မဲရုံများအတိုင်း မဲရုံမှုးများမှာ ပညာရေးဝန်ထမ်းများသာဖြစ်ကြောင်းသိရပါသည် ။ ၀ါးခယ်မမြို. - မြို.နယ် ကော်မရှင် အဖွဲ.ခွဲ တွင် ဥက္ကဋ္ဌ အဖြစ် ဦးဖေသန်း ( 09 31389666 ) နှင်. အတွင်းရေးမှုးအဖြစ် ဦးလှမင်းသူ ( 098595840 ) တို.က တာဝန်ယူထားကြောင်းသိရပါသည် ။
ရွေးကောက်ပွဲကျင်းပသောနေ. ( ၈ - ၁၁ - ၂၀၁၅ ) က ၀ါးခယ်မမြို.ပေါ်တွင် အချို.မဲရုံများ ၌မနက် ၅နာရီခန်.မှ စ၍ မဲပေးရန် တန်းစီမှုများ ရှိခဲ့ပြီး မနက် ၆ နာရီ မှ ၈နာရီကြားတွင် မဲပေးသူများပြားခဲ့ကြောင်းသိရပြီး ၉နာရီခွဲ ခန်.မှ စ၍ မဲပေးသူများ ခပ်ကြဲကြဲ သာရှိနေကြောင်း ၊သို.သော် သံကြိုးတိုင် ရပ်ကွက်ရှိ မဲရုံ ၂ ရုံတွင်မူ ထိုအချိန်ထိ မဲပေးသူ အများအပြား ရှိနေသေးကြောင်း သိရပါသည် ။ ကြားသိရသမျှ မဲရုံအားလုံးတွင် အေးချမ်း လွတ်လပ်စွာ မဲပေးနိုင်ခဲ့ကြကြောင်းလည်း သိရပါသည် ။
ထိုနေ.က မြို.၏ ဈေးထဲတွင်လည်း ဈေးသည်အတော်များများ မထွက်ကြပဲ ကျေးရွာများမှ သင်္ဘောများလည်း ယနေ.မြို.သို.မထွက်ပဲ ရပ်နားထားခဲ့ကြသည်ဟုသိရပါသည် ။ မြို.ပေါ် ရှိ ဆောက်လုပ်ရေး လုပ်ငန်းများလည်း လုပ်သားများ ဋ္ဌာနေပြန် မဲထည်.နိုင်ရန် စနေနေ.မှာပင် လုပ်ငန်းများရပ်နားထားခဲ့ကြကြောင်းလည်း သိရပါသည် ။ ယခင်ရက်များက မီးအတော်မှန်ခဲ့သော်လည်း ၅ရက်နေ.ညပိုင်းမှစ၍ မီးပျက်ကာ ၆ ရက်နေ.နေ.လည်တွင် မီးခေတ္တသာလာခဲ့ပြီး ၆ ရက်နေ.ညပိုင်း မီးပြန်မလာခဲ့သလို ၇ ရက်နေ. မနက်ပိုင်းအထိလည်း မီးပြန်မလာခဲ့ပဲ ၇ရက်နေ. နေ.လည် ၁၂ နာရီ ခွဲ ခန်.မှပြန်လည်စတင်ရရှိကာ အချိန်ပိုင်း ၂ကြိမ် ၃ကြိမ်ခန်.သာ ပျက်ခဲ့ကြောင်းလည်း သိရပါသည် ။
ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ တိုက်ရိုက်ထုတ်လွှင်.သော Skynet Educational Channel တွင် မနက်ပိုင်းက အလက ၂ ( ဦးဘိုကြီးကျောင်း ) အားကစားခန်းမတွင် ရွာလယ်ရပ်ကွက် မှ ပြည်သူများ မဲထည်.ကြပုံများကို ထုတ်လွှင်.သွားခဲ့ပြီး လဘက်ရည်ဆိုင်များတွင်လည်း Skynet Up to Date Channel မှ ထုတ်လွှင်.သော မဲပေးမှုများကို စိတ်ဝင်တစားစောင်.ကြည်.ခဲ့ကြကြောင်း သိရှိရပါသည် ။
NLD ပါတီ ၏ မဲရုံများတွင် အနိုင်ရရှိမှု မှတ်တမ်း ( Photo by ကျော်မင်းကို )
အနုပညာရှင်များ ၊ နိုင်ငံ.အကြီးအကဲများ အားလုံးလိုလို စနစ်တကျတန်းစီစောင်.ဆိုင်းမဲပေးကြသလို သာမာန်ပြည်သူများလည်း စနစ်တကျတန်းစီ သည်.ဓလေ.ကို နှစ်လိုစွာ ကျင်.သုံးနေကြသဖြင်. ဤရွေးကောက်ပွဲမှအစပြု၍ မည်သူမဆို စနစ်တကျတန်းစီရခြင်းကို( မည်သည်.နေရာတွင်မဆို ) မွန်မြတ်သော ယဉ်ကျေးမှု တစ်ခုအဖြစ် ရေရှည်ဆက်လက် ကျင်.သုံးပါက ရွေးကောက်ပွဲက ချီးမြှင်.သော ကောင်းမွန်သော အကျင်.တစ်ခုအဖြစ် အမှတ်ရစရာ ဖြစ်နေမည် ဖြစ်ပါသည် ။
တရားဝင်ထုတ်ပြန်သော စာရင်းများအရ တိုင်းဒေသကြီး လွှတ်တော် ၁ / ၂ ၊ အမျိုးသားလွှတ်တော် ၊ ပြည်သူ.လွှတ်တော် နေရာအားလုံးတွင် NLD ပါတီ အနိုင်ရရှိခဲ့ကြောင်း သိရပါသည် ။
 အားလုံးမိမိတို.နှစ်သက်ရာ ပါတီ ကို ရွေးချယ်ခဲ့ကြပြီး နောက် မည်သည်.ပြသာနာ တစ်စုံတစ်ရာမှမြို.တွင် ဖြစ်ပွားခဲ့သည်ဟုမကြားသိရပဲ အနည်းစု၏ ဆန္ဒကို အများစု က လေးစားလျှက် ၊ အများစု၏ ဆုံးဖြတ်ချက်ကို အနည်းစု က လိုက်နာလျှက် နိုင်ငံ.ရေရှည်ကောင်းကျိုးကို ကျရာဘက်မှသယ်ပိုးကြသော ဒီမိုကရက်ကောင်းများ၏ ထုံးစံနည်းမှန်များအတိုင်း ကျင်.သုံးနေထိုင်ကြမည်ဟု ( မိမိတို.မြို.သားအားလုံးကို ) ယုံကြည်ပါကြောင်း ။
Tuesday, November 3, 2015
ဝါးခယ်မ Delta Star Table Tennis အားကစားရုံ ဖွင်.ပွဲ
ထိုအခမ်းအနားသို. ဖိတ်ကြားထားသူများ ၊ အလှု ရှင်များ ၊ သက်ဆိုင်ရာ အားကစားအဖွဲ.အစည်း တာဝန်ရှိသူများ ၊ အားကစားသမားများ နှင်. ဖဲကြိုး နှင်. ဗန်းကိုင်အဖြစ် ကူညီကြသော ကမ္ဘာ.ရတနာဘဏ် နှင်. CB Bank တို.မှ မိန်းကလေးငယ်များ တက်ရောက်ခဲ့ကြပါသည် ။ အခမ်းအနားဖွင်.ပွဲ ပြု လုပ်မည်. မနက် ၉နာရီ ၄၅ မိနစ် အချိန်တွင် တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးဋ္ဌာန ၀န်ကြီး ဦးစောမြသိန်း ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင် ၊ မတည်အလှုရှင် ( GFB – MD ) ဦးကျော်နိုင်ဦး တို. က ဖဲကြိုးဖြတ် ဖွင်.လှစ်ပေးခဲ့ကြောင်း သိရှိရပါသည် ။
ထို.နောက် မြန်မာနိုင်ငံ စားပွဲတင် တင်းနစ် အဖွဲ.ချုပ် ကိုယ်စားဥက္ကဋ္ဌ မှ လှုဒါန်းငွေ သုံးသိန်းကျပ် ၊ ရစ်ကက် ၊ အားကစားဝတ်စုံများ နှင်. နာရီတို. လှုဒါန်းပေးအပ်ပြီး ထိုလှုဒါန်းမှု တို.အတွက် တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး မှ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ပါသည် ။ ထို.နောက်အားကစားရုံ မတည်အလှုရှင် ဦးကျော်နိုင်ဦး အား ဦးဝင်းတင် မှ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပါသည် ။ ထို.နောက် ဧည်.သည်တော်များ ၊ အလှုရှင်များ ၊ အားကစားသမားများ ၊ တာဝန်ရှိသူများ အမှတ်တရ စုပေါင်း ဓါတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်
ထို.အပြင် ဖွင်.ပွဲအထိမ်းအမှတ်အဖြစ် ထိုနေ.မနက်ပိုင်းက သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ် လှုဒါန်းခဲ့ပြီး  ပရိသတ်များအား ၀ါးခယ်မ မုန်.ဟင်းခါးဖြင်. ဧည်.ခံခဲ့ကြပါသည် ။
ဖွင်.ပွဲမတိုင်မှီ  ၂၇ ရက် နေ.တွင် ကာကွယ်ရေးကလပ် မှ ကိုအောင်ထွဋ် - မကြူကြူလင်း တို.မှ ဦးဆောင်၍ သရုပ်ပြ ကစားမှုများ ပြုလုပ်ခဲ့ကြရာ ၀ါသနာရှင်များ တက်ရောက်ကြည်.ရှုခဲ့ကြကြောင်းလည်း သိရပါသည် ။
ထို.အပြင် ဖွင်.ပွဲပြုလုပ်သော ည တွင် ရန်ပုံငွေ ရောင်းချထားသော ကံစမ်းမဲ လက်မှတ်များအား ဆုမဲများ ဖွင်.လှစ် ပေးခဲ့ရာ ကံစမ်းမဲ အထူးဆု ဖြစ်သော ဆိုင်ကယ်ကို ဦးစိန်မြင်. - ထန်းလေးပင်ကျေးရွာ မှ ဆွတ်ခူးရရှိခဲ့ပြီး ၂၄ လက်မ LCD TV ၂လုံးကို အေးသန္တာစိုး - ရာမည ၅လမ်း - ပုသိမ် မြို. နှင်. ကိုအောင်ထွဋ် - ကာကွယ်ရေးကလပ် တို.မှ ရရှိခဲ့ကာ ကျန်ဆုမဲများကိုလည်း ဖွင်.လှစ်ပေးခဲ့ကြောင်း သိရှိရပါသည် ။ ထိုဆုမဲများမှာ စုစုပေါင်း သိန်း ၃၀ ဘိုး ရောင်းချခဲ့ခြင်းဖြစ်ပြီး ၅၀ % ကို ပြန်လည်မဲဖောက်ပေးကာ  ၅၀ % ကို တည်ဆောက်ရေး အပြီးသပ် လုပ်ငန်းများအတွက် သုံးစွဲခဲ့ကြောင်းလည်း သိရှိရပါသည် ။
အားကစားရုံ ဖြစ်မြောက်ရေး အတွက် ဦးကျော်နိုင်ဦး ( MD- GFB ) မှ မတည်ငွေ သိန်းသုံးဆယ်နှင်. Desgin ပိုင်းဆိုင်ရာများ ၊ ဦးမျိုးမင်းစိုး - ၁၀ သိန်း ၊ ဦးသူရိန်စိုး - ၇၅၀၀၀၀ ၊ ဦးအောင်ကျော်ဦး - ၃၀၀၀၀၀ ၊ ဦးညွန်.အေး ၃၀၀၀၀၀ ၊ ဦးထွန်းရီ - ၂၀၀၀၀၀ ၊ ဦးဝင်းတင်. - ၂၀၀၀၀၀ ၊ ကိုနေလင်း - ၁၅၀၀၀၀ ၊ ကိုမောင်ကြီး - ၁၅၀၀၀၀ ၊ ကိုဖိုးတာ - ၁၅၀၀၀၀ နှင်. ၀ါသနာရှင်များက ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ ၀ိုင်းဝန်းပံ.ပိုး လှု ဒါန်းခဲ့ကြခြင်း ဖြစ်သည် ။ ထို.အပြင် တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးစောမြသိန်းက မီတာတပ်ဆင်နိုင်ရေး တာဝန်ယူလှု ဒါန်းခဲ့ပြီး အားကစားရုံအတွင်း အသုံးပြု ရန် အတွက် ဒေါက်တာကျော်မင်းထွန်း + ဦးကျော်စွာဝင်း + ဦးမိုးညီထွဋ် တို. မှ ၅၄၀၀၀၀ တန်ဘိုးရှိ Double Happiness စားပွဲတင် တင်းနစ်တစ်ခုံ အားလှုဒါန်းခဲ့ကြောင်းလည်း သိရှိရပါသည် ။ ထို.အပြင်  မြန်မာနိုင်ငံ စားပွဲတင် တင်းနစ် အဖွဲ.ချုပ်  မှ လှုဒါန်းငွေ သုံးသိန်းကျပ် ၊ ရစ်ကက် ၊ အားကစားဝတ်စုံများ နှင်. နာရီ ၊ ကိုအောင်ထွဋ် နှင်. ကိုအောင်ကျော်စွာဝင်း တို.မှ ပင်ပေါင်ဘောလုံး ၊ ပိုက် နှင်. Vinyl များ လှုဒါန်းခဲ့ကြကြောင်းလည်း သိရှိရပါသည် ။
လက်ရှိ Club Member ၀င် ထားသူ ၅၀ နီးပါးခန်. ရှိနေပြီး အငယ်ဆုံးကစားသမားမှာ ဆဋ္ဌမတန်းကျောင်းသား ( အသက် ၁၁ နှစ် ) ဖြစ်ကြောင်း သိရှိရပါသည် ။
ဆက်စပ်ဖတ်ရှုရန်