Monday, April 25, 2016

၂၀၁၆ ရန်ကုန်သင်္ကြန် စီမံခန်.ခွဲမှု အပေါ်သူ.အမြင်



ရန်ကုန် မြို.တော် မဏ္ဍပ် ဖွင်.ပွဲ အခမ်းအနား

ဦးဖြိုးမင်းသိန်း၊ ခင်ဗျားကျရှုံးတဲ့သူပဲ။အရည်အသွေးမမှီတဲ့သူ။ စီမံခန့်ခွဲမှုအလွဲနဲ့လူပဲဗျ။ ခင်ဗျားနိုင်ပါတယ်ဗျ။ ခင်ဗျားစိတ်တိုင်းကျ ရန်ကုန်သင်္ကြန်ကို ခင်ဗျားစိတ်တိုင်းကျ ဖျက်ဆီးလို့ရသွားတာပေါ့ဗျာ။ ကမ္ဘာစစ်ကြီးဖြစ်နေချိန်မှာတောင် စည်ကားခဲ့တဲ့ ရန်ကုန်သင်္ကြန်ဟာ အခုတော့ ခြောက်ကပ်ကပ်ကြီးဖြစ်သွားတာပေါ့ဗျာ။

၁။ ကမ္ဘာအေးက ခုံးကျော်တွေရှိလို့ပေးမဆောက်ဘူးပြောပါတယ်။ ကဲ တက္ကသိုလ်ရိပ်သာလမ်းကနေ ချော်တွင်းကုန်းအထိ ဘယ်မှာခုံးကျော်တွေရှိလို့လဲ။ ပြည်လမ်းမြေနီကုန်းက Coca Cola မဏ္ဍပ်ဘယ်လိုလုပ်မလဲ။ ကမ္ဘာအေးက မဏ္ဍပ်သံတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်က နားငြီးလို့ တားတာဆိုရင်တော့မသိဘူး။

၂။မူးယစ်ဆေး အလုံခန်းပြဿ........နာတွေရှိတယ် အရင်တုံးကတည်းကစည်းကမ်းတွေထုတ်တာပဲ။ ဒါတွေက တကယ်တော့ Rule of Law ဆိုတဲ့ တရားဥပဒေစိုးမိုးမှုပြ........နာပဲ။ မဏ္ဍပ်ပေါ်က အကုန်လုံးက ဆေးသမား၊ပြည့်တန်ဆာတွေ မဟုတ်ကြပါဘူး။ မဖြစ်စေချင်ရင်အရေးယူကြပ်မတ်လို့ရတာပဲ။ ခင်ဗျားလုပ်နိုင်စွမ်းမရှိဘူးဆိုရင်တော့မသိဘူုး။



၃။ ရေမပြုန်းတီးအောင်လို့၊ ဒါကလည်းရီစရာပဲဗျ။ လူပိန်းတွေးပြောမယ်ဗျာ။ အညာကလူတွေရေခက်နေတယ်။ ခုခေတ်မှလူတွေပိုသိလာတာ အင်တာနက်ကြောင့်ပါဗျာ။ မဆလခေတ်ကတည်းက ရွှေကိုမလို ရေကိုသာလိုပါသည်ဆိုတဲ့စကား ကြားဖူးနေတာပဲ။ ကန်တော်ကြီး၊အင်ယားရေပတ်လို့ရေမခန်းပါဘူး။ အခုခင်ဗျားကပိတ်တယ်။ အိမ်သုံးရေတွေရေပိုက်လိုင်းရေတွေ ပိုသုံးကြတယ်။ တကယ့် fresh water တွေပိုဆုံးရှုံးတာပဲ။ ရေမဆုံးရှုံးစေချင်ရင် စည်ပင်ရေပိုက်လိုင်းတွေပိုကောင်းအောင်လုပ်။ နောက်တခုက ရေဖြုန်းနေတဲ့ မီးသတ်ပိုက်၊ ရေအားပြင်းပိုက်တွေနဲ့ ပတ်ရင်အရေးယူမယ်လုပ်ရမယ်။ ဥပမာ ခင်ဗျားရေချိုးရင် ရေခွက်နဲ့ချိုးတာနဲ့ ရေပုံးနဲ့ချိုးတာ ဘယ်ဟာရေပိုကုန်သလဲ။ စွမ်းအင်တွေရှားတိုင်း အမေရိကန်ကထုတ်တဲ့ကားတွေက ကမ္ဘာပေါ်မှာ ဆီစားအသက်သာဆုံးကားတွေမထုတ်ဘူး။ သူတို့ကားတွေက အင်ဂျင်ကြီးတွေကြီးတာပဲ။ ထုတ်နေဆဲပဲ။

၎။ စီးပွားဖြစ်မဏ္ဍပ်၊ ဒါကခေတ်ကမောင်းသွင်းသွားတာဗျ။ ခင်ဗျားဒါကိုတားလို့မရဘူး။ ကျုပ်တို့ငယ်ငယ်က သစ်တွေဘာတွေပေါတယ်။ ခုခေတ်ကဈေးကြီးလာပြီ။ ရပ်ကွက်တိုင်းက လူတွေစုပြီးမလုပ်နိုင်တော့ဘူး။ ဒီတော့ organize လုပ်သူကလုပ်တယ်။ ကစားချင်တဲ့သူလာကစား။ မဏ္ဍပ်ထောင်တဲ့သူတွေ ဈေးကစားချင်တိုင်းမကစားနိုင်အောင် ပါမစ်တွေဖောဖောသီသီလုပ်ပေးလိုက်လေ။ တကယ်တော့ ကားတွေပေါလာတဲ့ခေတ်မှာ အုန်းလက်မဏ္ဍပ်ထက်စာရင် သစ်သားနဲ့စင်မဏ္ဍပ်က ပိုလုံခြုံတယ်။ အန္တရာယ်ကင်းတယ်။
နောက်တခုက ကျွဲကူးရေပါဆိုတဲ့စကားခင်ဗျားကြားဖူးလား။ ဘောဂဗေဒနဲ့ ဖွဲ့ဖြိုးတိုးတက်မှုမှာ ဆပွားသက်ရောက်ခြင်းဆိုတာရှိမယ်။ multiplier effect သင်္ကြန်ဆိုတာ စီးပွားရေးပွဲကြီးတော့မဟုတ်ဘူး။ သင်္ကြန်ကြောင့်စီးပွားရေးတိုးတက်မှု၊လူထုရဲ့စီးပွားရေး တခုတစုံတရာ သက်ရောက်မှုရှိတယ်။ မဏ္ဍပ်ဆောက်တယ်။ လူတွေအလုပ်ရတယ်။ ဒီဇိုင်းနာ၊ လက်သမား၊ သစ်ရောင်းသူ။ အထွေထွေလုပ်သမား၊ ရေပိုက်သမား လျှပ်စစ်၊ ဈေးရောင်းသူ၊ ဘီယာဘူးကောက်တဲ့သူအဆုံးဗျာ။ ဝင်ငွေတွေလည်ပတ်၊ စီးပွားရေးတိုးတက်၊ မြင်လား။ ဒါခင်ဗျားတိုင်းဒေသကြီးကလူတွေစီးပွားရေး။ ဝင်ငွေတွေတိုးတက်လာမယ်။ စီးပွားရေးဖွံ့လာမယ်။ လူတွေပျော်ရမယ်။ နောက်ခင်ဗျားတိုင်းဒေသကြီးအစိုးရ အခွန်ငွေတွေပိုရလာမယ်။ တခြားနိုင်ငံတွေလို ကိုယ့်ဒေသကဝင်ငွေ ကိုယ်တွေဒေသအတွက် အတိုင်းတရာတစုံတရာထိ သုံးရမယ်။တချို့စားရိတ်တွေက ကိုယ့်ဒေသကပဲကုန်ကျခံရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သွားပြီ။ ရန်ကုန်တိုင်းဒေသကြီးသည်ဖွတ်ကျားဖြစ်သွားမယ်


၅။ ယဉ်ကျေးမှုကိစ္စ၊ ခေတ်နဲ့အညီပြောင်းလဲလာတာကို ခင်ဗျားတားလို့မရဘူး။ ကျွန်တော်ကောပဲ။ တအားအလွန်အကျွံမဖြစ်အောင် ထိန်းလို့ပဲရမယ်။ ခင်ဗျားဝန်ကြီးချုပ် ခင်ဗျားလည်း သိုးရင်းအင်္ကျီကြီးအမြဲမဝတ်ပါဘူး။ ကိုလိုနီခေတ်က ဗုံတွေမောင်းတွေကနေ၊ ဂစ်တာ ဒရမ် စတီရီယို၊ ခုခေတ် ဒီဂျေ၊ ဟစ်ဟော့ဖြစ်လာတယ်။ ဒါကိုလက်ခံရမယ်။ ကျုပ်က ရိုးရာကိုလုံးဝပစ်ပယ်ဖို့ပြောတာမဟုတ်ဘူး။ ခေတ်ရေစီးကြောင်းကို လက်ခံရင်းနဲ့ သံချပ်၊ ယိမ်းစတာတွေအားပေးနေရမယ်။ ကျုပ် ဒီဂျေremix နဲ့စည်းချက်လိုက်ကခုန်သလို၊ ပိတောက်ပင်အောက်မှာ ထိုင်နေရင်းနဲ့ မဏ္ဍပ်က လွင့်လာတဲ့ မြုမှောင်ဝေကင်းကိုလည်းအသည်းထဲကခံစားပြီး နှစ်နှစ်ခြိုက်ခြိုက် နားဆင်တယ်ဗျ။ လူငယ်တွေဒီဂျေနဲ့ကကြမှာပဲ။ မန်းလေးမှာ မဏ္ဍပ်မှာ ပါတီလုပ်လို့ရအောင်ဆောက်ထားတာကိုစစ်တယ်။ တွေ့တယ်။ သတိပေးတယ်။ ပြင်ခိုင်းတယ်။ လုပ်ရင်ပိတ်လိုက် အရေးယူလိုက်။ သူများလုပ်မှ ကမူးရှုးထိုး ခင်ဗျားထလုပ်တယ်။ သရုပ်ပျက်ကို ကျုပ်လဲလက်မခံပါဘူး။ မနှစ်က ဂျွှန်လွင် ယိုးဒယားမတွေခေါ်လာတယ်။ ဖင်ပေါ်အောင်ကတယ်။ လူထုကလက်မခံပါဘူး။ ဒါမျိုးတွေထိထိရောက်ရောက်အရေးယူကြီးလေးတဲ့ဒဏ်ငွေချ။ အဲဒီလိုမျိုးတွေဆက်လုပ်သွား။ ကာမစိတ်ကြွဆေး၊ စိတ်ပြောင်းဆေးတွေ ပက်ပက်စက်စက်နှိပ်ကွပ်။ထောင်ချပစ်လိုက်


ယဉ်ကျေးစွာရေပတ်ကစားကြဖို့၊ ဒါဘာလဲ။ မဏ္ဍပ်တွေကိုပိတ်တာအဖြေမဟုတ်ဘူးဗျ။ မီးသတ်ပိုက်နဲ့ မိန်းကလေးတွေတီရှပ်တွေလန်ထွက်သွားအောင်၊ ရေအားပြင်းပြင်းကစားတာတွေ။ Pressure Gun နဲ့အသားနာအောင်ပတ်တာတွေကို တားမြစ်ထောင်ချအရေးယူရမှာ ခင်ဗျားဘာမှမလုပ်ဘူး။ အဲဒါခေတ်မဟုတ်ဘူးရိုင်းတာ။ ကဲမြန်မာမဟုတ်တဲ့ပြင်ပအမြင်ယူရအောင်။ သူငယ်ချင်းနိုင်ငံခြားသားတွေက မီးသတ်ပိုက်ရေစူးပြင်းအားပြင်းပိုက်တွေနဲ့ပတ်တာ။ ခွက်စောင်းခုတ်တာကို uncivilized manner လို့ပြောတယ်။ မင်းတို့အစိုးရ ဘာမှမပြောဘူးလားတဲ့။ အိုကေငါလည်းမကြိုက်ပါဘူး။ သူတို့လဲဘာမှမပြောတော့ခက်တယ်။ ဒါပေမယ့်ငါတို့အစိုးရကိုသိစေနိုင်မယ့်နည်းလမ်းနဲ့အကြောင်းကြားဖို့ကြိုးစားမှာပါလို့။ ခင်ဗျားလုပ်လို့ ပျော်ချင်တဲ့ကလေးတွေနေရာရှားသွားတာ။ ကိုယ်လုပ်အားနဲ့စုထားပြီး ပျော်မယ့်ကလေးတွေ ပိုက်ဆံတွေဆုံးရှုံးကုန်တာ၊ ပိုက်ဆံပိုအကုန်အကျများသွားတာပဲ အဖတ်တင်တယ်။


ရန်ကုန် မြို.တော် မဏ္ဍပ်

ပြောစရာတွေကတော့ကုန်မှာမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းဝေဖန်ရဦးမယ်ဆိုရင် ခင်ဗျား လူတိုင်းသိနေတဲ့ သင်္ကြန်ပွဲတော်တောင် ကောင်းကောင်းမွန်မွန်စီမံခန့်ခွဲနိုင်ခြင်းမရှိဘဲနဲ့။ ခင်ဗျား နည်းပညာတွေ ပညာတွေနဲ့ဖြေရှင်းရမယ့် မြို့ပြပြဿ…..နာတွေကို ဘယ်လိုဆင်ခြင်၊စီမံ၊ ဘယ်လိုဖြေရှင်းနိုင်မလဲ။ တချို့အလုပ်တွေက လုပ်စမို့လို့ပါ အစမို့လို့ပါဆိုပြီးလုပ်လို့မရတဲ့ ကိစ္စတွေရှိတယ်။ ဥပမာ၊ ခုမှလေယာဉ်မောင်းတတ်တဲ့သူကို ခရီးသည်၃၀၀လောက်ပါတဲ့ လေယာဉ်ကြီးပေးမောင်းပြီး ပိုင်းလော့က အသစ်လေးမို့လို့ မှားတာရှိခွင့်လွှတ်ပါလုပ်လို့မရဘူး။ ခင်ဗျားလိုဝန်ကြီးချုပ်နေရာလဲ။ အလုပ်သင်လေးပါခင်ည လုပ်လို့မရဘူး။ အမှားမခံတဲ့နေရာ၊ ရာထူးစလက်ခံကတည်းက မြေစမ်းခရမ်းပျိုးနေလို့မဖြစ်တဲ့နေရာ စီမံမှုကောင်းကောင်းနဲ့ အုပ်ချုပ်မှုကောင်းကောင်းနဲ့ အရှိန်အဟုန်နဲ့ ဆက်သွားနေရမှာ။ ပိုကောင်းအောင်လုပ်ရမှာ။ အရာရာတိုင်းကို အရင်အစိုးရလုပ်သမျှဖျက် တစ်ကပြန်စမယ်လုပ်နေလို့မရဘူး။ ဦးဖြိုးမင်းသိန်း၊ ခင်ဗျားကျရှုံးတဲ့သူပဲ။အရည်အသွေးမမှီတဲ့သူ။ စီမံခန့်ခွဲမှုအလွဲနဲ့လူပဲဗျ။ ခင်ဗျားကိုရှေ့လျှောက်မယုံကြည်နိုင်သေးပါဘူး။ ခင်ဗျားကျွန်တော်တို့အခွန်ငွေတွေကတဆင့်လစာစားသုံးသုံးစွဲနေတာကို သတိချပ်ပါ

 

Political Cartoon for 2016 ( လျှပ်စစ် )

ဒုတိယ အကြိမ်မြောက် ပါတီစုံရွေးကောက်ပွဲမှ တက်လာသော အစိုးရသစ်လက်ထက်တွင် ပိုမိပွင်.လင်း လွတ်လပ်လာသော ကာတွန်းလောက၏ လက်ရာများအနက် အချို.ကို စုစည်းဖော်ပြပါသည် ။ မူရင်း ကာတွန်းဆရာများ၏ အာဘော်သာဖြစ်ပါသည် ။  
ယခုတစ်ကြိမ်တွင် လျှပ်စစ်နှင်. ပတ်သက်သော ကာတွန်းများကို စုစည်းဖော်ပြထားပါသည် ။
အားလုံးကိုမူရင်းအတိုင်းဖော်ပြထားပြီး ရေးဆွဲသူများနှင်.သက်ဆိုင်သူအားလုံးတို.အားလည်း ယခုကဲ့သို.မျှဝေဖော်ပြခွင်.အတွက် အထူးကျေးဇူးတင်ရှိပါသည် ။














Friday, April 1, 2016

ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ တပေါင်းလပြည်. ၀ါးခယ်မ ခရီး



ပညာ ကျန်းမာ သာယာ ဟူသော မူလဆောင်ပုဒ်များဖြင်. ၁၉၄၇ ခုနှစ်ကပင် စတင်တည်ထောင်ခဲ့သော ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) အနေဖြင်. မိမိတို.ဇာတိမြို. အတွက်တတ်နိုင်သည်.ဘက်ပေါင်းစုံမှ ကြိုးစား ထမ်းဆောင်လျှက်ရှိကြပါသည် ။


တပေါင်းလပြည်.ခရီးစဉ်အနေဖြင်. ၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်) ၏ အမှုဆောင်များ ၊ အသင်းသူ/သားများသည် ၂၀၁၆ မတ်လ ရက်နေ.နေ.လည်က ရန်ကုန်မြို.မှ ထွက်ခွာခဲ့ကြပါသည် ။ ယင်းနေ.ညနေတွင် ၀ါးခယ်မမြို. သကျမဟာသီရိ ဘုရားကြီးဝင်းအတွင်း မဟာပုညတန်ဆောင်းတွင် ခင်းကျင်းပြသထားသော ဗုဒ၀င် ပြပွဲအား ကြည်.ရှုလေ.လာကြပြီးနောက် ဧည်.သည်တော် မှတ်တမ်းတွင် အမှတ်တရ ရေးသားကြပါသည် ။



ထို.နောက်ညပိုင်းတွင်ဝါးခယ်မမြို. ရှိ မြို.နယ်အသင်း ရုံးခွဲတွင် စည်ပင်တာဝန်ရှိသူများ ၊ မြို.နယ် ဖွံ.ထောက်အဖွဲ.၀င်များ ၊ ပညာရှင်များ နှင်.တွေ.ဆုံလျှက် ၀ါးခယ်မမြို.အလယ် မှ ဖြတ်သန်းစီးဆင်းနေသော ( ယခုအခါ ခန်းခြောက်လုနီးပါးဖြစ်နေသည်. ) ဈေးချောင်း အား မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် နှင်. ဖြစ်နိုင်သမျှပြန်လည် အသုံးပြုနိုင်ရေးအတွက် စည်းဝေးတိုင်ပင်မှု တစ်ခုပြု လုပ်ခဲ့ကြပါသည် ။


ထို.နောက် ၂၀၁၆ မတ်လ ၂၃ရက်နေ. ( တပေါင်းလပြည်.နေ. ) မနက်အာရုဏ်တက်တွင် ၀ါးခယ်မမြို. သကျမဟာသီရိ ဘုရားကြီး အား မျက်နှာသစ်တော်ရေ ဆက်ကပ်လှုဒါန်းပွဲသို.စုံညီတက်ရောက်ကြပြီး ၀ါးခယ်မဦးရဲမောင် စီစဉ်သော ဇာတိဖွားအနုပညာရှင်များ၏ မင်္ဂလာတေးသံသာများဖြင်. ဖျော်ဖြေခြင်း အစီအစဉ်လည်း ပါဝင်ခဲ့ပါသည် ။ ထို.နောက် အနေကဇာတင်ခြင်း အခမ်းအနားဆက်လက်ပြုလုပ်ခဲ့ပြီး ပင်.သံဃာ ၉၉ ပါးမှ လှုဖွယ်ဝတ္ထုများ ဆက်ကပ်လှုဒါန်းကာ သံတန်ဆောင်းတော်အတွင်း တရားနာ ၊ ရေစက်ချအခမ်းအနားပြုလုပ်ခဲ့ပါသည် ။


ထိုနေ.မနက် ၈နာရီတွင် ၀ါးခယ်မမြို.နယ် ကလကျေးရွာအုပ်စု

ကျေးရွာ မူလတန်းကျောင်းတို.ချဲ့ဆောင် စတင်တည်ဆောက်မှု အခမ်းအနားကို   အဆိုပါကျောင်းမြေနေရာတွင် ကျင်းပခဲ့ပါသည် ။

မည်သည်.အပိုအစီအစဉ်တစ်ခုမှမပါပဲ တက်ရောက်လာသူအားလုံး Foundation Line စတင်တူးဖော်ပြီး ကျောင်းတည်ဆောက်မှုအခမ်းအနား စတင်ခဲ့ခြင်းဖြစ်ပါသည် ။ ထိုအခမ်းအနားသို.၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) အမှုဆောင်များ ၊ မြေအလှုရှင် ၊ ကျောင်းတည်ဆောက်မှုအလှုရှင် ၊ ကျေးရွာတာဝန်ရှိသူများ ၊ ကျေးရွာသူ/သားများ ၊ ဆရာမများတက်ရောက်ပြီး သတ်မှတ်အချိန်တွင် ၀ါးခယ်မမြို.နယ်အသင်းဥက္က၏ နှင်.အမှုဆောင်များက Foundation Line များစတင်တူးဖော်ပေးပြီးနောက် ကျေးရွာသူ/သားများက တက်ကြွ ညီညွတ်စွာ မြေပြင်လုပ်ငန်းများစတင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါသည် ။

ကျောင်းဆောင်အတွက်မြေနေရာ အလှုရှင်

 ထိုကျောင်းဆောင်အတွက်မြေနေရာကို အလှုရှင် ဦးချွတ်ကလိန် ကလှုဒါန်းခဲ့ခြင်းဖြစ်ပြီး မူလရှိပြီးသားကျောင်းမြေနေရာမှာလည်း အဆိုပါအလှုရှင်ကပင် လှုဒါန်းခဲ့ခြင်းဖြစ်ပါသည် ။ ကျောင်းအလှုရှင်မှာ မူလ သော်ကတံတားကြီးကျောင်း အလှုရှင် 100 School Pr0ject မှပင်ဖြစ်ပြီး ယခုတည်ဆောက်လှု ဒါန်းမည်. ပေ ၈၀ × ပေ ၃၀ RC Building ကို စာသင်ခုံများ နှင်.အတွင်းပစ္စည်းများအပါ တည်ဆောက်ချိန် ၂လခန်.အတွင်း သိန်း၃၅၀ ခန်. အသုံးပြုတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည် ။



နေ.လည်ပိုင်းတွင်ဝါးခယ်မမြို.နယ် သာယာကုန်းကျေးရွာ ရှိရှေးဟောင်း သမိုင်းဝင် ဥမ္မာဒန္တီ စေတီ တော်ကြီး၏ အရံစေတီတော်များထီးများတင်လှု ပွဲ နှင်. ရေစက်ချ တရားနာ အလှုကို ၂၀၁၆ မတ်လ ၂၃ ရက် နေ.( တပေါင်းလပြည့်နေ. ) နေ.လည်က အဆိုပါ သာယာကုန်းကျေးရွာလေးတွင်ပြုလုပ်ခဲ့ကြပါသည် ။

ထိုအခမ်းအနားသို. တက်ရောက်ရန်ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) အမှုဆောင်များ ၊ မြို.သူ/မြို.သားများ က ထိုနေ.မနက် ၉နာရီအချိန်တွင် နှစ်ထပ်သင်္ဘောဖြင်. သွားရောက်ခဲ့ကြပါသည် ။


သင်္ဂဟမေတ္တာ အဖွဲ.၏ လှုဒါန်းမှုဖြင်. ပြုပြင်တည်ဆောက်ထားသော ဆိပ်ခံတံတားဝယ် ကျေးရွာသူ/သားများ က ၀မ်းပန်းတသာ ကြိုဆိုကြပြီးနောက် စေတီတော်မြတ်ကြီးဆီသွားရောက်ကြပါသည် .။ ရောက်ရှိပြီးသည်နှင်. ၀ါးခယ်မမြို.နယ်အသင်းအမှုဆောင်များမှ အရံစေတီတော်များ၏ ထီးတော်များတင်လျုကြပြီးနောက် သံဃာတော်များမှ ဘုရားအနေကဇာတင်ကြပါသည် ။ ထို.နောက် ၀ါးခယ်မရဲမောင်ဦးစီးသော ဇာတိဖွား ဂိတပညာရှင်များက သိဆိုဖျော်ဖြေကြပြီး ပရိသတ်များကိုနေ.လည်စာလှုဒါန်းကြပါသည် ။ ထို.နောက် ရေစက်ချတရားတော်နာအစီအစဉ်များကိုဆောင်ရွက်ကြပြီး သက်ကြီးသံဃာတော်တစ်ပါးအား အလှုငွေ တစ်သိန်းကျပ် လှုဒါန်းမှု ပြုလုပ်ခဲ့ပြီး ရွှေမိုးငွေမိုးရွာသွန်းဖြိုးကာ အခမ်းအနား အစီအစဉ်များ အပြီးသတ်ခဲ့ပါသည် ။




ယင်းနေ.ညနေပိုင်းတွင် မြို.နယ် အသင်းအမှုဆောင်များ စုပေါင်း၍ ကျုံမငေးမြတ်စွယ်တော်သို.သွားရောက်ဖူးမြှော်ကြရင်း ဈေးကျောင်းဆရာ တော် ထံဝင်ရောက်ဖူးမြှော်ခဲ့ကြပါသည် ။



၂၀၁၆ မတ်လ ၂၄ရက် နေ.မနက်ပိုင်းတွင်မူ အားမာန်သစ် မသန်စွမ်းအဖွဲ.နှင်. တွေ.ဆုံလျှက် အသင်း၏ လက်ရှိအခြေအနေ ၊ ကူညီပံ.ပိုးရန် လိုအပ်သည်များ ၊ လက်ရှိကူညီပေးထားသော ကွန်ပြူတာ သင်းတန်းတွင်တက်ရောက်နေသော အသင်းဝင်များအခြေအနေ ၊ လိုအပ်နေသော မသန်စွမ်းအထောက်အကူပြု ပစ္စည်းများဆိုင်ရာ ကိစ္စ များကို ရင်းနှီးပွင်.လင်းစွာ ဆွေးနွေးပြီးနောက် နေ.လည်ပိုင်းတွင်ရန်ကုန်မြို.သို.ပြန်လည်ထွက်ခွာလာခဲ့ကြပါသည် ။


ဆက်စပ်ကြည်.ရှု ရန်များ